Tuesday 20 July 2010

Spätzle နဲ့  မိတ်ဆက်ခြင်း


Spätzle ကတော့ ကျမတို့ နေတဲ့ ဒေသ ( Baden-Württemberg ) ရဲ့ 
အစားအစာဆိုပါတော့။ Spätzle ကို ဂျုံ၊ ကြက်ဥ တို့ နဲ့ လုပ်တာပါ။
လွယ်လွယ်ပြောရရင်တော့ ကြက်ဥခေါက်ဆွဲလိုပါပဲ။ ခေါက်ဆွဲလို တော့
အမျှင်ရှည်မဟုတ်ပါဘူး။ကြက်ဥ အနဲအများကတော့ မိမိနှစ်သက်မှု၊
တတ်နိုင်မှုပေါ်မူတည်ပါတယ်။
အခြေခံကတော့ ဂျုံ ၁၀၀ ၈ရမ် ကို ကြက်ဥ ၁ လုံး နှုန်းပါ။Spätzle ပုံစံတွေက
လည်း နဲနဲစီကွဲပါတယ်။ ကိုယ်လုပ်တဲ့ ပေါ်မှာမူတည်ပါတယ်။
အခြေခံ နည်းကတော့ (၆ယောက်စာအတွက်)
ဂျုံ
၅၀၀ ဂရမ်
ကြက်ဥ ၅ လုံး
ဆား
လ္ဘက်ရည်ဇွန်း တ၀က်
ဇာလိပ်ဖိုသီးအမှုန့်  လ္ဘက်ရည်ဇွန်း တ၀က် ( မထည့်လည်းရပါတယ်)
ရေနွေးနွေး 1/4 လီတာ
ထောပတ်
စားဇွန်း ၃ ဇွန်း
ထောပတ်မပါ ပဲ ဂျုံ၊ ကြက်ဥ၊ဆားကို ဇလုံထဲထည့်ပါ။ ရေကို နည်းနည်းချင်းစီ
ထည့် ပြီး စက်နဲ့ ရောမွှေပါ။ ကိုယ်သုံးတဲ့ ဂျုံပေါ်မူတည်ပြီး အပြစ်အကျဲ
ကွာတတ်လို့ ပါ။(တချို့ ကြတော့လက်နဲ့ မွှေတာပေါ့လေ။ တော်တော်မွှေရတယ်။)
အခဲလေးတွေပျောက်လို့  ညက်ပြီးစီးလာတဲ့အထိမွှေပါ။ပြီးရင်ခဏလောက် ထား
ထားလိုက်ပါ။ ဆိုပါတော့ ၁နာရီ လောက်ပေါ့။ပြီးရင်နောက်တခါထပ်မွှေပေးပါ။
Spätzle လုပ်တဲ့ နည်းတွေကတော့ များပါတယ်။
ရှေးပုံစံကတော့ ရေစွပ်ထားတဲ့သစ်သားပြားပေါ်ကို မှုန့် နှစ်ကို တင်၊ ခပ်ပြားပြား၊
ခပ်ပါးပါး ဖြန့် ပြီး ဓါးနဲ့ ခပ်ပြီးဆားထဲ့ထားတဲ့ ရေနွးအိုးထဲ ထည့်ပြုပ်ပါတယ်။
ခေါက်ဆွဲဖတ်လေးတွေ ရေပေါ် ပေါ်လာရင် ဆယ်ပြီး ရေးအေး ထဲ ခဏလေး
ထဲ့ဆေးပေးပြီး ဇကာနဲ့ စစ်ပေးပါ။
စားခါနီးတော့မှ ထောပတ်ထဲ့ထားတဲ့ ဒယ်အိုးပြားထဲကို Spätzle တွေထဲ့
ခဏလောက် လှိမ့်ပေးလိုက်ရင် အဆင်သင့်ဖြစ်ပါပြီ။
Spätzle လုပ်လို့ ရတဲ့ဇကာတွေ ရှိပါတယ်။





ကျမကတော့ အလွယ်နည်းပဲသုံးပါတယ်။
Spätzle ကို အသားဟင်းများအသီးအရွက်ဟင်းများ၊ ၀က်အူချောင်းနဲ့ ပဲဟင်း
စသဖြင့် မိမိနှစ်သက်တာနဲ့ တွဲစားလို့ ရပါတယ်။
လုပ်ရတာပျော်စရာလည်းကောင်း၊ စားလို့ လည်းကောင်းတဲ့ Spätzle ပါ။

9 comments:

လသာည said...

spatzleဆိုတာ တခါမှ မစားဖူးဘူး..။ စပါကတ်တီပဲ စားဖူးတာ။ spatzle စားချင်စရာ။ စားဖူးချင်တယ်..

မိုးစက်ပွင့် said...

မုန့်လက်ဆောင်းဖတ်လုပ်နည်းနဲ့ သဘောတရားတူသလိုပဲနော်.....

လုလု said...

မမရှင်လေး
တော်လိုက်တာ။ တစ်ခါမှတော့ မစားဖူးဘူးရယ်။ စားဖူးချင်လိုက်တာ။
ချစ်ခင်စွာဖြင့်
လုလု

T T Sweet said...

ရှင်လေးပြောတဲ့ဟာတော့ တစ်ခါမှ မစားဖူးဘူး။ ဒါပေမဲ့ မုန့်ဗိုင်းတောင့်ကို သတိရတယ်။ အုန်းသီးဆံဖွေးဖွေးနဲ့ မုန့်ဗိုင်းတောင့် စားချင်လိုက်တာ။
စပါဂတီနဲ့လဲ နဲနဲဆင်တယ်နော်။

SHWE ZIN U said...

မလု တို့ တောင် မစားဘူးတာ ရွှေစင်ဦး ဆိုဝေးရော ဒါပေမဲ့ ညီမပြောထားတဲ့ နည်းအတိုင်း ဆို လုပ်ရမှာ သိပ်မခက်သလိုဘဲ ကြုံရင်တော့ လုပ်စားကြည့်အုန်းမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စူးနွယ်လေး said...

ကိုယ်တိုင်မလုပ်ဖူးသေးဘူး...

ko ko naing said...

schmeckt gut !

ဇွန်မိုးစက် said...

မစားဖူးဘူး အစ်မ။ Pasta နဲ့ ဆင်တယ်နော်။

စန္ဒကူး said...

စားဖူးဘူး... လုပ်ကြည့်အုံးမယ်..
မမရှင်လေးရေးပေးထားတဲ့နည်းကရှင်းတယ်..
လုပ်စားဖြစ်ရင်ပုံပို့လိုက်မယ်နော်..