Monday 11 July 2011

ကျေးဇူးပါ ...Kyaw Hnin Se Lwin

တကယ်တော့ .Kyaw Hnin Se Lwin ရေးထားတဲ့ ဂျပန်စတိုင်ကြက်ဥကြော်နည်း
အကြောင်းဖတ်ပြီး ကတည်းကရောဂါထနေတာပါ။ အိမ်မှာရှိတဲ့ ဒယ်အိုးအ၀ိုင်းနဲ့ 
လုပ်ကြည့်ပေမဲ့ ဒီ Tamagoyaki ဒယ်အိုးကို လိုက်ရှာနေတာ။ အင်တာနက်မှာ
ဈေးတွေကလည်းကြီးတာနဲ့  မ၀ယ်ဖြစ်ခဲ့တာ။ ဒီနေ့ အလုပ်မှာ စကားစပ်မိရာက
ရောဂါပြန်ထလာတာနဲ့  အာရှဆိုင်တစ်ဆိုင်ကို အပြေးသွားရှာတော့ တွေ့ ပါပြီ
Tamagoyaki ဒယ်အိုး။ ၁၆ ယူရို ၉၆ ဆင့် ပါ။ အိုးက သေးသေးပါပဲ။ ကြက်ဥ ၂လုံးစာ
လောက်ပဲရပါတယ်။ အိမ်အပြန်လမ်းမှာ ဒယ်အိုးတကိုင်ကိုင်နဲ့ ပျော်ရွှင်စွာပြန်လာ
ခဲ့ပါတယ်။
ဒီမှာဒယ်အိုးသားလေးပါ။
လက်စွမ်းပြလိုက်တာ နဲနဲ ညိုသွားသလားလို့ ....

စားတော့မယ် အဆင်သင်ပဲ။
လုပ်ကြည့်ချင်တာလုပ်ကြည့်ရလို့ ပျော်နေပါတယ်။ စားလို့ လည်းကောင်းပါတယ်။
ကျေးဇူးအထူးတင်ပါတယ် Kyaw Hnin Se Lwin ရှင့်.....

13 comments:

ကောင်းမွန်ဝင်း said...

အိုး ။ အိုးကိုပြောတာဟုတ်ဘူးနော်။

(အံ့သြပြီးထွက်တဲ့ အသံ ပါ)
မညိုဘူး။ ကောင်းတယ် ရှယ်ပါ။

ရှင်လေးက စားနေကျလား လုပ်ထားတာ တော်တ်ေသပ်ရပ် အဆင်ပြေတယ်နော်။

ကျော်နှင်းဆီလွင် မြင်ရင်လည်း အံ့သြသွားမယ် ထင်တယ်။

တကယ့် ဂျပန် စံချိန်မီပါ။
အိနေတာပဲ။

Shinlay said...

ကျေးဇူးပါပဲ...ကောင်းမွန်ဝင်... အားရှိသွားပြီ.... ကိုသောမတ်စ်တော့ အခုတလောကြက်ဥကြော်ပဲ စားရတော့မယ် ထင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စရာလေး
လက်တည့်စမ်းကြည့်ချင်လာတယ်

Unknown said...

မရှင်လေး
ပထမဆုံးစလုပ်တာလား။ ဟင်းချက်ကျွမ်းတဲ.သူမို.လို. ထင်တယ်။ လုပ်ထားတာ မိုက်တယ်အစ်မ။ မကောင်းမွန်ပြောသလို ဂျပန်စံချိန်မီပဲ။ ကျော်တော.ဝမ်းသာသွားမှာ ။

Kyaw Hnin Se Lwin said...

မရှင်လေးရေ
မမွန်နဲ့မွန်စံပြောသလိုပဲ အံ့သြသွားတယ်
ဘာလို့လည်းဆိုတော့မရှင်လေးလုပ်ထားတာညီမထက်တော်နေလို့..
ကိုသောမတ်စ်တော့သနားပါတယ်..
:D

Shinlay said...

:)

Shinlay said...

ချော...လုပ်ကြည့်ပျော်စရာကောင်းတယ်။
မွန် နဲ့ ကျော်.... ကျေးဇူးပါရှင်။

ဇွန်မိုးစက် said...

အစ်မရေ...ညီမလည်း ဟိုးအရင်အဆောင်မှာနေတုန်းက တစ်ခါစမ်းကြည့်ဖူးတယ်။ ဂျပန်စတိုင်ပေမယ့် အိုးလေးထောင့်မရတာနဲ့ အိုးအ၀ိုင်းနဲ့ပဲ ကြော်လိုက်ရတာ မှတ်မိတယ်။ သကြားနဲ့ဆိုတော့ အချိုဓာတ်လေးနဲ့ ကြက်ဥကြော်တော့ စားလိုက်ရတယ်။

အစ်မရှင်လေးက ဘာဟင်းချက်ချက် လက်ဖြစ်တယ်နော်။း)

ညီလင်းသစ် said...

ကြက်ဥက စားချင်စရာလေး...၊ မ,ရှင်လေး က 'ရောဂါထတယ်' လို့ ရေးထားတော့ သဘောကျသွားတယ်၊ ဒီလို ရောဂါမျိုးက မကုဘဲ ထားသင့်တဲ့ ရောဂါပါ၊ အနားမှာ ရှိတဲ့လူတွေအတွက် ဝမ်းရေးလွယ်စေ လို့လေ....။း)

Shinlay said...

ဟုတ်တယ်ဇွန် တခါတလေ အပြောင်းနလဲပေါ့။ ကြက်ဥကြော်ကိုအ၀ိုင်းပဲပြင်တာကြာတော့ လေးထောင့်လေးဆို အမျင်ဆန်းပြီး အရသာပိုလာသလားလို့ ။
ကိုညီရေ ဒီရောဂါက အကောင်းသား။ ကိုယ်ရော၊ အနား ကသူပါ ဗိုက်ပြည့်တယ်နော်။

မအိမ်သူ said...

ဟယ်.. စားချင်လိုက်တာ ကောင်းမဲ့ပုံလေး အဲဒီလိုမကြော်တတ်သေးဘူး။ မရှင်လေးနဲ့အတူ လိုက်ပြီးရောဂါထအုံးမှဘဲ။ ဒယ်အိုးကတော့ လေးထောင့်မရှိလို့ အ၀ိုင်းနဲ့ဘဲ အရင်စမ်းသပ်ကြည့်လိုက်တော့မယ်။ ခလေးကို အဲဒါမျိုးလေးကြော်ပြီး ဘရိတ်ဖတ်စ်ကြွေးရင် ကြိုက်မှာသေချာတယ်။ ကျေးဇူးမရှင်လေးရေ့ .. :)

လသာည said...

မရှင်လေး.. ကြက်ဥကြော် တကယ်ကောင်းမယ့်ပုံနော..။ တကယ်တော်တယ်။ တကယ်ချီးကျူးတယ်..
လသာညတော့ ဂျပန်မှာ ၄ နှစ်ကြာတာတောင် အဲလိုကြက်ဥမကြော်တတ်ခဲ့ဘူးး))

Iora said...

ကိုယ်လည်းကျော်နှင်းဆီလွင်စာဖတ်ပြီး ဂျပန်တွေလုပ်တာပါအွန်လိုင်းမှာလိုက်ကြည့်လိုက်သေးတယ်။ ပြီးတော့ဒယ်ပြားဝယ်ဘို့ ဂျပန်ဆိုင်မှာကြည့်သေးတယ်။ နောက်တော့ တခြားဟာတွေလျှောက်ဝယ်၊ လျှောက်ကြည့်ရင်းနဲ့ မ၀ယ်
ဖြစ်ခဲ့ဘူး။ သိတယ်မှုတ်လား။ စမ်းသပ်ချင်နေတာ။