Sunday 21 November 2010

ကျမနဲ့ အရက်ယဉ်ကျေးမှု

ဂျာမနီမှာ ကြုံရတဲ့ သူတို့ ရဲ့ ယဉ်ကျေးမှုတခုပါ။ ဂျာမနီမှာ အရက်က
ပုံစံအမျိုးမျိုးနဲ့  နေရာတော်တော်များများမှာတွေ့ ရပါတယ်။
Beer, Wine, Sekt (Sparkling wine), Schnaps....စုံလို့ ပါပဲ။
အရက်ကို ထမင်းစားပွဲတွေ၊ ဧည့်ခံပွဲတွေ၊ မိတ်ဆုံစားပွဲတွေ၊ မွေးနေ့ ပွဲ
တွေ၊ ရိုးရာပွဲတော်တွေမှာ ပုံစံအမျိုမျိုးနဲ့ ဧည့်ခံလေ့ရှိပါတယ်။
ဝိုင်အသစ်ပေါ်ချိန်ပွဲတွေ၊ ၀ိုင်ပွဲတွေ၊ ဘီယာပွဲတွေတောင်ကျင်းပကြပါတယ်။

ဒါ့အပြင် ချောကလက်ထဲ၊ ကိတ်မုန့် ထဲ၊ သကြားလုံးထဲ၊ ဟင်းတွေထဲမှာလည်း
အရက်ကို အသုံးပြုကြပါတယ်။

ကျမတို့ အတွက်တော့ မအပ်စပ်တဲ့ ယဉ်ကျေးမှုလို့ ပြောရမှာပဲ။ အရက်နဲ့ှ
ဧည့်ခံကြရင်တော့ ယဉ်ကျေးစွာနဲ့ ငြင်းပယ်ရပါတယ်။ ကျမ အရက်မသောက်လို့ 
အချိုရည်တစ်ခုခုပေးပါဆိုရင် စီစဉ်ပေးပါတယ်။
တချို့ ကတော့ ဘာဖြစ်လို့ မသောက်တာလဲလို့ မေးကြပါတယ်။ ကျမ သီလစောင့်
ထားလို့ ပါ လို့ ဖြေရင်တော့ သူတို့ နားလည်မှာမဟုတ်ပါဘူး။ ကျမကတော့
ကျမသောက်လေ့မရှိလို့ မသောက်ပါလို့ ခပ်ပြတ်ပြတ်ငြင်းပါတယ်။
ရင်းနှီးတဲ့သူဆိုရင်တော့ ဘာသာရေးကြောင့်လို့ ပြောပြပါတယ်။

တချို့ ကတော့မသောက်ဘူးလို့ ငြင်းရင် အားနာဖို့ ကောင်းတယ်လို ဆိုပါတယ်။
မိမိယုံကြည်ချက်၊ခံယူချက် တစ်ခုကိုတော့ အားနာမှုကြောင့် မဖျက်စီးနိုင်ပါ။
သူတို့ ဘက်က ကြည့်တော့ သူတို့ ယဉ်ကျေးမှု ဆိုသလို ကျမတို့ ဘက်က
ကြည့်တော့လည်း ကျမတို့ ယဉ်ကျေးမှု ပေါ့။ နှစ်ဦးနှစ်ဘက် လေးစားကြရင်
ကျမရဲ့ ငြင်းဆိုမှုကိုလက်ခံနိုင်မှာပါ။

ကျမ အရက်ရဲ့ ဆိုးကျိုးတွေကိုလည်း သူတို့ နဲ့ မဆွေးနွေးပါဘူး။ အရက်
ကြောင့် ဒီမှာ လူငယ်တွေဘယ်လောက်ဒုက္ခရောက်နေကြတယ်ဆိုတာ
မြင်တွေ့ ကြားသိနေတာပါပဲ။

ကျမကိုယ်တွေ့ အရတော့မသောက်ဘူးလို့  ငြင်းရင်လက္ခံကြပါတယ်။
ကိတ်မုန့် ထဲမှာလည်း အရက်ပါမပါမေးပြီး ၀ယ်ပါတယ်။ ဧည့်သည် အဖြစ်
သွားတယ်ဆိုရင်လည်း သံသယရှိရင် မေးလိုက်တာပါပဲ။

သူတို့ ဘက်က ဘယ်လိုပဲထင်ထင် အဓိကကမိမိယုံကြည်ချက်မပျက်စေဖို့ ပါပဲ။

16 comments:

Light said...

ကျွန်တော် သတိထားမိသလောက် အရက်သောက်ထားရင် အတင်းအဖျင်း ပြောတတ်တာ တွေ့ရတယ်။ အရက်ဝင်နေတဲ့ အချိန်ဆို သူများမကောင်းကြောင်းတွေ၊ ဟုတ်တာရော မဟုတ်တာရော အမနာပတွေ ထွက်လာတော့တာပဲ။ ဒါကြောင့် သိချင်တာရှိရင် အရက်မူးအောင်တိုက်ပြီး မေးကြတယ်ဆိုတာ ဟုတ်မှာ။ အရက်သောက်ပြီး ကျန်တဲ့သီလတွေ ထိန်းဖို့ဆိုတာ မုသာဝါဒ တစ်ခုထဲတောင် မလွယ်လောက်ဘူး။

Sunny said...

ဟုတ်တယ် အစ်မ.. ဒီမှာ ကိုယ်ငြင်းရင်လည်း လက်ခံကြတယ်.. အဲဒါတော့ သဘောကျတယ်.. ကိုယ်မသောက်လို့ ဘာဖြစ်တယ် ညာဖြစ်တယ်လည်း မပြောကြဘူး.. မြန်မာအချင်းချင်းကမှ ယောက်ျားလေးဖြစ်ပြီး အရက်မသောက်ရင် မိန်းမကြောက်လို့တို့ ဘာတို့ ပြောသေးတယ်.. ဟီးး.. မွတ်စလင်တွေလည်း မသောက်တဲ့လူတွေ ရှိနေတာပဲလေ.. မြန်မာတွေရဲ့ အားနည်းချက်တစ်ခုက ငြင်းရမှာ အားနာကြတာ ထင်တာပဲ..

Baby taster said...

ကျမလည်း ဖတ်ဖူးတယ် အနောက်နိုင်ငံ ယဉ်ကျေးမှုအရ
ငြင်းဆိုရင် ရိုင်းတယ်တဲ့ ဆေားရီးနော် ငါ့ကို ဆရာဝန်က တားမြစ် ထားတယ်လို့ ဒါမှမဟုတ်ရင် အခု လော လော ဆယ် သောက်လို့ မရသေးဘူးလို့ ပြောရမယ်တဲ့
တသက်လုံး မသောက်ပဲ မသောက်တတ်တာကျတော့
ဘယ်လိုပြောရမယ် ဆိုတာတော့ မရေးထားဘူး

Anonymous said...

မငြင်းချင်ရင် အချိုရည်ပဲ တောင်းလိုက်လို့ ရပါတယ်။ ဟိုတယ်တိုင်ဆိုင်တိုင်းမှာ အချိုရည် ရှိတာပဲ။ ဘာလို့ အချိုရည် သောက်တာလဲလဲ မမေးကြပါဘူး။

ညကတောင် ဒါမျိုး ကြုံရသေးတယ်။ စားပွဲထိုးမလေးက ဘာသောက်မလဲ လာမေးတော့ ကျန်တဲ့လူတွေအားလုံး ဝိုင်နဲ့ ဘီယာ မှာတယ်။ အသက် ၂၀ ကျော် သီရိလင်္ကာသားက ရေ တောင်းတယ်။ အာဖဂန်နစ္စတန်သားက အချိုရည် တောင်းတယ်။ မြန်မာကလဲ ဒီတော့်အချိုရည်ပဲ မှာလိုက်တာပေါ့။ ဘာမှ ပြဿနာ မရှိပါဘူး။

Nay Mya Mya Swe said...

နိုင်ငံပြင်ပရောက်နေတဲ့ မြန်မာအမျိုးသမီးတယောက်ရဲ့ 
အရက်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ခိုင်မာလို့ အရမ်း လေးစားမိပါတယ်ရှင်
ဘာလို့ လဲဆိုတော့ ဘီယာတို့ ဝိုင်တို့ ကအရက်မှ မဟုတ်တာဆိုတဲ့မြန်မာအမျိုးသမီးများကိုပဲတွေ့ ဖူးနေရလို့ ပါရှင်

Anonymous said...

မရှင်လေး
တကယ်.ကို Bravo !!!
အဲ.လိုပြတ်သားတဲ.ခံယူချက်နဲ.ငြင်းတာမျိုးသိပ်သဘောကျပါတယ်။
အရမ်းမှန်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မရှင်လေးရဲ့ ပြတ်သားတဲ့ ခံယူချက်ကို သဘောကျတယ်..
အားနားပြီး မငြင်းဖြစ်တာနဲ့ဘဲ.. အကျင့်ဖြစ်သွားတဲ့ သူတွေကြားမှာ ခုလို ပြတ်ပြတ်သားသားငြင်းတာ သဘောကျမိတယ်..
တစ်ချို့လူတွေကတော့ အရှေ့တိုင်းသားတွေ အရက်ကို ရှောင်ကြမှန်း နားလည်မှု ရှိကြပါတယ်..
တစ်ချို့ကျတော့လည်း အထူးအဆန်းအနေနဲ့ ပြန်ကြည့်ကြတာပေါ့နော်..
ကျွန်မကတော့ ချွက်းချက်အနေနဲ့ ဟင်းချက်ရင် အသားဟင်းတွေ နှပ်ရင် အနည်းငယ်ထည့်ပါတယ်..
ပြီးတော့ ကျွန်မတို့စားဖြစ်တဲ့ မုန်ညှင်းချဉ်တို့၊ ဘာတို့မှာကလည်း အရက်က ပါတယ်ဆိုတော့ ရှောင်မလွတ်ဘူးပေါ့နော်..
မရှင်လေးကိုတော့ တကယ်လေးစားမိပါတယ်.

Anonymous said...

Thanks to all those who support Shinlay and me in this topic, as the comments above. It is for me really shamefull to hear about people saying "wine and beer is no alkohol"
I can quote where the Buddha Gotama said exactly the opposite Sutta Nipata.So when we know something is "micca ditthi" according to the words of the Buddha, we better follow the words of the Buddha. Anarde is Anarde. One should not mix up two different things.
Ko Ko Naing

Anonymous said...

Dear Shinlay, HAPPY TAZAUNGDAING............Gyidaw

ငွေစန္ဒာ said...

မရှင်လေးရေ ကျမကတော့မကြိုက်လို့ မသောက်တာပါဆိုပြီးငြင်းခဲ့ဖူးပါတယ်။

ချစ်ကြည်အေး said...

အရင်က သောက်ဖြစ်တယ်။ အရက် အရသာကို ကြိုက်လို့ မဟုတ်ဘူး၊ သောက်ပြီး အော်ဟစ်ခုန်ပေါက်ရတာကို ကြိုက်လို့။ စိတ်ဖိအားတွေ လျော့စေတယ် ထင်လို့ ကြိုက်ခဲ့တာ။ ၂၀၀၅ သီလရှင် ဝတ်တယ် နဲနဲ ပြတ်သွားတယ်။ ၂၀၀၉ ဒုတိယအကြိမ် သီလရှင် ဝတ်အပြီးကျမှ လုံးလုံးပြတ်သွားခဲ့တာ။ ဘယ်လိုတိုက်တိုက် မသောက်ချင်တော့ဘူး။ တချို့ဆေးဝါးတွေ မုန့်တွေထဲမှာ ရှင်လေး ပြောသလိုပဲ အယ်လ်ကိုဟော ပါတတ်တယ်။ ဆေးဝါးအနေနဲ့ ရှောင်မရတဲ့ အခါတွေမှာ သောက်ရတာပါပဲ၊ စိတ်ဓါတ်နဲ့ ခံယူချက် အရေးကြီးတယ်လို့ ယူဆပါတယ် သူငယ်ချင်းရေ....

Anonymous said...

ကျမတို့ဖက်ကမုန်ညှင်းချဉ်လုပ်ရင်အရက်ထည့်တတ်တယ်. ရွာသူကြီး..

ဇွန်မိုးစက် said...

ဇွန်က ၀ိုင်နီကြိုက်သူဆိုတော့ ဟိုအရင်က ညစာစားပွဲတွေဘာတွေကြုံရင် သောက်တယ်။ နောက်ပိုင်း ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင်စောင့်ချင်တော့ မသောက်ဖြစ်တော့ဘူး။ အလုပ်မသွားခင် မနက်ပိုင်း ဘုရားရှိခိုး၊ ငါးပါးသီလခံပြီးမှသွားတာဆိုတော့ ညနေပိုင်းဒင်နာတစ်ခုခုနဲ့ ဆုံမိတဲ့အခါ မနက်က သီလယူထားတာကို ပြန်သတိရပြီး မသောက်ဖြစ်တော့ဘူး။
အရက်သေစာမူးယစ်သောက်စားခြင်းဟာ ကျန်သော အထက်ကလေးပါးလုံးကို မေ့လျော့စေခြင်း အကြောင်းရင်းတစ်ရပ်ဆိုတာ သိထားရင်လည်း ရှောင်နိုင်တာပေါ့။
ကိုယ့်ကိုလာမေးရင်တော့ သီလစောင့်ထားလို့ ငါမသောက်ဘူးလို့ပဲ ရှင်းပြလိုက်တယ်။ အမေးလည်း ခံရဖူးတယ်။
အစားအသောက်ထဲမှာ ပါတာမျိုးကျတော့ သိပ်သတိမထားမိဘူး။ စားမိလိုက်တာများတယ်။

Alcohol နဲ့ ပတ်သက်ပြီး အစ်မရှင်လေးရဲ့ ပြတ်သားတဲ့ သဘောထားကို တကယ်ပဲ လေးစားမိပါတယ်။

Anonymous said...

Dear U Ko Ko Naing,

Thanks for your comment. I think it is easier to spread Dhamma among western people if alcohol is not a part of their culture. As their lives are already luxurious, it is not so difficult for them to avoid of killing, stealing, abnormal sex and lying, I think. But many of them can not agree the last precept, not drinking alcohol.

Anonymous said...

ဒီမှာလဲ အရက်၊ဘီယာ၊၀ိုင် မသောက်ဘူးလို့အပြတ်ကိုငြင်းတော့ ဘာဖြစ်လို့အသောက်တာလဲ အာရှသားမို့လို့လားတဲ့ အဲ့ဒါနဲ့ မူးတဲ့အရသာငါမကြိုက်ဘူးလို့ပြန်ဖြေတော့ ဂြိုလ်သားလိုအကြည့်ခံရတယ်..ဟိဟိ၊ အချိုရေတွေကလဲမကြိုက်တော့ ရေပဲမှာပြီးသောက်ဖြစ်တော့ တောသားလိုအကြည့်ခံရပြန်ရော ဟားဟား..ခုတော့ ဆိုင်သွားရင် Ganse Wine ဆိုရင်ရေလာချပေးတယ်..စု

Anonymous said...

ခါးလို့မကြိုက်တာ။ မူးတာလဲ မကြိုက်ဘူး။
း)
mm