Sunday 31 January 2010

ကျမ နဲ့  အိန္ဒိယ အစားအစာ

မြန်မာပြည်မှာတုန်ကတော့ အိန္ဒိယ အစားအစာတွေနဲ့ သိပ်ရင်းနှီးမှု မရှိခဲ့ပါဘူး။

အိမ်ရှင်မဖြစ်လာတော့ သူကြိုက်တတ်တာလေးတွေပါ ကြိုးစားချက်ရတာပေါ့။

Thomas က အိန္ဒိယ မှာတော်တော်ကြာကြာနေဖူးတော့ အိန္ဒိယ အစားအစာဆို

သိပ်ကြိုက်တယ်။ ကျမကအိန္ဒိယ အစားအစာဆိုတာ ဆိုင်မှာသာဝယ်စားဖူးတာ။

မဆလာနံ့ ကိုသိပ်မကြိုကိလှဘူး။ ဒီရောက်တော့ ၀ယ်စားလို့ မရတော့ကိုယ်တိုင်

ပဲလက်စွမ်းပြရတယ်။


ပူရီ၊ ချာပါတီ၊ ပလာတာ၊ဆမူဆာ၊ ဒန်ပေါက် စတာတွေကြိုးစားသင်ရတယ်။

ဟင်းချက်တာကတော့ ခပ်မြန်မြန်ဖြစ်သွားပေမဲ့၊ ပူရီ၊ ချာပါတီ၊ ပလာတာ

စတာတွေကတော့ တော်တော်ကျင့်ယူရတယ်။ ခက်တာက ကျမကို

လက်တွေပြပေးမယ့်သူ မရှိတာပဲ။ တခါလောက်မြင်လိုက်ရင်တော့ လိုက်လုပ်

ကြည့်ရင် အဆင်ပြေတာများပါတယ်။ ကျမက ဟင်းချက်နည်းစာအုပ်တွေမှာ

ရေးထားတဲ့  အတိုင်း မှန်းလုပ်နေရတာ။


Chai လို့ ခေါ်တဲ့ အိန္ဒိယ လက်ဖက်ရည်။ မဆလာနံ့ ထွက်နေတဲ့ လက်ဖက်ရည်

ကို ကျမ မကြိုက်ပေမဲ့ သူ့ အတွက်ကြိုးစားလုပ်ပေးပါတယ်။ ဒီမှာတော့ Black Tea

ကိုနှပ်ပြီး ရောထားတဲ့ အမွှေးအကြိုင်တွေနဲ့ ထပ်ပြီးနှပ်တာပါ။ အိန္ဒိယ ရောက်တော့

သောက်ကြည့်တယ်။ ကျမ ဖျော်တာလောက် အနံ့ မပြင်းဘူး။ ပိုကောင်းတယ်။

အိန္ဒိယ ကနေ Chai Tea အတွက် Mastea ဆိုတဲ့ ရောပြီးသားဝယ်လာတယ်။

လက်ဖက်ခြောက်၊ ဖာလာစေ့၊ ဂျင်း၊ ငရုပ်ကောင်း၊ လေးညှင်း တွေရောထားတာ။

ကျမတော့ မကြိုက်ဘူး။


တလောက အိန္ဒိယ ကိုရောက်တော့ သူတို့ လုပ်တဲ့ နည်းလေးတွေ ကြည့်ထား၊

မှတ်ထားရတယ်။ အရသာကိုလည်း မြည်းစမ်းကြည့်ခဲ့တယ်။ မနေ့ ကတော့

Youtube ကပေလာတာလုပ်နည်းလေးတွေ တွေ့ တာနဲ့  ပလာတာလုပ်ဖြစ်တယ်။

မနက်စာ ကို ပလာတာ (အထပ် ၁၀၀) စမ်းလုပ်တယ်။ တစ်ခုထဲပါ။

ကျမက ဆီထဲ့တာနည်းသွားတယ်။ နောက်တခါမှ ကြက်သားပလာတာလုပ်စား

တော့မယ်။



နေ့ လည်စာကိုတော့ အာလူးပလာတာလုပ်တယ်။

အာလူးအစာထဲမှာအစပ်နဲ့ ၊ ဆားနဲနဲပေါ့သွားတယ်။

ဒိန်ချဉ်နဲ့ ဆိုပိုကောင်းတယ်။ အိမ်မှာ ဒန်ချဉ်ဝယ်ထား

တာမရှိလို့ ၊ ပဲဟင်းနဲ့ ပဲစားလိုက်ရတယ်။

နောက်တခါ ပိုကောင်းမှာပါ။

ပူရီလုပ်နည်းတော့ဒီမှာကြည့်လို့ ရပါတယ်။





Thursday 28 January 2010

ထမနဲ ထိုးဖြစ်တယ်။



မနက်ဖြန် တပို့ တွဲလပြည့်နေ့ ။ မနက်ဆွမ်းကပ်ရအောင် ထမနဲ ထိုးဖြစ်ပါတယ်။
ငယ်ငယ်တုန်းက ဒီရာသီရောက်ရင် သူငယ်ချင်း juniorwin ခြံထဲမှာ ထမနဲပွဲလုပ်လေ့
ရှိတယ်။ အဲ့ဒီအချိန်ကစပြီး တပို့ တွဲလနဲ့  ထမနဲပွဲကို ရင်းနှီးလာခဲ့ရတာပါ။
့ မေမေကြီး ဒေါ်ခင်မျိုးချစ် ရေးထားတဲ့ ထမနဲပွဲ အကြောင်းလေး ကိုဒီမှာဖတ်ကြည့် လို့ 
ရပါတယ်။
ရန်ကုန်မှာတုန်းကတော့ အိမ်မှာ တခါမှ ထမနဲ မထိုးဖြစ်ပါဘူး။ ခပ်လွယ်လွယ်
ဝယ်စားလိုက်တာပါပဲလေ။ ဒီရောက်တော့မှ ကိုယ်တိုင်လုပ်ရတော့တာ။
ဒီနေ့ တော့ တစ်ယောက်ထဲပဲ။ အဖေါ်မပါ၊ အတီးအမှုတ်မပါတဲ့ ထမနဲပွဲ လေးကို
ကျမတစ်ယောက်ထဲကျင်းပလိုက်ပါတယ်။ လက်တွေတောင်နာနေပြီ။
မနက်ဖြန်တော့ အာရုံဆွမ်းကပ်ပြီ။ မြန်မာမိတ်ဆွေ တစ်ယောက်အိမ် ဝေလိုက်အုံးမယ်။

Saturday 23 January 2010

အခုတလော

အခုတလော အေးကလည်းအေး နဲ့ နေရထိုင်ရတာသိပ်မပျော်ဘူး။
ဒီနှစ်ဆန်းကစပြီး အလုပ်သွားရင်စီနေကြ ရထားက (၁၀)မိနစ် နောက်ကျ
မှ လာတော့တယ်။ အလုပ်ချိန်နဲ့ အဆင်မပြေတော့ဘူး။ ဒီတော့ အရင်က
ထွက်နေကျ အချိန်ထက်(၄၅)မိနစ် ကြိုထွက်ရတယ်။ အလုပ်ရောက်တော့
(၁)နာရီလောက် စောနေပြန်ရော။

ရထားတွေက အခုတလော နောက်ကျတတ်ပြန်တယ်။ မနက်စောစော
အေးကလည်းအေးနဲ့ ဘူတာမှာ နောက်ကျတဲ့ ရထားကိုမျှော်ရတာ
မလုပ်ချင်ဆုံးပဲ။

အလုပ်ကိုစောစောသွားရတော့ မှောင်မှောင်မဲမဲကြီး။ မနက်(၇)နာရီ ဆိုပေမဲ့
မှောင်နေတုန်း။ လမ်းပေါ်မှာ ကိုယ့်လို အလုပ်သွားတဲ့သူတစ်ယောက်နှစ်ယောက်
ကလွဲလို ဘယ်သူမှမရှိဘူး။

ဝတ်ရတာက ကြက်သွန်ဥလို တစ်လွှာပြီးတစ်လွှာ အထပ်ထပ်။ ရှိတဲ့ ဂျာကင် (၂)
ထည်နဲ့ ဂျင်းဘောင်းဘီပဲ အမြဲတမ်းမြင်နေရတော့ စိတ်ညစ်လာပြီ။
ပေါ့ပေါ့ပါးပါး၊ လှလှပပလေးဝတ်ပြီး လျှောက်သွားချင်တယ်။ လက်အိပ်တွေ၊
ခေါင်းစွပ်တော့၊ လည်စည်းတွေ လွှတ်ပစ်ချင်ပြီ။

အိမ်ပြန်ရောက်တော့လည်း လူကထိုင်းထိုင်းမှိုင်းမှိုင်း၊ ပြတင်းပေါက်ကလှမ်း
ကြည့်တော့လည်း နေရောင်မရှိ မှိုင်းတိုင်းတိုင်း။ ဟင်းချက်ချင်စိတ်လည်း
မရှိ။ ဈေးပြန်ထွက်ဝယ်ချင်စိတ်လည်းမရှိ။

တော်ပါသေးရဲ့  အခုတလော စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး အလုပ်
များနေလို့ ။ လိုတာတွေရှာလိုက်၊ ဖုန်းတွေဆက်လိုက၊် မျှော်လင့်ချက်တွေနဲ့ 
တွေးပြီးပျော်လိုက် နဲ့ အချိန်ကုန်သွားတယ်။

ဆောင်းတွင်းကုန်ပြီး နေရောင်နွေးနွေးလေးကို တော့တောင်းတမိတယ်။

Tuesday 19 January 2010

တရားစခန်း ရှိပါတယ်။


ဆရာကြီးဦးဘခင် International Meditation Center(ဆွစ်ဇာလန်)
ကစီစဉ်တဲ့ တရားစခန်းပါ။ ၁.၀၄.၂၀၁၀ ကနေ ၁၁.၀၄.၂၀၁၀ အထိပါ။
IMC (UK) မှာတော့ အင်္ဂလိပ်လိုဖတ်ကြည့်လို့ ရပါတယ်။

Wednesday 13 January 2010

ဗုဒ္ဓဂါယာ ခရီး (၄)

ကျေးဇူးတင်ရှိခြင်း
Thomas အတွက် ရန်ကုန်မှ သင်္ကန်း၊ဖိနပ်များပို့ ပေးကြတဲ့
စုစု၊ မစန္ဒာ၊ မရင်ရင်မြင့်၊ မရင်နွဲ့ ၊ နီနီ၊ နွယ်နွယ်၊
မတိုး တို့ အားအထူးကျေးဇူးတင်ပါတယ်။






အစစအရာရာ အဆင်ပြေအောင်စီစဉ်ပေးကြသောဗုဒ္ဓဂါယာ မြန်မာကျောင်းမှ
ဆရာတော်နှင့် သံဃာများအားအထူးကျေးဇူးတင်ပါတယ်။










အန်တီအေး၊မမသီတာ၊မမမာလာ တို့ အားလည်းကောင်း၊ ဟင်းကောင်းများချက်ကျွေးသော
စားဖိုးမှုးများအားလည်းကောင်း ၊ ခရီးစဉ်အတွက် ကူညီပေးသော ကိုဂျွန်ထွန်းစိန်အား
လည်းကောင်း အထူးကျေးဇူးတင်ပါတယ်။

ဗုဒ္ဓဂါယာ ခရီး (၃)

ကျမ ဗုဒ္ဓဂါယာ မှာစားဖြစ်ခဲ့တာတချို့ ပါ။










































































ဒါတွေကတော့ ဘန်ကောက်မှာစားခဲ့တာပါ။


ဗုဒ္ဓဂါယာ ခရီး (၂)


India မှာ ဗုဒ္ဓဂါယာအပြင် ဗာရာဏသီ၊ ရာဇဂြိုဟ်၊
ကုသိနာရုံ၊မိဂဒါဝုန်၊ နီပေါမှာရှိတဲ့ လုမ္ပိနီ စတဲ့နေရာ
တွေကိုသွားလေ့လာလို့ ရပါတယ်။ အဲ့ဒီနေရာတွေကတော့
ကျမတို ငယ်ငယ်ကတည်းက ပုံပြင်တွေထဲ၊ စာတွေထဲမှာ
ကြားဘူးနေကြနေရာတွေပါ။ ကျမတို့ ကတော့
အချိန်ကလည်းနဲ၊ Thomas ကလည်းဘုန်းကြီးဝတ်
ဆိုတော့ ဗုဒ္ဓဂါယာမှာပဲနေလိုက်ပါတယ်။ တခြားနေရာတွေကိုသွားလည်ချင်ရင်တော့
ဘုန်းကြီးကျောင်းမှာရှိတဲ့ မြန်မာဘုရားဖူးအဖွဲ့ ကိုယ်စာလှယ်တွေနဲ့ ဆက်သွယ်စီစဉ်လို့ 
ရပါတယ်။
ဗုဒ္ဓဂါယာမှာတော့ မြန်မာကျောင်း(ဟောင်း)မှာတည်းပါတယ်။ အခုဆို မြန်မာပြည်က ကျောင်း
(၅)ကျောင်းတောင်ရှိနေပြီ။ မြန်မာကျောင်း(ဟောင်း)မှာ ဆရာတော်နဲ့ သံဃာ (၁၀)ပါးခန့် ရှိ
ပါတယ်။ ကျောင်းဝင်းထဲမှာ တည်းခိုဆောင်တွေရှိပါတယ်။ကုတင်၊ ဂွမ်းကပ်၊ စောင်၊ခြင်တောင်
တို့ ပေးထားပါတယ်။ ကျမတို့ ကမသိတော့ ဒီကနေသယ်သွားရတော့ သယ်ရတာ
လေးတာပေါ့။ရေချိုးခန်း၊ အိမ်သာတွေကလည်းသန့် ရှင်တယ်။ သောက်ရေသန့် 
စက်လည်းရှိတော့သောက်ရေအတွက်လည်းမပူရပါဘူး။ တည်းခိုရတာ အလွန်အဆင်
်ပြေပါတယ်။
လိုရမယ်ရ လက်နှိပ်ဓါတ်မီးလေးဆောင်သွားနော်။ မီးပျက်တတ်တယ်။ ခဏပါပဲ။
ဗုဒ္ဓဂါယာမှာ အောက်တိုဘာလကနေ၊ မတ်လလောက်အထိ ဘုရားဖူးတွေလာကြပါတယ်။
ကျမတို့ သွားတဲ့ ဒီဇင်ဘာလကုန်ခါနီးမှာတော့ တော်တော်
လေးအေးပါတယ်။ခန့် မှန်းချေ (10°C)လောက်ရှိမယ်။
မနက်အစောပိုင်းနဲ့  ညပိုင်းတွေဆို တော်တော်လေး
အေးပါတယ်။
ကျမတို့ ရောက်နေတဲ့အချိန်မှာ တိဘက် မဟာယန
အဖွဲ့ တွေရဲ့ ပူဇော်ပွဲရှိတော့ ဘုရားဖူးရတာ တိတ်တိတ်ဆိတ်ဆိတ်မရှိဘူး။ လူတွေလည်း
အလွန်များပါတယ်။ ထေရ၀ါဒပူဇော်ပွဲ (ဒီမှာကြည့်ပါ။) အချိန်လည်းရှိပါတယ်။
နောင်နှစ်တော့ ၄.၁၂.၁၀ ကနေ ၁၄.၁၂.၁၀ အထိကျင်းပမှာပါ။

ကျမတို့ ရှိနေချိန်မှာ မြန်မာပြည်ကလာတဲ့ ဘုရားဖူးအဖွဲ့ တွေနဲ့ လည်းကြုံခဲ့ရပါသေးတယ်။
တခြားနိုင်ငံမှာ ဒီလောက်များတဲ့မြန်မာတွေကိုတွေ့ ရတော့ ကျမတော့သိပ်ပျော်တာပဲ။
ဒီမှာကမြန်မာနဲတယ်လေ။ ရက်ရှည်လာပြီးဘုရားဖူးကြတယ် မိတ်ဆွေ ၃ယောက်နဲ့ 
ရင်းရင်းနှီးနှီးခင်မင်ခဲ့ရတယ်။ အဖေါ်ငတ်နေတဲ့ကျမအတွက်တော့ ပျော်စရာပေါ့။

မြန်မာပြည်ကလာတဲ့ ဘုရားဖူးအဖွဲ့ တွေရှိရင် ကျောင်းဝန်းထဲမှာ ဈေးဆိုင်လေးတွေ
လာဖွင့်ပြီ လက်ဆောင်ပစ္စည်းလေးတွေလာရောင်းကြတယ်။ တချို့ ကမြန်မာလိုတောင်
်ပြောနိုင်တယ်။ ရောင်းတဲ့ပစ္စည်းတွေကတော့ ခြုံစောင်တွေ၊
ဘုရားဆင်းတုတွေ၊ဘုရားပုံတော်တွေ၊ လက်ဝတ်လက်စား
အလှအပတွေပေါ့။ အဲ့ဒီလူတွေထဲမှာဒေါ်မာယာလည်း
အပါအ၀င်ပေါ့။ သူကသာယာဝတီသူဆိုပဲ။ မြန်မာလို
ကောင်းကောင်းပြောတတ်တယ်။ လက်ဆောင်တွေလည်း
ပေးတတ်တယ်။ မုန့် လည်းကျွေးတယ်။

ဘုရားဘေးမှာတော့ ဘုရားဈေးက အကြီးကြီးပဲ။ လူတွေလည်း
အများကြီးပဲ။ ပျော်စရာကြီး။ ဈေးသည်တွေကတော့ အိန္ဒိယလူမျိုး
တွေ၊ တိဘက်လူမျိုးတွေ စုံလို့ ပဲ။ မြန်မာဆိုင်တောင်တွေ့ 
သေးတယ်။မြန်မာပြည်ကဘုရားပွဲဈေးလိုပဲ။










်ပစ္စည်းတွေကတော့အစုံပါပဲ။ ကျောက်ပုတီးတွေ၊ အ၀တ်အထည်တွေများပါတယ်။
ဈေးတော့တော်တော်လေးခွာဆစ်ရပါတယ်။
အဲ့ဒီမှာ အ၀တ်အထည်တွေရောင်းတဲ့ ဆိုင်ကြီးတွေလည်းရှိတယ်။ ချည်ထည်လေးတွေ
ဈေးတန်သလို ကောင်းလည်းကောင်းပါတယ်။
ဘုရားပန်းတွေ၊ အမွှေးတိုင်တွေလည်းပူဇော်ဖို့ ရောင်းပါတယ်။ ဘုရားမီးပူဇော်ဖို့ ၊
အမွှေးတိုင်ပူဇော်ဖို့ သီးသန့် နေရာရှိပါတယ်။










ပိုက်ဆံလဲတာတော့ ကျမတို့ က ဂျာမနီမှာတချို့ လဲခဲ့ပါတယ်။ ဂါယာလေဆိပ်မှာ
လဲလို့ ရပေမဲ့ ဈေးအလွန်နဲပါတယ်။ ဟိုတယ်မှာလည်းလဲလို့ ရပါတယ်။
ဘုရားနားမှာလည်း ငွေလဲကောင်တာရှိပါတယ်။

အစားသောက်ကတော့ ကျမတို့ ဘုန်းကြီးကျောင်း
မှာပဲစားကြပါတယ်။မနက် (၆)နာရီဆို မနက်စာစားရပြီး၊
(၁၁)နာရီမှာနေ့ လည်စာ၊ညနေ (၆)နာရီမှာ
ညစာစားရပါတယ်။ ဘုန်းကြီးကျောင်းမှာ စားဖိုမှုးကြီး
နှစ်ယောက်ရှိပါတယ်။
ကျမလည်း မီးဖိုထဲမှာလုပ်အားပေးခဲ့သေးတယ်။ စားချင်နေတဲ့၊ မစားရတာကြာတဲ့အစားအစာတွေတ၀ကြီးစားခဲ့ပါတယ်။
ကျမစားခဲ့တာလေးတွေနောက်Post မှပဲတင်ပေးတော့မယ်နော်။

Wednesday 6 January 2010

ဗုဒ္ဓဂါယာ ခရီး (၁)

၂၅.၁၂.၀၉မှာကျမတို့ Frankfutrt လေဆိပ်ကနေ India နိုင်ငံ Gaya မြို့ သို့ 

ခရီထွက်ခဲ့ပါတယ်။ ၂၆.၁၂.၀၉ ဒေသစံတော်ချိန် ၄ နာရီ ခွဲလောက်မှာ

Gaya မြို့ ကိုရောက်ပါတယ်။


လေဆိပ်ကခပ်သေးသေးပါပဲ။ Gaya မြို့ ဟာ

ရှေးခေတ်က မာဂတိုင်း၊ ယခုခေတ် Bihar

ပြည်နယ်ရဲ့ မြို့ တော်ဖြစ်ပါတယ်။









လာကြိုတဲ့ကားနဲ့ အိပ်မဲ့ ဟိုတယ်ကိုသွားကြပါတယ်။ လေဆိပ်ကထွက်ရင်ပဲ

မြင်ရတဲ့ ရှုခင်းတွေကမြန်မာပြည် အညာဒေသကိုရောက်သွားသလို ခံစားရပါတယ်။

လမ်းဘေး တဘက်တချက်မှာ ထန်းပင်တွေ၊စိုက်ကွင်းတွေ၊ နွားတွေ တွေ့ ရတယ်။

လမ်းပေါ်မှာတော့ ကားတွေက ဟိုမောင်းဒီမောင်း၊ဟွန်းတွေကလည်း တကြီကြီ၊

တကြမ္ကြမ္နဲ ့။ လမ်းပြပုလိပ်က ပြချင်ရာပြ၊ မောင်းတဲ့

သူကမောင်းချင်ရာမောင်း၊ဖုန်တွေကလည်း တထောင်းထောင်းနဲ့ ။

ပျော်စရာ...စိတ်ပျက်စရာ...ရောနေတယ်။











ဟိုတယ်ရောက်တာနဲ့  အ၀တ်လည်းပြီး မြန်မာဘုန်းကြီးကျောင်းရှိရာ ဗုဒ္ဓဂါယာ ကို

သွားပြီး ဆရာတော်ကို ဂါရ၀ ပြုခဲ့တယ်။

နောက်နေ့ မနက်မှာတော့ ဟိုတယ်ကနေ မြန်မာဘုန်းကြီးကျောင်း ကိုပြောင်း

ခဲ့တယ်။

ဘုရားပွင့်တဲ့ ဗုဒ္ဓဂါယာ က Gaya လေဆိပ်ကနေ နာရီဝက်ခန့် သွားရပါတယ်။

မြန်မာဘုန်းကြီးကျောင်း (ဟောင်း) က မဟာဗောဓိစေတီတော်နဲ့ မဝေးပါဘူး။

ကျောင်းဝန်းထဲမှာ အဆောက်အဦးတွေ အများကြီးပါပဲ။ မြန်နာပြည်ကလာတဲ့

ဘုရားဖူးအဖွဲ့ တွေ လည်းတည်းခိုကြပါတယ်။ တခြားနိုင်ငံခြားသားတွေလည်း

ရှိပါတယ်။ မြန်မာဘုန်းကြီးကျောင်း ကနေ ဘုရားကို လမ်းလျှောက်ရင် (၁၀)

မိနစ်ခန့် ကြာပြီး ဆိုက်ကားစီးရင် (၁၀) ရူပီ ( အကြွေပေးရင် ၅ ရူပီ) ပေးရပါတယ်။


မဟာဗောဓိစေတီတော် ပတ်ဝန်းကျင်မှာ မြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့  သတ္တ

သတ္တာဟခုနဌာနရှိပါတယ်။ စေတီတော်အတွင်းမှာတော့

ရုပ်ပွားတော်တစ်ဆူရှိပါတယ်။ မဟာဗောဓိစေတီတော်ဟာ

အသောကမင်းကြီးတည်ထားခဲ့တယ်လို့ 

ိုပါတယ်။









ပထမသတ္တဟ၊ ပလင်္ကသတ္တာဟ










မြတ်စွာဘုရား ဘုရားဖြစ်တဲ့ အပရာဇိတပလ္လင်တော်ပါ။ ထိုပလ္လင်ထက်မှာ

၇ရက်ကြာဈာန်သမာပတ်ဝင်စားပြီး ပဋိစ္စသမုတ်ပ္ပါဒ်တရားကိုဆင်ခြင်ပြီး

ပလင်္ကသတ္တာဟ စံတော်မူခဲ့ပါတယ်။

ဒုတိယသတ္တဟ အနိမဿ သတ္တဟ

မြတ်စွာဗုဒ္ဓသည် အရဟတ္တဖိုလ်သမာပတ်မှ ထတော်မူပြီး နတ်ဗြဟ္မာတို့ ၏

ယုံမှား မှုကိုဖယ်ခွာရန် ကောင်းကင်သို့ ပျံတက်လျက် ရေမီးစုံ တန်ခိုးပြတော်

မူသည်။ ယင်းနောက် သဗ္ဗညုတရွှေဥာဏ်တော်ရရှိရာ မဟာဗောဓိနှင့်

အပရာဇိတပလ္လင်တော်ကို မျက်လုံးတော်မမှိတ်ဘဲ ၇ရက်ကြာစူးစူး စိုက်စိုက်

ကြည့်ကာ အနိမဿ သတ္တဟ စံတော်မူခဲ့ပါတယ်။









တတိယသတ္တဟ၊ စင်္ကမသတ္တဟ









မြတ်စွာဗုဒ္ဓသည် အပရာဇိတပလ္လင်တော် နှင့်အနိမဿစေတီတို့ အကြား

အရှေ့ အနောက်အလျားရှိသော နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာ

စင်္ကြံ၌ဖလသမာပတ်ဝင်စားရာမှ ၇ရက်မျှစင်္ကြံလျှောက်လျှက် စင်္ကမသတ္တဟ

စံတော်မူခဲ့ပါတယ်။

စတုတ္ထ သတ္တဟ၊ ရတနာဃသတ္တဟ

မြတ်စွာဗုဒ္ဓသည် မဟာဗောဓိပင်မှ အနောက်မြောက်ထောင့် အရပ်တွင် နတ်ဗြဟ္မာ

တို ဖန်ဆင်းအပ်သော ရတနာဃရရွှေစံအိမ်၌ ၇ရက် စံနေတော်မူကာ အဘိဓမ္မာ










ပိဋက ကိုသုံးသပ်ဆင်ခြင်လျှက် ရတနာဃသတ္တဟ စံတော်မူသည်။ ပဋ္ဌာန်းကျမ်း

ဆင်ခြင်သောအခါ ရောင်ခြည်တော် ခြောက်စုံ ကွန့် မြူးပေါ်ထွန်းခဲ့ပါတယ်။


ပဉ္စမ သတ္တဟ၊ အဇပါလ သတ္တဟ

မြတ်စွာဗုဒ္ဓသည် မဟာဗောဓိပင်၏ အရှေ့ အရပ်၌တည်ရှိသော အဇပါလ

ခေါ်ဆိတ်ကျောင်းညောင်ပင်ရင်းသို့ ကြွတော်မူ၍ ၇ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ

ဖလသမာပတ်ဝင်စားလျှက် အဇပါလ သတ္တဟ စံတော်မူခဲ့ပါတယ်။











ဆဋ္ဌမသတ္တဟ၊ မုစလိန္ဒသတ္တဟ

မြတ်စွာဗုဒ္ဓသည် ဆိတ်ကျောင်းညောင်ပင်ရင်းမှခွာ၍ မဟာဗောဓိပင်၏ အရှေ

တောင်ဘက်အရပ်ရှိ မုစလိန္ဒာအိုင်အနီး ကျီးပင်ရင်းသို့ ကြွသွားတော်မူစဉ်

အခါမဲ့မိုးကြီးရွာသွန်းခဲ့သည်။









မုစလိန္ဒာ နဂါးမင်းက မိမိကိုယ်ခန္ဓာဖြင့် ၇ပတ်ခွေရံကာပြီး မိုးလေတို့ ဒဏ်မှ

ကာကွယ်ရန် အပေါ်မှ ပါးပျဉ်းဖြင့် အုပ်မိုးပေးထားပူဇော်ခ့ပါတယ်။ ထို မုစလန္ဒာအိုင်

အနီးရှိ ကျည်းပင်ရင်းတွင် ၇ရက်ကြာအရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက်

မုစလိန္ဒသတ္တဟ စံတော်မူခဲ့ပါတယ်။


သတ္တသတ္တဟ၊ ရာဇာယတနသတ္တဟ

မြတ်စွာဗုဒ္ဓသည် ကျည်းပင်ရင်းမှ ဖယ်ခွာပြီးနောက် မဟာဗောဓိပင်၏ တောင်

်ဘက်အရပ်ရှိ

လင်းလွန်းပင်ရင်းသို့ ကြွသွားတော်မူ၍

အရဟတ္တဖိုလ် ချမ်းသာကို၇ရက်ကြာခံစားကာ

ရာဇာယတနသတ္တဟ စံတော်မူခဲ့ပါတယ်။

ထို သတ္တမသတ္တဟ၌ ၇ရက်ကြာသွားသည့်အခါ

မြတ်စွာဗုဒ္ဓသည် ၀မ်းချုပ်ရောဂါဝေဒနာကိုခံစား

တော်မူခဲ့ရပါတယ်။ သိကြားမင်းက ကျဇုသီး၊

ကွမ်းရိုး၊ ဒါန်ပူ၊အနောတတ်ရေများဆက်ကပ်ပါတယ်။

ဥက္ကလာပတိုင်း ပေါက္ခရ၀တီမြို့ မှတဖုဿနှင့် ဘလ္လိက

ကုန်သည်ညီနောင်တို့ ကဆွမ်းဆက်ကပ်ပါတယ်။မြတ်စွာဗုဒ္ဓသည် ထိုကုန်သည်ညီနောင်တို့ အား ဒွေ ၀ါစီက

သရဏဂုံ တည်စေတော်မူပြီး ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့ပါတယ်။

မြတ်စွာဗုဒ္ဓသည် ဗုဒ္ဓဂါယာ မဟာဗောဓိစေတီအနီးတွင် ခုနစ်ရက်၊ ခုနစ်လီ

၄၉ ရက်သီတင်းသုံးတော်မူပြီးနောက် ဗရာဏသီ မိဂဒါဝုန်သို့ ဓမ္မစကြာ

တရားဦးဟောရန် ကြွသွားတော်မူခဲ့ပါတယ်။


၂၇.၁၂.၀၉ မှာ Thomas က မြန်မာဘုန်းကြီးကျောင်းမှာ ၅ရက် ဘုန်းကြီးဝတ်

ခဲ့ပါသေးတယ်။