တနေ့ ကသူငယ်ချင်းတယောက်နဲ့ online ပေါ်မှာဆုံရင်း အတွေ့ အကြုံ
ခံစားသားချက်တွေဖလှယ်ဖြစ်ကြပါတယ်။
သူက ဒီကိုရောက်တာ သိပ်မကြာသေးတော့ နားမလည်နိုင်သေးတဲ့ အရာတွေ
ရှိသေးတာပေါ့။
ဒီကလူတွေကလည်း လူတွေပဲဟာ။ သူတို့ မှာ မနာလိုစိတ်၊ နှိမ်လိုစိတ်၊ အတ္တစိတ်
စတဲ့ မကောင်းတာတွေရှိသလို ကောင်းတဲ့ စိတ်ထားတွေလည်းရှိကြပါတယ်။
ဒီကလူတော်တော်များများဟာ ကျမတို့ လို အာရှ နိုင်ငံတွေကလူတွေကို
အထင်မကြီးကြပါဘူး။ ကျမတို့ နိုင်ငံတွေ အကြောင်းပြလေ့ရှိတဲ့ သတင်း
ကားတွေမှာလည်း အထင်ကြီးစရာ မပါအောင် ရိုက်ပြလေ့ရှိပါတယ်။
ဘယ်လောက်ဆင်းရဲကြောင်း၊ ခေတ်နောက်ကျကြောင်း စသဖြင့်
ဒုက္ခတွေသာများတာကို။
ကျမတို့ ကိုယ့်တိုင်းပြည်မှာဘယ်လိုနေ၊ဘယ်လိုထိုင်တယ်ဆိုတာ မမေးမြန်း
ပဲ။ ဆင်းရဲတဲ့သနားစရာသတ္တ၀ါလို တမ်းထင်ကြတယ်။ တချို့ ဆို
အင်္ကျီအဟောင်းလေးတွေတောင်ပေးလေ့ရှိတယ်။ ဒါစားဖူးလား၊
ဒါလုပ်ဖူးလား ဆိုတာကတမျိုး၊ သူတို့ စိတ်ထဲမှာ ဓလေ့စရိုက်ကွာခြားမှု
ကိုမေ့နေပြီး၊ သူတို့ ဓလေ့စရိုက် ကသာ တန်ဖိုးရှိတယ်လို့ ထင်နေကြတာပါ။
ကျမတို့ ဓလေ့အရ လက်နဲ့ စားတာကို သူတို့ ဓလေ့နဲ့ မတူတော့ ဓါး၊ခရင်း၊ဇွန်း
မရှိလို့ ပဲ လက်နဲ့ စားနေရရှာသလို၊ မသန့် ရှင်းသလို ...၊
ကျမတို့ ဓလေ့အရ ရိုသေကိုင်းရှိုင်းမှုကို တုံးလို့  အ လို့  လို ထင်ပြန်ရော။
တခါကတော့ ရှင့်ယောင်္ကျားက ရှင့်ကိုဝယ်လာတာလားတဲ့...မေးပုံကလေ။
သူတို့  ကတော့ လူမျိုးကြီး ချမ်းသာတဲနိုင်ငံကဆိုတဲ့ ကိုယ့်ကိုကိုယ်
အထင်ကြီးမှုတွေရှိနေတာလို့ ကျမတော့မြင်တာပါပဲ။
အလုပ်တခုခုကို သူတိုပဲလုပ်တတ်သလို၊ ကျမတို့ ကြိုးစား
လုပ်ရင်ပဲ မဖြစ်နိုင်သလို အထင်သေးမှုတွေ ကြုံတွေဖူးပါတယ်။
ကျမ ဒီမှာကျောင်းတက်တော့ အသိတယောက်က တကူးတက
စာရေးပြီး ဒီလောက်ခက်ခဲတဲ့အလုပ်ကိုဆက်မလုပ်ပဲ၊ အိမ် (ကျမတိုင်းပြည်)
ကိုပြန်သင့်ကြောင်း ပြောပါတယ်။ ကျမစာမေးပွဲအောင်တော့
ဘယ်အဆင့်ကအောင်ပါတယ်ဆိုတာကို ပို့ စကဒ် လှလှလေးဝယ်ပြီး
သတင်းပေးလိုက်ပါတယ်။ အဲ့ဒီထဲက သူနဲ့ အဆက်အသွယ်မရှိတော့ပါ။
ကျမ အလုပ်လုပ်တော့လည်း လုပ်နိုင်ပါ့မလား။ ပင်ပန်းလိုက်တာ စသဖြင့်
အားမရှိစရာစကားတွေနဲ့ ပြောလာကြပြန်တယ်။ အလုပ်ကဘယ်တော့
ထွက်မှာလဲလို့ ဖွင့်မေးတဲ့သူတွေတောင်ရှိပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊
ဘယ်မှာပဲဖြစ်ဖြစ် တကယ်လုပ်ရင် တကယ်ပင်ပန်းပါတယ်။ သူတို့ အလုပ်တွေ
လည်းစိတ်ပင်ပန်းမှု၊လူပင်ပန်းမှု ရှိကြမှာပါပဲ။
တခါက ရန်ကုန်မှာ၃လလောက်နေပြီးပြန်လာတဲ့ကျမကို လမ်းမှာမိတ်ဆွေ
တယောက်က ဘာလို့ နင်ပြန်လာတာလဲ၊ ဒီမှာနင့်အလုပ်မှမရှိတာတဲ့။
အဲ့ဒီအချိန်မှာကျမက အလုပ်အသစ်ရနေပြီလို့ ပြောတော့ မျက်နှာပျက်သွားတယ်။
ကိုယ့်ယောင်္ကျားရှိ တဲ့နေရာဟာကျမအိမ်ပဲလိုထပ်ပြောတော့
နှုတ်တောင်မဆက်နိုင်ပဲထွက်သွားတဲ့လူမျိုးလည်းတွေ့ ဖူးခဲ့ပါတယ်။
ကျမတို့ လင်မယား ကြားဟိုပြောဒီပြောတွေလည်းရှိတာပဲ။ ကျမကို
နင်ဘယ်တော့မြန်မာပြည်ပြန်မှာလဲ။ ဘယ်တော့ အိမ်ခွဲဆင်းမှာလဲ
လို့ တကူးတကမေးတဲ့သူတွေလည်းကြုံတာပါပဲ။ ကျမယောင်္ကျားကို
ပြုစုပေးဖို့ မလိုကြောင်း၊ တာဝန်မရှိကြောင်းစတာတွေပြောပြီး
သွေးထိုးတာတွေလည်းကြားခဲ့ရဖူးပါတယ်။
အဲ့ဒီလို မကောင်းပြောကြတဲ့သူတွေဟာ သူတို့ ရဲ့ အိမ်ထောင်ရေး၊
အလုပ်အကိုင်တွေမှာ အောင်မြင်မှုမရသူတွေဖြစ်ပါတယ်။ သူတိုလို ပဲ
တဘက်သားဒုက္ခရောက်တာမြင်ချင်သူတွေသာဖြစ်ပါတယ်။
တယောက်နဲ့ တယောက် အခြေအနေ၊ သဘာဝချင်းမတူနိုင်ဘူးဆိုတာ
မေ့နေကြသူတွေဖြစ်ပါတယ်။
ဒီမှာတခုကောင်းတာက သူတို့ က ကွယ်ရာမှာ အတင်းမပြောဘူး။
စကားနှိုက်ပြီး နောက်ကြောက ဓါးနဲ့ မထိုးတတ်ဘူး။ မဟုတ်တာတွေ
ဇာတ်လမ်းစဉ်ပြီး မပြောတတ်ဘူး။ မိမိကို ကိုယ်တိုင်ဖွင့်ပြောတယ်။
ကိုယ့်ရှေ့မှာပဲ ဝေဖန်တယ်။
သူငယ်ချင်ရေ အဲ့ဒီသူတွေနဲ့ ကြုံတွေ့ ခဲ့ရင် ဘာပြောပြော နားမ၀င်လေနဲ့ ။
ကိုယ့်အကြာင်းနဲ့ ကိုယ်၊ မိမိမှန်တယ်ထင်တာကို မိမိအားကိုးရတဲ့သူနဲ့ 
့(မိမိအိမ်ထောင်ဖက်နဲ့ )တိုင်ပင်လုပ်ပါ။ ကျမသာ အဲ့ဒီတုန်းက
နားရောင်ခဲ့လို့ လိုက်လုပ်မိရင် အခုအချိန်ကျမဘာဖြစ်နေမှာလဲ.....
စဉ်းစားမိတာပါ။
မကောင်းတာတွေပဲပြောလို့ စိတ်ညစ်မသွားပါနဲ့ သူငယ်ချင်းရယ်။
ဒီမှာ ကောင်းတဲ့လူတွေလည်းရှိပါတယ်။ မိမိရဲ့ လုပ်ဆောင်မှုကို
သူတို့ အသိအမှတ်ပြုတာတွေလည်းကြုံရပါတယ်။
အဓိက ကတော့ မိမိအရည်အသွေးကို အတတ်နိုင်ဆုံးမြှင့်တင်
နိုင်အောင်ကြိုးစားရမှာပါ။ သူတို့ ထက်မသာရင်တောင် တန်းတူ
လိုက်နိုင်အောင်ကြိုးစားရမှာပါသူငယ်ချင်း။ ကြိုးစားနေစဉ်မှာ
ကြုံတွေ့ ရမဲ့ အခက်အခဲ၊ ဘေးစကားတွေကို အတတ်နိုင်ဆုံး
လျစ်လျူရှုပြီး မိမိ ပန်းတိုင်ကို ရောက်အောင်သွားပါသူငယ်ချင်း။
လောကဓံ တရားဆိုတာရှိသားပဲ။ မမေ့နဲ့ နော်သူငယ်ချင်း။