Saturday 9 July 2011

ဒီတစ်ပတ်မှာ... ... ...

ဒီတစ်ပတ်တော့ ကိုသောမတ်စ် တရားစခန်းဝင်နေလို့  ကျမတစ်ယောက်
ထဲပေါ့။ သောကြာနေ့ အလုပ်အပြန်တာနဲ့  အာရှဆိုင်ပြေး စားချင်တာတွေ
ဝင်ဝယ်လာခဲ့တယ်။ အမဲပုဆိုးကြမ်းရတာနဲ့ ၊ အမဲနံရိုး၊ အမဲသားလုံးလုပ်ဖို့ 
အသားစင်းထားတာတွေဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ အချိန်ယူပြီး
အမဲသားစွပ်ပြုတ်အိုးကို ပြင်ဆင်ချက်ပြုတ်စားလိုက်တာ၊ ကောင်းလိုက်တာ။
ရန်ကုန်မှာ စားမယ်လို့ အားခဲထားတဲ့ အမဲအူပြုတ်ကို မစားခဲ့ရလို့  အတိုးချ
စားမလို့ လေ။ ရန်ကုန်ကဆိုင်လက်ရာကိုတော့ဘယ်မီပါ့မလဲ၊ ဟိုမှာက
အစုံပါတယ်။ အခုတော့ ရှိတာလေးနဲ့ ပဲ.......။

ညနေကြတော့ ကျမတို့ မြို့ မှာ Samba Night ဆိုပြီး ဘရာဇီးနိုင်ငံကအက
တွေ၊သီချင်းတွေနဲ့ ပွဲလုပ်တယ်။ ဆိုင်တွေဆိုရင်ည ၂၃နာရီ (ည၁၁နာရီ)
အထိဖွင့်တယ်လေ။ ကျမကတော့ ညနေ ၈နာရီလောက်သွားငေးလိုက်
သေးတယ်။ ဆိုင်တွေဖွင့်ထားတော့ ဟိုငေး၊ဒီငေးပေါ့။

ဒီနေ့  စနေနေ့ တော့ မနက်စာကို ပဲပလာတာနဲ့ ကော်ဖီစားပြီးဇိမ်ယူလိုက်ပါ
တယ်။ အမေ့ဆီဖုန်းဆက်၊အ၀တ်တွေလျှော်၊ အိမ်နဲနဲရှင်း၊ နောက်ကြောနာနေ
တာနဲ့  ကိကိလေးဘလော့ထဲကလေ့ကျင့်ခန်းလိုက်လုပ်၊ အလှပြင်ပြီး မြို့ 
ထဲသွား... ... ...။

ဝယ်စရာကလည်းသိပ်မရှိပါဘူး။ အမေ့အတွက်ရေမွှေးတစ်ပုလင်း၊ သူငယ်ချင်း
တယောက်အတွက် အားကစားလုပ်တဲ့ DVDတစ်ခွေ၊ ကျမငယ်ငယ်ကဓါတ်ပုံ
လေးထဲ့ဖို့ မှန်ဘောင်တစ်ခု၊ ချက်ပြုတ်ရင်းထွက်လာတဲ့အနံ့ တွေကို နှိမ်နင်း
ဖို့  စပရေးဘူးတစ်ဘူး၊ အလှပြင်ပစ္စည်းလေးတစ်ခု... ၀ယ်လာခဲ့ပါတယ်။

နေကလည်းအလွန်ပူပါတယ်။ နေပူရင်ထီးဆောင်းဖို့ သတိပေးလေ့ရှိတဲ့အမေ့
ကိုသတိရမိသေးတယ်။ ဒီကလူတွေက နေပူထဲမှာထီးမဆောင်းကြသလို၊ဆောင်းတဲ့
သူကိုလည်း ခပ်ကြောင်ကြောင်လို့ သဘောထားပြီးကြည့်ကြသေးတယ်။
လမ်းမှာ တရုတ်မလေးတစ်ယောက်တော့ထီးဆောင်းပြီးသွားနေတာတွေ့ ခဲ့တယ်။

အိမ်ပြန်ရောက်တော့ ဆန်ခေါက်ဆွဲသုပ်နဲ့ အမဲစွပ်ပြုတ်လက်ကျန်ရှင်းလိုက်ပါတယ်။
အချိုပွဲကတော့ အုန်းနို့ သာကူပါ။ စားသောက်ပြီး အင်တာနက်ဝင်၊ဟိုကြည့်ဒီကြည့်၊
ပြီတော့အိပ်လိုက်တာ... တစ်နာရီလောက်ကြာတယ်။ အိမ်မက်ထဲမှာ ရန်ကုန်ရောက်
နေသေးတယ်။ ပြောင်းဖူးပြုတ်ဝယ်ထားတာရှိနေလို့  စားလိုက်တယ်။ လတ်လတ် ဆပ်ဆပ်ပြုတ်ထားတာမဟုတ်ပေမဲ့ စားလို့ ဖြစ်ပါတယ်။
(မနက်ဖြန်တော့ ၀မ်းနှုတ်ဆေးသောက်ရမယ်ထင်တယ်။)
ဒီညနေ တော့ သူငယ်ချင်းဆီဖုန်းဆက်ပြီး တစ်ပတ်စာရင်ဖွင့်လိုက်အုံးမယ်။
သီချင်းနားထောင်မယ်။....

မနက်ဖြန်တော့ မီးပူတိုက်၊ အိမ်သန့် ရှင်းရေးလူသန့် ရှင်းရေးလုပ်ရင်း အချိန်ကုန်
မယ်ထင်ပါတယ်။

တခါတလေ တယောက်ထဲနေရတာ ကောင်းသားပဲနော်။ လုပ်ချင်တာတွေကို၊
လုပ်ချင်တဲ့အချိန်မှာလုပ်လို့ ရတာကိုတော့ သဘောကျမိသား။
ရက်ကြာလာရင်တော့... ... ... မပြောတတ်ပါ။

13 comments:

Anonymous said...

ပျော်စရာကြီးဘဲ.စားစရာစုံလင်စွာနဲ့ 
တယာက်ထဲနေတာကြာတော့.
ကျမတယောက်ထဲကိုယ့်ဖာသာကိုယ်
စကားပြောနေတတ်တဲ့အကျင့်ရလာတယ်.
စာမရးအသံမပေးပေမဲ့
စိတ်ထဲကအမြဲရောက်နေပါတယ်နော်
ရွှာသူကြီး

Anonymous said...

တခါတလေ
တယောက်တည်းနေရတာ
ကောင်းတယ်၊
ကြာလာတဲ့အခါကျတော့
နှစ်ယောက်ရှိနေကျဆိုတော့
မနေတတ်တော့ပြန်ဘူး။

Myanmar Good Knowledg Co., Ltd said...

တစ်ယောက်တည်း ရဲ့ လွတ်လပ်မှုကို အားကျသွားတယ် ။ တခါတလေတော့ ဒီလိုမျိုးလိုအပ်တယ်နော်။

နေပူတာဘယ်လောက်အပူချိန်မို့ ထီး မဆောင်းကြတာလဲဟင်။ ဒီမှာတော့ နေဆောင်းထီး က အခုလိုရာသီမှာ အရောင်းအသွက်ဆုံးပစ္စည်းပဲ။

Shinlay said...

ရွာသူကြီးရေ.. ကျမလည်းသတိရနေပါတယ်။
ဟုတ်တယ် ညီမ အပြုံးပန်း...ကြာလာတော့ ဟာတာတာကြီး။
ကောင်းမွန်ဝင်း => တခါတလေ ဒါမျိုးလိုအပ်တယ်လို ကျမလည်းထင်ပါတယ်။။။ ဒီကထီးကိုမိုးရွာရင်သာသုံး
ကြတာ။ နေရောင်ကရှားရှားပါးပါးရလို့ ထင်တာပဲ။
ကျမတို့ ကနေရိပ်ကိုကြိုက်တယ်။ သူတို့ က နေပူထဲ
မှာနေလှန်းကြတယ်။

မအိမ်သူ said...

အနောက်နိုင်ငံသားတွေက နေရောင်ကြိုက်ကြတယ်ထင်တယ်နော်။ ဘယ်တော့မှ ထီးမဆောင်းကြဘူး။ တခါတလေ တစ်ယောက်ထဲနေရတဲ့ ဖီလင် သိပ်ကောင်းတာ :)
နှစ်ယောက်ထဲထက်ကို မိသားစု ကလေးရှိရင် ပိုသိသာတယ်။

Evy said...

ဟုတ်တယ် အစ်မရေ။ တစ်ခါတစ်လေတော့ တစ်ယောက်ထည်းနေရတာ ကောင်းတယ်။ အိမ်မှာတော့ တစ်ယောက်ထည်း ဖြစ်တဲ့နေ့တွေဆိုရင် ထမင်းဟင်းတောင် မချက်တော့ဘူး။ ဖြစ်သလိုပဲ။

Shinlay said...

မအိမ်သူ၊ Evy အနားယူနေတာလေ။ တရက်၊နှစ်ရက်တော့ ကျန်သေးတယ်။

ကျော်နှင်းဆီလွင် said...

မရေ
အများကြီးစားပစ်တာပဲနော်
ညီမလည်းအဲလိုပဲ
အိမ်ထောင်သက်ရင့်လာလေ သူမရှိတဲ့ရက်တွေ နားအေးပါးအေးနေတတ်လာလေပေါ့ လုပ်ချင်ရာလုပ် ပြောမဲ့သူမရှိ ညှိနှိုင်းစရာမလိုပေါ့ :D

Shinlay said...

Kyaw Hnin Se Lwin: ဟုတ်တယ်နော်။ ညှိနှိုင်းစရာမလိုပေါ့ ...Thanks

အိမ်မက်စေရာ said...

မရေ လာလည်တယ် ဟိုနေ့က မဖောနဲ့ စကားပြောတော့ မရှင်လေးနဲ့ သိလားမေးတယ်... မက ဘယ်မြို့မှာလဲ မသိဘူးနော်... မ ဘလော့ ကို add ထားတာ kochrezepte ကို add မိလို့ ခုမှပဲ အသစ်ပြန်add ထားတယ်.. ညီမ က frankfurt ကပါ..ခင်ချင်ပါတယ်...

Shinlay said...

အိမ်မက်စေရာ= ညီမရေ ကျမက Freiburg နားမှာ
နေပါတယ်။ ကြုံရင်လာလည်လေ။ နွေဘက်ဆိုတော့ခရီး
သွားရတာအဆင်ပြေပါတယ်။

ညီလင်းသစ် said...

တစ်ယောက်တည်း တနေ့တာ အစီအစဉ်တွေ ဖတ်ရတာ တကယ့်ကို စိတ်လွတ်ကိုယ်လွတ်ပဲ..၊ အားကျလိုက်တာ..၊း) တစ်ယောက်ထဲပေမယ့် အချိုပွဲတွေ ဘာတွေ စားနေတာ တွေ့လို့ သဘောကျ သွားတယ်၊ ကျနော်က ကိုယ့်တစ်ယောက်တည်းသာ စားဖို့ဆိုရင် အချိုပွဲကို တခါမှ မလုပ်ဖြစ်ဘူးဗျ...။း)

Shinlay said...

ကိုညီရေ...တစ်ယောက်လည်းဆိုအချိန်ပိုရတာနဲ့  စိတ်ကြိုက်လုပ်ဖြစ်တာပါ။