Sunday 25 July 2010

ပျော်စရာကောင်းတဲ့ နေ့ 


မနေ့ ကကျမတို့  Frankfurt ကိုရောက်ပါတယ်။ အနှစ် (၂၀)နီးပါးကွဲနေတဲ့
သူငယ်ချင်းကို သွားတွေ့ တာပါ။ ကျမတို့ တက္ကသိုလ်တလျှောက် အတူတူ
ကျောင်းတက်ခဲ့ကြတာပေါ့။ သူဒီမှာရှိနေတယ်ဆိုတာကြားပေမဲ့ အဆက်အသွယ်
မရခဲ့ဘူး။ တလောတုန်းကတော့ သူငယ်ချင်းတယောက်ဆီက Email လိပ်စာလေး
ရတာနဲ့  ကျမတို့ အဆက်အသွယ်ရခဲ့ကြတာပါ။
သူ့ ဆီသွားရမယ်ဆိုတော့ စိတ်လှုပ်ရှားမိတယ်။သူငယ်ချင်းက မပြောင်းလဲဘူး။ အရင်တုန်းကလိုပဲ။ သူက အခု ၄ နှစ်ခွဲ အရွယ် သမီးလေး
တယောက်ရနေပြီ။ ချစ်စရာလေး။ကျမတို့ စကားတွေအများကြီးပြောဖြစ်ကြပါတယ်။
သူငယ်ချင်းပြင်ဆင်ထားတဲ့ ကြာဖံကြော်ကို ကြိုက်ကြိုက်နဲ့  အများကြီးစားခဲ့ပါတယ်။

အပြန်ကြတော့ နောက်သူငယ်ချင်းမိသားစုနဲ့ ဘူတာမှာထပ်ချိန်းပြီး စကားတွေပြောကြပြန်
တယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ခွင့်ရတာကိုက ပျော်စရာတခုပါ။

ဒီနေ့ တော့ သူငယ်ချင်းပေးလိုက်တဲ့ ကန်ဇွန်းရိုးနီလေးကို ချဉ်ရည်ဟင်းချက်စားဖြစ်ပါတယ်။ဒီမှာမစားရတာကြာပြီဖြစ်တဲ့ ကန်ဇွန်းရိုးနီချဉ်ရည် ကထမင်းတကယ်မိန်စေပါတယ်။
ငပိရည်၊တို့ စရာရယ်၊ ငါးဟင်းရယ်.....စိတ်ထဲ မြန်မာပြည်ပြန်ရောက်နေသလိုပါပဲ။

နောက်သူငယ်ချင်းတယောက်ပေးလိုက်တဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ရှမ်းချဉ် နဲ့ 
ဆန်ချို လုပ်ဖို့ အမှုန့် တော့ မသုံးရသေးဘူး။

သူငယ်ချင်းတို့ ရေ ...ပျော်စရာကောင်းတဲ့ နေ့ အတွက်ရယ်၊ အရသာရှိတဲ့
ထမင်းဝိုင်းအတွက်ရယ်၊ အားလုံး အတွက် ကျေးဇူးတင်ပါတယ်။
နောက်တကြိမ် တနေရာရာမှာ ပြန်ဆုံကြသေးတာပေါ့။

7 comments:

မီးမီး said...

ကိုယ်တို့ဆီမှာတွေ့၇တော့မယ်နော်..
ရှမ်းစာနဲ့ကျွေးမယ်နော်..

Anonymous said...

သူငယ်ချင်းတွေနဲ့ တွေ့ရတာ ပျော်စရာပါပဲ၊
ကျောင်းတုန်းက သူငယ်ချင်းဆိုတော့ ခံစားချက်ခြင်းတူကြတာကိုး။

စူးနွယ်လေး said...

မရှင်လေးနဲ့ဆီ ထမင်းလာစားတယ်..ဒီနေ့ဘာမှမချက်ဘူး..မနေ့ကအကျန်နဲ့စားတယ်...ချဉ်ရည်ဟင်းချက် ထားတာစားချင်စရာ....ကန်စွန်းရိုးနီက ငပိရည်နဲ့တို့စားလည်းကောင်းတယ်နော်..
ဘာငါးချက်တာလဲဟင်

Shinlay said...

မီးမီး..ရှမ်းစာစားဖို့ အခုထဲကပါးစပ်ပြင်ထားတယ်နော်။
အပြုံးပန်း၊ညီမပြောသလို အကြောင်းသိတွေဆိုတော့ ပွင့်ပွင့်လင်လင် နဲ့ ရင်းရင်း နှီးနှီးရှိပါတယ်။
စူးနွယ်..ကျေးဇူးပါ။ ငါးကတော့ Pangasius Filet
နဲ့ ချက်ထားတာပါ။
ကန်ဇွန်းရ်ုးနီ တ၀က်ကို တို့ စားဖို့ ချန်ထားတယ်။
အစိမ်းတို့ လည်းကောင်း၊မကျီးသီးနဲ့ ပြုပ်ပြီး တို့ စရာလုပ်ရင်လုပ်၊ သနပ် လို သုပ်စား လည်း ကောင်းတယ်။ အဆိပ်အတောက်ကင်း စေတယ်လို့အဖွားကပြောဖူးတယ်။ အဖွားက
ဲခြံထဲမှာ စိုက်ထားလေ့ရှိတယ်။။။ လွမ်းမိပါတယ်။

ဇွန်မိုးစက် said...

ဇွန်လည်း ကန်စွန်းရိုးနီချဉ်ရည် သိပ်ကြိုက်တာ။ ဒီမှာတော့ ချဉ်ရည်ချက်စားချင်ရင် မားကတ်မှာ အလွယ်တကူရတဲ့ ရိုးရိုးကန်စွန်းကိုပဲ ချက်စားဖြစ်တာများတယ်။ ငါးဟင်းမစားဖြစ်တာကြာပြီ။ အစ်မရှင်လေးရဲ့ငါးဟင်းကြည့်ပြီး စားချင်သွားတယ်။း)

khin oo may said...

သူကဘယ်ကရတာလဲ ကန်စွန်းရွက်.

မြစ်ချေသူ said...

အစ်မရ ငါးဟင်းလေးကစားချင်စရာပဲ
ချက်နည်းလေးပြောပြပေးနော်
ချက်စားမယ်။ ဒီ ကစွန်းရိုးနီတွေကတော့ ပေါတယ် တစ်ခါမှ ချက်မစားဖူးဘူး။