Friday 9 April 2010

အားလပ်ရက် နောက်ဆုံးနေ့ 

ဒီနေ့ ကတော့ Oster ရုံးပိတ်ရက်ရဲ့ နောက်ဆုံးရက်ပါ။ တပတ်လုံးအေးအေးဆေးဆေး
လုပ်ချင်တာ၊စားချင်တာ၊သွားချင်တာတွေ အချိန်ပေးပြီးလုပ်ဖြစ်ခဲ့ပါတယ်။
နေသာတဲ့ရက်တွေ မှာ Pollen Allergie ကြောင့် နှာခေါင်းတွေ၊မျက်လုံးတွေ၊အာခေါင်
တွေယားလို့  ကသိကအောက်ဖြစ်ရတယ်။ ဒါပေမဲ့ မမြင်ရတာကြာတဲ့ နေရောင်
ကိုရတော့ ၀မ်းသာရတယ်။

ဆောင်းတတွင်းလုံး ပစ်ထားတဲ့ မှန် ပြူတင်းပေါက်တွေ၊ ၀ရန်တာတွေကို ဒီနေ့ 
တော့သန့် ရှင်းရေးလုပ်ရမယ်။ ဆောင်းတွင်းက အနွေးထည်တွေ နဲ့ နွေဦးအ၀တ်တွေ
နေရာပြောင်းရမယ်။ ရှင်းလင်းရေးနေ့ ပေါ့လေ။ အိမ်ဦးနတ်က ဘာလင်မြို့ ရောက်နေ
တုန်း ကျမတယောက်ထဲ အေးအေးဆေးဆေးပေါ့။

မနက်စောစောက Bolg တွေလည်ပတ်ရင်း စုဘူးရဲ့ ကြာဇံကြော်ကိုတွေ့ ပြီး စားချင်စိတ်
ပေါက်သွားတယ်။ ကျမ ကြာဇံကြော် ရင် ရေစိမ်ပြီးကြော်တော့ အိုးကပ်လိုက်၊ ပျော့သွား
လိုက်...မကြော်စားတာကြာပြီ။
စုဘူးရဲ့ ကြာဇံကြော်နည်းလေး
ကိုစမ်းကြည့်ချင်တာရယ်၊
စားချင်တာရယ်ကြောင့် ရှိတာတွေ နဲ့ 
ကြာဇံကြော်စားလိုက်ပါတယ်။
မနေ့ ကချက်ထားတဲ့ဝက်နံရိုးနဲ့ 
ကြံမဆိုင်ဟင်းချိုရယ်....ကောင်းမှကောင်း
စုဘူးရေ အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ်နော်။

စားသောက်ပြီးတော့ အလုပ်လုပ်စလုပ်တယ်။ မှန်တွေတိုက်ရတာ
ညောင်းနေရော။ဝရန်တာကို တလောက ကိုသောမတ်စ် တိုက်ထား
ပေးလို့ သိပ်မပင်ပန်းလိုက်ဘူး။

အိမ်ထဲမှာဟိုရှင်းဒီရှင်းနဲ့  အချိန်တောင်
တော်တော်ကြာသွားတယ်။

အိမ်သန့် ရှင်းရေးပြီးတော့
လူသန့် ရှင်းရေးဆက်လုပ်တယ်။
အရောင်မှိန်နေတဲ့ ဆံပင်ကို
အရောင်တင်၊ခေါင်းလျှော်၊ ရေချိုး........

ညနေစောင်းကြတော့ အိမ်ဦးနတ် ပြန်လာရင်စားဖို့ မုန့် ဖုတ်ဖြစ်တယ်။
Hefezopf ဆိုတာပါ။
ကျမတို့  ငယ်ငယ်က စားခဲ့ဘူးတဲ့ပေါင်မုန့် 
နဲ့ ဆင်ပါတယ်။ လုပ်ရတာလွယ်သလို၊
(ကျစ်ဆံမြီးတော့လှအောင်မကျစ်တတ်ဘူး။)










စားရတာလည်းပျော့ပျော့ပျောင်းပျောင်း ရှိလို့ မကြာခဏလုပ်စားဖြစ်ပါတယ်။
နောက်တပတ်တော့ အလုပ်လည်းသွား၊ ဧည့်သည်ကလည်းရောက်မယ်ဆိုတော့
အလုပ်နဲနဲ များပါမယ်။ Post တွေလည်း ရေးဖြစ်မယ်မထင်ပါ။

9 comments:

စူးနွယ်လေး said...

လဲစားမယ်လေ...ရှင်လေးဆီမှာ ဟင်းရည်ပါ ပါတော့ ပိုကောင်းတာပေါ့ :)
ဒီပေါင်မုန့်ကြိုက်တယ်...တခါမှ မလုပ်ဖူးသေးဘူး...

ကျမလည်း မနေ့က ပြူတင်းပေါက်ပါတိုက်လိုက်တယ်..

Anonymous said...

မနေ့ကနဲ့ဒီနေ့ နေထွက်တယ်..
အခန်းထဲကပြူတင်းပေါက်ဘောင်ကိုကြည့်တော့ဖုန်တွေနဲ့..
သွားသုတ်လိုက်ပါအုန်းမယ်လေ..
ကြာဇံကြော်..ကြော်စားမှပဲလေ...
အခုတလောအုန်းနို့ကျောက်ကျောလဲလုပ်စားချင်နေတယ်..
မုန့်ကြိုးလိမ်ပေါင်မုန့်လေး..အိမ်ဖုတ်ဆိုတော့စားချင်စရာလေး..။။


ပေါက်

ဇွန်မိုးစက် said...

ဘာလိုလိုနဲ့ နွေဦးတောင် ရောက်လာပြီနော်။ အချိန်တွေ စီးမျောသွားတာ မြန်လိုက်တာ အစ်မရေ။ မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ တစ်ခါတည်းကြိုပြီး ဆုတောင်းပေးလိုက်တယ်နော်။း)

SHWE ZIN U said...

အရသာရှိမဲ့ ကျစ်ဆံမြီး ပေါင်မုံလေး စားသွားပါတယ်

ခင်တဲ့
ရွှေစင်

subuueain said...

အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ် အမရေ.. ပေါင်မုန့်လေးက တကယ်ကို စားချင်စရာ။ ကော်ဖီပူပူလေးနဲ့ တွဲစားချင်လိုက်တာ

မီးမီး said...

တနေ့ကိုတစ်ရူးတစ်လိပ်နူးံနဲ့ဒေါ်ဂျီးမီးမီး
နာရည်သုပ်နေပါတယ် (အိမ်ရှေ့တည့်တည့်မှာပန်းဆိုင်နဲ့လေ)
မုန့် စားချင်တယ်

လသာည said...

ပေါင်မုန့်လေးက စားချင်စရာလေး...။ ကျက်ဆံမြီးက ဘယ်လိုကျစ်သလဲဟင်.
အဟဲ အဲလို မလှတလှကျစ်တာလေးကလည်း ဒီဇိုင်းတစ်မျိုးဖြစ်သွားတာပေါ့နော်း))

Shinlay said...

စူးနွယ်၊ပေါက်၊ဇွန်မိုးစက်၊ရွှေစင်၊ စုဘူး၊မီးမီး နဲ့ လသာည
ကျေးဇူးတင်ပါတယ်။

ဒေါ်ဂျီးမီးရေ..ဒီမှာလည်း အတူတူပါပဲ။ ထုံးစံအတိုင်းဒီရာ
သီဆို ခံစားနေရတယ်။
ဆေးသောက်ရင်သက်သာပေမဲ့ ဆေးဒဏ်ကို ခံရတာ
မသက်သာပြန်ဘူး။
ဂရုစိုက်နေပါနော်....

Ko Ko Maung said...

shinlays "hefezopf" is better than the one that you can buy in german
backery.... really !
ko ko maung