Wednesday 20 October 2010

ဂျာမနီ နဲ့  Integration

ဂျာမနီမှာ အခုတလောကြားနေရတာတွေက Integration နဲ့  ပညာတတ်
ကျွှမ်းကျင်လုပ်သားများလိုအပ်မှုတွေပါ။ ဂျာမနီက လူမျိုးပေါင်းစုံ စုစည်း
နေထိုင်တဲ့ နိုင်ငံတခုအဖြစ်ရည်ရွယ်ပြီး Integration လုပ်ငန်းစဉ်တွေကို
ဦးတည်လုပ်ဆောင်ခဲ့ပါတယ်။

ဂျာမနီမှာ နိုင်ငံပေါင်းစုံက ပြောင်းရွေ့ နေထိုင်နေကြတဲ့ သူတွေဟာ နှစ်ပေါင်းများစွာ
ဂျာမနီမှာ နေထိုင်ကြပေမဲ့ ဂျာမန်လူ့ အဖွဲ့ အစည်းထဲမ၀င်ပဲ သီးခြားဖြစ်နေခြင်းဟာ
စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးရာတွေမှာ သဟဇာတ မဖြစ်တာတွေ့ ရပါတယ်။

အစိုးရကတော့ နိုင်ငံပေါင်းစုံက ပြောင်းရွေ့ နေထိုင်နေကြတဲ့ သူတွေဟာ
ဘာသာစကားမှာ အခက်အခဲရှိတာကြောင့် အခုလို ဂျာမန်လူ့ အဖွဲ့ အစည်းနဲ့ ဝေးနေ
တယ်လို့ ထင်ခဲ့ပါတယ်။ ဒါကြောင့် ဘာသာစကားသင်တန်းတွေ ကို မတက်မနေ တက်
ဖြစ်အောင် နည်းမျိုးစုံနဲ့ တွန်းအားပေးခဲ့ပါတယ်။ ဥပမာ၊ သတ်မှတ်ထားထဲ့ စကားပြော
သင်တန်းအဆင့်ကို မအောင်ရင် ဗီဇာတိုး မပေးတာတို့ ၊ သင်တန်းခတွေ သက်သက်သာသာ
လုပ်ပေးတာတို့  ရှိလာခဲ့ပါတယ်။

နိုင်ငံခြားသားတွေဘက်ကလည်း ကြိုးစားပြီးသင်ယူကြပါတယ်။ အကြောင်းအမျိုးမျိုး
ကြောင့် နိုင်ငံပေါင်းစုံက ပြောင်းရွေ့ နေထိုင်နေကြတဲ့ သူတွေဟာ ဂျာမနီမှာ မိမိတို့ 
ဘ၀တိုးတက်မှုအတွက် တက်လမ်းရှာချင်နေကြသူတွေပါ။ မိခင်နိုင်ငံမှာ သင်ကြားခဲ့ရတဲ့
အသိပညာ၊ အတတ်ပညာတွေကို ပြန်လည် အသုံးချလိုကြတဲ့သူတွေပါ။

ဒါပေမဲ့ လူမျိုးပေါင်းစုံ စုပေါင်းနေကြရမှာ ဘာသာစကားတခု၊ အတတ်ပညာ တစ်ခု
ထက် တဖက်နဲ့ တဖက် နားလည်၊ လေးစား၊ လက်ခံနိုင်မှုတွေကပိုအရေးကြီးပါတယ်။
ဒီမှာနေထိုင်ကြတဲ့နိုင်ငံခြားသားများအနေနဲ့ ဂျာမနီရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကို
နားလည်၊လက်ခံနိုင်အောင်ကြိုးစားကြသလို၊ ဂျာမန်တွေအနေနဲ့ ကလည်း လူမျိုးခြား
တွေအပေါ်မှာ လေးစားမှု၊ နားလည်ပေးနိုင်မှုတွေလိုအပ်ပါတယ်။
Integration ဆိုတာ တဖက်သတ်လုပ်လို့ ရတဲ့အရာမဟုတ်ပါဘူး။ နှစ်ဖက်စလုံးက
နားလည်လက်ခံကြည်ဖြူကြမှ ဖြစ်နိုင်မှာပါ။

အိမ်ရှင်အနေနဲ့  ပြောင်းရွေ့ နေထိုင်နေကြတဲ့ သူတွေကို ငါတို့ တိုင်းပြည်မှာလာပြီး
ဇိမ်ခံနေကြတာ၊ သူတို့ နိုင်ငံမှာဆင်းရဲလို့  လာမှီခိုနေကြတာဆိုတဲ့ လေးစားနိုင်မှုမရှိတဲ့
အတွေးအခေါ်ရှိနေသမျှ ၊တဆင့်နှိမ့်ပြီးတွေးတတ်နေသမျှ စုပေါင်းနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ငါတို့ လုပ်နိုင်သလို သူတို့ လည်းလုပ်နိုင်ပါတယ်။ ငါတို့ တတ်သလို သူတို့ လည်းတတ်ပါတယ် ဆိုတဲ့တန်းတူထာနိုင်စိတ်မရှိသမျှ တဖက်နဲ့ တဖက် တင်းမာမှုတွေများနေမှာပါပဲ။

တဖက်သားကို အစွမ်းအစပြခွင့်အပေးပဲ မြင်ရုံနဲ့  သူလုပ်နိုင်မှာမဟုတ်ပါဘူးဆိုပြီး
လူရာမသွင်းချင်ကြတော့ စုပေါင်းလုပ်ဆောင်မှု ဆိုတာမရှိနိုင်တော့ပါ။
ဂျာမန်တွေက ကိုယ့်ကိုကိုယ် အထင်ကြီးတတ်တယ်။ နိုင်ငံခြားသားကိုပေါင်းသင်းရမှာ
ဝန်လေးတတ်တယ်။ သူတို့ အချင်းချင်းတောင် မိတ်ဆွေဖြစ်ဖို့ သိပ်မလွယ်ကြဘူး။
ဒီလိုနဲ့  ဂျာမန်လူ့ အဖွဲ့ အစည်းမှာ လူမျိုးရေး တင်းမာမှုတွေ မသိမသာ ပုံစံမျိုးနဲ့ 
ရှိနေကြပါတယ်။ တဖြည်းဖြည်းနဲ့ ဂျာမန်ကတခြား၊ နိုင်ငံခြားသားကတခြား
ဖြစ်နေတာတွေ့ ရပါတယ်။

နိုင်ငံပေါင်းစုံက ပြောင်းရွေ့ နေထိုင်နေကြတဲ့ သူတွေထဲမှာ ပညာတတ်တွေပါပါတယ်။
ဒီလူတွေရဲ့ ပညာကို ဂျာမနီက အသိအမှတ်မပြုပြန်ဘူး။ ဒီတော့ နိုင်ငံခြားသား
ဆရာဝန်တွေ၊ အင်္ဂျင်နီယာတွေ၊ နည်းပညာရှင်တွေရဲ့  စွမ်းဆောင်နိုင်မှုဟာ အလကား
ဖြစ်နေရတယ်။ တဖက်မှာတော့ အလုပ်လက်မဲ့တွေများနေကြောင်း၊ ပညာရှင်တွေ
လိုအပ်နေကြောင်းပြောနေကြတယ်။ ....
ကျမတွေးမိသမျှ ရေးထားတာပါ။

4 comments:

Anonymous said...

ဟုတ်တယ်မရှင်လေး...ခုတလော ဒါတွေပြန်ကြားနေရတယ်...မလွယ်ပါဘူး...

အစိုးရက ခုမှစကားပြောသင်တန်း တက်ခိုင်းပြီးသတ်မှတ်အဆင့်မအောင်ရင်ဗီဇာမပေးတာလုပ်မယ့်အစား စစချင်းဗီဇာထုတ်ပေးဖို့ ကြံကတည်းက ဒါမျိုးကိုစီစစ်သင့်တယ်... ပညာတတ်တွေကိုလည်း လိုလိုလားလား ခေါ်သင့်တယ်..အမေရိကန်ဒီဗွီပေးသလိုမျိုးလေ...

ဂျာမန်တွေကလည်း လူမျိုးစွဲကြီးတယ်...မျက်စေ့ပွင့်ပြီးယဉ်ကျေးမှုပေါင်းစုံကို လက်ခံသူရှိပေမယ့်အများစုက ရှေးရိုးလူကြီးတွေ...အနောက်ဥရောပနိုင်ငံတွေကလွဲလို့ ဘယ်မှရောက်ဖူးတာမဟုတ်.. အဲဒီထက်ကျော်သွားရင်ပဲ ဘေးဒုက္ခတွေ့တော့မလို ဖြစ်နေတာ...လူမျိုးခြားမြင်ရင်ပဲ Putzfrau မှတ်နေတော့တာ

တခါ ရွှေ့ပြောင်းလာသူတွေကျပြန်တော့လည်း ပညာတတ်လို့လာတဲ့သူကနည်း၊ အဆင်ပြေရာနိုင်ငံကို မိသားစုလိုက်လာပြီး ကလေးတွေတယောက်ပြီးတယောက်မွေး၊ ကလေးစရိတ်ယူ၊ ဒီကလေးတွေထဲမှာ တက္ကသိုလ်သွားတဲ့သူကခပ်ရှားရှား၊ ဂျာမန်တွေက ခလေးယူဖို့ တော်တော်စဉ်းစား၊ ယူရင်လည်းတယောက်နှစ်ယောက်လောက်ပဲယူ ပြီးကောင်းကောင်းပြုစုပျိုးထောင်ချင်တယ်၊ ရွှေ့ပြောင်းလာတွေကတော့ ကိုယ်တိုင်ပညာမတတ်တဲ့သူများတဲ့အတွက် သူတို့ခလေးဘယ်လိုကြီးလာလာ အရေးမဟုတ်ဘူး၊ များများယူတယ်၊ ကြာရင် ဒီခလေးတွေကြီးလာချိန်ကျရင်ပညာတတ်နည်းသွား လိမ့်မယ်...ရောက်ရောက်ချင်းဘာသာစကားသင် တန်းကျောင်းသွားတုန်းက အမျိုးသမီး၂ယောက်တွေ့ဖူးတယ် ရောက်တာနှစ်အစိတ်ရှိပြီ ခုမှ Grundstufe 1 ကိုလာတက်နေတာ...စာတလုံးမှတောင်မရေးတတ်ဘူး..အဟုတ်..

စူးနွယ်လေး

Anonymous said...

yes,ama Shin Lay.

I agree with you and Suunew lay comments.

It happens in not only Germany I think.

Myatnoe

ဇွန်မိုးစက် said...

ဂျာမန်တွေမှာ လူမျိုးကြီးအစွဲရှိတာ ဇွန်လည်း ကြားဖူးတယ်။ ဟစ်တလာက ပုံသွင်းတာကြောင့်များလား။
ဂျာမနီရောက်ဖူးတဲ့ ဇွန့်သူငယ်ချင်းတစ်ယောက်ပြောတာတော့ ဂျာမန်တွေက ဖော်ရွေတယ်တဲ့။ မသိတဲ့လူကိုတောင် လမ်းမှာတွေ့ရင် ပြုံးပြနှုတ်ဆက်ဖို့ ၀န်မလေးဘူးတဲ့။
တိုးတက်ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတော်တော်များများက နိုင်ငံသားတွေ ဒီလိုပဲထင်ပါရဲ့အစ်မရယ်။ လူမျိုးသီးခြားမရှိခဲ့တဲ့ စင်္ကာပူရီယန်တွေတောင် အာရှတိုက်သားအချင်းချင်း အထင်မကြီးချင်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ သူတို့နိုင်ငံအနေအထားအရ နိုင်ငံခြားသားမရှိရင် မဖြစ်လို့ လုပ်ငန်းခွင်က foreign talent တွေကို သူတို့ ignore လုပ်လို့မရဘူးပေါ့ အစ်မရှင်လေးရယ်။

Anonymous said...

ရှေးရိုးစွဲတွေကတော့ ဆက်ဆံရတော်တော် ခက်ပါတယ်..ဒီမှာမှမဟုတ်ပါဘူး..တချို့မြန်မာရှေးရိုးစွဲတွေလဲ ဒီလိုပဲလေ..ငါတကောတွေပေါ့..
ကလေးတွေမွေးပြီး ကလေးစရိတ်တောင်း ထိုင်စားပြီး ဘ၀င်မြင့်နေတာကိုလဲ တွေ့ခဲ့ဘူးတယ်..စု