Monday 14 February 2011

ချစ်သူ့ လက်ဆောင်

ချစ်သူများနေ့  မှာ ကျမရဲ့ အိမ်ဦးနတ်က အဝေးကိုရောက်နေပါတယ်။
သူခရီးသွားခင်ကျမအတွက် ချစ်သူများနေ့ လက်ဆောင်လေး ပေးသွားပါတယ်။

မဖွင့်နဲ့ အုံးနော်လို့ လည်းမှာသွားသေးတယ်။ ချစ်သူများနေ့ ရောက်မှဖွင့်ရမယ်တဲ့။
ဘာများလဲလို့ သိချင်ပေမဲ့ ...
ဒီနေ့ (၁၄.၂.၂၀၁၁) တော့ မနက်စောစောပဲ ဖွင့်လိုက်ပါတယ်။

အရုပ်ကလေးတခုရယ်။ Beauty lounge က Vacustyler ကူပွန်ရယ်.....



ကျမကို အမှတ်တရ ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Thomas ...Danke sehr für alles.

14 comments:

ညီလင်းသစ် said...

မ,ရှင်လေး ကံကောင်းတာပေါ့၊ ချစ်စရာ လက်ဆောင်လေးပါပဲ..။

Sandakuu said...

ချစ်စရာလေး..အကောင်လေးက..
မမရှင်လေးကိုအလှပြင်ပါတဲ့.. ကူပွန်က.. ဟီးဟီးး

လပြည့်ရိပ် said...

ဟားဟား.......ဦးသောမတ်စ်က ကဗျာဆန်လိုက်တာ။ အစ်မကို ကလေးလေးလို့ ထင်ပုံရတယ်။ :) Happy Valentine Day ပါ အစ်မရေ......

Anonymous said...

Same happiness with u.I also appreciate U Thomas's care, kindness n love to u.
"Happy Valentine Day" Shinlay.......

Gyidaw

အပြုံးပန်း said...

ပျော်စရာကြီးပါလား အမရယ်၊
ကူပြီး ၀မ်းသာပြီးတော့ ပြုံးမိပါတယ်။

ကောင်းမွန်ဝင်း said...

အဟဲ မိုက်တယ်။ အလှပြင်ဘို့ပေးလို့ ဒီလိုလက်ဆောင်ကို ပိုတောင်သဘောကျသေးတယ်နော်။

Anonymous said...

ပျော်စရာကြီး...:))လှလှလေးသာပြင်လိုက်တော့..
ရွာသူကြီး

Shinlay said...

ကိုညီ။ ကူးကူး။ လပြည့်၊ဒေါ်ဂျီး၊အပြုံးပန်း၊ကောင်းမွန်ဝင်း။
ရွာသူကြီး(ဒေါ်မီး) လာလည်တာကျေးဇူးပါပဲ။
သူက ကျမကိုတခါတလေ ကလေးလို့ ထင်တတ်တယ်။
သူကအလှပြင်ဖို့ ပေးမှ ကျမက အလာဂျီကြောင့်
မျက်နှာမှာဘာမှတင်လို့ မရဖြစ်နေတယ်။
သူပေးတာဆိုတော့ ဘာပဲဖြစ်ဖြစ် သုံးပေးရမှာပေါ့.:)
လှစေချင်တာကို...:)

Anonymous said...

Wie lieb von Thomas !!
Ich hab´nichts bekommen :(

Suenwelay

Me said...

အရုပ်လေး (စိတ်ကူးယဉ်) + ကူပွန် (လက်တွေ့ဆန်) ..... နှစ်ခုလုံးပေါင်းစပ်ထားတဲ့ ဦးသောမတ်က တော်လိုက်တာ... ကူပြီးပျော်ပေးသွားပါတယ်။ မမကကော ဘာလက်ဆောင် ပေးလဲဆိုတာ ပြောဦးလေ :-)

Anonymous said...

အားကျ စရာပါဘဲ မရှင်လေးရယ်
အားကျမခံ ကြွားချင်ပေမဲ့ နှင်းဆီလေးတစ်ပွင့်တောင် ပေးမဲ့သူ မရှိတဲ့ဘဝ
မျက်နှာ ငယ်လိုက်ရတား(

ချော(အစိမ်းရောင်လွင်ပြင်)

Sunny said...

လက်ဆောင်လေးက ချစ်စရာလေး အစ်မရေ.. အစ်မနဲ့ ဦးသောမတ်စ် ပျော်ရွှင်သော ဗယ်လင်တိုင်းဒေး များစွာကို ဆင်နွှဲနိုင်ပါစေလို့..

Shinlay said...

Suenwelay.. Danke sehr...
မိုးစက်.ချော(အစိမ်းရောင်လွင်ပြင်) Sunny..ကျေးဇူးတင်ပါတယ်။

Anonymous said...

မရှင်းလေးရေ... အပျော်တွေကူပြီး ခံစားသွားပါတယ်နော်။ အခုလို ပျော်စရာ နေ့ ရက်လေးတွေ နှစ်ပေါင်းများစွာ အတူ ပျော်ရွှင်စွာဖြတ်သန်းရပါစေလို့  ဆုမွန်ကောင်းတောင်းပေး ပါတယ်နော်။

ညို