တနေ့ ကစမ်းလုပ်ကြည့်ဖြစ်တာပါ။
လွယ်လွယ်ကူကူ၊မြန်မြန်ဆန်ဆန် နဲ့ အရသာလည်းရှိပါတယ်။
အချိုလည်းသိပ်မပါတော့ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ ကောင်းပါတယ်။
Windbeutel ကတော့ ဂျာမန်လိုခေါ်တာပါ။ မြန်မာလိုတော့ ဘယ်လိုခေါ်တယ်
မသိပါဘူး။ ဘာပဲဖြစ်ဖြစ်စားကောင်းဖို့ အဓိကပါလေ။
အခု ၂၀ စာအတွက် ( တ၀က်စာ လုပ်လည်းရပါတယ်။)
မုန့် သားအတွက်လိုတာတွေကတော့...
ထောပတ် 100 g
ဂျုံမှုန့်  250 g
ဆား အနည်းငယ်
ကြက်ဥ ကြီးရင် ၅ လုံး၊ သေးရင် ၆ လုံး
ရေ 500 ml
ခရမ် အစာအတွက်လိုတာကတော့
၂၅၀ ဂရမ် စတော်ဘယ်ရီ၊ လိမ္မော်သီး၊ သရက်သီ...မိမိကြိုက်ရာ
၂၅၀ ဂရမ် Sahne ခရမ်
သကြား စားဇွန်း ၂ ဇွန်း
ပြင်ဆင်ပြီး အပေါ်က ဖြူးဖို့ သကြားမှုန့် 
မုန့် ဖုတ်တဲ့ Oven ကို 220°C ကြိုတင်ပြီးအပူပေးထားပါ။
ပထမ အိုးထဲမှာ ရေ ၊ ထောပတ်၊ဆား တို့ ကို ထဲ့ပြီး ဆူအောင်တည်ပါတယ်။
ထောပတ် အရည်ပျော်သွား ရင် ဇကာချထားတဲ့ ဂျုံ မှုန့် တွေ ကိုတစ်ခါထဲထဲ့
ပြီး သစ်သားယောင်းမနဲ့ မွှေပါတယ်။ မီးလျှော့ချလိုက်ပါ။ ဂျုံတွေလုံးခဲလာပြီး
အိုးမှာ အဖြူရောင် အလွှာလေး ကပ် လာရင် ရပါပြီ။
ဂျုံလုံး ကို ခွက်တခုထဲထဲ့ပါ။ ကြက်ဥ တွေကို တလုံးစီဖေါက်ထဲ့လိုက် မွှေလိုက်
လုပ်ပြီးထဲ့ပေးပါ။ ဂျုံ သားနဲ့ ကြက်ဥ ရောသမသွားပြီး ချောသွားတဲ့အထိ
မွှေရပါမယ်။ မွှေတဲ့နေရာမှာ နဲနဲလက်ဝင်ပါတယ်။
မုန် ဖုတ်မဲ့ ဘန်းမှာ မုန့် ဖုတ်စက္ကူခင်းပါ။
ရလာတဲ့မုန့် သားတွေကို မုန့် ညှစ်တဲ့ အိတ် ထဲကိုထဲ့ပါ။ ကျမကတော့ ရိုးရိုး ပလတ်စတစ်
အိတ်ထဲထဲ့ပြီး ဒေါင့်ချွန်းလေးကိုညှပ်လိုက်ပြီး ညှစ်ယူပါတယ်။
မိမိလိုချင်တဲ့ အရွယ်လောက် ( လက်မနဲ့ လက်ညှိုး တစ်ဝိုင်းခန့် ) ညှစ် ချယူပါ။
တစ်ခုနဲ့ တစ်ခု နဲနဲခွာထားပေးပါ။
ဘန်းကို Oven အလယ် ဆင့်မှာ ထဲ့ပြီး မိနစ် ၂၀၊ မိနစ် ၃၀ လောက် ကြာအောင်
ဖုတ်ပါ။ အရွယ်ကြီးရင်ကြီးသလို ဖုတ်ချိန်ကြာပါတယ်။
မုန့် လေးတွေ ညိုလာပြီး အရွယ် ၂ ဆ တက်လာရင် ရပါတယ်။
မုန့် ဖုတ်နေတုန်း ပထမ ၁၀ မိနစ်လောက် မှာ Oven ကို မဖွင့်ပါနဲ့  မုန့် ပွမလာတတ်
သလို ၊ အေးတဲ့အခါ ပွပွလေးမနေပဲ ပြန် ကျသွားတတ်ပါတယ်။
မုန့် ကျက်ရင် Kuchengitter မုန့် တင်တဲ့ ဇကာ ပေါ်မှာတင်ပြီး အအေးခံပါ။
သိပ်မပူတော့တဲ့ အချိန်မှာ မုန့် ကို အလည်က ထက်ခြမ်းခြမ်းပေးပါ။
Sahne ခရမ် နဲ့ သကြားကို မွှေစက်နဲ့ ခဲတဲ့အထိမွှေပါ။ ညှစ်တဲ့အိပ်ထဲထဲ့ပြီး
ခြမ်းထာတဲ့ မုန့်  အောက်ခြမ်းပေါ်မှာ ညှစ်တင်ပေးပါ။ အသီးတင်ပေးပါ။
အပေါ်လွာ အုပ်ပါ။ သကြားမှုန့် ဖြူးပေးပြီးရင် အဆင်သင့်ဖြစ်ပါပြီ။
ဖုတ်ထားတဲ့ မုန့် သားတွေပိုနေရင် ရေခဲသေတ္တာထဲမှာ ခဲထားလို့ ရပါတယ်။
8 comments:
မုန့်တွေက အဲ့လို အိုဗင်က ထုတ်ထုတ်ချင်း
ကြိုက်တယ်။ ပူပူနွေးနွေးလေ ထောပတ်နံ့
သင်းနေတာမျိုးပေါ့။ အချိုမကြိုက်ဘူး
စိမ့်စိမ့်လေးဆိုတော့ စားကောင်းမှာနော်
တနေ့ စမ်းလုပ်ကြည့်ရမယ်။
ခရင်မ်မထည့်လည်းရတယ် မှလားဟင်
ကျေးဇူးနော် အမ
စိတ်ဝင်စားစရာဘဲ မရှင်လေးရေ။ မုန့်ဆိုလာထားပဲ။ အားတဲ့အချိန်ကျမှလုပ်ကြည့်ရမယ်။ ခုတော့ မှတ်သွားပြီနော်
မရေ...မုန့်လုပ်နည်းလေးမှတ်သွားပါတယ်။
မုန့်ဖုတ်နည်းလေး အတွက် ကျေးဇူးပါ အစ်မရှင်းလေးရေ... ရို့စ်လည်း ကိတ်မုန့် ဖုတ်တာ ၀ါသနာပါတယ်။ စမ်းလုပ်ကြည့်ဦးမယ်။
စားချင်စရာလေး
ဟိဟိ လုပ်တော့မလုပ်တတ်ဘူး
ဟင်းဘဲချက်တတ်တာ မုန့်တွေဘာတွေ လုပ်တတ်ဘူး
မရှင်လေး လုပ်တာဘဲ စားသွားတော့မယ်နော်
မုန့်တော့မလုပ်တတ်ဘူး။ စားဘဲစားတတ်တယ် မမရှင်လေးရေ
Sahne ခရမ်ကို မသိဘူး.. အဲဒါမပါဘဲနဲ့ရော လုပ်လို့ရလား...
သူငယ်ချင်းတို့ လာလည်တာကျေးဇူးတင်ပါတယ်။
ရို့ စ်.. အဆင်သင့်သုံးလို့ ရတဲ့ ခရမ် ဘူးတွေရှမှာပါ။
စပရေးဘူးလိုမျိုးလေ။ စမ်းကြည့်ပေါ့လေ။
Post a Comment