Sunday 4 April 2010

Frohe Ostern (Happy Easter)

Happy Easter

ကျမတို့ အိမ်က Oster ယုန်လေးတွေနဲ့  Ostereier တွေပါ။










ဆောင်းတွင်းတတွင်းလုံး နှင်းဖြူဖြူတွေဖုံးနေတုန်း ကြက်မက

ကြက်ဥဖြူဖြူတွေဥတယ်တဲ့။ နှင်ြးဲဖူဖြူ တွေပဲ အမြဲမြင်နေရတဲ့

ကြက်ဖက ကြက်ဥဖြူဖြူတွေကို ခွဲပစ်သတဲ့။ ကြက်မက သူ့ 

ကြက်ဥတွေကွဲလို့ စိတ်ညစ်နေချိန်မှာ ကိုရွှေယုန်ရောက်လာပြီး

ကြက်ဥတွေကိုအရောင်ချယ်ပေးလိုက်တယ်။ ကြက်ဥတွေလည်း

အဖြူရောင်ကနေ ရောင်စုံ ကြက်ဥတွေ ဖြစ်သွားတယ်။

ကြက်ဖလည်း သူမမြင်ချင်တော့တဲ့ အဖြူ ရောင်ကို မမြင်ရတော့

ပျော်သွားတယ်တဲ့။

အခုတော့ Easter ရောက်တိုင်းဆေးချယ်ထားတဲ့ ကြက်ဥလေးတွေ၊

ယုန်လေးတွေကို ရောင်းလေ့ရှိတယ်။ အိမ်တွေမှာလည်း အလှဆင်ကြတယ်။

လက်ဆောင်တွေပေးကြတယ်။ ဒီနေ့  Easter sunday မှာ ကလေးတွေ

Ostereier ရှာကြတယ်။ လူကြီးတွေက လက်ဆောင်တွေ၊ ယုန်ပုံ၊ကြက်ဥပုံ

ချောကလက်တွေ ဖွက်ထားပြီး ကလေးတွေက လိုက်ရှာကြတယ်။

အိမ်နီးချင်းတွေကိုလည်း မနက်စောစောမှာ လက်ဆောင်တွေကို

တံခါးဝတွေမှာ ထားထားလေ့ရှိကြတယ်။
ံ့
ကြက်ဥ ကိုတော့ ရှင်သန် ပေါက်ဖွားခြင်းလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။


















5 comments:

မြစ်ချေသူ said...

Easter ဆိုတာ ဒီလိုဖြစ်လာတာကို။

မှတ်သားသွားပါတယ် အစ်မရှင်လေးရေ

ရောင်စုံ ရှင်သန် ပေါက်ဖွားခြင်း နေ့ ပေါ့ နော်။

Happy Easter sunday.

ဇောင်း said...

Happy Easter Day ရဲ့ အဓိပ္ပာယ်ကို အခုမှ သိလိုက်တယ် အစ်မရေ ကျေးဇူး :)

ZaunG

ဇောင်း said...

အစ်မကြီးရှင်လေး ကျွန်တော့်ရဲ့ Site မှာ Happy Easter Day နဲ့ပတ်သက်ပြီး အစ်မကြီးရဲ့ Post ကို ပြန်လည်ဖော်ပြခွင့်ပြုပါ {ခွင့်တောင်းပီးဘီနော် :P }
Link:http://mraungj.multiply.com/journal/item/221/221

ZaunG

ဇွန်မိုးစက် said...

အစ်မရှင်လေးရေ...အရင်က မသိခဲ့တဲ့ အီစတာပွဲတော်အကြောင်းလေး သိခွင့်ရလို့ ကျေးဇူးတင်ပါစေ။

ပျော်ရွှင်တဲ့ အီစတာပိတ်ရက်ဖြစ်ပါစေနော်။း)

su said...

ခုမှဘဲ အီစတာပွဲတော်ဆိုတာ ဘာလဲ သိတော့တယ်။ ကျေးဇူးပါနော်။