Monday 5 April 2010

အားလပ်ရက်


ရှေ့ တပတ်တော့ အလုပ်အားတယ်။

လုပ်ချင်တာတွေလုပ်ဖို့ စာရင်းရေးထားတယ်။

အလုပ်သွားရတဲ့နေ့ ဆို မနက် ၅ နာရီ

နှိုးစက်မြည်တာနဲ့ မထချင်လည်း ထရပြီ။

မနက်စာ Porridge ကို မစားချင်လည်းစား။

စားချင်လည်းစား။တကယ်တော့ မနက်စာကို ပဲပြုပ်ထမင်းကြော်လို၊ မုန့် ဟင်းခါး

လို၊ ခေါက်ဆွဲသုပ်လို....ဖွယ်ဖွယ်ရာရာလေးစားချင်ပေမဲ့၊ အချိန်က

မပေးနိုင်တာရယ်၊ ဟင်းအနံ့ တွေ ကိုယ်မှာစွဲနေတာရယ်ကြောင့်

စားချင်ပေမဲ့ .... လုပ်မစားဖြစ်ပြန်ဘူး။

အလုပ်သွားတော့ မနက် ၇နာရီ ၄၅။ ရထားက နောက်ကျတာ

များတော့စိတ်မောရတယ်။ ထိုင်စရာနေရာကတော့ဘယ်တော့

မှမရပါဘူး။ (၁၀)မိနစ်ပဲဆိုတော့ တော်ပါသေးရဲ့ ။ ဘူတာမှာတော့

တွေ့ နေကြမျက်နှာတွေပဲ အမြဲတမ်းမြင်တွေ့ နေရတော့ အလွတ်ရနေပြီ။

နေ့ လည် ၁ နာရီခွဲဆို ပုံမှန်အားဖြင့် အိမ်ပြန်ရောက်တတ်တယ်။

ရောက်တာနဲ့ ဟင်းချက်၊ ၂ နာရီခွဲ လောက်ဆို ထမင်းစားကြတယ်။

စားသောက်ပြီးတာနဲ့  Internet ထဲရောက်တယ်။ Blog လျှောက်လည်၊

Post အသစ်တွေဖတ်....ပြီးတော့မှ အိမ်မှာလုပ်စရာရှိတာဆက်လုပ်။

ဒီလိုနဲ့ တနေ့ တနေ့ ကုန်သွားလိုက်တာ။

အလုပ်ကမပင်ပန်းပေမဲ့ အားလပ်ရက်တော့မျှော်မိတယ်။ အလုပ်ပိတ်တော့

အိပ်ချင်တဲ့အချိန်အိပ်၊ ထချင်တဲ့အချိန်ထ၊ စားချင်တာချက်စား၊ စမ်းချင်တဲ့

ဟင်းချက်နည်း၊မုန့် လုပ်နည်းတွေလုပ်.... ပျော်စရာကြီး။

ဒါပေမဲ့ ၅ရက်လောက်ကြာတော့လည်း အလုပ်ကိုလွမ်းပြန်ရော။

ကျမတို့ က ဆေးခန်းပိတ်တဲ့ ရက်တွေဆို နားချင်ချင်၊ မနားချင်ချင် နားရတာ။

အခုအားလပ်ရက်မှာတော့ ဦးပဉ္ဇင်း ကြွရင် လိုအပ်တာတွေပြင်ဆင်ရင်းနဲ့ 

အချိန်ကုန်သွားမှာပါ။ ဦးပဉ္ဇင်း က (၃)ပတ် နေမှာဆိုတော့ အာရုံ၊နေ့ ဆွမ်း၊

ဘာတွေချက်ရမလဲ ဆိုတာစဉ်းစားလိုက်၊ ရေချထားလိုက၊် ဈေးဝယ်ထွက်လိုက်နဲ့ ပေါ့။

အိမ်မှာက ပုံမှန်ဆိုရင် ဟိုမရောက်၊ဒီမရောက် ပုံနဲနဲပြောင်းထားတဲ့ ဟင်းတွေချက်

တာများတယ်။ ချက်ရင်လည်း တစ်ခွက်၊နှစ်ခွက် ပဲ။ အခု ဦးပဉ္ဇင်း ဆွမ်းကပ်ဖို့ ဆို

တော့ ဟင်းကို ဖွယ်ဖွယ်ရာရာ စပ်ရတော့မယ်။ မြန်မာဟင်းချက်ရတော့မယ်။

ဘာပဲဖြစ်ဖြစ် ကုသိုလ်ရေဆိုတော့ ၀မ်းသာနေရတယ်။

သူငယ်ချင်းတို့ လည်း စိတ်ကူးရတဲ့ ကောင်းနိုးရာရာ ဟင်းစပ်လေးများ

အကြံရရင် မျှဝေပေးကြပါအုံးနော်။

13 comments:

စူးနွယ်လေး said...

မရှင်လေးရေ....တူနေပြီ...ဒီနေ့Sauerampfer ကိုဝက်သားနဲ့ချက် ထားတယ်.. ဒီတခါမငန်ဘူး..အရင်က တအားငန်သလားလို့...မနက်ဖြန်မှပို့စ်တင်မလို့

စူးနွယ်လေး said...

ဆူကီနီနဲ့ကြက်သားသပြွန်းဟင်း၊ ငါးနီတူနဲ့ငရုတ်သီးကြော်၊ Kidneybohnen ဗူးဖောက်ပြီး ကြက်သွန်နီနဲ့ဆီစိမ်းနဲ့သုပ်...
ဟီး....ကောင်းမကောင်းတော့မသိဘူး..အဲဒီဟင်းစပ် ချက်စားထားလို့ပြောကြည့်တာ

ဇွန်မိုးစက် said...

ပုံထဲက အရုပ်လေးတွေက ချစ်ဖို့ကောင်းလိုက်တာ။ ဘယ်က၀ယ်တာလဲဟင်။

အစ်မရှင်လေး ကုသိုလ်တွေ အများကြီးရတော့မှာ ကောင်းလိုက်တာ။း)

Shinlay said...

စူးနွယ်လေး... ဟင်းစပ်လေးကို မှတ်ထားတယ်။
မနက်ဖြနှ်တင်မဲ့ ပို့စ် ကို မျှော်နေမယ်။

ဇွန်မိုးစက်.. ရန်ကုန်က ၀ယ်လာတာ။ ထရိတ်ဒါး က၀ယ်လာတာ။ ပြင်သစ် ကလာပြီ မြန်မာလူမှုဝန်ထမ်း
ဌာနနဲ့ ပေါင်းလုပ်တာထင်တယ်။
တခြား မြန်မာဓလေ့ပုံတွေအများကြီးပဲ။

rose of sharon said...

ချက်ချင်တာချက်ပါနော်... ပြီးရင်ဓာတ်ပုံရိုက်ပြီးတင်ပေးပါ...

rose of sharon said...

ချက်ချင်တာချက်ပါနော်... ပြီးရင်ဓာတ်ပုံရိုက်ပြီးတင်ပေးပါ...

PAUK said...

ကျနော်ကတော့..စိတ်ကူးတည့်ရာချက်လိုက်တာများပါတယ်။။
မရှင်လေးချက်ဖြစ်တာ..တင်ပါအုန်း.။။

မီးမီး said...

၁.ဘူးသီးချဉ်ရည်ကြက်သားအာလူး ငပိထောင်း
၂.ငါးဖယ်ကြော် ခရမ်းချဉ်သီးချက် သခွါးသီးတို့စာရာ
ပဲဟင်းရည်
၃.မျစ်နဲ့spinazieအရွက် ပုဇွန်ခြောက် အချဉ်ရည်ဟင်း ငါးကုန်းပေါင်းအချိုကြော် (အာလူး ကျော်ကြွပ်ကြွပ်ကြော် အထုပ်)
၎.မျူစ်၊ငါးတစ်ကောင်၊စပါးလင်(ငါးခေါင်းဟင်းရည်)
ကျက်သားရိုစ် baby carrot အစိမ်းတို့စာရာ
ဟီး....ကျမလာချက်ပေးမယ်လေ..စားချင်တာတွေလေ

Shinlay said...

စူးနွယ်လေး၊ဇွန်မိုးစက်၊Rose, Pauk နဲ့  mee
ကျေးဇူးပါ။
မီရေ..မှတ်ထားတယ်။ လာခဲ့ပါလား။

su said...

ကြက်သားနဲနံနံပင်ဆီပြန်ဟင်း၊
ပုဇွန်ခြောက်ထောင်းကြော်စပ်စပ်၊အစိမ်းကြော်၊ မှိုခြောက်ကြာဆံဟင်းခါး၊တို့စရာ။စားချင်တာပြောကြည့်တာ
ဟိဟိ...

Shinlay said...

Su...ကျေးဇူးနော်။ စာရင်းထဲရေးထားလိုက်ပြီ။။

su said...

Sauerampferကိုဘာလဲလို့internet မှာရှာကြည့်တာ ချင်ပေါင်ရွက်အစားထိုးမို့လား၊ စုဆီမှာ ချင်ပေါင်ကြော်(အသင့်စား)ရှိတယ်၊မြန်မာသူငယ်ချင်းပြန်
လာတုန်းကရတာ၊စုမစားဘူးကောင်းအောင်မချက်တက်လို့
လက်ဖက်တွေလဲရှိတယ်၊အမအသုံးဝင်ရင်ပို့ပေးချင်တယ်....

Shinlay said...

ကျေးဖူးပါစုရယ်။ စုသူငယ်ချင်းတွေလာရင် အတူတူ
ချက်စားကြဖို့ ထားပါ။ ချဉ်ပေါင်က အမလည်းသိပ်
အကြိုက်ကြီးမဟုတ်ပါဘူး။ လက်ဖက်ကတော့
အမနဲ့ မတည့်တာနဲ့ ကြိုက်ပေမဲ့ မစားရဘူး။