Tuesday 12 October 2010

ဒီနေ့ ကြုံသမျှ

ဒီနေ့ (၁၂.၁၀.၁၀) အလုပ်ကပြန်လာပြီး ဈေးသွား၊ ဟင်းချက်မယ်ကြံတုန်း
ကိုသောမတ်စ်က ဖုန်းဆက်လာပါတယ်။ သူဆေးရုံရောက်နေပါတယ်တဲ့။
မြို့ ထဲသွားရင်း accident ဖြစ်လို့ ဆိုတော့ ခေါင်းကိုကြီးသွားတာပဲ။

ဒါနဲ့ ကျမလည်း ကျမ အလုပ်က ဆရာဝန်ဆီ ဖုန်းဆက်ရတယ်။ သူက တက္ကသိုလ် ဆေးရုံ
မှာလည်းအလုပ်လုပ်တာကိုး။ ဆက်လို့ မရပါ...... ချက်ချင်း ဆေးရုံပြေးရတော့တယ်။

လမ်းရောက်တော့ ကျမရဲ့ ဆရာကဖုန်းဆက်လာတယ်။ သူနဲ့  Thomas နဲ့ တွေ့ ပြီးကြောင်း၊
စိုးရိမ်စရာမလိုကြောင်းပြောတာနဲ့  စိတ်နဲနဲအေးသွားရတယ်။

ဆေးရုံက အရေးပေါ်ဌာနမှာ ဟိုမေးဒီမေးနဲ့  ... သူ ကို wheelchair ပေါ်မှာတွေ့ ရတယ်။
ခြေထောက်မှာလည်း ပတ္တီးနဲ့ ။ ဆရာဝန်က သူအရမ်းကံကောင်းတာလို့ ပြောပါတယ်။
ခြေထောက် မကျိုးဘူးတဲ့။....သက်ပြင်းချနိုင်သွားတယ်။

ဖြစ်ပုံက... ဘဏ်ကအထွက် လှေကားအဆင်းမှာ ချော်ပြီးကျသွားတာပါ။ အောက်ရောက်
တော့ သူ့ ခမျာ မျက်စိတွေပြာပြီး ကြယ်တွေလတွေမြင် ခြေတောက်က အရမ်းနာပြီး
ရောင်တက်လာပါတယ်တဲ့။
ချက်ချင်း အမျိုးသားတစ်ယောက်ရောက်လာပြီး သူက အရေးပေါ်ကယ်ဆယ်ရေးဌာန
မှာလုပ်ပါတယ် ဆိုပြီး အစစ ကူညီပေးပါတယ်။ အရေးပေါ်ကားကိုဖုန်းဆက်မှာ၊
ဘဏ်ထဲက လူတွေကို အကူအညီတောင်းပြီး လိုအပ်တာတွေကို ကူညီပေးပါတယ်တဲ့။

ဆေးရုံရောက်တော့ ကျမရဲ့ ဆရာက Thomas ကို အရေးပေါ်ဌာနကိုပို့ ပေးလိုက်ပါတယ်။
နောက်ဓါတ်မှန်ရိုက်၊ ပတ္တီးစီးပြီး ဒုတ် ၂ချောင်း ကိုလမ်းလျှောက်ဖို့ ပေးလိုက်ပါတယ်။

အပြန်လမ်းမှာတွေးမိတာက ဒီနိုင်ငံမှာ ရုတ်တရက် accident ဖြစ်ခဲ့ ရင် ကူညီတဲ့သူတွေ
ရှိပြီး ဆေးရုံကားကလည်း ချက်ချင်းရောက်လာနိုင်တယ်။ ဆေးရုံမှာလည်း ကျန်းမာရေး
အာမခံကဒ်ပြားပြတာနဲ့  ပိုက်ဆံမပေးရပဲ လိုအပ်တာတွေ အားလုံး အဆင်ပြေစွာ
ကုသပေးကြတယ်ဆိုတာပါ။

အခုတော့ Thomas မှာ ဒုတ်နှစ်ချောင်းနဲ့  လမ်းလျှောက်၊ ရေခဲအုံ၊ အကိုက်အခဲပြောက်ဆေး
သောက်။ ခြေထောက်ကို အနားပေး။.....ကျမကတော့ သူနားကနေ လိုတာလုပ်ပေးဖို့ အဆင်
သင့်အနေအထားပေါ့.....

18 comments:

Anonymous said...

Es tut mir leid für Thomas. Zum Glück ist nichts weiter schlimmes passiert. Gute Besserung von mir.

Suenwelay

khin oo may said...

တော်ပါသေးရဲ့.

Anonymous said...

U Thomas, I wish you to be well soon.

Your high-jump is too adventurous!

ညီလင်းသစ် said...

အခန့်မသင့်ရင် လှေခါးပေါ်က ပြုတ်ကျတာလေးနဲ့တင် ဆိုးရွားတဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်သွားနိုင် တယ်နော်...၊

မကျိုးဘူးဆိုလို့ တော်သေးတာပေါ့..။

Anonymous said...

mama,
I wish U Thomas recovers his leg injury soon. Take care!!

ss

Anonymous said...

သိရတာ စိတ်မကောင်းပါဘူး။ ကံကောင်းလို့ ပေါ့။ ဗုဒ်ဓဘာသာ အယူအရပြောရရင် ဦးသောမတ်စ် ကံကောင်းလို့ ပေါ့ဒီလောက်ဘဲဖြစ်တာ။ မြန်မာပြည်မှာတုန်းကလည်းခြေသည်းဖြစ်သေးတယ်နော်။ ဘုန်းကြီးဝတ်လိုက်တာ အရမ်းကောင်းပါတယ်။ အားလုံးမကောင်းတာတွေ ပြီးသွားပြီလို့ သဘောထားလိုက်ပါ။ ဘုရားတရားမြဲတော့ ကံမကောင်းတာတွေ ရှိခဲ့ရင်လည်း အမြန်ပယ်သွားမှာပါ။ တော်သေးတယ်နော်။ ဥပမာ အမက ရန်ကုန်မှာ ဟိုတခါလို ဦးသောမတ်စ် က ဂျာမနီမှာဆို ဒုက်ခ။ သေချာဂရုစိုက်လိုက်ပါအမရယ်။ အမြန်သက်သာပျောက်ကင်းပါစေလို့ ။

ညို

Moe Cho Thinn said...

တော်သေးတာပေါ့ ညီမရယ်။ ခြေထောက် မကျိုးတာ အဆိုးထဲက အကောင်းလို့ပဲ ယူဆပါလေ။ အမြန်ဆုံး ပျောက်ကင်းပါစေ လို့ ဆုတောင်းပါတယ်နော်။

ကျော်သက် said...

Dear U Ko Ko Naing,

Best wishes to you to be healthy and recover asap.

Please take care of yourself. And, also thanks Ma Shin Lay for her kind nursing to you.

khin said...

Ma Ei,

God sein dank! Es tut mir sehr leid,Ich wuensche ihm, Gute Besserung.

Shinlay said...

စူးနွယ်၊ မခင်ဦးမေ၊ ကိုညီ၊ss၊ ညို၊ မချိုသင်း၊ ကိုကျော်သက် ၊ ခင် နဲ့  လာလည်ပြီးသတင်းမေးကြတဲ့
သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

မမိုး said...

တော်သေးတာပေါ့ရှင်လေးရယ်.. ခုရာသီက စအေးနေပြီ။ ကျိုးပြုသွားရင် မလွယ်ဘူး။ ရှိတဲ့ အညံ့တွေ ကျေသွားပြီပဲ သဘောထားလိုက်ပါတော့လေ။

Anonymous said...

U Thomas,Tut mir sehr leid..Gute besserung!!Su

Anonymous said...

မရှင်းလေး..

ဦးသောမတ်စ် သက်သာသွားပြီလား။ အမြန်ကျန်းမာပါစေလို့ ။

ညို

Anonymous said...

ဦးသောမတ် နေကောင်းသွားပြီလား မရှင်လေး

ဇွန်မိုးစက် said...

အလုပ်တွေများနေလို့ ခုမှရောက်ဖြစ်တယ်။ ဦးသောမတ်စ် ခြေထောက်သက်သာသွားပြီးလား အစ်မ။ အရိုးမကျိုးဘူးဆိုလို့ တော်သေးတာပေါ့နော်။

မြစ်ခြေသူ said...

အစ်မရေ ခုမရောက်ဖြစ်တယ် ဦးသောမတ်စ် ကော အခုဘယ်လိုနေသေးလဲ သက်သာရဲ့ လားအစ်မ
အစ်မဘယ်လောက်စိတ်ပူသွားခဲ့မလဲဆိုတာ မျက်လုံးထဲ ပြေးမြင်မိတယ်။

subuueain said...

အရိုးမကျိုးတာ တော်သေးတာပေါ့နော်။ မြန်မြန်နေကောင်းပါစေ ဆုတောင်းပေးပါတယ်နော် အမ

rose of sharon said...

I'm so sorry for your husband, I wish hime to get well soon :(