Thursday 4 November 2010

ဟော်လန်ခရီး..

သူငယ်ချင်းတို့ နေရာ

ရထားတွေ




လျှောက်လည်ကြတုန်းက

အပြန်ခရီးမှာခဏနားကြတုန်းမှာ

dropjes


Haring


nagelkaas



သူငယ်ချင်းရဲ့ လက်ရာများ




ပြီးခဲ့တဲ့အပတ်က ဟော်လန်ကိုရောက်ခဲ့ပါတယ်။ သူငယ်ချင်းမိသားစုရှိတဲ့
Oostervoorde မြို့ လေးရှိရာကိုပါ။ ကျမတို့ နေတဲ့နေရာကနေ မနက် ၇နာရီ
၁၉မိနစ်ကရထားစစီးပြီး Oostervoorde ကို ညနေ ၁၈ နာရီ၁၅ မိနစ်မှာရောက်ပါတယ်။
သူငယ်ချင်းတို့ စုံတွဲက Rotterdam လာကြိုနေကြပါတယ်။ မတွေ့ တာကြာပြီဖြစ်တဲ့
သူငယ်ချင်း တို့ စုံတွဲကိုတွေ့ တော့ဝမ်းသာရပါတယ်။

အဲ့ဒီနေ့ က ကျမတော်တော်စိတ်လှုတ်ရှားနေတာပါ။ ကျမ ချစ်တဲ့ Holland ကိုမရောက်ဖြစ်တာ
တော်တော်ကြာခဲ့ပါပြီ။ ဂျာမန် နယ်စပ်ကိုဖြတ်ပြီးဟောလန်နိုင်ငံထဲဝင်လာတာနဲ့  ပြောင်းလဲ
သွားတဲ့ အိမ်ပုံစံတွေ ကိုသတိထားလာမိပါတယ်။ ဟောလန်မှာ ပြူတင်းပေါက်ကျယ်ကျယ်
နဲ့  အခန်းစီးတွေဘာတွေ ကာထားတာမရှိတဲ့ အိမ်တွေ ကိုကျမသိပ်ကြိုက်ပါတယ်။
ရထားတွေကလည်း အဖြူအနီ အရောင်တွေကနေ၊ အ၀ါ အပြာအရောင်တွေပြောင်းသွားတယ်။
ရထားပေါ်ကကြေညာတဲ့အသံကလည်း ဟော်လန်စကား...၊ တောင်ထူတဲ့နေရာမှာနေတဲ့
ကျမ ကမြေပြန့် တဲ့ ဟောလန်ရဲ့ မြင်ကွင်းကို သဘောကျပါတယ်။

ခရီးစကတဲက ဟောလန်မှာ ကျမ စားချင်တာတွေ၊လုပ်ချင်တာတွေကို Thomas အား ပြောထား
ပြီးသားပါ။ ရတဲ့ အချိန်တိုတိုအတွင်းမှာ ကျမစားချင်တာတွေ အားလုံးရဖို့ ကြိုးစားဖို့  သူ့ ခင်မျာ
လည်းစိတ်လှုတ်ရှားနေလေရဲ့ ။

ကျမတို့ Rotterdam ရောက်တော့ ကျမစားချင်တဲ့ Petatt (အာလူးချောင်းကြော်) ကိုသူ ၀ယ်
ကျွေးပါတယ်။ ဟော်လန်က Petatt met Majonese ကို ကျမတို့ နှစ်ယောက်စလုံး သိပ်ကြိုက်
ပါတယ်။ နောက်ပြီး ကျမသူငယ်ချင်းနဲ့ အတူ အာရှဆိုင်ကိုရောက်ပါတယ်။ ဟော်လန်က အာရှဆိုင်က
ကျမနေတဲ့ မြို့ လေးကဆိုင်ထက် အရမ်းကြီးပြီး ပစ္စည်းတွေလည်းစုံပါတယ်။
ဟော်လန်မှာကျမသွားချင်တဲ့နေရာထဲမှာ အာရှဆိုင်လည်းပါတာပေါ့။
သူငယ်ချင်းအိမ်ရောက်တော့ ဟော်လန်ပုံစံအိမ်လေးနဲ့ ဟောလန်လှေကားလေးကိုစတွေ့  ရပါတယ်။
သူငယ်ချင်းက အုန်းနို့ ခေါက်ဆွဲချက်ထားပါတယ်။ ကျမတို့ လည်း ဆာဆာနဲ့ 
တ၀စားလိုက်ကြပါတယ်။

နောက်တော့ Thomas ကဟော်တယ်ပြန်၊ ကျမက သူငယ်ချင်းအိမ်မှာ တည်းပါတယ်။
နောက်နေ့ ကတော့ Thomas ရဲ့ မွေးနေ့ ပါ။ မတွေ့ တာကြပြီဖြစ်တဲ့ ကျမယောင်းမ
က ကျမတို့ ကို လာတွေ့ ပါမယ်တဲ့။ ၀မ်းသာရသလို စိတ်လှုတ်ရှားမိပါတယ်။
အဲ့ဒီနေ့ မနက်က မိုးရွာတဲ့ကြားကပဲ ကျမသူငယ်ချင်းက မြို့ ဝန်းကျင်ကိုလိုက်ပြပေးပါတယ်။
နောက် ကျမနဲ့ Thomas စက်ဘီးလျှောက်စီးဖြစ်ကြပါတယ်။
ဟောလန်ရောက်ရင် Duinen မှာ စက်ဘီးစီးရတာကို ကျမတို့ ကြိုက်ကြပါတယ်။
အိမ်ရှင်သူငယ်ချင်းကလည်း Thomas မွေးနေ့ အတွက် အထူးချက်ပြုပ်စီမံထားပါတယ်။
ကျမတို့ ပျော်ပျော်ပါးပါးစားကောင်းလိုက်တာ။ တုံ့ ယမ်ဟင်းချို၊ ရှမ်းလိုချက်ထားတဲ့ ကြက်
သားဟင်း၊...ဗိုက်ကားသွားပါတယ်။ သူငယ်ချင်းရေ...ကျေးဇူးတင်ပါတယ်။
နေလည်စောင်းတော့ ကျမ၊ Thomas ရယ် ကျမသူငယ်ချင်းရယ် စက်ဘီးစီးပြီး
လျှောက်လည်ကြပါတယ်။ သိပ်လှတဲ့ကမ်းခြေကိုလည်းရောက်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ 
အဲ့ဒီအချိန်မှာ နေပူနေပါတယ်။ အလွန်ပျော်စရာကောင်းပါတယ်။

ညနေစောင်းတော့ Thomas မိတ်ဆွေ အိမ် ခဏသွားပါတယ်။ ဟောလန်လူမျိုးတွေရဲ့ 
ဖေါ်ရွေမှုကို ခံစားရပါတယ်။
ညစာကို သူငယ်ချင်းချက်ထားတဲ့ ဖွယ်ဖွယ်ရာရာဟင်းတွေနဲ့ တ၀စားပြီး စကားတောင်မပြောနိုင်ပဲ
အိပ်ပျော်သွားပါတယ်။

ပြန်မဲ့မနက်ကျတော့မနက်စာ ကျိုင်းတုံရှမ်းခေါက်ဆွဲ ကိုစားပြီး အပြန်ခရီးကိုစခဲ့ပါတယ်။

Utrecht ကိုရောက်တော့ Thomas ကသူဝယ်ချင်တဲ့ dropjes ကိုဝယ်၊ ကျမစားချင်တဲ့
Haring ဆိုင်ကိုပြေး၊ တထိုင်ထဲ စား၊ လမ်းစားဖို့ ပါ ပါဆယ်ထုပ်၊ မုန့် နှစ်နဲ့ ကြော်ထားတဲ့
ငါးကြော်ဝယ်။ ရထားစောင်းရင်းစား။ ကျမတို့ လွမ်းရတဲ့ nagelkaas (လေးညှင်းနဲ့ လုပ်ထား
တဲ့ချိစ်) ကို အပါဝယ်ရသေးတယ်။ Chocomel ကလည်း မ၀ယ်မဖြစ်ဝယ်ရသေး။
စာအုပ်ဆိုင်ကနေ ဟော်လန် ဟင်းချက်နည်းစာအုပ်လည်းဝယ်ခဲ့သေးတယ်။ သူငယ်ချင်း
ဆီမှာ အင်္ဂလိပ်လိုရေးထားတာတွေ့ ခဲ့တယ်။ ဒီမှာတော့ ဒတ်ခ်ျ လိုရေးထားတာပဲရှိလို့ 
ရှိတာပဲဝယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ petatt ၀ယ်စားရင်းဘူတာမှာ ဟောလန်သားတွေကို
ငေးခဲ့ပါတယ်။

Köln ကိုရောက်တော့ ၁နာရီခွဲလောက် အချိန်ရတာနဲ့  ၀ယ်လာတဲ့ Haring စား၊Chocomel
သောက်၊ သူငယ်ချင်းထဲ့ပေးလိုက်တဲ့ cookies စားရင်း ဟိုငေးဒီငေး အချိန်ဖြုန်းလိုက်ပါတယ်။

ရတဲ့ရက်တိုတိုလေးပေမဲ့ ပျော်စရာကောင်းတဲ့ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်။ ကျမတို့ ကို
လိုလေသင့်မရှိအောင် ချက်ပြုပ်ပြုစုပေးတဲ့ သူငယ်ချင်းစုံတွဲ ကို အထူးကျေးဇူးတင်ပါတယ်။
ကျမလုပ်ချင်တာ၊စားချင်တာတွေကို စီစဉ်ပေးတဲ့ Thomas ကိုလည်းကျေးဇူးတင်ပါတယ်။
ကျမအတွက် အမှတ်ရစရာတွေပြည့်နေမဲ့ အားလပ်ရက် လေးဖြစ်ပါတယ်။

16 comments:

Sunny said...

ဟော်လန်မရောက်ဖူးသေးဘူး.. အစ်မပို့စ်ဖတ်ပြီး သွားလည်ချင်လာပြီ.. ပျော်စရာကြီးနော်..

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ပျော်စရာပဲနော်

စူးနွယ်လေး

ညီလင်းသစ် said...

အချိန်တိုတိုလေး အတွင်းမှာ အစီအစဉ်တွေ အပြည့်နဲ့ ခရီးလေးပါလား...၊

ပျော်စရာကောင်းမယ့်ပုံပါပဲ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟော်လန်ရှုခင်းတွေ လှတယ်နော်...ပုံကြည့်ပြီး မရောက်ဖူးတဲ့နေရာ ရောက်သွားရပြီ။
အစားအသောက်ပုံတွေကလည်း စားချင်စရာ
ပျော်စရာခရီးလေး ဖြစ်ခဲ့တယ် မဟုတ်လား...
အချိန်တိုလေးပေမဲ့ အမှတ်ရစရာတွေချည်းပါဘဲနော်။
ပျော်ရွှင်ပါစေ..

Anonymous said...

ံHAPPY BELATED BIRTHDAY U Thomas!

Be happy and healthy in your whole life.

လသာည said...

ဟောလန်က တော်တော်လှတာပဲနော်။ မရှင်လေး တော်တော်ပျော်ခဲ့လား။ လျှောက်လည်ကြတုန်းကဆိုတဲ့ ခေါင်းစဉ်က ဓါတ်ပုံက ရေပေါ်လျှောက်တဲ့ တံတားလေးလား.။ အဲဒါလေးကို လျှောက်ချင်လိုက်တာ။

စားစရာတွေအများကြီးနဲ့ ပျော်စရာခရီးပေါ့နော်။

Anonymous said...

ကြည့်ရ၊ ဖတ်ရတာ ပျော်စရာကောင်းမှာပဲ၊

Anonymous said...

နီနီရဲရဲ ဟယ်ရင်း ငါးလေးကို စားဖူးချင်တယ်... မှိုငုတ်စိကြော်လေးတွေကို ကြည့်ပြီး တခုခုကို ဂလုကနဲ မျိုချလိုက်တယ်..
ှုဦးသောမတ်စ်အတွက် ကျမရဲ့ နောက်ကျသော Happy Birthday မွေးနေ့ဆုတောင်းကို ပို့ပေးပါဦး။

ချစ်တဲ့

မိုးစက်

Anonymous said...

ဘာလင်း သတင်းကို ဘယ်မှာဖတ်လို့ရနိုင်ပါလဲ၊လင့်ခ်လေးများပေးလို့ရမလား..ကျေးဇူးတင်ပါတယ်။

မီးမီး said...

တကယ်ပျော်ခဲ့လား..ကိုယ်ရဲ့အရပ်၅ ပေရှိတဲ့
ပေမှီတောက်မှီခလေးစက်ဘီးဆိုက်စီးရတဲ့
အကြောင်းရေးလည်းရပါတယ်..ဟီး
ဦးသောမတ်ကြီး.စက်ဘီးကိုင်ထားမှတက်လို့ရတာ..
ပြီးအရှိန်ရအောင်တွန်းပေးရသေးတယ်..
စိုင်းထီးဆိုင်သီချင်းဟဲသေးတယ်နော်..
အသက် ၁၀ နှစ်ကျော်အရွယ်ရောက်သွားတဲ့အတိုင်းဘဲ
ဒီမှာChocomelနေ့တိုင်းသောက်နေတာစွဲသွားလို့..
နောက်နစ်မှာလည်းနောက်ထပ်တနိုင်ငံတနေရာမှာ.
ထပ်ဆုံကြမယ်နော်...

Shinlay said...

သူငယ်ချင်းတို့ ရေ...
လာလည်ကြတာ ကျေးဇူးတင်ပါတယ်။
တခါတလေ လည်း ကျော်စရာလေးတွေရှိအုံးမှနော်။

ပြန်ရောက်ကတည်းက များလိုက်တဲ့အလုပ်...
ဒီနေ့ မှပဲ ထမင်းကောင်းကောင်းချက်စားရတော့မှာ
ဒေါ်ကြီးရေ...

Shinlay said...

ဘာလင်ကိစ္စ မသိပါဘူးရှင်။

Anonymous said...

it was a nice trip.......
ko ko naing

ကောင်းမွန်ဝင်း said...

လှလှပပရှုခင်းတွေကိုလည်းခံစားရ။
ကြိုက်တဲ့ အစားအစာတွေလည်း စားရ။
သူငယ်ချင်းနဲ့လည်းတွေ့ရ။
ဖတ်ရတဲ့ လူလည်း ပျော်ရ။။

ဇွန်မိုးစက် said...

ဟော်လန်ကို ရောက်ဖူးချင်ပါတယ်။ ဟော်လန်ထွက် ခရမ်းချဉ်သီးနဲ့ အသွေးအရောင်စုံ Tulips ခေတ္တာပန်းတွေကို သိပ်ကြိုက်တယ်။ အမ်စတာဒမ်ကို ထရန်စစ် ၅နာရီပဲ ၀င်ဖူးတယ်။ ဗီဇာမလျှောက်ထားမိလို့ အထဲ မ၀င်လိုက်ရဘူး။ ဘိုးဝါးလူမျိုးတွေ ချောတယ်နော်။း)