Monday 21 March 2011

ဂျာမနီမှ Au- pair

ဂျာမနီမှာ ကလေးရှိတဲ့မိသားစု တချို့ က တခြားနိုင်ငံက အသက် ၁၈ နှစ်
ကနေ ၁၄ နှစ်အတွင်းရှိတဲ့ လူငယ်တွေကို Au- pair အဖြစ်ခေါ်ယူကြပါတယ်။
လူငယ်တွေဆိုပေမဲ့ မိန်းကလေးတွေများပါတယ်။ သူတို့ တွေဟာ ဒီနိုင်ငံရဲ့ 
ဘာသာစကားနဲ့ ယဉ်ကျေးမှု ကိုလေ့လာနိုင်ရင်း တဖက်က မုန့် ဖိုးအနေနဲ့ 
ဝင်ငွေနဲနဲလည်းရပါတယ်။

သူတို့ ဟာ Au- pair အဖြစ် ဂျာမနီမှာ အများဆုံးတစ်နှစ် လုပ်ခွင့်ရှိပါတယ်။

သူတို့ ရဲ့ တာဝန်တွေကတော့ အိမ်ရှင်ရဲ့ ကလေးတွေကို ကြည့်ပေးဖို့ ပါ။
ဒါအပြင် အိမ်ရှင်မိသားစုအတွက် အစားအသောက်ပြင်ဆင်ပေးတာ၊ကူညီ
ချက်ပြုတ်ပေးတာ၊ ကလေးဝေယျာဝစ္စလုပ်ပေးရတာ စတဲ့ အလုပ်တွေလုပ်ပေးရ
ပါတယ်။
Au- pair အဖြစ်လာနေစဉ်အတွင်းမှာ မိမိတို့ ရဲ့ ဘ၀အတွေ့ အကြုံရစေဖို့ ၊
ဘာသာစကားပိုမိုကျွမ်းကျင်လာဖို့ ၊ တနေ့ နေ့ နိုင်ငံရပ်ခြားမှာ ရေရှည်ရပ်
တည်နေထိုင်ရန်ပြင်ဆင်ဖို့ ၊ အိမ်မှုကိစ္စနဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ အတွေ့ 
အကြုံတွေရလာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။

ဂျာမနီကို Au- pair အဖြစ်လာမဲ့သူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၄နှစ်ကြားရှိပြီး
မိမိကိုယ်တိုင်မှာကလေးမရှိသူဖြစ်ရပါမယ်။
ဂျာမန်စကားအခြေခံအဆင့်လောက်ပြောတတ်ရပါမယ်။(mind. Level A1 des
Europäischen Referenzrahmens)
ကလေးတွေကိုကြည့်ပေးဖို့ အတွက် ကျန်းမာရေးကောင်းရပါမယ်။
အိမ်မှုကိစ္စနဲ့ ကလေးထိန်းကြောင်းမှု အတွေ့ အကြုံ အနည်းငယ်ရှိရပါမယ်။
မိမိအိမ်ရှင်ရဲ့ စည်းကမ်းဓလေ့တွေကို လိုက်နာဆောင်ရွက်နိုင်ရပါမယ်။

Au- pair ကိုခေါ်မဲ့အိမ်ရှင်မိသားစု အနေနဲ့ က ဂျာမန်စကားကို မိခင်ဘာသာစကား
အဖြစ်ပြောသူတွေဖြစ်ရပါမယ်။ မိသားစုထဲကလူကြီးတယောက်ဟာ ဂျာမန်နိုင်ငံသား၊
သို့ မဟုတ် EU နဲ့  Switzerland နိုင်ငံသားဖြစ်ရပါမယ်။
Au- pair အဖြစ်လာသူနဲ့ ခေါ်တဲ့အိမ်ရှင်ဟာဆွေမျိုးတော်စပ်မှုမရှိရပါဘူး။
အိမ်ရှင်မိသားစုဟာ Au- pair အဖြစ်လာသူကို မိမိတို့ မိသားစုဝင်တယောက်
လိုဆက်ဆံပြီး၊နေရဲစားရဲ ဖြစ်လာအောင်လုပ်ဆောင်ပေးရပါမယ်။

Au- pair အဖြစ်လာသူဟာ တပတ်မှာ(တနလာင်္ ကနေ စနေ) အလုပ်ချိန်
နာရီ (၃၀)လုပ်ရပါမယ်။
မုန့် ဖိုးလစာအနေနဲ့ တစ်လကို ယူရို ၂၆၀ ကိုအိမ်ရှင်ကပေးရပါတယ်။
အိမ်ရှင်က Au- pair အဖြစ်လာသူရဲ့ သီးသန့် ဘဏ်စာရင်းဖွင့်ပေးရပါတယ်။
အိမ်မှာလုပ်စရာနဲတယ်ဆိုပြီးလစာကိုဖြတ်လို့ မရပါဘူး။ ဒီကြားထဲမှာနေမကောင်း
ဖြစ်တယ်ဆိုရင် အိမ်ရှင်ကလစာကို ၆ ပတ်အထိဆက်ပေးပါတယ်။

ရက်ရှည်အားလပ်ရက် (Holiday) ကတော့ တစ်နှစ်မှာ ၄ ပတ်ရပါတယ်။
အဲ့ဒီ ၄ ပတ်မှာအိမ်ရှင်က လစာအပြည့်ပေးရပါတယ်။
တပတ်မှာ ၁ရက်ခွဲ နားခွင့်ရှိပါတယ်။ တလမှာ အနဲဆုံး တခါတော့
စနေတနင်္ဂနွေ ၂ရက်လုံးနားခွင့်ရပါတယ်။ အစိုးရရုံးပိတ်ရက်တွေ၊အားလပ်ရက်
တွေဟာလည်း မိမိရဲ့အားလပ်ရက်တွေဖြစ်ပါတယ်။

Au- pair အဖြစ်လာသူဟာ ဂျာမန်စကားပြောသင်တန်းတက်ရပါမယ်။
အနည်းဆုံးတပတ်မှာ ၂ရက်တက်ရပါမယ်။ ဒီအတွက်အိမ်ရှင်က
၆လစာ သင်တန်းကြေး ၁၀၀ ကနေ ၂၀၀ ယူရိုကြား ပေးပါတယ်။ (ဒါကတော့
ညှိယူကြလေ့ရှိပါတယ်။) ကျောင်းသွာတဲ့ခရီးစာရိတ်ကိုလည်း အိမ်ရှင်ကပေးရပါ
တယ်။
Au- pair အဖြစ်လာသူအတွက် ကျန်းမာရေးအာမခံ၊ မတော်တဆထိခိုက်မှု
အာမခံ၊ မိမိကြောင်တဦးတယောက်ထိခိုက်မှုဖြစ်ခဲ့ရင် ဆောင်ရွက်ပေးဖို့ အာမခိံ
စတာတွေကို အိမ်ရှင်မိသားစုကပေးရပါတယ်။
မိမိအတွက်လေယာဉ်စာရိတ်ကိုလည်း အိမ်ရှင်နဲ့ ညှိပြီး ပေးရပါတယ်။
တချို့ ကလည်း မိမိကိုယ်တိုင်ပေးရပါတယ်။

မိမိတို့ အနေနဲ့ ဂျာမနီကို Au- pair အဖြစ်လာမယ်ဆိုရင် အိမ်ရှင်မိသားစု
နဲ့ ချုပ်ချုပ်ရပါမယ်။ စာချုပ်ချုပ်တဲ့အခါမှာ မိမိသိထားတဲ့အချက်တွေနဲ့ 
ညီမညီ ကြည့်ပါ။ မညီဘူးထင်ရင် အစကတည်းက ပွင့်ပွင့်လင်းလင်းပြောပါ၊
မေးပါ၊ စာချုပ်ကိုပြင်ပါ။

လက်တွေ့ မှာစာချုပ်ထဲကအတိုင်းဖြစ်မလာဘူးဆိုရင် မိမိနေရတာ အဆင်
မပြေဘူးဆိုရင် ဆက်သွယ်ရမဲ့နေရာတွေရှိပါတယ်။ ဥပမာ။ 0800 110 287247
(= Tastenkombination AUPAIR) ၊ 0 800 - 2477444 , 0 800-111 0 111
တို့ ကို အခမဲ့ဆက်သွယ်လို့ ရပါတယ်။
အေးဂျင့်နဲ့ လာတဲ့သူဆိုရင်လည်း အေးဂျင့်ကိုအကြောင်းကြားပါ။

Au- pair အဖြစ်လာတဲ့သူတွေကို အနိုင်မကျင့်နိုင်အောင်၊ခေါင်းပုံမဖြတ်နိုင်
အောင် ဂျာမန် မိသားစုဝန်ကြီးဌာနက ကာကွယ်ပေးထားပါတယ်။

ကျမတို့ မြန်မာတွေက အားနာတတ်တာရယ်၊ အလုပ်လုပ်ရင် မနားမနေလုပ်
တတ်တာရယ်၊ မိမိအခွင့်အရေးကို မတောင်းတတ်၊မယူတတ်တာရယ်၊
ပြန်မပြောဘဲ သည်းခံတတ်တာတွေရယ၊် အလုပ်မရတော့မှာစိုးတာရယ်တွေကြောင့်
အလုပ်လုပ်ရာမှာ သူများတွေရဲ့ အနိုင်ကျင့် ခေါင်းပုံဖြတ်မှုတွေ ခံရတတ်ပါတယ်။

ဒါကြောင့်ဘာအလုပ်ပဲလုပ်လုပ် မိမိရဲ့ ရပိုင်ခွင့်၊ မိမိရဲ့ တာဝန်၊ မိမိရဲ့ အလုပ်ချိန်၊
မိမိရဲ့ အားလပ်ရက်၊ မိမိရဲ့ လစာ စတာတွေကို မရှက်မကြောက်၊အားမနာပဲ
အလုပ်မစခင်ကတည်းက မေးပါ၊ ညှိပါ။ ဒါမှ ပျော်ပျော်ရွှင်ရွှင်နဲ့ ရည်ရှည်အလုပ်
လုပ်နိုင်မှာပါ။

http://www.multikultur.info
http://de.wikipedia.org/wiki/Au-pair
http://www.au-pairs.de/hotline.htm

9 comments:

လပြည့်ရိပ် said...

အရမ်းဗဟုသုတ ရစေတဲ့ ပိုစ့်ပါ။ ဝေဌပေးလို့ ကျေးဇူးပါနှော် အစ်မ ...

Anonymous said...

Au- pair- Mädchen သူငယ်ချင်းတယောက် ရှိခဲ့ဖူးတယ်။ မွန်ဂိုက ကောင်မလေး။ အဲလိုလာတာ ဗမာထဲမှာရော ရှိလား မရှင်လေး။

စူးနွယ်လေး

Anonymous said...

ဒီမှာတော့ ဖားတွေကလည်တော့ အဲလိုအိမ်ဖော်အနေနဲ့လာ ပြီးတော့ နေနေတဲ့အချိန်အတွင်း ကျောင်းရအောင်လျှောက် ပြီးတော့ ကျောင်းသားဗီဇာပြောင်းပြီး ဆက်နေထိုင်ခွင့် ရသွားကြတယ်။ တချို့လဲ နိုင်ငံသားတွေကို ဆွဲချိတ်ကြပေါ့။ ဗမာတွေကတော့ နေထိုင်ခွင့်ရအောင် ဒုခသည်ခံဖို့ရယ် ဒုခသည်နဲ့ဟန်ဆောင်လက်ထပ်ဖို့ရယ်ပဲ ကြိုးစားကြတယ်။

ညီလင်းသစ် said...

ဒီမှာလည်း ပြင်သစ်စကား လာသင်တဲ့ ဆွစ်ဂျာမန်ပိုင်းက Au-pair ကောင်မလေးတွေ အများကြီးပဲ၊ မိတ်ဆွေတစ်ယောက်ရဲ့ သားကတော့ ဂျာမန်စာသင်ဖို့ ဆွစ်ဂျာမန်အပိုင်းမှာ Au-pair သွားလုပ် နေတယ်...။

ကောင်းမွန်ဝင်း said...

စိတ်ဝင်စားစရာ အစီအစဉ်တစ်ခုပဲနော်။
သူတို့ရဲ့ စိတ်ကူးအစီအစဉ်တွေက ကောင်းလိုက်တာ။

ကျွန်မရဲ့ အစ်မ၀မ်းကွဲတစ်ယောက်လည်း
ဂျာမဏီမှာကျောင်းတက်ခဲ့ဘူးတယ်။
သူကိုကြည့်ပြီး သိပ်အားကျတာ။
ဂျာမန်ကြီးတွေနဲ့ စကားပြောရင် ရဲစိုနေတဲ့ နှုတ်ခမ်းနီနဲ့ ရှလွှတ်ရှလွှတ် အနားမကပ်ခင်ကတည်းက မွှေးလို့။

စကားမစပ် ထမင်းစားချိန်လေ။အခုလည်း ငလျင်လှုပ်သွားလို့ စားနေတဲ့ထမင်း တစ်မျိုးတောင်ဖြစ်တယ်။

Shinlay said...

လပြည့်ရိပ်..စူးနွယ်လေး နဲ့ သူငယ်ချင်းများ...လာလည်တာကျေးဇူးနော်။
မြန်မာထဲက ရှိပါတယ်။ ကျမသိတာတော့ တယာက်တလေလောက်ပါပဲ။ ဂျာမန်မိသားစုအနေနဲ့ ခေါ်မှရပါတယ်။

Anonymous သိပ်မှန်တဲ့ သုံးသပ်ချက်ပါ။ ကျောင်းတတက်ဖို့ အချိန်ရင်းဖို့ ထက် ပိုက်ဆံရှာဖို့ 
ကအဓိကဖြစ်နေတော့....သူ့ အကြောင်းနဲ့ သူပေါ့လေ။

ကိုညီရေ... ချမ်းသာတဲ့နိုင်ငံကလူတွေ Au-pair အဖြစ်ရပ်တည်မှုနဲ့ ကျမတို့ လို နိုင်ငံတွေက လာတဲ့Au-pair တွေရဲ့ ရပ်တည်မှု
respect ထားမှု၊ကနဲနဲကွာသလားလို့ တွေးမိတယ်။

ညီမကောင်းမွန်ဝင်း တခါတလေကောင်းတဲ့စနစ်ကို အလွဲသုံးစားလုပ်ကြတယ်။ အစစအဆင်ပြေပါစေနော်။

စန္ဒကူး said...

ဗဟုသုတအဖြစ်လာဖတ်သွားပါတယ်မမရှင်လေး..

ချော(အစိမ်းရောင်လွင်ပြင်) said...

Au-pair အဖြစ် ရောက်လာပြီး ဘ၀တိုးတက်ရေးအတွက် မနေမနားကြိုးစားမယ်ဆိုရင်လဲ အဆင်ပြေသွားနိုင်တာဘဲနော်.. ကြိုးစားဖို့တော့ လိုတာပေါ့လေ.. အဲလို မဟုတ်ဘဲ အလွယ်လိုက်မယ်ဆိုရင်တော့လည်း သူတို့ကံအတိုင်း ဖြစ်သွားကြရမှာပါဘဲ
ဂျာမာန်တွေရဲ့ စည်းစနစ်နဲ့ အစိုးရရဲ့ ဥပဒေက သိပ်ကောင်းတယ်နော်.. နိုင်ငံခြားသားကို ခုလိုကာကွယ်ပေးတာ ကျေးဇူးတင်စရာဘဲ။

Anonymous said...

စိတ်ဝင်စားစရာကောင်းတယ်.
ဟုတ်တယ်နော်
ဘ၀ပေးအခြေအနေကွာတာနဲ့
်ခံယူချက်ကွာသွားတာလား..
ခံယူချက်ကွာလို့ ဘ၀ပေးအခြေအနေပြောင်းသွားတာလား..
ဒီကသူတသိုက်ကိုတွေ့တော့ စဉ်းစားမိတာပါ
သူကြီး