Saturday 23 January 2010

အခုတလော

အခုတလော အေးကလည်းအေး နဲ့ နေရထိုင်ရတာသိပ်မပျော်ဘူး။
ဒီနှစ်ဆန်းကစပြီး အလုပ်သွားရင်စီနေကြ ရထားက (၁၀)မိနစ် နောက်ကျ
မှ လာတော့တယ်။ အလုပ်ချိန်နဲ့ အဆင်မပြေတော့ဘူး။ ဒီတော့ အရင်က
ထွက်နေကျ အချိန်ထက်(၄၅)မိနစ် ကြိုထွက်ရတယ်။ အလုပ်ရောက်တော့
(၁)နာရီလောက် စောနေပြန်ရော။

ရထားတွေက အခုတလော နောက်ကျတတ်ပြန်တယ်။ မနက်စောစော
အေးကလည်းအေးနဲ့ ဘူတာမှာ နောက်ကျတဲ့ ရထားကိုမျှော်ရတာ
မလုပ်ချင်ဆုံးပဲ။

အလုပ်ကိုစောစောသွားရတော့ မှောင်မှောင်မဲမဲကြီး။ မနက်(၇)နာရီ ဆိုပေမဲ့
မှောင်နေတုန်း။ လမ်းပေါ်မှာ ကိုယ့်လို အလုပ်သွားတဲ့သူတစ်ယောက်နှစ်ယောက်
ကလွဲလို ဘယ်သူမှမရှိဘူး။

ဝတ်ရတာက ကြက်သွန်ဥလို တစ်လွှာပြီးတစ်လွှာ အထပ်ထပ်။ ရှိတဲ့ ဂျာကင် (၂)
ထည်နဲ့ ဂျင်းဘောင်းဘီပဲ အမြဲတမ်းမြင်နေရတော့ စိတ်ညစ်လာပြီ။
ပေါ့ပေါ့ပါးပါး၊ လှလှပပလေးဝတ်ပြီး လျှောက်သွားချင်တယ်။ လက်အိပ်တွေ၊
ခေါင်းစွပ်တော့၊ လည်စည်းတွေ လွှတ်ပစ်ချင်ပြီ။

အိမ်ပြန်ရောက်တော့လည်း လူကထိုင်းထိုင်းမှိုင်းမှိုင်း၊ ပြတင်းပေါက်ကလှမ်း
ကြည့်တော့လည်း နေရောင်မရှိ မှိုင်းတိုင်းတိုင်း။ ဟင်းချက်ချင်စိတ်လည်း
မရှိ။ ဈေးပြန်ထွက်ဝယ်ချင်စိတ်လည်းမရှိ။

တော်ပါသေးရဲ့  အခုတလော စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး အလုပ်
များနေလို့ ။ လိုတာတွေရှာလိုက်၊ ဖုန်းတွေဆက်လိုက၊် မျှော်လင့်ချက်တွေနဲ့ 
တွေးပြီးပျော်လိုက် နဲ့ အချိန်ကုန်သွားတယ်။

ဆောင်းတွင်းကုန်ပြီး နေရောင်နွေးနွေးလေးကို တော့တောင်းတမိတယ်။

13 comments:

လပြည့်ရိပ် said...

နေရောင်နွေးနွေးလာတော့မှာပါ။

စူးနွယ်လေး said...

မျှော်လင့်ချက်ဆိုတာလေးရှိလို့ တော်သေးတယ်နော်

moemoestar said...

ဒီမှာလည်း တချိန်လုံး နှင်းတွေကျနေတယ်
နေရောင်လေးတော့ ခဏတဖြုတ်မြင်ရတယ်
မရှင်လေးလိုဘဲ ဆောင်းတွင်းကိုကုန်စေချင်ပြီ...

လုလု said...

မ ရေ့ 
ဒီ တစ်လ နှစ်လလောက်တော့ ခဏလောက် တောင့်ခံထားဦးနော်
ပြီးရင် နွေးထွေးတဲ့ နေရောင်ခြည်နုနုလေးအောက်မှာ ပေါ့ပေါ့ပါးပါးနဲ့ လှလှပပ ၀တ်စားသွားလာနိုင်မှာပါနော်
ဒီမှာကတော့ ပူလွန်းလို့ စိတ်ညစ်နေရတယ်

Shinlay said...

လပြည့်ရိပ်၊စူးနွယ်လေး၊မိုးမိုးနဲ့ မလုရေ...
အားပေးကြတာကျေးဇူးတင်ပါတယ်။
ဟုတ်တယ်။။ ခဏလောက်တော့ တောင့်ခံထားဦးမှ..

ဇွန်မိုးစက် said...

ဆောင်းရာသီမရှိ၊ နှင်းမကျတဲ့အရပ်ရောက်လို့ ဒီက ဆောင်းရာသီကို တမ်းတပြီး၊ နှင်းတောထဲ လျှောက်ချင်နေတာ။ ခဏလောက်ခံစားကြည့်ချင်ပေမယ့် ရက်ရှည်လများဆို အစ်မတို့ ခံစားမိသလို ဖြစ်လာမှာ။

ThuHninSee said...

မရှင်လေးတီု့ဆီမှာ ဘယ်နှစ်လကျန်သေးလဲ။ ဒီမှာတော့ မတ်လဆို အအေးလျော့တော့မှာမို့ ၂လပဲလိုတော့တယ် အားတင်းထား။
း)

Shinlay said...

ဇွန်မိုးစက် ညီမရေ...နှင်းကျပြီး နေသာတဲ့နေ့ လေးတွေကတော့ သိပ်လှတဲ့ရက်တွေပါ။ အဲ့ဒီရက်တွေက
ရှားတယ်။
ThuHninSee ရေ ဟုတ်တယ်။ ၂လလောက်
အားတင်းထားမှ..အားပေးတာကျေးဇူးတင်ပါတယ်။

Ko Ko Maung said...

Shinlay tanabarde.....

Me said...

မျှော်လင့်ချက်တွေအကြောင်း သိချင်လိုက်တာကွယ်.... ဖြစ်လာပါစေလို့လဲ (ဘာမှန်းတော့မသိ) ဆုတောင်းပါတယ်နော်...

meemee said...

Ah...ha,Shinlay,we feel the same way,I hate to go outside in winter,have to ware like a(Pyit Tine Toung)or a(Pae Oo).Because I am a short lady...haha.I visit you late this time.Have a good day ..

မြစ်ချေသူ said...

အဲလိုကြီးလားအစ်မ... :(
အဲဒါကြောင့်နဲ့ တူတယ် ဒီလိုအေးတဲ့ရာသီဆိုရင် ဂျာမန်လူမျိုးတွေ ထိုင်းနဲ့ ဒီနားက အိမ်နီးချင်းနိုင်ငံတွေကို ရက်ရှည်လာလည်တာများကြတယ်။

Shinlay said...

ဟုတ်တယ်ညီမရေ။ ဆောင်းရှောင်ကြတာ။
ဖြစ်နိုင်ရင် ကျမလည်း ပြေးလာချင်တယ်။