Saturday 19 June 2010

ဒီနေ့ 

ဒီနေ့ မနက် ၆ နာရီခွဲ လောက်အထိ အိပ်လိုက်တယ်။ မနက်စာကိုတော့ မနေ့ ကကျန်တဲ့
မုန့် ဟင်းခါး ပြန်နွေးစားလိုက်ပါတယ်။ နေ့ လည်စာကိုတော့ အချိန်ပေးပြီးပြင်ဆင်လိုက်ပါတယ်။ ပိန်းဥဆီပြန်လေးချက်တယ်။ ချဉ်ပေါင်( Sauerampfer) နဲ့ မျှစ်လေးရောပြီး
အရည်ပြစ်ပြစ်လေးချက်ပါတယ်။ ငပိဖျော်လေးနဲ့ တို့ စရာ လေးတွေပြင်ပါတယ်။
အချိုပွဲကိုတော့ မုန့် ကြာစေ့ကို အုန်းနို့ လေးနဲ့ ကြို ။


ဒီနေ့ တော့ အရာသာရှိတဲ့ နေ့ လည်စာလေးကို အားရပါးရ ၂ ပန်းကန်တောင်စားလိုက်တယ်။
ထမင်းစားပြီးနေ့ လည်ပိုင်းတဒ်ရေးလောက်တောင် အိပ်လိုက်သေးတယ်။
တစ်နာရီခွဲလောက်ကြာတယ်။ အခုတော့ အားပြည့်ပြီး လန်းဆန်းသွားတယ်။

ညနေကြတော့ အင်ဒိုနီးရှားကသူငယ်ချင်း တွေနဲ့  ထိုင်းဆိုင်မှာ သွားထိုင်လိုက်တာ ည ၁၁ နာရီမှ
အိမ်ပြန်ရောက်တယ်။

6 comments:

Anonymous said...

ကောင်းလိုက်တာ၊ ဖွယ်ဖွယ်ရာရာပဲ၊

ဇွန်မိုးစက် said...

အစ်မရေးထားတာလေးဖတ်ပြီး ဇွန်တောင်အားရှိသွားသလိုပဲ။း)

စူးနွယ်လေး said...

အတို့အမြှပ်လေးတွေနဲ့ ကောင်းမှကောင်း
ငပိရည် ကျိုတာလား...စိမ်းစားငပိဖျော်တာလား

မီးမီး said...

များလည်း မျစ်နဲ့ပုဇွန်:D

လသာည said...

ကောင်းလိုက်တာ စားစရာလေးတွေအပြည့်နဲ့ ပျော်စရာကြီး..။ ချဉ်ပေါင်နဲ့ မျှစ် ဟင်းလေး စားချင်တာ..

Vista said...

အကိုကြီးဘယ်ရောက်နေလည်း .. တစ်ယောက်ထည်း အဝ ကြိတ်နေတယ်