၂၅.၁၂.၀၉မှာကျမတို့ Frankfutrt လေဆိပ်ကနေ India နိုင်ငံ Gaya မြို့ သို့  ခရီထွက်ခဲ့ပါတယ်။ ၂၆.၁၂.၀၉ ဒေသစံတော်ချိန် ၁၄ နာရီ ခွဲလောက်မှာ
Gaya မြို့ ကိုရောက်ပါတယ်။
လေဆိပ်ကခပ်သေးသေးပါပဲ။ Gaya မြို့ 
ဟာ
ရှေးခေတ်က မာဂဓတိုင်း၊ ယခုခေတ် Bihar
ပြည်နယ်ရဲ့ မြို့ တော်ဖြစ်ပါတယ်။

လာကြိုတဲ့ကားနဲ့ ညအိပ်မဲ့ ဟိုတယ်ကိုသွားကြပါတယ်။ လေဆိပ်ကထွက်ရင်ပဲ
မြင်ရတဲ့ ရှုခင်းတွေကမြန်မာပြည် အညာဒေသကိုရောက်သွားသလို ခံစားရပါတယ်။
လမ်းဘေး တဘက်တချက်မှာ ထန်းပင်တွေ၊စိုက်ကွင်းတွေ၊ နွားတွေ တွေ့ ရတယ်။
လမ်းပေါ်မှာတော့ ကားတွေက ဟိုမောင်းဒီမောင်း၊ဟွန်းတွေကလည်း တကြီကြီ၊
တကြမ္ကြမ္နဲ ့။ လမ်းပြပုလိပ်က ပြချင်ရာပြ၊ မောင်းတဲ့
သူကမောင်းချင်ရာမောင်း၊ဖုန်တွေကလည်း တထောင်းထောင်းနဲ့ ။
ပျော်စရာ...စိတ
်ပျက်စရာ...ရောနေတယ်။

ဟိုတယ်ရောက်တာနဲ့  အ၀တ်လည်းပြီး မြန်မာဘုန်းကြီးကျောင်းရှိရာ ဗုဒ္ဓဂါယာ ကို
သွားပြီး ဆရာတော်ကို ဂါရ၀ ပြုခဲ့တယ်။
နောက်နေ့ မနက်မှာတော့ ဟိုတယ်ကနေ မြန်မာဘုန်းကြီးကျောင်း ကိုပြောင်း
ခဲ့တယ်။
ဘုရားပွင့်တဲ့ ဗုဒ္ဓဂါယာ က Gaya လေဆိပ်ကနေ နာရီဝက်ခန့် သွားရပါတယ်။
မြန်မာဘုန်းကြီးကျောင်း (ဟောင်း) က မဟာဗောဓိစေတီတော်နဲ့ မဝေးပါဘူး။
ကျောင်းဝန်းထဲမှာ အဆောက်အဦးတွေ အများကြီးပါပဲ။ မြန်နာပြည်ကလာတဲ့
ဘုရားဖူးအဖွဲ့ တွေ လည်းတည်းခိုကြပါတယ်။ တခြားနိုင်ငံခြားသားတွေလည်း
ရှိပါတယ်။ မြန်မာဘုန်းကြီးကျောင်း ကနေ ဘုရားကို လမ်းလျှောက်ရင် (၁၀)
မိနစ်ခန့် ကြာပြီး ဆိုက်ကားစီးရင် (၁၀) ရူပီ ( အကြွေပေးရင် ၅ ရူပီ) ပေးရပါတယ်။
မဟာဗောဓိစေတီတော် ပတ်ဝန်းကျင်မှာ မြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့  သတ္တ
သတ္တာဟ
ခုနဌာနရှိပါတယ်။ စေတီတော်အတွင်းမှာတော့
ရုပ်ပွားတော်တစ်ဆူရှိပါတယ်။ မဟာဗောဓိစေတီတော်ဟာ
အသောကမင်းကြီးတည်ထားခဲ့တယ်လို့ 
ဆိုပါတယ်။

ပထမသတ္တဟ၊ ပလင်္ကသတ္တာဟ


မြတ်စွာဘုရား ဘုရားဖြစ်တဲ့ အပရာဇိတပလ္လင်တော်ပါ။ ထိုပလ္လင်ထက်မှာ
၇ရက်ကြာဈာန်သမာပတ်ဝင်စားပြီး ပဋိစ္စသမုတ်ပ္ပါဒ်တရားကိုဆင်ခြင်ပြီး
ပလင်္ကသတ္တာဟ စံတော်မူခဲ့ပါတယ်။
ဒုတိယသတ္တဟ အနိမဿ သတ္တဟ
မြတ်စွာဗုဒ္ဓသည် အရဟတ္တဖိုလ်သမာပတ်မှ ထတော်မူပြီး နတ်ဗြဟ္မာတို့ ၏
ယုံမှား မှုကိုဖယ်ခွာရန် ကောင်းကင်သို့ ပျံတက်လျက် ရေမီးစုံ တန်ခိုးပြတော်
မူသည်။ ယင်းနောက် သဗ္ဗညုတရွှေဥာဏ်တော်ရရှိရာ မဟာဗောဓိနှင့်
အပရာဇိတပလ္လင်တော်ကို မျက်လုံးတော်မမှိတ်ဘဲ ၇ရက်ကြာစူးစူး စိုက်စိုက်

ကြည့်ကာ အနိမဿ သတ္တဟ စံတော်မူခဲ့ပါတယ်။

တတိယသတ္တဟ၊ စင်္ကမသတ္တဟ


မြတ်စွာဗုဒ္ဓသည် အပရာဇိတပလ္လင်တော် နှင့်အနိမဿစေတီတို့ အကြား
အရှေ့အနောက်အလျားရှိသော နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာ
စင်္ကြံ၌ဖလသမာပတ်ဝင်စားရာမှ ၇ရက်မျှစင်္ကြံလျှောက်လျှက် စင်္ကမသတ္တဟ
စံတော်မူခဲ့ပါတယ်။
စတုတ္ထ သတ္တဟ၊ ရတနာဃသတ္တဟ
မြတ်စွာဗုဒ္ဓသည် မဟာဗောဓိပင်မှ အနောက်မြောက်ထောင့် အရပ်တွင် နတ်ဗြဟ္မာ
တို ဖန်ဆင်းအပ်သော ရတနာဃရရွှေစံအိမ်၌ ၇ရက် စံနေတော်မူကာ အဘိဓမ္မာ


ပိဋက ကိုသုံးသပ်ဆင်ခြင်လျှက် ရတနာဃသတ္တဟ စံတော်မူသည်။ ပဋ္ဌာန်းကျမ်း
ဆင်ခြင်သောအခါ ရောင်ခြည်တော် ခြောက်စုံ ကွန့် မြူးပေါ်ထွန်းခဲ့ပါတယ်။
ပဉ္စမ သတ္တဟ၊ အဇပါလ သတ္တဟ
မြတ်စွာဗုဒ္ဓသည် မဟာဗောဓိပင်၏ အရှေ့ အရပ်၌တည်ရှိသော အဇပါလ
ခေါ်ဆိတ်ကျောင်းညောင်ပင်ရင်းသို့ ကြွတော်မူ၍ ၇ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ
ဖလသမာပတ်ဝင်စားလျှက် အဇပါလ သတ္တဟ စံတော်မူခဲ့ပါတယ်။

ဆဋ္ဌမသတ္တဟ၊ မုစလိန္ဒသတ္တဟ
မြတ်စွာဗုဒ္ဓသည် ဆိတ်ကျောင်းညောင်ပင်ရင်းမှခွာ၍ မဟာဗောဓိပင်၏ အရှေ့ 
တောင်ဘက်အရပ်ရှိ မုစလိန္ဒာအိုင်အနီး ကျီးပင်ရင်းသို့ ကြွသွားတော်မူစဉ်
အခါမဲ့မိုးကြီးရွာသွန်းခဲ့သည်။


မုစလိန္ဒာ နဂါးမင်းက မိမိကိုယ်ခန္ဓာဖြင့် ၇ပတ်ခွေရံကာပြီး မိုးလေတို့ ဒဏ်မှ
ကာကွယ်ရန် အပေါ်မှ ပါးပျဉ်းဖြင့် အုပ်မိုးပေးထားပူဇော်ခ့ပါတယ်။ ထို မုစလန္ဒာအိုင်
အနီးရှိ ကျည်းပင်ရင်းတွင် ၇ရက်ကြာအရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက်
မုစလိန္ဒသတ္တဟ စံတော်မူခဲ့ပါတယ်။
သတ္တသတ္တဟ၊ ရာဇာယတနသတ္တဟ
မြတ်စွာဗုဒ္ဓသည် ကျည်းပင်ရင်းမှ ဖယ်ခွာပြီးနောက် မဟာဗောဓိပင်၏ တောင်
်ဘက်အရပ်ရှိ

လင်းလွန်းပင်ရင်းသို့ ကြွသွားတော်မူ၍
အရဟတ္တဖိုလ် ချမ်းသာကို၇ရက်ကြာခံစားကာ
ရာဇာယတနသတ္တဟ စံတော်မူခဲ့ပါတယ်။
ထို သတ္တမသတ္တဟ၌ ၇ရက်ကြာသွားသည့်အခါ
မြတ်စွာဗုဒ္ဓသည် ၀မ်းချုပ်ရောဂါဝေဒနာကိုခံစား
တော်မူခဲ့ရပါတယ်။ သိကြားမင်းက ကျဇုသီး၊
ကွမ်းရိုး၊ ဒါန်ပူ၊အနောတတ်ရေများဆက်ကပ်ပါတယ်။
ဥက္ကလာပတိုင်း ပေါက္ခရ၀တီမြို့ မှတဖုဿနှင့် ဘလ္လိက
ကုန်သည်ညီနောင်တို့ ကဆွမ်းဆက်ကပ်ပါတယ်။မြတ်စွာဗုဒ္ဓသည် ထိုကုန်သည်ညီနောင်တို့ အား ဒွေ ၀ါစီက
သရဏဂုံ တည်စေတော်မူပြီး ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့ပါတယ်။
မြတ်စွာဗုဒ္ဓသည် ဗုဒ္ဓဂါယာ မဟာဗောဓိစေတီအနီးတွင် ခုနစ်ရက်၊ ခုနစ်လီ
၄၉ ရက်သီတင်းသုံးတော်မူပြီးနောက် ဗရာဏသီ မိဂဒါဝုန်သို့ ဓမ္မစကြာ
တရားဦးဟောရန် ကြွသွားတော်မူခဲ့ပါတယ်။
၂၇.၁၂.၀၉ မှာ Thomas က မြန်မာဘုန်းကြီးကျောင်းမှာ ၅ရက် ဘုန်းကြီးဝတ်
ခဲ့ပါသေးတယ်။
