Sunday 3 October 2010

2 to 1 နဲ့ ဆရာ နှစ်ဦး။

ဒီနေ့ ကတော့ ဂျာမနီ အရှေ့ နဲ့ အနောက် ပြန်လည်ပေါင်းစည်းကြတာ

အနှစ် (၂၀) ပြည့်တဲ့နေ့ ပါ။ ၁၉၅၇ ကနေ ၁၉၉၀ အထိ ၂ပိုင်း ကွဲနေတဲ့

ဂျာမနီ အကြောင်းများအခုတလော သတင်းတွေမှာတွေ့ ရပါတယ်။

အဲ့ဒီအကြောင်းတွေကြည့်ရင်း အမှတ်ရမိသူနှစ်ဦးကတော့

ကျမတို့ ကို ဥရောမ သမိုင်းအကြောင်းများ သင်ပေးခဲ့တဲ့ ဆရာ ဦးမောင်မောင်အေးပါ။

သူ့ ကို ကျမတို့ က ဆရာအေးလို့ ခေါ်ကြပါတယ်။ သူ့ ကြောင့် ပဲ ဥရောပသမိုင်း

ကို သေသေချာချာသိလာရပါတယ်။ နောက်တယောက်ကတော့ ဆရာ ဦးကျော်ဇံသာပါ။

ကျမအလွန်မကြိုက်တဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားလာအောင်ရှင်းပြပေးပါတယ်။

ဒီအထဲမှာ ဂျာမနီ နိုင်ငံသမိုင်းကြောင်းတွေလည်းပါတာပေါ့။

ကျမက ဒုတိယ ကမ္ဘာစစ်ပြီးခေတ် ဂျာမနီကို စိတ်ဝင်စားပါတယ်။ စစ်ကြောင့်

သူတို့ ပေးဆပ်လိုက်ရတာတွေကိုစိတ်ဝင်စားပါတယ်။

မတူညီတဲ့ နိုင်ငံရေးပုံစံအောက်က လူမျိုး တမျိုး၊ မိသားစုဝင်တွေရဲ့ အကြောင်းကို

စိတ်ဝင်စားပါတယ်။ စစ်အေးခေတ်နောက်ပိုင်း ဂျာမနီရဲ့ စီးပွားရေး၊

လူမှုရေး တွေကိုစိတ်ဝင်စားပါတယ်။

ဒီလို အကြောင်းတွေကို စိတ်ဝင်စားတတ်လာအောင် သင်ကြားပေးခဲ့တဲ့

ဆရာတို့ ကို ကျမကျေးဇူးတင်လျှက်ပါ။

5 comments:

စူးနွယ်လေး said...

နှစ်ယောက်သား တီဗွီကြည့်မှပဲ ဒီနေ့ဖြစ်နေတာ သတိရတော့တယ်:)

ညီလင်းသစ် said...

ပေါင်းစည်းသွားပြီးတဲ့ နောက်ပိုင်းမှာ အရှေ့ဂျာမနီက လူတွေ အနောက်ဂျာမနီကို၊ ပြီးတော့ တခြားဥရောပ ဒေသတွေကို ဝင်လာကြတာ စိတ်ဝင်စားတယ်၊

ဒီလူတွေ အခုလို ပြန်လာတဲ့အပေါ် အနောက်ဂျာမနီက လူတွေက ယေဘုယျ ဘယ်လို သဘောထားမှာပါလိမ့်?
(သူတို့ရဲ့ အလုပ်အကိုင်၊ နေစရာ တွေနဲ့ပတ်သက်လို့-)

Anonymous said...

မမရှင်လေး
ဆရာကျော်နဲ့ မဆုံဖူးလိုက်ပေမဲ့ စာသင်ကောင်းတာတွေ ကြားဖူးပါရဲ့..
ဆရာအေးကတော့ ဘ၀မှာ အမြဲအမှတ်ရနေမဲ့ ဆရာတယောက်ပါဘဲ.... ဘာလိုလိုနဲ့ ဆရာ့ဆီ မရောက်ဖြစ်တာ ကြာခဲ့ပြီလေ...

မိုးစက်

Shinlay said...

စူးနွယ်... ဒီနှစ် တနင်္ဂနွေနေ့ ကျတော့ လူတော်တော် များများ သတိမထားမိကြဘူး။ ကြာပြီဆိုတော့ လူတွေလည်းသိပ်စိတ်မ၀င်စားကြတော့
ပါဘူး။
ကိုညီလင်းသစ်...
အရှေ့ နဲ့ အနောက်ပေါင်းကြတော့ အနောက် ကသူတွေအနေနဲ့ အရှေ့ မှာ Infrastructure ထူထောင်ဖို့  အထောက်အပံ့တွေပေးရတာ၊ အလုပ် နေရာတွေခွဲ ဝေပေးရတာ တွေကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ကိုယ်လူမျိုးခြင်းဖြစ် နေတော့လည်း သိပ်ကျယ်ကျယ်လောင်လောင် မပြောကြဘူး။ ပေါင်းစည်းခြင်းရဲ့  အဆိုးအကောင်း
တွေကတော့ ၂ ဖက်စလုံးမှာရှိပါတယ်။
မိုးစက်...ဆရာအေးဆီရောက်ရင် နှုတ်ဆက်ပေးပါ။

T said...
This comment has been removed by the author.