Saturday 6 November 2010

ဂျာမန် မနက်စာ ( German Breakfast)


တနေ့ က ကိုညီလင်းသစ်ရဲ့  မိသားစု မနက်စာ ဆိုတဲ့ Post လေးကိုဖတ်ပြီး
တော့ Thomas ကိုပြောဖြစ်သေးတယ်။ ကျမတို့ လည်း စနေတနင်္ဂနွေ တနေ့  နေ့ 
တော့ ဂျာမန် မနက်စာ စားရအောင်လို့ ... မနက်စာ ကိုကျမတို့ အတူတူမစားဖြစ်ကြဘူး။
ကျမက မနက်အစောကြီးအလုပ်ထသွား။ သူကအိပ်တုန်း။
စနေ၊တနင်္ဂနွေကြတော့ ကျမက မြန်မာလိုစားပြန်တော့... သူကလည်းဖြစ်သလိုပဲ
သေသေချာချာပြင်ဆင်ပြီးမစားဖြစ်ကြပါဘူး။
ဒီတပတ်တော့ ကျမတို့ မိတ်ဆွေ စုံတွဲက မနက်စာ စားဖို့ ဖိတ်လာတာနဲ့ ကျမ
ဆန္ဒလေးပြည့်သွားပါတယ်။
ကျမစားခဲ့ရတဲ့ ဂျာမန်မနက်စာမှာတော့ ပေါင်မုန့် (Brötchen)Brezel (Pretzel)
နဲ့ ကိတ်မုန့် အချိုမုန့် တွေကို ပြင်ဆင်ထားပါတယ်။ သူတို့ နဲ့ တွဲစားဖို့  ထောပတ်၊
ချိစ်အပြား၊ အသားပြား ( Salami) နဲ့ အီတလီက stangensalami တို့ အပြင်ကြက်ဥပြုပ်နဲ့ 
ယို Marmalade များလည်းပြင်ဆင်ထားပါတယ်။
သောက်စရာတွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်များပါပါတယ်။
နောက်ပြီး သစ်သီးများကိုခပ်သေးသေးလှီးပြီး ရိုးဂေါ့ နဲ့ ရောထားတာလည်း
ပါသေးတယ်။

စားပွဲပေါ်မှာ စားစရာတွေ အဆင်သင့်ဖြစ်တော့ အိမ်ရှင် အမျိုးသမီးက
သူတို့ ခရစ်ယာန်ဘာသာ က မင်္ဂလာရှိတဲ့ စာပိုဒ်တစ်ပိုဒ် ကိုဖတ်ပါတယ်။
ဘုရားကိုရှာတဲ့အခါမှာ အပြင်ဘက်မှာလျှောက်ရှာပေမဲ့ မိမိ ဆီမှာသာတွေ့ 
နိုင်ပါတယ်လို့  အဓိပ္ပါယ်ရပါတယ်။ ကျမတို့ ဗုဒ္ဓဘာသာအရတော့ တရားရှာ
ကိုယ်မှာတွေ့ လို့ ဆက်စပ်တွေးကြည့်မိပါသေးတယ်။

ကျမတို့ က နားထောင်ပြီး နောက်ပိုင်း တယောက်နဲ့ တယောက် လက်ချင်းတွဲ
ပြီး စားကောင်းကြပါစေလို့ ပြောကြပါတယ်။ ချစ်စရာ ဓလေ့လေးတခုပါ။
ဲပြီးတော့ ပျော်ပျော်ပါးပါး ဂျာမန်မနက်စာကို စားကြပါတယ်။
မစားဖြစ်တာကြာပြီဖြစ်တဲ့ ဂျာမန်မနက်စာကို ကျွေးသော မိတ်ဆွေစုံတွဲအား
ကျေးဇူးတင်ပါတယ်။
ီDanke für den netten Frühstückstisch....

16 comments:

Sunny said...

Bröchen ကို ထောပတ်သုတ်ပြီး စားရတာတော့ ကြိုက်တယ်.. အိမ်မှာဆိုရင်တော့ သိပ်အများကြီး မစားဖြစ်ပါဘူး.. မနက်စာကို ထမင်းကြော်၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီနဲ့ ပေါင်မုန့်မီးကင် အဲလောက်ပဲ လှည့်စားဖြစ်တယ်..

မီးမီး said...

အီသွားအောင်လိုက်စားသွားပြီ...

Anonymous said...

ဟီး .....ဂျာမန်စာကတော့ စားနေကျမဟုတ်လို့ သိပ်သွားရည်မကျမိဘူး.....
ဗမာ မနက်စာစားတဲ့အခါကျမှ ထပ်လာစားဦးမယ်

မိုးစက်

လသာည said...

ဂျာမန်မနက်စာက အများကြီးပဲနော်။ ချိစ်အပြားနဲ့ ဘီစကစ်၊ ပေါင်မုန့်အသားညပ်ကို ကော်ဖီပူပူတွဲသောက်ချင်တာ ..

Anonymous said...

ဒေါ်ရှင်လေး ရှင်တို့ပြည်က တမနက်စာကလည်း ကျမတို့ဆီက တလစာ မကတော့ဘူးရှင့်
အားကျမိပါရဲ့ ရွှေပြည်ကလူများစု ဒီလို စားနိုင်သောက်နိုင်ကြစေချင်ပါတယ် လူနည်းစုကတော့စားနိုင်ပေမပေါ့ သူရို့ကတော့ အားလုံးအားလုံးကို သိမ်းပိုက်ထားတားကိုး လူနဲစုကတော့ မနက် မရည် ညအမင်းကလည်း ငံပြာရည်နဲ့ အတို့အမြုတ်


ခင်မင်စွာဖြင့်

Shinlay said...

Sunny ကျမလည်း Bröchen ကိုကြိုက်ပါတယ်။
အမြဲတမ်းတော့မစားနိုင်ပါဘူး။

ဒေါ်မီးရေ... ကျိုင်းတုန်ခေါက်ဆွဲ မနက်စာကိုတော့ ဘယ်မီနိုင်ပါ့မလဲ။

မိုးစက်...မြန်မာစာမနက်စာ လာစားဖို့ ဖိတ်ပါမယ်။

လသာည နဲ့ အမည်မသိသူ ရေ... ဒီနေ့ က ဖိတ်
ထားတဲ့သူရှိလို့ သူတို့ များများလုပ်ထားတာပါ။
စနေ၊တနင်္ဂနွေဆိုရင်တော့ စာချင်စားဖြစ်မှာပါ။
နေ့ တိုင်းတော့ သူတို့ လည်းဒီလောက်အများကြီး
မစားကြပါဘူး။
ကျမဆို တပတ်မှာ ၅ရက် က နွားနို့ နဲ့ 
မတည့်လို့  Müsli ကိုရေနဲ့ 
ပြုပ်ထားတဲ့ မနက်စာနဲ့ ပဲပြီးသွားတာပါ။ ကော်ဖီ နဲ့ လည်းမထည့်ပြန်တော့ ...
စနေ၊တနင်္ဂနွေမှပဲ မြန်မာမနက်စာ စားဖြစ်ပါတယ်။

Anonymous said...

Brötchen နဲ့ Butter နဲ့စားတာကြိုက်တယ်...
အလုပ်သွား အပြင်သွား ယူသွားထည့်သွား တဲ့အခါ အသားနဲ့အရွက်ပါထည့်ပြီး Belegtes Brötchen လုပ်သွားရင် သိပ်လွယ်တာပဲ..အချိန်လုရတဲ့အခါ ဒီလိုပဲစားဖြစ်တယ်... ဗမာစာကတော့ချက်နေရဦးမှာနဲ့..ပြီးတော့ ကြက်သွန်ဖြူအရမ်းကြိုက်တော့ဟင်းထဲမှာအမြဲထည့် ချက် တော့အပြင်မှာထည့်သွား စားရတာမကောင်းဘူး... အိမ်မှာပဲစားဖြစ်တယ်..

စူးနွယ်လေး

ညီလင်းသစ် said...

ကျနော်ကတော့ မနက်စာကို အနောက်တိုင်းအစာဆိုရင် အချိုစားရတာ ပိုကြိုက်တယ်၊ မြန်မာစာကတော့ ဘာလာလာ ဖြစ်တယ်၊း)

Guten Appetit..!!!

Sai said...

မရှင်လေး နေ့စဉ် စားတော့ မတူတဲ့အစားဓလေ့တွေ ဘယ်လို ပူးပေါင်းကြလဲ။

ကျွန်တော် အခု westerners တွေနဲ့ အတူနေ အတူစားရတော့ ရေရှည်ကျ ထမင်းဟင်း မစားရတဲ့ဘဝကို စိတ်ညစ်လာတယ်။ သူတို့အစာတွေ အရင်ကမှ တခါတရံ စားနိုင်သေးတယ်ဗျာ။ ခု နေ့တိုင်းစားရတော့မှ ပိုညည်းငွေ့လာလို့။ အများကြားထဲမှာ အများနဲ့ လိုက်လျောညီထွေ နေတတ်စားတတ်ဖို့တော့ ကြိုးစားတာပဲ။ ကြိုက်တာ မစားရတော့ စိတ်က ပင်ပန်းနေတယ်။ မရှင်လေး ဘယ်လိုလုပ်လဲ သိချင်လို့။

rose of sharon said...

It's look good, I want to try :D

Kyaw Hnin Se Lwin said...

မရေ
ပြင်ဆင်ထားတာ ပေါင်မုန့်တွေ စားချင်စရာ
:)))

Shinlay said...

စူးနွယ်ရေ.. အပြင်မှာ..ရထားပေါ်မှာစားဖို့ ဆိုရင်တော့
အဲ့ဒီလိုပဲလုပ်သွားတယ်။ တခါက ကြာဇံကြော် ထဲ့သွားဖူး တယ်။ ဖွင့်လိုက်တာနဲ့  ကြက်သွန်ချဉ်နံ့ တွေ
ထွက်လာလို့ ...:)
Thomas လည်းမနက်စာကို အချို စားရတာကြိုက် ပါတယ်။ ကိုညီနဲ့ အဖေါ်ရသွားပြီ။

Sai ကျမလည်းရည်ရှည်တော့ မစားနိုင်ပါဘူး။ အစားအစာ ကို စိတ်ကြိုက်မစားရတဲ့ ခံစားမှုကို နားလည်ပါတယ်။ အနည်းဆုံး တပတ် ၂ရက်တော့ ချဉ်၊ ငန်၊ စပ်လေးပါမှ အဆင်ပြေပါတယ်။ ထိုင်းဆိုင် က Chilli sauce, ငရုပ်သီးကြော်၊
ပဲငံပြာရည် တခုခု ကြိုက်တာဝယ်ထားပြီး သူတို့  ဟင်း တွေနဲ့ ရောစားကြည့်ပါလား.။
Rose, Kyaw Hnin Se Lwin လာလည်တာ ကျေးဇူးတင်ပါတယ်။

ကောင်းမွန်ဝင်း said...

လင့်ခ်တွေနဲ့ ပြထားတော့ သေချာ ဂဃနဏ သိရတော့ ပိုပြီး ဖတ်ရတာ အရသာရှိတယ်။
အဟဲ။
တစ်ခုစီအနေနဲ့ ဂျပန်မှာရောင်းတာတွေကို စားဘူးပေမယ့်။ အဲဒီလို ပုံစံကျ ဂျာမန်အစားအစာကိုတော့မစားဘူးသေးပါဘူး။
ဒီပို့စ်လေးဖတ်တော့ စားကြည့်ချင်စိတ်ဖြစ်မိတယ်။
အဲ ကိုညီလင်းသစ်ရဲ့ မိသားစုမနက်စာကိုလည်းဖတ်ကြည့်ရ
သေးတယ်။
တခြားပို့စ်တွေကောပေါ့။
ခင်မင်စွာဖြင့်

nu-san said...

ဂျာမာန်အစားအစာ မစားဖူးဘူး အမ.. အရသာ မြည်းကြည့်ချင်သား.. ရန်ကုန်မှာတုန်းကတော့ မနက်စာ စားကို စားရမှ အာသာပြေတယ်.. ၀ယ်စားရတာလည်း လွယ်တာကိုး.. ဒီရောက်မှ မနက်စာက စားတရက် မစားတရက်ပဲ.. အိပ်ယာထ နောက်ကျလို့ အမ.. :P

မြတ်မွန် said...

စုံနေတာပဲနော်..။
သရည်တောင်ကျတယ်။

ဇွန်မိုးစက် said...

စာကြွေးတွေ ခုမှလာရှင်းနေတာပါ အမရေ။

ဥရောပမနက်စာဆိုလို့ English Breakfast ပဲ စားဖူးတယ်။ သိပ်ကြိုက်တယ်။

German Breakfast ကိုလည်း စားကြည့်ချင်လိုက်တာ။