Sunday 11 April 2010

ကျမနဲ့  Allergy ( Kreuzallergie)



အခုလိုနွေဦးရာသီရောက်ပြီဆိုရင် ကျမရဲ့ 
Hay feverအလာဂျီ ရောဂါစတာပါပဲ။
နေသာပြီး၊ ပန်းတွေပွင့်လို့ လှနေကြပေမဲ့
ကျမအတွက်တော့ဒုက္ခပါပဲ။ မျက်လုံးတွေ
ကယား၊ မျက်ရည်တွေကျ၊ အာဂေါင်တွေယား၊
နှာရည်တွေကျလိုက်၊ နှာခေါင်းကပိတ်နေလိုက်၊ တချီးချီးနဲ့ ချေ လိုက်....
ညညဆို နှာခေါင်းပိတ်လို့  အိပ်မရဖြစ်ရတာလည်းများပြီ။ တခါတလေ
တစ်ရေနိုး ထချေပြန်ရော၊ နှာရည်ကကျ၊ အာဂေါင်ကယား နဲ့ ထိုင်နေရတဲ့
ညတွေလည်းများပြီ။
သက်သာမလားလို့  သုံးရတဲ့ မျက်စဉ်း၊ နှာခေါင်းထဲထဲ့တဲ့ဆေးတွေ၊သောက်
ဆေးတွေ....တစ်ရူးစက္ကူတွေ၊ နေ့ ညအမြဲဆောင်ထားရတယ်။

အိမ်မှာနေရင်တော်သေးပေမဲ့ အလုပ်မှာဆို တော်တော် အဆင်မပြေဘူး။
သောက်ဆေးကိုတော့ မတတ်သာမှပဲသောက်ဖြစ်တယ်။ ဆေးသောက်ပြီးရင်
ခေါင်းတွေမကြည်၊စိတ်တွေစုစည်းလို့ မရ....နေရခက်ပြန်ရော။

တနေ့ ကညနေဘက် ပေါင်မုန့် နဲ့  Tahin(နှမ်းအနှစ်နဲ့ ဆီနဲ့ ) စားမိပါတယ်။
အာဂေါင်တွေရုတ်တရက်ယားလာပြီး မျက်ရည်တွေကျ၊ အဆက်မပြတ်ချေ
ပါတယ်။ အသက်ရှုတောင်ကျပ်လာတယ်။ ဒါနဲ့ ဆေးချက်ချင်းသောက်လိုက်ရတယ်။
ကျမသတိထားမိနေတာက တချို့ အစားအစာတွေနဲ့ မတည့်ဖြစ်လာတာပဲ။
အရင်က ပန်းသီးဆိုကြိုက်လို့ စားဖြစ်တယ်။ နောက်ပိုင်းပန်းသီးစားမိတာနဲ့ 
အာခေါင်တွေယား၊နှာချေ၊ နှာရည်တွေကျ စတဲ့ အလာဂျီ လက္ခဏာတွေပြ
တာသတိထားမိတယ်။ အလုပ်မှာ Soja အမှုန့် ကိုဖျော်လိုက်တုန်းကလည်း
အဲ့ဒီလိုပဲ။

ဒီနေ့ တော့ Hay fever ကနေ Food Allergy ဖြစ်တတ်ပုံကိုဖတ်လိုက်ရတယ်။
ဥရောပမှာလူ၅ယောက်မှာ ၁ ယောက်လောက်က
Hay fever ရှိတယ်။
အများစုကတော့ Birke(
birch tree),Erle (alder)နဲ့ Haselstrauch တို့ 
နဲ့ ပါ။
Hay fever ဖြစ်ရာကနေ Food Allergy ပါဆက်ဖြစ်လာကြတဲ့ဦးရေ
ဟာ အခုနောက်ပိုင်းမှာသိသိသာသာများလာပါတယ်။
ဂျာမန်လိုတော့Kreuzallergie လို့ ခေါ်ပါတယ်။
Hay fever ဖြစ်စေတဲ့
(မိမိနဲ့ မတဲ့တဲ့) ဓါတ်တွေ နဲ့ နီးစပ်တဲ့ ဓါတု၊ဇီဝ ဓါတ်တွေကြောင့်
Food allergy ကိုဖြစ်စေပါတယ်။

Birke,Erle နဲ့ Haselstrauch နဲ့ မတဲ့တဲ့သူက Apple,Pfirsich,
Kirschen, Haselnuss, Mandeln, Walnuss တို့ နဲ့ မတဲ့တတ်သလို၊

Beifuß-, Korbblütlerpollen z. B. Chrysanthemen, Margeriten,
Gerbera, Löwenzahn နဲ့ မတဲ့သူတွေကတော့ Sellerie, Petersilie,
Kamille, Karotte, Anis, Dill, Lauch, Koriander, Fenchel, Kümmel,
Sonnenblumenkerne တို့ နဲ့ မတဲ့တတ်ပါဘူး။
စားမိတာနဲ့ အာခေါင်တွေယား၊နှာချေ၊ နှာရည်တွေကျ စတဲ့ အလာဂျီ
လက္ခဏာတွေပြပါတယ်။
ဒီနေရာမှာဆက်ကြည့်လို့ ရပါသေးတယ်။
တချို့ သူတွေဆိုရင် မိမိနဲ့ မတဲ့တဲ့ အရာကိုစားထားသူနားရောက်တာနဲ့ ၊
ဒါမှမဟုတ် အဲ့ဒီမစားအစာကိုပြင်ဆင်ပေးရုံနဲ့ 
အလာဂျီလက္ခဏာတွေပြတယ်လို့ သုတေသနတခုကဆိုပါတယ်။

အသီးအရွက် တွေမှာရှိတဲ့ Allergen တွေဟာ Protein တွေဖြစ်လို့ 
ချက်လိုက်၊ကြော်လိုက်၊ အပူပေးလိုက်ရင် အလာဂျင်တွေ ဓါတ်ပျက်သွားလို့ 
စားရင် ပြသနာမရှိတော့ပါဘူး။

Hay fever အတွက် ဘယ်အရာနဲ့ အလာဂျီရှိတယ်ဆိုတာကို ဆေးခန်း
တွေမှာ Allergy Test နဲ့ စစ်လို့ ရပါတယ်။ Food Allergy( Kreuzallergie)
အတွက်ကတော့ စစ်လို့ ရပေမဲ့ဈေးကြီးပါတယ်။ သူအတွက် ကုသနည်း
လည်း ကောင်းကောင်းမရှိသေးပါဘူး။ ကျမတို့ လို
Hay fever ရှိသူတွေ
အတွက်တော့ကိုယ်ဘာနဲ့ အလာဂျီရှိတယ်ဆိုတာသိထားပြီး အစားအသောက်ကို
ဂရုစိုက်စားရုံပဲရှိပါတယ်။
Hay fever နဲ့ ပတ်သက်ပြီးတော့ ကုသနည်းတွေ တော်တော်များများ
ရှိပါတယ်။ Allergy desensitization, Eigenbluttherapie ( Autoblood),
Akupunktur, Bioresonanz စသဖြင့်အမျိုးမျိုးရှိပါတယ်။ မိမိဆရာဝန်နဲ့ 
တိုင်ပင်ပြီး ကုသကြည့်လို့ ရပါတယ်။
သူငယ်ချင်းတို့  ကျန်းမာပျှော်ရွှင်ကြပါစေ။

7 comments:

ဇွန်မိုးစက် said...

အသီးအရွက်နဲ့တော့ ခုချိန်ထိ တစ်ခါမှ အလာဂျီမဖြစ်ဖူးသေးဘူး အစ်မရေ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က အမျိုးအမည်သိပ်မသိတဲ့ ပင်လယ်ငါးတစ်ခါစားပြီး တစ်ကိုယ်လုံးမှာ အင်ပျင်တွေလို ထွက်ဖူးတယ်။ အဲဒီ့နောက်ပိုင်း မစားဘူးတဲ့ငါးဆို လုံးဝစမ်းမစားရဲသလောက်ဖြစ်သွားတယ်။

လသာည said...

မမရှင်လေးရေ..
တော်တော် အနေရအထိုင်ရခက်မှာပဲနော်.. စိတ်မကောင်းဘူး..။
ညီမတော့ တခါမှ အဲလိုမဖြစ်သေးဖူးဘူး..
သူငယ်ချင်းတစ်ယောက်တော့ ဖြစ်ဖူးတယ်။ ဆေးအကြောင်း သူ့ကို ပြောပြဖို့ ကူးသွားပါတယ်နော်။

rose of sharon said...

ကိုယ်ချင်းစာတယ်သိလား... ဒို့လဲ seafood allergy ရှိတယ်... သိပ်စိတ်ညစ်ဖို့ကောင်းတယ်

မီးမီး said...

ဒေါ်၈ျီးအိရေ..ကျေးဇူးအများကြီးတင်တယ်..
ခံစားနေရပေမဲ့..ဂဂနန မသိခဲ့ပါဘူး

ThuHninSee said...

seafood allergyရှိတယ်။ ဂဏန်းနဲ့ပုစွန်ထုပ်ပဲ။ ပုစွန်သေးရင်စားလို့ရတယ်။ ဖြစ်လိုက်ရင် ၃ရက်လောက် မချိမဆန့်ခံရတာမို့ မစားရဲဘူး။ ကျန်တဲ့ ရေထဲက စားစရာတွေတော့ အကုန်တည့်တယ်။
pollenကတော့ ဘာမတည့်တယ်မသိဘူး။ အပင်တချို့နား သွားမိရင် နှာချေတာ တဟပ်ဟပ် တချိုးချိုးပဲ။

SHWE ZIN U said...

ကိုယ်ချင်းစာပါတယ်ဗျာ
ကျနော်မှာတော့ မရှိဘူးထင်တာဘဲ
ဗဟုသုတ အတွက်ကျေးဇူးပါ

ခင်တဲ့
ရွှေစင်

su said...

ခုထိတော့ဘာအလာဂျီမှမလာသေးဘူး၊ကိုယ့်ရောဂါတွေနဲ့
ကိုယ်ထူနေလို့လေ...အိမ်ကတစ်ယောက်ကတော့ ၁၀ရက် ရှိပြီ နှာချေပြီး ခုဖျားနေပြီ။ဆေးနဲ့ပတ်သတ်တဲ့ ဗဟုသုတ ဖတ်ရလို့ကျေးဇူးနော်အမ...