Thursday 17 March 2011

နျူးကလီးယား အတွေး

ဒီနေ့ တော့ အလုပ်မသွားရဘူး။ မိုးကလည်း ဖွဲဖွဲလေးရွာနေတယ်။
ပတ်ဝန်းကျင်တခုလုံးက အုံ့ မှိုင်းနေတယ်။ အလုပ်မသွားရလို့ သာတော်သေးတယ်။
ဒီရက်တွေမှာ ဘာတွေနဲ့ အလုပ်များနေမှန်းမသိဘူး။ တီဗီရှေ့မှာထိုင်ဖြစ်တဲ့
အချိန်ကများနေတယ်။ အီဂျစ်အရေး၊ တူနီးရှာအရေး၊ လစ်ဗျားအရေးတွေကို
စောင့်ကြည့်ရင်းအချိန်ကုန်ပြန်ရော။ အခုဂျပန် ငလျှင်ကိစ္စ၊ ဆူနာမီကိစ္စ၊
နျူးကလီးယားကိစ္စတွေကြည့်ရင်း အချိန်ကုန်ပြန်ရော။

နျူးကလီးယားကိစ္စနဲ့ ပတ်သက်ပြီး ဂျာမနီမှာလည်းတော်တော်ဂယက်ရိုက်
နေပါတယ်။ ပါလီမန်မှာ အခြေအတင်ဆွေးနွေးနေကြတယ်။ ဂျာမန်ဓါတ်ပေါင်းဖိုတွေ
ကို ပိတ်ဖို့ အတိုက်အခံတွေက ကျယ်ကျယ်လောင်လောင်ပြောနေကြတယ်။
ဂျာမနီမှာ သုံးတဲ့ လျှပ်စစ်အား ၂၃% ဟာ နျူးကလီးယားအင်နာဂျီကိုသုံးတာပါ။
ကျန်တဲ့ လျှပ်စစ်အားကိုတော့ ကျောက်မီးသွေး၊ရေနံနဲ
့ဓါတ်ငွေ့ အား၊လေအား၊ နေရောင်စွမ်းအင်တွေကရပါတယ်။

ဂျာမနီက လျှပ်စစ်စွမ်းအား ရရှိမှု ကိုပြထားပါတယ်။



Mineralöl = mineral Oil, Erdgas=natural gas, Steinkohle= hard coal
Braunkohle = brown coal, Kernenergie = nuclear energy,
Erneuerbare Energien = renewable energy ( Wind, Solar, water)
, Heizöl = fuel oil and other

http://www.dlr.de/next/Portaldata/69/Resources/im
ages/4_energie/4_1_stromerzeugung
-morgen/4_1_3_energiequellen/4-1-3-Energiemix_die-wichtigsten-Energiequellen-01-01.jpg

ဂျာမန်တော်တော်များများဟာ နျူးကလီးယာအင်နာဂျီ သုံးတာကိုမကြိုက်ကြပါဘူး။
ဓါတ်ပေါင်းဖိုတွေရဲ့ လုံခြုံမှုနဲ့ 
နျူးကလီးယား နောက်ဆက်တွဲဆိုးကျိုးတွေကို စိုးရိမ်ကြပါတယ်။
နျူးကလီးယားဓါတ်ပေါင်းဖိုတွေကိုစစ်ဆေးဖို့ ၊ ပိတ်ပစ်ဖို့ ဆိုတဲ့ဆွေးနွေးမှုတွေကို
အခုရက်ပိုင်းအတွင်း ရုပ်သံလိုင်းတွေမှာတင်ပြပေးနေပါတယ်။ လာမဲ့ ရက်သတ္တပတ်
တွေအတွင်းမှာရွေးကောက်ပွဲတွေကရှိတော့ ဒီ
နျူးကလီးယားခေါင်းစဉ်က မဲဆွယ်ဖို့ 
ကောင်းတဲ့ ခေါင်းစဉ်ဖြစ်နေပါတယ်။
နျူးကလီးယား စွမ်းအင်ကိုမသုံးတော့ရင် လျှပ်စစ်ခတွေတတ်လာနိုင်ပေမဲ့
လုံခြုံစိတ်ချရတဲ့ စွမ်းအားအရင်းအဖြစ်တွေကိုပိုပြီးနှစ်သက်ပါတယ်။


ဂျာမနီက နျူးကလီးယားဓါတ်ပေါင်းဖိုများတည်ရှိရာနေရာများ


http://upload.wikimedia.org/wikipedia/commons/8/81/K
ernkraftwerke_in_Deutschland.png

ဥရောပမှာရှိတဲ့နျူးကလီးယားဓါတ်ပေါင်းဖို တွေရှိရာနေရာတွေပါ။

http://blog.politik.de/wp-content/uploads/2011/03/AKWs_Europa.png
နျူးကလီးယားဓါတ်ပေါင်းဖို တွေ နေရာတိုင်းမှာ ရှိနေတော့ တနေ့ တချိန်မှာ
မမျှော်လင့်တဲ့ သဘာဝအန္တရာယ်တွေ ကြုံလာခဲ့ရင်... လွတ်နိုင်ပါ့မလား။
Chernobyl ပေါက်ကွဲမှုရဲ့ ဆိုးကျိုးတွေဟာ အခုထိမြင်တွေ့ ခံစားနေရတုန်းပါ။
ဒီဆိုးကြိုးတွေ ရှိမှန်းသိရက်နဲ့  ဘာဖြစ်လို့ သုံးနေကြပါလိမ့်လို့  အခုတလော
တွေးနေမိပါတယ်။

9 comments:

Anonymous said...

ဒေါ်ကြီးရေ.တလောက Chernobyl အကြောင်းကို discovery channel မှာပြန်ကြည့်ရတယ်.အင်မတန်မှ ကြောက်စရာကောင်းပြီး ခံရတဲ့မြို့လူထုကို ရှရှားအစိုးရကိုင်တွယ်တာ ဖြေရှင်းတာတွေ့ရတော့ ရင်နာစရာကောင်းလိုက်တာ.ကောင်းကျိုးက ဆိုးကျိုးပေါ်မှာလူပ်လီလူပ်လဲ့နဲ့ ရှင်သန်နေရသလိုဘဲဆိုရင်တော့.
မသုံးတာကောင်းမယ်လို့ဘဲထင်ချင်ပါတယ်.
.ရွာသူကြီး

လပြည့်ရိပ် said...

အစ်မရေ..ဒီလို ဗဟုသုတ ရတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ။

ညီလင်းသစ် said...

ကျနော်တို့ဆီမှာလည်း ပိတ်ပစ်ဖို့ အသံထွက်လာသေး တယ်၊ ဒါပေမယ့် ဒီမှာက အရေအတွက် နည်းပါတယ်၊ တာဝန်ခံကတော့ ပြောတာပဲ၊ ဒီက ဓါတ်ပေါင်းဖိုတွေက ရစ်ခ်ျတာစကေးလ် ၇ အထိ ခံနိုင်တယ်၊ ဥရောပမှာ ငလျင်က ၇ ထက်ကျော်ပြီး မလှုပ်ဘူး-ဆိုပဲ၊ သူ့ဟာသူ သေချာနေလိုက်တာများ...၊ စိတ်ပူစရာတွေကတော့ နေရာတိုင်းမှာပါပဲဗျာ...။

IDIOT-Ki said...

သူများတတွေက ဆိုးကျိုးတွေပိုဖြစ်နိုင်ချေရှိတဲ့ ဒီပေါင်းအိုးကြီးတွေကို ပိတ်ဖို့ ကြိုးစားနေကြချိန်မှာ
ကိုယ်တွေရဲ့  ညာဏ်ကြီးရှင်များက ဆောက်နေဆဲ...
မိုးမပြို.. ပြိုခဲ့သော် .. ???? ကံကိုပဲ ပုံချရတော့မလိုပါပဲ

Kyaw Hnin Se Lwin said...

မရေ
တော်တော်များတာပဲနော်
တွေးကြည့်လေကြောက်စရာကောင်းလေနော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မတို့ဆီမှာ နျူကလီယာပါဝါ မပိုင်ဆိုင်တာ ၀မ်းသာရမယ်ထင်ပါတယ်
သတင်းတွေအရတော့ ဆောက်နေတယ်ဆိုလားဘဲ
အတိအကျမဟုတ်တော့ သူတို့ကလည်း မထုတ်ပြန်တော့ ပြောရခက်ပါတယ်.
ဒါပေမဲ့ နည်းပညာစနစ် မြင့်မားတဲ့သူတွေတောင် ဖြစ်လာခဲ့ရင် ဆိုးကျိုးတွေ အများကြီး တွေ့ကြုံရတာ
နည်းပညာမရှိ စနစ်တကျမဟုတ်ဘဲ နျူကလီယာကို ပိုင်ဆိုင်ထားမယ် ဆိုရင်တော့ မတွေးရဲစရာဘဲ

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတတွေအတွက်
ကျေးဇူးပါမမရေ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Shinlay said...

သူကြီး၊ လပြည့်ရိပ်၊ ကိုညီ၊ ကိကိ၊ ကျော်နှင်းဆီ၊ ချော၊
Angelhlaing လာဖတ်ပြီး ဆွေးနွေးပေးတာကျေးဇူးပါ
ရှင်။

ကောင်းမွန်ဝင်း said...

မရှင်လေးရေ

မင်္ဂလာပါ။
ဘလော့ဂ်မှာအမြဲလာ အားပေးသွားတာကျေးဇူးပါနော်။
ဂျာမဏီနဲ့ ဥရောပကအကြောင်းတွေ ဗဟုသုတရလိုက်တယ်။