Thursday 8 April 2010

သင်္ကြန် အမှတ်တ၇


Facebook ထဲမှာ မောင်ထက်အောင်က
သင်္ကြန်သီချင်းတွေတင်ထားတာကို
နားထောင်ပြီး လွမ်းမှာစိုးလို့ မေ့ချင်ယောင်
ဆောင်နေတဲ့ သင်္ကြန်ကို သတိရသွားတယ်။
သင်္ကြန်နဲ့ ပတ်သက်ရင် လူတိုင်းမှာပြောစရာတွေ
အများကြီးရှိကြမှာပါ။

ကျမငယ်ငယ်ကတည်းက ကတာ ခုန်တာတော်တော်ဝါသနာပါတာ။ ကျမနေတဲ့
ကျောင်းကလည်း သင်္ကြန်ဆို ယိမ်းကလေ့ရှိတော့ ကျမလည်းစင်ပေါ်ရောက်သွားတယ်။

နှစ်တိုင်းအတန်းတင်စာမေးပွဲ ပြီးတာနဲ့  သင်္ကြန်အတွက်အကတွေစတိုက်ကြတယ်။
ကျမတို သူငယ်ချင်းအုပ်စုလည်း အတူတူ အကတိုက်ရင်းပြန်ဆုံကြတယ်။
အတန်းတွေကကွဲနေတော့ ကျောင်းမှာသိပ်မတွဲဖြစ်ကြဘူး။
ကျမတို့ ကို အကသင်ပေးတာက ဆရာမ ဒေါ်ခင်ဝင်းမြင့်၊ ယဉ်ကျေးမှုဌာနက
ဦးကျော်သာထွန်း၊ တခါတလေ ဒေါ်သီတာဝင်း။
ကျမတို့ အကတိုက်ချိန်က တစ်လလောက်ရတယ်။ နေ့ တိုင်းကျောင်းကိုလာပြီး
အကတိုက်ရတယ်။ အချိုးမကျရင် ဆရာတွေက ဆူသေးတာ။ ကျမတို့ ကတော့
ပျော်ပျော်ပါပဲ။ နားချိန်ဆိုရင် ဘီအီးဒီ ကင်တီး သွားပြီး အအေးသောက်ကြတာ
လည်းပျော်စရာပါ။

ဆရာတွေက ကကွက်တွေ တနှစ်နဲ့ တနှစ်မထပ်ရအောင် သင်ပေးပါတယ်။
ကျမတို့ ကလည်းကြိုးစားပန်းစား လေ့ကျင့်ကြတာပါ။ သီချင်းတွေကို
ဂီတလုလင်ဦးကိုကို နဲ့ ယဉ်ကျေးမှုကဆရာတွေရေးပေးကြတယ်။
တီးဝိုင်းဆရာတွေကလည်း ယဉ်ကျေးမှုကပဲ။ ဆိုပေးတာက အန်တီမစိန်အေး။

ကျမတို့ ကျောင်းက အဆည နဲ့  လူငယ်ဗဟို မဏ္ဍပ်တွေမှာ ဖျော်ဖြေရတယ်။
တွဲကရတဲ့ကျောင်းတွေက တက္ကသိုလ်ကျောင်းတွေ၊ အများအားဖြင့်တော့
အာအိုင်တီနဲ့ တွဲရတယ်။

မောင်ထက်အောင်ကပြောတယ်....
ဟုတ်တယ်.. ၁၉၈၄-၈၅ လောက်က အဆညမှာ ပျော်စရာကြီး..။
သီတာဝင်းတို့ ချစ်ချစ်ဇော်တို့  တင့်တင့်ထွန်းတို့  ယုနန္ဒာမြင့်တို့ 
တက္ကသိုလ်ကျောင်းသူတွေ.. အငြိမ့်ကနေကြတဲ့အချိန်... ဇာဂနာ
မေတ္တာ အရိုင်း ပိန်ပိန် တက်တူ စုတ်ချွန်း ချစ်စရာ ချွန်စက်
စတဲ့
လူရွှင်တော်တွေနဲ့ ပေါ့... နေ့ ဖက်ရေပက် ညဖက် ယိမ်းတွေ
အငြိမ့်တွေကြည့်ပေါ့.....

♬ ♫ .ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကပါ...♬ ♫ ♬
ဆိုပြီး အက ထွက်လာကြတာ မှတ်မိသေးတယ်...ဟီးးးး

ကျမတို့ တွေကတော့ အမေတို့ တတ်သလောက်မှတ်သလောက်ပြင်ဆင်
ပေးလိုက်တာနဲ့ လှနေကြတာ။ အမေတွေမှာလည်း မိတ်ကပ်လိမ်း၊ဆံပင်ပြင်
နဲ့ အလုပ်များ ရှာတယ်။ သင်္ကြန်တွင်းဆို သူတို့ မှာဥပုသ် မစောင့်နိုင်ရှာဘူး။
ကျမတို့ နောက် အထုပ်ကိုင်ပြီးလိုက်နေကြရတာ။ ကျမတို့ ကတော့
ပျော်နေကြတာပေါ့။

သူငယ်ချင်းတစ်ယောက်ဆီက အမှတ်တရ သင်္ကြန် ကတုန်းကပုံလေး
တင်ပေးလိုက်ပါတယ်။

သင်္ကြန်သီချင်းတွေကြားရင်ကျမနဲ့ ကဖေါ်ကဖက် သူငယ်ချင်းတွေလည်း
ကျမလိုပဲ သတိရနေကြမှာပါ။

8 comments:

ဇောင်း said...

ပြီးခဲ့တဲ့ အရာတွေက ရင်ထဲအမှတ်ရစေပါတယ် အစ်မကြီးရှင်လေး :)
တစ်ခါတစ်လေတော့လည်း လွမ်းမိပြန်ရော၊

နှစ်သစ်မှာပျော်ရွှင်ပါစေ ;)


ZaunG

ဇွန်မိုးစက် said...

အစ်မရေ..အမှတ်တရပုံလေး လာကြည့်သွားတယ်။ အရင်ကအကြောင်းတွေ ဖတ်ရကြားရတာ ပျော်စရာကြီးနော်...လွမ်းစရာလည်း ကောင်းတာပေါ့လေ။

လသာည said...

မမ ရှင်လေး..
အစ်မက အကလည်း ရတာကိုးးးး)
ဓါတ်ပုံထဲက ဘယ်တစ်ယောက်က မမရှင်လေး လဲ။ ရှာပေမယ့် မတွေ့ဘူး။

ညီမတော့ ကမယ့်သူမရှိလို့ မဖြစ်မနေ တခါကဖူးတယ်။ မကတတ်လို့ နောက်ဆုံးတန်းမှာ နေခဲ့ရတယ်။

ဟုတ်တယ်။ သင်္ကြန်တောင် လွမ်းလာပြီ..း(

လုလု said...

မမရေ့ 
သင်္ကြန်ဒိုး တူးပို့ တူးပို့ ကြားတာနဲ့တင် လူက မရိုးမရွဖြစ်လာ ၊ ခြေလက်တွေက သူ့အလိုလို လှုပ်ရှားလာကြတာလေ။ အရမ်းကို လွမ်းစရာပေါ့။
ဓာတ်ပုံထဲမှာ မမရှင်လေးက ဘယ်တစ်ယောက်လဲဟင်။

rose of sharon said...

သူကဒါမျိုးလဲရတယ်ပေါ့.... လွမ်းစရာတွေနော်... အခုရောအဲလိုတွေကတာတွေဘာတွေလုပ်တုန်းဘဲလားမသိဘူးနော်... ရန်ကုန်မှာပြောပါတယ်...

rose of sharon said...

သူကဒါမျိုးလဲရတယ်ပေါ့.... လွမ်းစရာတွေနော်... အခုရောအဲလိုတွေကတာတွေဘာတွေလုပ်တုန်းဘဲလားမသိဘူးနော်... ရန်ကုန်မှာပြောပါတယ်...

Sint Si said...

Oh....those days! Happy Myanmar New Year!!

ThuHninSee said...

:) အဲဒီအချိန်က ကျောင်းသူ အဒေါ်က စက်ချုပ်တယ်။ သင်္ကြန်ယိမ်းတွေအတွက်.. ဆင်တူ ချုပ်ရာတာမို့ အိမ်မှာဆို ကျောင်းသူတွေ ကိုယ်တိုင်းယူဖို့ လာတာ အမျာြးီး ပိတ်စတွေလဲ အလိတ်လိုက်ပဲ။ ပိတ်စပုံကြီးတွေကြားမှာ ဆော့ရတာ ပျော်ဖို့ကောင်းတယ်။