Thursday 24 March 2011

ဂျာမနီမှ အမျိုးသမီးစောင့်ရှောက်တဲ့နေရာများ

ဂျာမနီမှာ Frauenhäuser ( women's shelter) လို့ ဆိုတဲ့ အမျိုးသမီးစောင့်ရှောက်တဲ့
နေရာတွေရှိပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဘာလင်၊ကိုလုံး၊ ဖရန့် ဖွတ်မြို့ တွေမှာစတင်
ဖွင့်လှစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဂျာမနီတနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့် ပြန့် 
ရှိနေကြပါပြီ။

ဂျာမနီမှာနေထိုင်နေတဲ့ အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ
မတရားနှိပ်စက်မှုခံနေရတယ်ဆိုရင် ဒီ အမျိုးသမီးစောင့်ရှောက်တဲ့နေရာတွေနဲ့ ဆက်
သွယ်လို့ ရပါတယ်။ သူတို့ မှာသားသမီးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မတရားနှိပ်
စက်မှုခံနေရတယ်ဆိုရင် အဲ့ဒီနေရာတွေမှာသွားရောက်ခိုလှုံလို့ ရပါတယ်။
လူမျိုး၊ဘာသာမရွေးသွားရောက်ခိုလှုံလို့ ရပါတယ်။

ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေဟာ အဲ့ဒီနေရာတွေကို ဖုန်းဆက်ပြီးဆက်သွယ်လို့ 
ရပါတယ်။ သူငယ်ချင်းများမှတဆင့်၊ ရဲစခန်းမှတဆင့်ဆက်သွယ်လို့ လည်းရပါတယ်။
မိမိနေတဲ့နေရာမှာ လူပြည့်နေရင်လည်းတခြားအနီးအနားမြို့ တွေမှာ စီစဉ်ပေးပါတယ်။

အဲ့ဒီအမျိုးသမီးစောင့်ရှောက်တဲ့နေရာတွေရဲ့ လိပ်စာနဲ့ အဲ့ဒီမှာနေထိုင်တဲ့အမျိုးသမီး
နဲ့ ကလေးတွေရဲ့ နာမည်တွေကိုလျှို့ ဝှက်ထားပါတယ်။

အဲ့ဒီကိုထွက်လာတော့မယ်ဆိုရင် အရေးကြီးတဲ့စာရွက်စာတမ်းတွေတော့ယူလာ
ရပါမယ်။ အမျိုးသမီးစောင့်ရှောက်တဲ့နေရာ မှာ မိမိလိုဘ၀တူ အမျိုးသမီးတွေ၊ ကလေးတွေ
ရှိပါတယ်။ မိမိတို့ မိသားစုအတွက်အခန်းတစ်ခန်းရပြီး မီးဖိုကိုတော့ မျှသုံးရပါတယ်။

ရောက်လာတဲ့အမျိုးသမီးတွေဟာမိမိတို့ လက်ရှိအလုပ်၊ ကျောင်းစတာတွေကို
ပုံမှန်အတိုင်းဆက်တက်လို့ ရပါတယ်။ တကယ်လို့ မိမိမှာဝင်ငွေမရှိရင် အစိုးရ
လူမှုရေးအထောက်အပံ့တောင်းပြီးနေလို့ ရပါတယ်။

မိမိရင်ဆိုင်ခဲ့ရတဲ့ အိမ်ထောင်ရေးပြသနာတွေကို ၀ိုင်းဝန်းဖြေရှင်းပေးဖို့  ကျွှမ်းကျင်တဲ့
အကြံပေးသူတွေ၊ မိမိတို့ တိုင်ပင်ပြောဆိုနိုင်မဲ့သူတွေရှိပါတယ်။
မိမိတို့ နေထိုင်တဲ့လိပ်စာကို ဘယ်သူ့ ကိုမှမပေးရပါဘူး၊ မိမိနေတဲ့နေရာကိုလည်းတခြားလူ
ခေါ်လာလို့ မရပါဘူး။ မိမိကတော့အပြင်ထွက်လည်လို့ ရပါတယ်။

မိမိတို့ ရဲ့ အနာဂတ်အသစ်ကိုရင်ဆိုင်ဖို့ အားမွေးရာနေရာလည်းဖြစ်ပါတယ်။
နောက်ပိုင်းမိမိခြေထောက်ပေါ်ရပ်တည်မယ်ဆိုရင်လည်း အစိုးရထောက်ပံ့တဲ့
အကူအညီနဲ့ အိမ်းခန်းလည်းငှားပေးပါတယ်။ အလုပ်အကိုင်ရှာရာမှာလည်းကူညီပေးပါတယ်။

ကျမမိတ်ဆွေတွေထဲမှာ ၃ ယောက်လောက် အဲ့ဒီနေရာတွေကိုရောက်ခဲ့ပါတယ်။
ဒီမှာလူမျိုးမတူ၊ယဉ်ကျေးမှု ဓလေ့မတူတဲ့အိမ်ထောင်ဖက်နဲ့ နေရတဲ့အခါမှာ နောက်ဆုံး
သည်းမခံနိုင်တဲ့ အတိုင်းအတာတခုရောက်လာရင် အားငယ်၊ စိတ်ဓါတ်ကျဖို့ မလိုပါဘူး။
တစ်ယောက်ကတော့ လူမျိုးတူဘာသာတူဖြစ်ပေမဲ့ နောက်ဆုံးသည်းမခံနိုင်တဲ့အခါ
အဲ့ဒီနေရာကိုပဲသွားခဲ့ပါတယ်။
အရေးကြုံလာရင် မိမိဘာလုပ်ရမယ်၊မိမိကိုဘယ်လိုအကာအကွယ်ပေးမှာတွေရှိတယ်
ဆိုတာသိထားဖို့ လိုပါတယ်။ မိမိဘ၀ကို အစကပြန်စနိုင်ဖို့  အစိုးရနဲ့ အဖွဲ့ အစည်းတွေက
ကူညီပံပိုးပေးနေပါတယ်။

Fraueninformationszentrum
Eichendorffstr. 66-68
68167 Mannheim
Tel.: 0621/379790
Fax: 0621/3393314
Email: fraueninformationszentrum@t-online.de

http://www.familienhandbuch.de/cmain/f_programme/a_angebote_und_hilfen/s_1184.html

5 comments:

Anonymous said...

သူငယ်ချင်းရဲ့သူငယ်ချင်းတယောက်တော့ ရောက်သွားတယ်လို့ သိရတယ်။

စူးနွယ်လေး

Anonymous said...

ကောင်းလိုက်တာနော်..။
သဘောကျတယ်..။



ပေါက်

Anonymous said...

အမရဲ့ပို့စ်လေးတွေအားလုံးက အရမ်းကို ဗဟုသုတရစေပြီး တန်ဖိုးရှိတယ်နော်..ကျေးဇူးပါအမရေ..

ကောင်းမွန်ဝင်း said...

ဒီမှာလည်းရှိတယ်။ ဒါပေမယ့် အစိုးရရဲ့ ငွေရေးကြေးရေးထောက်ပံ့မှုကတော့ ဂျာမဏီလောက်မရှိဘူးထင်ပါတယ်။ အခန်းငှားပေးတဲ့ အထိလုပ်ပေးတာလည်း မကြားဖူးပါဘူး။
အဲဒီဘက်က နည်းနည်း ပိုကောင်းသလိုပဲ။
မျှဝေတဲ့ ဗဟုသုတအတွက် ကျေးဇူးနော်။

ညီလင်းသစ် said...

ဒီလို စောင့်ရှောက်မှု ဌာနတွေအကြောင်း သိထားရတာ ကောင်းပါတယ်၊ မတရားမှုတွေကို ခေါင်းငုံ့ခံနေစရာ မလိုဘူးဆိုတဲ့ စိတ်ခွန်အားလည်း ရစေပါတယ်..။