Wednesday 23 June 2010

သူငယ်ချင်းဖတ်ဖို့ 

တနေ့ ကသူငယ်ချင်းတယောက်နဲ့ online ပေါ်မှာဆုံရင်း အတွေ့ အကြုံ
ခံစားသားချက်တွေဖလှယ်ဖြစ်ကြပါတယ်။
သူက ဒီကိုရောက်တာ သိပ်မကြာသေးတော့ နားမလည်နိုင်သေးတဲ့ အရာတွေ
ရှိသေးတာပေါ့။
ဒီကလူတွေကလည်း လူတွေပဲဟာ။ သူတို့ မှာ မနာလိုစိတ်၊ နှိမ်လိုစိတ်၊ အတ္တစိတ်
စတဲ့ မကောင်းတာတွေရှိသလို ကောင်းတဲ့ စိတ်ထားတွေလည်းရှိကြပါတယ်။

ဒီကလူတော်တော်များများဟာ ကျမတို့ လို အာရှ နိုင်ငံတွေကလူတွေကို
အထင်မကြီးကြပါဘူး။ ကျမတို့ နိုင်ငံတွေ အကြောင်းပြလေ့ရှိတဲ့ သတင်း
ကားတွေမှာလည်း အထင်ကြီးစရာ မပါအောင် ရိုက်ပြလေ့ရှိပါတယ်။
ဘယ်လောက်ဆင်းရဲကြောင်း၊ ခေတ်နောက်ကျကြောင်း စသဖြင့်
ဒုက္ခတွေသာများတာကို။

ကျမတို့ ကိုယ့်တိုင်းပြည်မှာဘယ်လိုနေ၊ဘယ်လိုထိုင်တယ်ဆိုတာ မမေးမြန်း
ပဲ။ ဆင်းရဲတဲ့သနားစရာသတ္တ၀ါလို တမ်းထင်ကြတယ်။ တချို့ ဆို
အင်္ကျီအဟောင်းလေးတွေတောင်ပေးလေ့ရှိတယ်။ ဒါစားဖူးလား၊
ဒါလုပ်ဖူးလား ဆိုတာကတမျိုး၊ သူတို့ စိတ်ထဲမှာ ဓလေ့စရိုက်ကွာခြားမှု
ကိုမေ့နေပြီး၊ သူတို့ ဓလေ့စရိုက် ကသာ တန်ဖိုးရှိတယ်လို့ ထင်နေကြတာပါ။
ကျမတို့ ဓလေ့အရ လက်နဲ့ စားတာကို သူတို့ ဓလေ့နဲ့ မတူတော့ ဓါး၊ခရင်း၊ဇွန်း
မရှိလို့ ပဲ လက်နဲ့ စားနေရရှာသလို၊ မသန့် ရှင်းသလို ...၊
ကျမတို့ ဓလေ့အရ ရိုသေကိုင်းရှိုင်းမှုကို တုံးလို့  အ လို့  လို ထင်ပြန်ရော။
တခါကတော့ ရှင့်ယောင်္ကျားက ရှင့်ကိုဝယ်လာတာလားတဲ့...မေးပုံကလေ။

သူတို့  ကတော့ လူမျိုးကြီး ချမ်းသာတဲနိုင်ငံကဆိုတဲ့ ကိုယ့်ကိုကိုယ်
အထင်ကြီးမှုတွေရှိနေတာလို့ ကျမတော့မြင်တာပါပဲ။

အလုပ်တခုခုကို သူတိုပဲလုပ်တတ်သလို၊ ကျမတို့ ကြိုးစား
လုပ်ရင်ပဲ မဖြစ်နိုင်သလို အထင်သေးမှုတွေ ကြုံတွေဖူးပါတယ်။
ကျမ ဒီမှာကျောင်းတက်တော့ အသိတယောက်က တကူးတက
စာရေးပြီး ဒီလောက်ခက်ခဲတဲ့အလုပ်ကိုဆက်မလုပ်ပဲ၊ အိမ် (ကျမတိုင်းပြည်)
ကိုပြန်သင့်ကြောင်း ပြောပါတယ်။ ကျမစာမေးပွဲအောင်တော့
ဘယ်အဆင့်ကအောင်ပါတယ်ဆိုတာကို ပို့ စကဒ် လှလှလေးဝယ်ပြီး
သတင်းပေးလိုက်ပါတယ်။ အဲ့ဒီထဲက သူနဲ့ အဆက်အသွယ်မရှိတော့ပါ။

ကျမ အလုပ်လုပ်တော့လည်း လုပ်နိုင်ပါ့မလား။ ပင်ပန်းလိုက်တာ စသဖြင့်
အားမရှိစရာစကားတွေနဲ့ ပြောလာကြပြန်တယ်။ အလုပ်ကဘယ်တော့
ထွက်မှာလဲလို့ ဖွင့်မေးတဲ့သူတွေတောင်ရှိပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊
ဘယ်မှာပဲဖြစ်ဖြစ် တကယ်လုပ်ရင် တကယ်ပင်ပန်းပါတယ်။ သူတို့ အလုပ်တွေ
လည်းစိတ်ပင်ပန်းမှု၊လူပင်ပန်းမှု ရှိကြမှာပါပဲ။
တခါက ရန်ကုန်မှာ၃လလောက်နေပြီးပြန်လာတဲ့ကျမကို လမ်းမှာမိတ်ဆွေ
တယောက်က ဘာလို့ နင်ပြန်လာတာလဲ၊ ဒီမှာနင့်အလုပ်မှမရှိတာတဲ့။
အဲ့ဒီအချိန်မှာကျမက အလုပ်အသစ်ရနေပြီလို့ ပြောတော့ မျက်နှာပျက်သွားတယ်။
ကိုယ့်ယောင်္ကျားရှိ တဲ့နေရာဟာကျမအိမ်ပဲလိုထပ်ပြောတော့
နှုတ်တောင်မဆက်နိုင်ပဲထွက်သွားတဲ့လူမျိုးလည်းတွေ့ ဖူးခဲ့ပါတယ်။

ကျမတို့ လင်မယား ကြားဟိုပြောဒီပြောတွေလည်းရှိတာပဲ။ ကျမကို
နင်ဘယ်တော့မြန်မာပြည်ပြန်မှာလဲ။ ဘယ်တော့ အိမ်ခွဲဆင်းမှာလဲ
လို့ တကူးတကမေးတဲ့သူတွေလည်းကြုံတာပါပဲ။ ကျမယောင်္ကျားကို
ပြုစုပေးဖို့ မလိုကြောင်း၊ တာဝန်မရှိကြောင်းစတာတွေပြောပြီး
သွေးထိုးတာတွေလည်းကြားခဲ့ရဖူးပါတယ်။

အဲ့ဒီလို မကောင်းပြောကြတဲ့သူတွေဟာ သူတို့ ရဲ့ အိမ်ထောင်ရေး၊
အလုပ်အကိုင်တွေမှာ အောင်မြင်မှုမရသူတွေဖြစ်ပါတယ်။ သူတိုလို ပဲ
တဘက်သားဒုက္ခရောက်တာမြင်ချင်သူတွေသာဖြစ်ပါတယ်။
တယောက်နဲ့ တယောက် အခြေအနေ၊ သဘာဝချင်းမတူနိုင်ဘူးဆိုတာ
မေ့နေကြသူတွေဖြစ်ပါတယ်။
ဒီမှာတခုကောင်းတာက သူတို့ က ကွယ်ရာမှာ အတင်းမပြောဘူး။
စကားနှိုက်ပြီး နောက်ကြောက ဓါးနဲ့ မထိုးတတ်ဘူး။ မဟုတ်တာတွေ
ဇာတ်လမ်းစဉ်ပြီး မပြောတတ်ဘူး။ မိမိကို ကိုယ်တိုင်ဖွင့်ပြောတယ်။
ကိုယ့်ရှေ့မှာပဲ ဝေဖန်တယ်။

သူငယ်ချင်ရေ အဲ့ဒီသူတွေနဲ့ ကြုံတွေ့ ခဲ့ရင် ဘာပြောပြော နားမ၀င်လေနဲ့ ။
ကိုယ့်အကြာင်းနဲ့ ကိုယ်၊ မိမိမှန်တယ်ထင်တာကို မိမိအားကိုးရတဲ့သူနဲ့ 
့(မိမိအိမ်ထောင်ဖက်နဲ့ )တိုင်ပင်လုပ်ပါ။ ကျမသာ အဲ့ဒီတုန်းက
နားရောင်ခဲ့လို့ လိုက်လုပ်မိရင် အခုအချိန်ကျမဘာဖြစ်နေမှာလဲ.....
စဉ်းစားမိတာပါ။

မကောင်းတာတွေပဲပြောလို့ စိတ်ညစ်မသွားပါနဲ့ သူငယ်ချင်းရယ်။
ဒီမှာ ကောင်းတဲ့လူတွေလည်းရှိပါတယ်။ မိမိရဲ့ လုပ်ဆောင်မှုကို
သူတို့ အသိအမှတ်ပြုတာတွေလည်းကြုံရပါတယ်။

အဓိက ကတော့ မိမိအရည်အသွေးကို အတတ်နိုင်ဆုံးမြှင့်တင်
နိုင်အောင်ကြိုးစားရမှာပါ။ သူတို့ ထက်မသာရင်တောင် တန်းတူ
လိုက်နိုင်အောင်ကြိုးစားရမှာပါသူငယ်ချင်း။ ကြိုးစားနေစဉ်မှာ
ကြုံတွေ့ ရမဲ့ အခက်အခဲ၊ ဘေးစကားတွေကို အတတ်နိုင်ဆုံး
လျစ်လျူရှုပြီး မိမိ ပန်းတိုင်ကို ရောက်အောင်သွားပါသူငယ်ချင်း။
လောကဓံ တရားဆိုတာရှိသားပဲ။ မမေ့နဲ့ နော်သူငယ်ချင်း။

15 comments:

လသာည said...

ဒီမှာလည်း ဒီလိုပါပဲ မ ရယ်..။ ကြုံရလွန်းတော့ အရေထူသွားတာလား..၊ နေသားကျသွားတာလား တစ်ခုခုပဲ..။

သူတို့က သူတို့အမြင်တွေက အာရှကလို့ ပြောရုံနဲ့ အထင်သေးပြီးဖြစ်နေတတ်တယ်။ ဒါတောင် ထိုင်းနဲ့ မြန်မာ မတူပြန်ဘူး။ မြန်မာဆို ပိုဆိုးတယ်...

rose of sharon said...

တို့အာရှသူတွေဟာ တကယ်ကြိုးစားရင် သူတို့ထက်သာတယ်ဆိုတာ သူတို့တွေသိကြပါတယ်...

Mon Petit Avatar said...

Thank you for sharing your very well stated experience.

လုလု said...

မမရှင်လေးရေးထားတာလေးတွေက တကယ့်ကို ကြုံတွေ့နေရတာလေးတွေပါပဲ။
အရမ်းကိုကောင်းပါတယ် မရယ်။ ကျေးဇူးပါနော် မ။
ချစ်ခင်စွာဖြင့်
လုလု

မိုးစက်ပွင့် said...

ဟယ် အဲလောက် ဆိုးကြတာလား....။

မေးသင့်မမေးသင့် ပြောသင့်မပြောသင့် မချင့်ချိန်တတ်တဲ့ သူငယ်နာမစင်သေးတဲ့ သူတွေကို သနားလိုက်ပါ မမရှင်လေးရာ ......။

Anonymous said...

"ဒီမှာတခုကောင်းတာက သူတို့ က ကွယ်ရာမှာ အတင်းမပြောဘူး။"

အင်း... မမတို့ဆီမှာတော့ မသိဘူး။ ဒီမှာတော့ အင်္ဂလိပ်မတွေ သိပ်အတင်းပြောတာပဲ။ လူတစ်ယောက်လှည့်ထွက်သွားတာပဲ မကြာသေးဘူး အဲဒီလူရဲ့အကြောင်းကို ဘေးက သိပ်မသိတသိလူကိုတောင် အတင်းပြောဖို့ဝန်မလေးဘူး။ ပြောရရင်တော့ မိန်းမတွေမှ မဟုတ်ပါဘူး ယောကျာင်္တွေလည်း အတူတူပဲ။ ရှေ့ကျရင်တော့ တစ်ယောက်ကိုတစ်ယောက် ချစ်ပြနေလိုက်တာ၊ မြောက်ပင့်နေလိုက်တာ ဟုတ်မှဟုတ်ရဲ့လားလို့တောင် ထင်မိတယ်။

ပြီးတော့ဟန်ဆောင်လည်းကောင်းကြတယ်။ ကိုယ်မကြည်တဲ့လူကို Professional ကျအောင်ဆိုပြီး ဟန်ဆောင်ချစ်ပြဖို့လည်း ၀န်မလေးဘူး။ ဒီရောက်ခါစဆိုရင် မျက်စိတောင်လည်တယ်။ စိတ်ထဲသူတို့ပြန်တည့်သွားကြပြီလို့ထင်တာ၊ နောက်ကွယ်လည်းကျရော ပြောလိုက်ဆိုလိုက်တာ အရမ်းပဲ။

ဒါပေမဲ့လည်း မမပြောသလို ရှေ့တည့်တည့်မှာပဲ ဝေဖန်တာကတော့ များပါတယ်။ constructive criticism ဆိုပြီးတော့ပေါ့လေ။

တကယ်တော့ ဘယ်နေရာကပဲ လူဖြစ်လာ လူဖြစ်လာ လူဆိုတာကတော့ အတူတူပါပဲလေ။ ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ်လေ။

စူးနွယ်လေး said...

အထင်သေးစိတ် အနည်းနဲ့အများ ရှိကြတာတော့ သေချာတယ်... ကြုံဖူးသူတွေ ပြောပြကြတယ်...ကိုယ်တိုင်တော့ အဲလိုဆိုးဆိုးဝါးဝါး မကြုံဖူးသေးဘူး

မီးမီးငယ် said...

ရှင်လေးေ၇..
ရှင်လေး၇ဲ့သူငယ်ချင်းကိုပြောပြလိုက်ပါ..
လူမျိုးခြားမှမဟုတ်ပါဘူး တိုင်းတပါးမှာနေလို့အားငယ်နေချိန်.
မြန်မာနိင်ငံသားအချင်းချင်း နိမ်တာ အနိင်ကျင့်တာ ပိုပြီး၇င်နာခံစား၇ပါတယ်..
ဟုတ်ပါတယ်လေ Anonymous မမပြောသလို ဘယ်နေရာကပဲ လူဖြစ်လာ လူဖြစ်လာ လူဆိုတာကတော့ အတူတူပါပဲလေ.သူများလင်မယားကြား သူများမိသားစုကြား.သူများသမီး၇ည်းစားကြား.သူများအသိုင်းဝိုင်းကြား.၀င်အာ ၇မှစားဝင်အိပ်ပျော်တဲ့လူတွေ..
အများကြီးရှိတယ်.ငါကစေတနာနဲ့ ဘလာ.ဘလာ..လာမယ် နောက်တလွဲချဉ်း..
ရှင်လေးပြောတဲ့ကြုံတွေ့ ရမဲ့ အခက်အခဲ၊ ဘေးစကားတွေကို အတတ်နိုင်ဆုံး
လျစ်လျူရှုပြီး မိမိ ပန်းတိုင်ကို ရောက်အောင်သွားပါ.ဆိုတာ
အကောင်းဆုံးပါဘဲ..
ခင်မင်တဲ့
မီးမီး

su said...

အမရှင်လေးရဲ့စာတွေအားလုံးမှာ ဘဝဗဟုသုတတွေကိုရစေလို့ ကျေးဇူးပါအမရယ်..ဒီမှာတော့ အရှေ့တောင်အာရှ ကိုယ်စားပြုပြီးနေ နေရတယ်လေ..ဥပမာ:ဘယ်နိုင်ငံက ဟိုအသားဒီအသား(ပေါက်ကရ)တွေစားတယ်ဆိုတော့နင်တို့နိုင်ငံကလူတွေလဲအတူတူစားတာပဲမို့လား?ပြီး
တော့တို့အားလုံးက ဝမ်းတွင်သားမစားဘူး၊အရိုးမစားဘူးတဲ့ နင်တို့တွေကအကုန်စားတယ်နော်တဲ့ အဲ့ဒါ မနေနိုင်တော့တာနဲ့Liverwurst,Rotwurst တို့ Schweine Schäufele တွေက ဘယ်Tier တွေစားတာလဲလို့ လူကြီးတွေကို ပြန်ပြောမိပါလေရော...

Anonymous said...

အဓိက ကတော့ မိမိအရည်အသွေးကို အတတ်နိုင်ဆုံးမြှင့်တင်
နိုင်အောင်ကြိုးစားရမှာပါ။ သူတို့ ထက်မသာရင်တောင် တန်းတူ
လိုက်နိုင်အောင်ကြိုးစားရမှာပါသူငယ်ချင်း။ ကြိုးစားနေစဉ်မှာ
ကြုံတွေ့ ရမဲ့ အခက်အခဲ၊ ဘေးစကားတွေကို အတတ်နိုင်ဆုံး
လျစ်လျူရှုပြီး မိမိ ပန်းတိုင်ကို ရောက်အောင်သွားပါသူငယ်ချင်း။
လောကဓံ တရားဆိုတာရှိသားပဲ။ မမေ့နဲ့ နော်သူငယ်ချင်း။

အမ... တကယ်သာ ကိုယ်ကတော်နေတတ်နေရင် မနှိမ်ရဲပါဘူး..အမ။
ဘာပြောပြော ကိုယ့်ရည်ရွယ်ချက်မပျက်ပဲ နောက်မဆုတ်သင့်ပါ။ ခေါင်းထဲကြာရှည်မထားပါနဲ့ ..အမသူငယ်ချင်းလေး အမရေးတဲ့စာတွေဖတ်ပီး လိုက်နာလုပ်ဆောင်သွားနိုင်မှာပါ။

မြတ်နိုး

Moe Cho Thinn said...

သူငယ်ချင်းဆီရေးတဲ့စာက စေတနာအပြည့်ပါတယ်။ ဟုတ်ပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ တခြားလူတွေအကြောင်း ပြောတာ စဉ်းစားတာထက် ကိုယ့်ကိုယ်ကိုသာ အရည်အချင်းရှိအောင် ကြိုးစားတာက နည်းလမ်းအမှန်ဆုံးလို့ ထင်မိတယ်။ မရှင်လေး စာတွေ ကြိုက်တယ်။ လာဖတ်အုံးမယ်။

PhyoPhyo said...

မရှင်လေး
ဒီပိုစ့်ကို ဖတ်ရတာ အရမ်းအားရှိပါတယ်၊
ညီမလဲ ကြိုးစားနေဆဲ အချိန်ပဲရှိသေးတယ်၊
ဒီမှာဆိုရင် အာရှသားကို သိပ်မမြင်ဘူးတော့၊ လူမြင်ရင်လိုက်လိုက်ကြည့်တာ အရမ်းစိတ်ညစ်မိတယ်၊
တခါတလေ သဘောကျတဲ့ပုံ၊ တခါတခါ အကြည့်တွေက စူးစူးကြီးတွေ၊
ကြိုးစားရဦးမယ် ပိုပြီး၊
မရှင်လေးကို ခင်မင်လေးစားလျှက်

Rita said...

အနောက်ကို ဒီလောက်ထိ ထင်မထားမိဘူး။ လူဆိုတာတော့ ဘယ်နေရာ ဘယ်အရပ်ဒေသက လူဖြစ်ဖြစ် လူ့စရိုက်တော့ ရှိမှာပဲလို့ တွေးမိပေမယ့်လေ...

ဘဝမှာ မအောင်မြင်တဲ့ မကျေနပ်နိုင်ကြတဲ့ လူတွေလို့ ဖတ်ရတော့လည်း သိပ်မထူးဆန်းသလိုပါပဲ။

အိမ်မက်စေရာ said...

စိတ်ညစ်နေတဲ့ အချိန် မရှင်လေးရဲ့ ဒီပို့စ်လေးဖတ်မိတယ်.. အဲ့လိုမျိုးလေးတွေ ကြုံနေရတယ် သူ့ကိုပဲ ပြောရမလား ပတ်ဝန်းကျင်ပဲ ပြောရမလား မသိ..ခုက မြန်မာ အချင်းချင်းကြားမှာ ဆိုတော့ .. စိတ်ညစ်တာပဲ သိတော့တယ်..( လက်ထပ်ဖို့ စီစဉ်ထားလို့ . ချစ်သူက မြန်မာပါပဲ)

အိမ်မက်စေရာ said...

စိတ်ညစ်နေတဲ့ အချိန် မရှင်လေးရဲ့ ဒီပို့စ်လေးဖတ်မိတယ်.. အဲ့လိုမျိုးလေးတွေ ကြုံနေရတယ် သူ့ကိုပဲ ပြောရမလား ပတ်ဝန်းကျင်ပဲ ပြောရမလား မသိ..ခုက မြန်မာ အချင်းချင်းကြားမှာ ဆိုတော့ .. စိတ်ညစ်တာပဲ သိတော့တယ်..( လက်ထပ်ဖို့ စီစဉ်ထားလို့ . ချစ်သူက မြန်မာပါပဲ)