Wednesday 19 May 2010

အမေ့ဆီသို့ 

အခုတလောကြားနေ၊ဖတ်နေရတာတွေက ရန်ကုန်မှာ
တော်တော်ပူနေတယ်တဲ့။ ကျမလည်း ဒီသတင်းတွေကြားတော့
အမေတယောက် ဘယ်လိုများနေရှာမလဲလို့ တွေးနေမိပါတယ်။
အမေနဲ့ ဖုန်းပြောရတိုင်း ဒီမှာအရမ်းပူတယ်လို အမြဲငြီးရှာတယ်။
မီးကမလာ၊ရေကမလာနဲ့  သူ့ ခမျာ အပူဓါဏ်ကိုတော်တော် ခံနေရ
မှာပဲလို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရတယ်။

အမေနေ့ က ဖုန်းကခေါ်လို့ မရ၊ အသံမြည်နေပေမဲ့ ကိုင်မဲ့သူ
မရှိတဲ့ အသံပါ။ စိတ်ထဲမှာ အမေများ နေမကောင်းဖြစ်နေလား။
စသဖြင့် အတွေးတွေ... တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျမက
သူ့ အနားမှာ မနေနိုင်။ တခါတလေ ကိုယ့်ကိုကိုယ် တစ်ကိုယ်ကောင်း
ဆန်လွန်းတယ်လို့ တွေးမိတယ်။ လူတိုင်းမှာတော့ ကိုယ့် အကြောင်းနဲ့ 
ကိုယ်၊ ကိုယ့် အခြေအနေနဲ့ ကိုယ်ပေါ့လေ။

ကျမစိတ်မကောင်းဖြစ်နေတာတွေ့ တော့ ဦးသောမတ်စ်က
ရန်ကုန်ပြန်ဖို့ ပြောတယ်။ အလုပ်ကလည်း ၂ပတ် ပိတ်ဖို့ ရှိတာနဲ့ 
အမြန်ပဲ အမေ့ဆီပြန်ဖို့  စီစဉ်ကြတယ်။ မသေချာသေးတဲ့
အလုပ်ပိတ်ရက်ကို ရက် အတော်ကြာအောင် အလုပ်ရှင်တွေနဲ့  အပြန်
အလှန် ပြောကြ၊ လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ပြန်ဖို့  (အမေနဲ့ 
တွေ့ ဖို့ ) အားပေး၊ အလုပ်ပိတ်ရက်က မသေချာသေးပေမဲ့
သဘောကောင်း၊နားလည်ပေးတတ်ကြတဲ့ အလုပ်ရှင်များက
လက်မှတ်ဝယ်ဖို့  ခွင့်ပေးလိုက်တယ်။
ဒါနဲ့ ချက်ချင်း အမေ့ဆီပြန်ဖို့ လက်မှတ်ပြေးဝယ်လိုက်တယ်။
ကံကောင်းစွာနဲ့ လက်မှတ်ရှိနေသေးလို့ ။

အိမ်ပြန်ရောက်တော့ အမေဆီဖုန်းခေါ်ကြည့်တာလည်းအဆင်ပြေ
တာနဲ့ ကျမလာမှာကို ၀မ်းသာအားရပြောလိုက်ပါတယ်။
ပထမဆုံး အမေတုန့် ပြန်တာကတော့ မလာခဲ့နဲ့ ၊ ဒီမှာအရမ်းပူနေတာတဲ့။
ကျမပြန်လာရင် အပူဒဏ်ခံနိုင်မှာမဟုတ်ဘူး
တဲ့လေ။ ကျမက အမေတောင်
ဒီအပူဒဏ်ခံနိုင်သေးတာ ကျမလည်းခံနိုင်ပါတယ်လို့  ပြောဖြစ်ခဲ့တယ်။
အဲ့ဒီတော့ မှ သူ ကျမကို တွေ့ ဖို့ ဝမ်းသာကြောင်း၊ အပူဒဏ်ကြောင့်
ထမင်းမစားနိုင်ကြောင်း၊ အပူဖုတွေထွက်လို့ အလွန်ယားကြောင်း၊
ဘာကြောင်း၊ညာကြောင်း..စတဲ့ အမှန်စကား တချို့ ထွက်လာပါတယ်။
အရင်ကဆို ကျမကသူနေကောင်းကြောင်းမေးတိုင်း နေကောင်းတယ်လို့ 
သာပြောလေ့ရှိတာ။ အဝေးရောက်နေတဲ့ ကျမ သူ့ အတွက်စိတ်ပူမှာ
စိုးရိမ်နေတာလေ။ ကျမနဲ့ ပြန်တွေ့ မှသာ သူနေမကောင်းတာ၊ ပိန်သွား
တာတွေ မြင်ရ၊သိရတော့တာ။

ကျမပြန်လာမှာ(၂)ပတ်ပေမဲ့ သူ့ အတွက်တော့ တအားပါ။ ကျမ တို့ 
မကြာခင်မှာ ပြန်လာအုံးမယ်ဆိုတာ သူသိနေတော့ ပိုအားရှိနေမှာပါ။
ကျမကို မျှော်နေတဲ့ အမေ၊ သူ ပျော်နေမှာပါ။ အမေ ကျန်းမာပါစေ။

ရန်ကုန်မှာ ကြုံတွေ့ ရမယ့် မီးကိစ္စ၊ရေကိစ္စ၊ ဓါတ်လှေကားကိစ္စ၊ ဘာကိစ္စ
ညာကိစ္စတွကိုတော့ လောလောဆယ် ခဏမေ့ထားလိုက်ပါတယ်။
ရွေးစရာမှ မရှိတာ၊ ကိုယ်တယောက်ထဲဖြစ်တာမှမဟုတ်တာပဲ။
ရင်ဆိုင်ရုံပါပဲ။ ၂ရက် ၃ရက်လောက်ကြာရင် နေသားကျသွားမှာပါ။

ဒီကြားထဲ ဥရောပမှာIceland က မီးတောင် Eyjafjallajökull
ကြောင့်လေဆိပ်တွေ ဖွင့်လိုက်၊ပိတ်လိုက် ဆိုတော့ ကျမပြန်မဲ့ နေ့ မှာ
အဆင်ပြေပါစေလို့ လည်း ဆုတောင်းရသေးတယ်။ ဘန်ကောက်မျာက
လည်းအခြေအနေက သိပ်မကောင်း။ ခရီးမသွားခင် အိမ် နဲ့ အလုပ်က
တာဝန်တွေကိုလည်း ပြီးအောင်လုပ်ရသေးတယ်။ ကြိုတင်ပြင်ဆင်ထား
တာမရှိတော့ အားလုံးက ကတိုက်ကရိုက်ပါပဲ။

အမေကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ နိုင်ပါစေလို့ လည်း ဆုတောင်းနေရတယ်။

ကျမ အမေနဲ့  မမျှော်လင့်ပဲ ပြန်တွေ့ ခွင့်ရအောင် စီစဉ်၊ ဆောင်ရွက်ပေး
ကြတဲ့ သူများအားလုံး (အထူးသဖြင့် Thomas ) ကို အထူးကျေးဇူးတင်ပါတယ်။

20 comments:

Anonymous said...

မရှင်လေး အခုလိုအမေ.ကိုမြန်မြန်ဆန်ဆန် ပြန်တွေ.ဖို.ဆုံးဖြတ်ပြီးသွားတွေ.တာကို သိပ်သဘောကျပါတယ်။

မိဘအတွက်ပြန်တာ ဘယ်လိုဘဲအပူတွေရင်ဆိုင်ရ ရင်ဆိုင်ရပေါ.နော်။

မိဘထက်အရေးကြီးတာဘယ်ရှိမှာလဲ၊အမဆုံးဖြတ်တာအရမ်းကောင်းပါတယ်။တတ်နိုင်ရင် အမအမေကိုပါ အမနဲ.တခါထဲခေါ်ထားနိုင်ရင်သိပ်ကောင်းမှာဘဲနော်။အမကတဦးတည်းသောသမီးဆိုတော. အမအမေမှာလဲသူ.သမီးလေးကိုအရမ်းလွမ်းမှာဘဲနော်။
ကိုယ်ချင်းစာပါတယ်အမရယ်။

ရန်ကုန်အပြန်ခရီးမှာ အစစအရာရာ အဆင်ပြေပါစေနော်။ အခုရန်ကုန်မှာမိုးတော.နည်းနည်းစရွာနေပြီမို.လို. ပြီးခဲ.တဲ.လတုံးကလောက်တော.ပူတော.မှာမဟုတ်ဘူးထင်ပါတယ်။
အမတို.၂ပတ်နေပြီးအပြန်ဆိုရင်လဲ အမရော အမအမေပါ ခွဲခွာရတဲ.ဒဏ်ကိုခံစားရဦးမယ်ဆိုတာ သေချာသိနေပါတယ်။ဘာလို.ဆိုတော. ခံစားနေကျဆိုတော. အရမ်းကိုယ်ချင်းစာနိုင်လို.ပါ။
အားတင်းထားပါအမရေ။

ဇွန်မိုးစက် said...

အစ်မက ဝေးပေမယ့် တစ်နှစ်တစ်ခေါက် ပုံမှန်ပြန်ဖြစ်သေးတယ်။ ညီမကနီးပြီး သုံးနှစ်ခွဲမှ တစ်ခေါက်ပြန်ဖြစ်မှာ။
အခြေအနေအကြောင်းကြောင်းကြောင့်ပေါ့လေ။

အိမ်မှာလည်း အမေတစ်ယောက်တည်းပဲ။ အမေ့ကို လွမ်းလှပြီ။ ဒီစနေတော့ တွေ့ရတော့မယ်။း)

ခုတော့ မိုးနည်းနည်းစရွာနေပါပြီ အစ်မ။ ဒါပေမယ့် အပူရှိန်ကတော့ ရှိအုံးမယ်။ အရမ်းအေးတဲ့နိုင်ငံကနေ သွားမှာဆိုတော့ ရာသီဥတု အပြောင်းအလဲကို သတိထားပါ အစ်မရှင်လေးရေ။

ဇွန်မိုးစက် said...
This comment has been removed by the author.
Shinlay said...

Anonymous နဲ့  ဇွန် ကျေးဖူးပါနော်။

စူးနွယ်လေး said...

Fliegst du nach MM in den Pfingstferien? Es ist bestimmt schön deine Mutter zu sehen.

su said...

အမ အမေနဲ့ တွေ့ဖို့ ပြန်မယ်သိရလို့ သိပ့်ဝမ်းသာပါတယ်၊ နေရတာအဆင် မပြေရင် Hotelမှာပဲပြန်နေလို့ရတာပဲနော့...အစစ အဆင်ပြေပါစေ...

ThuHninSee said...

:)အစစ အရာရာ အဆင်ပြေပါစေ။
အမေလဲ ကျန်းမာပါစေနော်။

အိစန္ဒာ said...

ရှင်လေးရေအမေနဲ့တွေဖို့ပြန်မယ်သိရလို့်ဝမ်းသာပါတယ်၊အိမ်မှာထက်စာရင်Hotelမှာနေတာကရေမီးပိုအဆင်ပြေလိမ့်မယ်။
အစစ အရာရာ အဆင်ပြေပါစေ။

Moe Sett Pwint said...

ma ma Shin Lay,

I will be coming Yangon during first week of June. Will you still be around? Wanna see you and aunty...

best wishes,

Moe Sett

လုလု said...

မမရှင်လေး
စောင့်နေတယ်နော်။ အားလုံးအဆင်ပြေမှာပါနော်။ လာရင်တွေ့ကြမယ်နော်။
ချစ်ခင်စွာဖြင့်
လုလု

nu-san said...

အမနဲ့တွေ့ရတော့မှာမို့ အမ အမေလည်း အရမ်းဝမ်းသာပြီး အားတက်နေမှာ.. ပြီးခဲ့တဲ့ ၂ ရက် လောက်ကတော့ မိုးပြန်ရွာနေပြီမို့ အပူရှိန်လျော့သွားလောက်ပြီလို့ ထင်ရတယ် အမရေ.. မရှင်လေး အစစ အဆင်ပြေပါစေ..

မီးမီး said...

ခရီးလမ်းအေးချမ်းသာယာဖြောင့်ဖြူးပါစေ

မီးမီး said...

ခရီးလမ်းအေးချမ်းသာယာဖြောင့်ဖြူးပါစေ

မြစ်ချေသူ said...

ဝမ်းသာပါတယ် အစ်မရှင်လေး အစစအရာရာ အားလုံးအဆင်ပြေပါစေ။ ရန်ကုန်မှာ မိုးတော့ ရွာနေပါပြီ ပူတာကတော့ ပူနေစဲပါပဲ။

Anonymous said...

အမေကတော့ တပြုံးပြုံးနဲ့ ဖြစ်နေတော့မှာပဲ။
မြန်မာပြည်က သတိယစရာလေးတွေ မှတ်တမ်းတင်လာအုံးနော်။

ချစ်ခင်စွာ

Shinlay said...

သူငယ်ချင်းတို့ ကို ကျေးဇူးတင်လျှက်...

Evy said...

ကောင်းတယ် အစ်မရေ။ အစ်မ အမေတော့ ၀မ်းသာနေမှာဘဲ။

မိုးဦးစံပယ် said...

လမ်းခရီးသာယာဖြောင့်ဖြူးပါစေနော်။ အမေလဲပျော်နေမှာပဲ။ မမရှင်လေးရဲ့အမေအကြောင်းပိုစ့်တွေဖတ်ရတိုင်း ကိုယ့်အမေ့ကိုပဲမြင်ယောင်မိတယ်။ သမီးဖုန်းဆက်ရင် အမြဲနေကောင်းပါတယ်။ အဆင်ပြေပါတယ်ချည်းပဲ။ ပြန်သွားမှသာ အမေပိုပိန်သွားတာတွေ့ရ၊ သွေးတိုးလို့ဆေးခန်းသွားရတာ၊ သွားဆရာဝန်ဆီပြေးရတာတွေ သိရတာ။

လသာည said...

မမရေ
ရန်ကုန်သွားပြီလား (ညီမ ခဏခရီးထွက်လိုက်လို့ နှုတ်ဆက်တာ နောက်ကျသွားတယ်)
အစစ အဆင်ပြေပါစေနော်..
မမရှင်လေး အမေက တအားပျော်နေမှာနော်
မမလည်း ပျော်နေတယ်မို့လား..။ အလွမ်းပြေ စကားတွေ အများကြီး ပြောခဲ့နော်။ မုန့်ဟင်းခါးလည်း ပိုစားခဲ့နော်။
ချစ်တဲ့
လသာည

khin oo may said...

အတွေ့အကြုံရှင်းပါဦး