Thursday 7 October 2010

ဂျာမနီမှ ခွေးများအကြောင်း

ပုံကို http://de.wikipedia.org/wiki/Terrier ကယူထားပါတယ်။

ဂျာမနီမှာ တိရိစ္ဆာန်တော်တော်မွေးကြပါတယ်။ ခွေး၊ကြောင် တွေကအစ လိပ်၊မြွေ၊
ယုန်၊ကြွက်....အစုံပါပဲ။
ခွေးကတော့ တော်တော်မွေးကြတာတွေ့ ရပါတယ်။ ၂၀၀၉ ခုစာရင်းအရ ဂျာမနီမှာ
ခွေး ၅.၄ သန်းရှိပြီး၊ ကြောင်ကတော့ ၈.၁သန်း ရှိတယ်လို့ သိရပါတယ်

ကျမဒီကိုရောက်ရောက်ချင်း သတိထားမိတာက ခွေးတွေ ပုံစံ အမျိုးစုံ၊ အရွယ်အမျိုးစုံ
တွေ့ ရတာပါပဲ။ တချို့ ကသေးကွေးလိုက်တာများ ကြောင်ပေါက်လေးသာသာရယ်။
တချို့ ကျတော့လည်းကြီးလိုက်တာ ကျမ ခါးကျော်ကျော်လောက်ရှိမယ်။ တချို့ က ပိန်ပိန်၊
တချို့ က ၀၀ ထွားထွား၊ တချို့ ကြပြန်တော့ အမွှေးတို၊ တချို့ က အမွှေရှည်......
တော်တော်စုံပါတယ်။

နေ့ ခင်းနေ့ လည်၊ညနေစောင်း ခွေလေးတွေ ကြိုးနဲ့  ဆွဲပြီးလမ်းလျှောက်ကြတယ်၊
ခွေး နဲ့ အတူ ပိုင်ရှင်ပါ လမ်းလျှောက်ဖြစ်တာပေါ့လို့ တွေးမိပါတယ်။
ဒီမှာခွေးတွေကို အပြင်ထွက်ရင် ကြိုးနဲ့  ချည်ပြီးဆွဲသွား ရမယ်ဆိုပေမဲ့ တချို့ က လူပြတ်တဲ့နေရာဆိုမလုပ်ကြပြန်ဘူး။ တခါတခါ အပြေးကျင့်တဲ့သူတွေ၊ စက်ဘီး
စီးသွားတဲ့သူတွေကို ရန်လုပ်ချင်သေးတာ။

အခုတော့ ခွေးချီးပါရင်ကြုံးဖို့ အိတ်ကလေးတွေ ပန်းခြံတွေမှာတွေ့ နေရတယ်။ တော်ပါသေးရဲ့ 
ပိုင်ရှင်တွေက မိမိခွေးရဲ့ ကိစ္စကို ကိုယ်တိုင်တာဝန်ယူ ပစ်ကြလို့ ၊ ဒါတောင် လမ်းမှာ
မကြာမကြာခွေးချီးတွေတွေ့ နေရသေးတယ်။ သတိထားလျှောက်ရတယ်။

ခွေးရဲ့ တာဝန်တွေကလည်းအများသား၊ ဒီမှာ တော့ခွေးအတွက် အခွန်ပေးရပါတယ်။
မှတ်ပုံတင်ရပါတယ်၊ ခွေးရူးရောဂါ ကာကွယ်ဆေး မထိုးမနေရထိုးရပါတယ်။
ပိုင်ရှင်ကတတ်နိုင်ရင်တတ်နိုင်သလို ခွေးကို အမိန်နာခံတတ်အောင်
( ပြောတာနားလည်အောင်) ကျောင်းပို့ ပေးရပြန်ပါတယ်။
ရေကူးကန်ပို့ ၊ အမျိုး (ခွေးရဲ့ မောင်နှမတွေ) တွေဆီလိုက်ပို့ စုံလို့ ပါပဲ။ တချို့ ကြတော့
လည်း ဆံပင်(အမွှေး) ညှပ်ပေးရ၊အင်္ကျိချုပ်ပေးရ...စုံနေတာပဲ။ ခွေးဟိုတယ်တောင်ရှိသေးတယ်။
ခွေစာဆိုတာကလည်း အမျိုးမျိုး၊ ကစားစရာ ကလည်းအမျိုးမျိုး...တတ်နိုင်နေလိုက်ကြတာ။

တချို့ ကတော့ခွေးဟာ မိသားစုဝင်တစ်ဦးလို သဘောထားဆက်ဆံကြပါတယ်။
ရထားစီးရင် ခွေးအတွက်က ထိုင်ခုံတစ်နေရာ ဘွတ်ကင်လုပ်ထားတတ်သေးတယ်။

တချို့ ကတော့အဖေါ်ပေါ့။ ဒီမှာ အိမ်ခြေမဲ့တဲ့သူတွေ ညဖက်လာအိပ်ဖို့  အဆောင်တွေ
ရှိပါတယ်။ လူလာအိပ်ပါ၊ ခွေးခေါ်မလာပါနဲ့ ဆို လို့ လာမအိပ်ဘဲ ခွေးနဲ့ အတူတူ အပြင်မှာ
ပဲအိပ်တဲ့ သူတွေလည်းရှိပါတယ်။ သူကတော့ချမ်းလို့ ခွေးကိုတော့စောင်ခြုံပေးပြီး
လမ်းဘေးမှာပိုက်ဆံတောင်း နေသူလည်းတွေ့ ရတယ်။

တချို့ ကတော့ ခွေးဟာ မိမိကို အကူအညီပေးသူအဖြစ်သတ်မှတ် ဆက်ဆံကြပါတယ်။
ဥပမာ၊ မျက်မမြင်တွေ၊ ခြေလက်မသန်စွမ်းသူတွေ အတွက် သိပ်အသုံးဝင်ပါတယ်။
အဲ့ ဒီခွေးတွေကိုလည်း သေသေချာချာ ကျင့်ပေးထားတာတွေ့ ရပါတယ်။
ကျမတာဝန်ကျဖူးတဲ့ ဆေးရုံမှာဆို အသက်အရွယ်ကြီးတဲ့လူနာတွေအတွက် Therapy ခွေးက
အရေးပါတဲ့ အရာပါ။ လူနာတွေက ခွေးလာတာနဲ့ ပွတ်သပ်ပေး၊ ကစား၊ စကားပြော...
လူနာတိုင်းအတွက်တော့မဟုတ်ပါဘူး။ တချို့ က ခွေး မချစ်တတ်ကြပါဘူး။

ပုလိပ်တွေ၊အကောက်ခွန်ဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေ အတွက် ခွေးကလည်း
တော်တော် အသုံးဝင်ပါတယ်။

ဒီကခွေးတွေကတော့ Schäfer, Teckel, Drahtaar, Retriever, Boxer, Puddel,
Dogge, Englisch cocker spaniel, Rottweiler....စုံလို့ ပါပဲ။ဒီမှာကြည့်လို့ ရပါတယ်။

တချို့ ခွေးကြတော့ချစ်စရာကောင်းပေမဲ့၊ တချို့ က ရန်လိုတတ်တယ်။ ခပ်စွာစွာခွေးလညှ်း
ရှိသေးတယ်။ ဘေးကလူဖြစ်သွားတိုင်း ထထဟောင်တတ်သေးတာ။ အိမ်နားကခွေးဆိုရင်
မနက် ၆ နာရီလောက်ကတည်းက စဟောင်တော့တာပဲ။ သူ့ အိမ်ရှေ့  ကလူဖြတ်တိုင်း
ဟောင်နေတာ။ အခုတော့ သူမရှိတော့ပါဘူး။

ဆိုးတဲ့ခွေးတွေ၊ မမွေးချင်တော့တဲ့ခွေးတွေ၊ အမွေးနိုင်တော့တဲ့ခွေးတွေ အတွက်တော့
တိရိစ္ဆာန်ဂေဟာ ကိုပို့ လို့ ရပါတယ်။ တချို့ ကြတော့ ခွေးလိုချင်ရင် အဲ့ဒီဂေဟာတွေမှာ
သွားကြည့်လို့ ရပါတယ်။ မိမိနဲ့ ကိုက်မကိုက် သိရအောင် အိမ်မှာ အစမ်းခေါ်ထားပြီးမှ
ဆုံးဖြတ်လို့ ရပါတယ်။ တိရိစ္ဆာန်ဂေဟာ မှာ ခွေးတွေအပြင် တခြားတိရိစ္ဆာန် တွေလည်း
ရှိပါတယ်။ တကယ်လို့ မိမိ ခရီးသွားစရာရှိတယ်ဆိုရင်လည်း မိမိခွေးကိုဂေဟာမှာ
အပ်ထားခဲ့လို့ ရပါတယ်။

ရန်ကုန်အိမ်မှာတော့ခွေးတွေရှိခဲ့ဖူးပေမဲ့ ဂျာမနီမှာတော့ ခွေးမမွေးပါဘူး။ ရန်ကုန်မှာခွေး
မွေးတုန်းကတော့ ခွေးကခြံထဲမှာနေ၊ ဆန်ကွဲနဲ့ ပင်လယ်ငါးပြုတ်၊ အသားနဲ့ အရိုးပြုတ်
တွေနဲ့ ပဲ ပြီးလာခဲ့တာပါပဲ။
သောမတ်စ်ရော ကျမပါ ခွေးမချစ်တတ်ကြပါဘူး။ တနေ့ က နေကလည်းသာတာနဲ့ 
ပန်းခြံထဲထိုင်နေကြတုန်း ဖြတ်သွားတဲ့ ခွေးပုံစံစုံ ကိုကြည့်ရင်း အတွေးရလာလို့ ရေးဖြစ်တာပါ။

6 comments:

စူးနွယ်လေး said...

အစောင့်အရှောက်အဖြစ်ဆိုရင် Schäferhund နဲ့ Rottweiler ကြိုက်တယ်..
Collie ကတော့အမွှေးနုနုရှည်ရှည်တွေနဲ့ ...
Golden Retriever တွေကတော့သဘောကောင်းတယ်လို့ကြားဖူးတယ်..
ကလေးတွေနဲ့လည်း နေလို့ဖြစ်တယ်တဲ့...
ခွေးမမွေးနိုင်သေးပါဘူး..တာဝန်မယူနိုင်သေးဘူး

Raymond.Kyaw Minn Naing said...

ကျွန်တော်လဲ ကြိုက်တယ်။ Burnese Mountain လိုခွေးကြီးမျိုးကို သဘောကျပေမယ့် Maltese ပဲမွေးနိုင်တယ်။

စူးနွယ်လေး said...

ပြောဖို့ကျန်ခဲ့လို့........Bullterrier လည်းကြိုက်တယ်...အန္တရာယ်များတယ်လို့တော့ဆိုတယ်နော်

ဇွန်မိုးစက် said...

ငယ်ငယ်က ဂျာမန်သိုးထိန်းခွေးတွေ အကြောင်းပြောကြတာ ခဏခဏကြားဖူးတယ်။ ခွေးမွေးခဲ့ချင်ပေမယ့် မွေးခွင့်မရခဲ့ဘူး။ ဇွန်က ကြောင်ထက် ခွေးကို ပိုချစ်တယ်။ အခုကြီးတော့ နဲနဲကြောက်လာသလိုပဲ။

ဂျာမနီက ခွေးတွေအကြောင်း သိခွင့်ရလို့ ကျေးဇူး အစ်မ။

Shinlay said...

လာဖတ်ကြတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။

Anonymous said...

Today i walk n play with dogs from u,ride horse from Nyi linn Thit n fly with butterflies from Nyein Khat.:)GYIDAW