Friday 2 July 2010

တမင်းဂျိုးကြော်


အခုတလောနေပူတာရယ်။ထမင်းကြမ်းကျန်တာရယ်ကြောင့် ထမင်းခြောက်လှမ်းဖြစ်ပါတယ်။
ဘောလုံးပွဲကြည့်ရင်း စားရတာပေါ့။
ငယ်ငယ်ကဆို အဖွားက ထမင်းကြမ်းကျန်ရင်လှန်းလေ့ရှိတယ်။ ညဘက် အဆာပြေကြော်စားလေ့
ရှိတာ သတိရမိပါတယ်။
ရန်ကုန်မှာဆို မြေနီကုန်း၊စမ်းချောင်းမှာ ကြော်ရောင်းတဲ့ဆိုင်တွေရှိတော့ ခဏခဏသွားဝယ်ဖြစ်တယ်။
ဂျိုးဂျိုးဂျွတ်ဂျွတ် ကြိုက်တဲ့သူငယ်ချင်းများအတွက်... အပျင်းပြေ၀ါးရအောင်လို့ ...

16 comments:

စူးနွယ်လေး said...

Gute Idee !!!

သက်ဝေ said...

စားချင်တယ်...း))

su said...

Leider gefällt mir der trockene gebratene Reis nicht, weil er sehr laut beim kauen ist (isst)!!!:)

ThuHninSee said...

Gute Idee !!! (ကော်ပီကူးလိုက်တယ် ကောင်းတယ်လို့ပြောချင် တာနေမယ်။ အဟီး)
အိမ်နားမှာ လမ်းပြင်နေတော့ အခုနေသာပေမယ့် ထမင်းဂျိုးလှမ်းလိုက်ရင်
ဂျီးလုံးလေးတွေဖြစ်နေမှာ။ မရှင်လေးလုပ်ထားတာ စားချင်လိုက်တာ။

လသာည said...

ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးရတဲ့ ထမင်း ဂျိုးကြော်ကို တအားကြိုက်တာ...။ ဓါတ်ပုံထဲက ထမင်းဂျိုးကြော်လေးက စားချင်စရာကြီး..။

Anonymous said...

ထမင်းဂျိုး မကြိုက်ဘူး..မရှင်လေး..
တိုဟူးပျော့ဂျိုးလည်းမကြိုက်..
ဆီထမင်းဂျိုးလည်း မစားဘူး..


ပေါက်

Anonymous said...

Oh!!!! i like it so much .
how to do that ?????
Pls let me know sister :)

SHWE ZIN U said...

မရှင်လေး

အဲဒီဂျိုးကြော်လေးတွေ ပူးသွားအောင် ဘာနဲ့ကပ်ကြော် သလဲဗျာ

ရွှေစင်ဦး

မြတ်နိုး said...

အမရှင်းလေး
စားချင်တယ်။

ဇွန်မိုးစက် said...

ကြိုက်တယ် ထမင်းဂျိုးကြော်ကို။ အမေလည်း ကြိုက်လို့ ထမင်းကြမ်းကျန်ရင် လုပ်စားဖြစ်တယ်။ ခု အစ်မရှင်လေးရဲ့ ထမင်းဂျိုးကြော်ကို လေလှိုင်းကနေ ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားသွားပါတယ်။း)

Anonymous said...

စားလေးနည်းနည်း မဖြူးလိုက်ဘူးလားအမ၊
ငယ်ငယ်တုန်းက အဖွားက ထမင်းကျန်တွေကို နေပူတုန်း လှန်းပြီး ကြော်ကျွေးခဲ့ဖူးတာ သတိယသွားတယ်၊

subuueain said...

ကလေးတုန်းက စားရတာလေးကို သတိရသွားတယ် :)

မိုးစက်ပွင့် said...

ကြိုက်တယ်...အရမ်းကြိုက်တယ်..

Shinlay said...

ကျန်နေတဲ့ ထမင်းတုံးကို အပြားလေးတွေရအောင်
ဓါးနဲ့ လှီးပြီးနေလှန်းတာပါ။
အပြုံးပန်းပြောသလိုဆားလေးဖြူးစားရင်ပိုအရသာရှိသွား
တယိ။
ပေါက်နဲ့  စုအတွက် ဘာကြိုက်လဲ နောက်တခါလုပ်
ကျွေးမယ်နော်။
ဂျွတ်ဂျွတ်မြည်အောင် လာဝါးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

ချစ်ကြည်အေး said...

စားချင်ထှာဟယ် ဆားလေးနဲနဲ ဖြူးပြီး တဂျွတ်ဂျွတ်နဲ့ ....:))

မီးမီးငယ် said...

လိုက်လုပ်ကြည့်ရအုံးမယ်..