Wednesday 28 July 2010

Quiche လုပ်စားပါတယ်။

ဒီနေ့ တော့ Quiche လုပ်စားဖြစ်ပါတယ်။ Quiche ကပြင်သစ် Lorraine နယ်က
အစားအစာဆိုပေမဲ့၊ အဲ့ဒီဒေသက အရင် ဂျာမန် နယ် Lothringen ဖြစ်တဲ့ အတွက်
ဂျာမနီက အစပြုခဲ့တယ်လို့ သိရပါတယ်။ ဒီမှာ ကြည့်လို့ ရပါတယ်။
အလုပ်မှာ ဘာချက်ရင်ကောင်းမလဲလို့ မေးရာက သူငယ်ချင်းက Quiche လုပ်ဖို့ 
အကြံပေးတာနဲ့ လုပ်ဖြစ်ခဲ့တာပါ။




သူ့ ကိုလုပ်ဖို့  အောက်ခံမုန့် pastry crust ကို အရင်ဖုတ်ရပါတယ်။ ဒီမှာတော့ Mürbeteig
လို့ ခေါ်ပါတယ်။ လိုအပ်တာတွေကတော့
၂၀၀ ဂရမ် ဂျုံ (Type 1050)
၁၀၀ ဂရမ် ထောပတ်
ဆား လ္ဘက်ရည်ဇွန်း ၄ ပုံတပုံ (1/4)
ရေ ထမင်းစားဇွန်း ၄ ဇွန်း
အားလုံးကိုရောနယ်ပါတယ်။ မုန့် သားချောလာရင် ပလတ်စတစ် ပါးနဲ့ အုပ်ပြီး
ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် ထားပါ။
(ကျမကတော့ Supermarkt မှာရောင်းတဲ့ လုပ်ပြီးသား မုန့် သားကိုဝယ်လုပ်ပါတယ်။)
ပြီးရင်မုန့် ဖုတ်မဲ့ ခွက်ထဲမှာ ခင်းပါတယ်။ ကြိုပြီး အပူပေးထားတဲ့ Oven ထဲမှာ
၂၀၀ ဒီဂရီနဲ့  ၁၀ မိနစ်ခန့် ဖုတ်ပါတယ်။ ပြီးရင် အအေးခံထားပါ။


အထဲမှာထဲ့တဲ့ အရာတွေကတော့
Bacon 125 g, သေးသေးလေးတွေတုန်းပါ
Emmentaler Cheese 150 g၊ ခြစ်ထားပါ
စင်းထားတဲ့ Bacilicum, Thyme,parsley ထမင်းစားဇွန်း ၂ဇွန်း ၃ဇွန်း
ကြက်ဥ ၄ လုံး
ဆား (နဲနဲလျော့ထဲ့ပါ)
ငရုပ်ကောင်း
Cream ( Sahne) 250 g

အားလုံးကိုရောမွှေပြီး အအေးခံထားတဲ့ မုန့် ခွက်ထဲ လောင်းထဲ့ပါတယ်။
ခရင်းလေးနဲ့ မျက်နှာပြင်နဲနဲညှိပေးပါတယ်။ Oven အလယ်ဆင့်မှာ ၂၀၀ ဒီဂရီ
နဲ့  မိနစ် ၄၀ လောက် ဖုတ်ပါတယ်။
တခါတလေ အပြောင်းအလဲအဖြစ် စားလို့ ကောင်းပါတယ်။ ဆလပ်ရွက်သုပ်
လေးနဲ့ တွဲစားဖြစ်ပါတယ်။

5 comments:

စူးနွယ်လေး said...

မုန့်လာစားတယ်...
လုပ်မစားဖူးသေးဘူး
နောက်မှ လုပ်ကြည့်ဦးမယ်

လသာည said...

ဒီ Quich ကို မစားဖူးပေမယ့် စားရင် ဆိမ့်ဆိမ့်လေး နေမလားပဲနော်။ ကော်ဖီနဲ့ လိုက်မယ်ထင်တယ်။

Anonymous said...

မစားဘူး ပေမဲ့ အခု မရှင်လေး ကျွေးလို့ စားသွားပြီဗျိှု့ အဟဲ လသာည ပြောသလို စိမ့်စိမ့်လေး

ရွှေစင်ဦး

Evy said...

စိတ်ဝင်စားစရာကောင်းတယ်။ အဲဒါမျိုးကို Rachel Allan ရဲ့ Baking အစီအစဉ်မှာတွေ့ဖူးတယ်။

ဇွန်မိုးစက် said...

မစားဖူးဘူး အစ်မရေ။ စားကြည့်ချင်လိုက်တာ။