Showing posts with label Health. Show all posts
Showing posts with label Health. Show all posts
Monday, 2 December 2013
ပိန်ခြင်း၊၀ခြင်းသီအိုရီများ
ကျမ ငယ်ငယ်ကတည်းက ကြားနေလေ့ရှိတာကတော့ ၀လို့ လှလို့ ၊
ကျန်းမာဝဖြိုး လို့ စသဖြင့် ပြည့်ပြည်ဖြိုးဖြိုး၀၀ လှလှ ကိုတန်ဖိုးထားကြတဲ့
စကားတွေပါ။ ကျမ အလုပ်မှာ နေ့ စဉ်ရင်ဆိုင်နေရတာကတော့ ကိုယ်အလေးချိန်
ရှိသင့်တာထက်ပိုနေတဲ့ သူတွေပါ။ သူတို့ တွေဟာ အများအားဖြင့် သွေးတိုး၊
ဆီးချို၊ နှလုံး ရောဂါတွေကို ခံစားနေရသူတွေပါ။ ရောဂါ အခြေအနေ မဆိုးခင်မှာ
ကိုယ်အလေးချိန်ချ ဖို့  နဲ့ ကြိုတင်ကာကွယ်ဖို့  ကျမတို့ ဆီရောက်လာကြတာပါ။
ဈေးကွက်ထဲမှာရှိတဲ့ ကိုယ်အလေးချိန်ချဖို့  နည်းတွေ၊ဆေးတွေ၊ အဆာခံနိုင်အောင်
စားတဲ့ အစာတွေ၊လေ့ကျင့်ခန်းနည်းတွေ အများကြီးကြားမှာ လူနာတွေဟာ
 ကောင်းနိုးရာရာမိမိနဲ့ သင့်တော်မယ်ထင်တဲ့ နည်းတွေ ကို  စမ်းကြည့်ကြပါတယ်။
အများစုကတော့ ဒီနည်းနဲ့ သုံးရင်း အလေးချိန်ကျသွားပေမဲ့ နောက်ပြန်တက်လာ
တာကြောင့်နောက်တနည်းစမ်းကြည့်ပြန်တယ်။ ဒီလိုနဲ့  နောက်ပိုင်းစိတ်မရှည်တော့ပဲ
ကိုယ်အလေးချိန်ကျဖို့ ဆက်မကြိုးစားတော့ပါဘူး။
ကိုအချိန်ယူပြင်လိုက်လို့  ရောဂါ သက်သာပျောက်ကင်းသွားတာတွေ တွေ့ ရလို့ 
ဝမ်းသာရသလို၊  လမ်းတ၀က်တင် လက်လျှော့လိုက်တဲ့သူတွေလည်း တွေ့ ရ
ပြန်တယ်။
တကယ်တမ်း ကိုယ်အလေးချိန် ချချင်တယ်ဆိုရင်တော့ စိတ်ရှည်ပြီးဇွဲကောင်းရမှာပါ။
မိမိ တချိန်လုံး အရိုးစွဲလာတဲ့ စားသောက်မှု ပုံစံ၊နေထိုင်လှုပ်ရှားမှု ပုံစံတွေကို
အချိန်ပေးပြီးပြု  ပြင်ယူရမှာပါ။ အဆီ၊အချို အဆိမ့်၊တွေကတော့ လူတိုင်းကြိုက်ကြ
ပေမဲ့ ဒါတွေကို တဖြေးဖြေးချင်း ရှောင်နိုင်ဖို့ ၊ မိမိရဲ့  နေ့ စဉ်ကိုယ်လက်လှုပ်ရှားမှု
အစီအစဉ်တွေကို စိတ်ရောကိုယ်ပါ စိတ်ဝင်တစားလုပ် နိုင်ဖို့ တွေက အချိန်ယူရ၊
ဇွဲရှိရမှာပါ။
တွေ၊ ပိန်ဆေးတွေ ကို အင်တာနက်မှာလွယ်လွယ်ရတိုင်းလွယ်လွယ်သုံးကြတော့
ဆိုးကျိုးတွေ နဲ့ ရင်ဆိုင်ကြရတဲ့သူတွေ တွေ့ ရတယ်။
ဂျာမနီမှာတော့ ဈေးကွက်ထဲမှာ ရောင်းခွင့်ရှိတဲ့ ဆေးတွေက ဆိုးကျိုး ကောင်းကျိုးတွေကို
စစ်ထားပြီးသားပါ။ Internet မှာတော့ ရောင်းနေတဲ့ဆေးတွေကို ကြိုက်သလိုဝယ်
သုံးလို့ ရတော့ သုံးကြည့်ကြရင်း ဆိုးကြိုးတွေရင်ဆိုင်ရပါတယ်။
ဝလာရတဲ့အကြောင်းရင်းဟာ လူတိုင်မှာမတူနိုင်သလို၊ အလေးချိန် ချရာမှာလည်း
သူများတွေချက်ချင်းကျပေမဲ့ ကိုယ်က ကျချင်မှကျတာကို၊ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ်အလေးချိန်ချတော့မယ်ဆိုရင် စိတ်ရှည်၊ဇွဲကောင်းပြီး မိမိရည်မှန်ချက်
ရောက်အောင်အချိန်ယူဖို့ လိုပါတယ်။ မိမိရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ
အရလည်းလိုအပ်ရင်ဆရာဝန်နဲ့  ဆွေးနွေးပြီးမှ လေ့ကျင့်ခန်းလုပ်တာတို့ ၊
 Diet လုပ်တာတို့ စလုပ်သင့်ပါတယ်။
 တနေ့ က မိတ်ဆွေတွေနဲ့ စကားပြောရင်း ၀ခြင်း၊ ပိန်ခြင်း အကြောင်းရောက်
သွားတယ်။ မိတ်ဆွေတယောက်က TV ကြည့်ရင်ဝတယ်တဲ့၊ အထူးသဖြင့်
မှုခင်းဇာတ်လမ်းတွေကြည့်ရင်တဲ့။ ဘာဖြစ်လိုလဲဆိုတော့ စိတ်လှုတ်ရှာမှုကြောင့်
stress-hormone တွေထွက်လာပြီးလူကိုဝစေတယ်တဲ့။
ကျမက မှုခင်းဇာတ်လမ်းတွေကြည့်လေ့ရှိတော့.... ... ... သတိထားအုံးမှလို့ 
ကိုယ့်ကိုကိုယ်သတိပေးမိပါတယ်။ :)
Monday, 5 March 2012
Boreout
Photo: http://www.mopo.de/psychologie/boreout-mit-test--macht-ihr-job-sie-vor-langeweile- krank-,9594626,11383810.html
အလုပ်ကိုရောက်ရင် ကွန်ပြူတာကိုဖွင့်၊ မနေ့ ကရောက်နေတဲ့ စာတွေကိုဖေါက်၊
ဓါတ်ခွဲခန်း အဖြေတွေကို Scan လုပ်။ ဒါဟာ ဒီနေ့ အလုပ်ချိန် ၄နာရီအတွက်
လုပ်ရတဲ့ အလုပ်ပါ။ တပတ်မှာဒီလို ရက်မျိုးက ၂ ရက်နဲ့ ၃ရက်ကြားမှာရှိတတ်တယ်။
ဒီလိုရက်တွေမှာ အလုပ်ချိန် ၄နာရီဟာ အလွန်ကြာသလို၊ အလွန်လည်းပျင်းစရာ
ကောင်းပါတယ်။ ဘေးထိုင်ခုံကအလုပ်ဖေါ် သူငယ်ချင်းနဲ့ ထွေရာလေးပါးပြောဖြစ်ရင်
လည်းခဏပါပဲ။ အကြောင်းတွေပြောရလွန်းတော့စိတ်ဝင်စားစရာ ခေါင်းစဉ် က
သိပ်မကျန်တော့ပါဘူး။
ဒီတော့ ကျမတို့ နှစ်ယောက်အင်တာနက်ထဲဝင် အီးမေးစစ်၊ အီးမေးရေး၊ ဟင်းချက်
နည်းတွေ ဟိုကြည့်၊ဒီကြည့်၊ဟိုခေါင်းစဉ်ဖတ်၊ဒီခေါင်းစဉ်ဖတ်။ ခဏ ကြာလာတော့
မျက်စိညောင်း၊ တ၀ါးဝါးသန်း၊နေရာကထ၊ ဟိုနားဒီနားလျှောက်၊ လုပ်စရာ အလုပ်တွေ့ 
လိုတွေ့ ငြား ရှာကြည့်၊အိမ်ကယူလာတဲ့စာအုပ်ကလည်းစိတ်ဝင်စားစရာမကောင်း။
နာရီကြည့်ပြန်တော့သွားနေတဲ့ နာရီလက်တန်တွေက နှေးနေသလို ။ ဘာလုပ်ရမှန်းမသိ၊.....
အပြန်လမ်းရောက်တော့ လူက ပင်ပန်းနေတယ်။ လမ်းမှာတွေ့ တဲ့မိတ်ဆွေတွေက
အလုပ်မှာပင်ပန်းလာသလားတဲ့။ အလုပ်မှာဘာမှလည်းမလုပ်ရပဲ ငါပုံက ပင်ပန်း
နေသလိုဖြစ်နေလို့ လားလို့ မကြာခဏတွေးမိတယ်။
အလုပ်မရှိပဲဖြစ်နေလို့ ပင်ပန်းတယ်ဆိုတာ အရင်ကတွေးမိခဲ့ပါဘူး။
တကယ်တော့ လုပ်ငန်းခွင်မှာ မိမိလုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိ လုပ်ရမယ်ဆိုရင်
အကောင်းဆုံးပါ။ ဒါပေမဲ့တခါတလေကြတော့ မိမိလုပ်နိုင်မှု အတိုင်အတာ ထက်ပိုပြီး
လုပ်ရလို့ စိတ် ပင်ပန်းမှု ၊စိတ်ဖိစီးမှု Stress တွေရ၊ Burn out ဖြစ်ရပြီး ကျန်းမာရေးကို
ထိခိုက်စေသလို။
အထက်ကရေးခဲ့သလို လုပ်ငန်းခွင်မှာ လုပ်စရာ မယ်မယ်ရရမရှိလို့  ရရှိလာတဲ့
စိတ် ပင်ပန်းမှု ၊စိတ်ဖိစီးမှု Stress တွေကြောင့် Bore out ဖြစ်ရပြီး ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။
လူတစ်ယောက်ဟာ Bore out ဖြစ်လာပြီဆိုရင် Burn out ဖြစ်သလိုမျိုး လက္ခဏာတွေ
တွေ့ ရပါတယ်။ ပင်ပန်းနွမ်းနယ်မှု၊ လုပ်ချင်ကိုင်ချင်စိတ်လျှော့လာမှု၊ အိပ်မပျော်မှု၊
ဗိုက်နာတယ်၊ဗိုက်အောင့်မယ်စတာ တွေကနေ စိတ်ဓါတ်ကျမှု depression အထိဖြစ်နိုင်
ပါတယ်။
လုပ်ငန်းခွင်မှာ Bore out အခြေအနေမျိုးနဲ့ ကြုံနေရပြီဆိုရင် အလုပ်ရှင်ကို မိမိအခြေအနေကို
ပြောပြပြီး အလုပ်အပိုထပ်ပေးတာမျိုး၊ သင်တန်းတက်စေတာမျိုးတွေ လုပ်ပေးဖို့ ဆွေးနွေး
သင့်ပါတယ်။ တကယ်လို့ များ မိမိ အထက်က ရောဂါလက္ခဏာမျိုးဖြစ်လာရင်တော့
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ Bore out ဟာ ပျင်းတယ်ဆိုတာနဲ့ 
မဆိုင်ပါဘူး။ Bore out ဖြစ်လို့ ဒီလူဟာငပျင်းလို့ သတ်မှတ်လို့ မရပါဘူး။
အလုပ်တွေများလို့ ပင်ပန်းနေတယ်ဆိုတဲ့ ပြောသံတွေကြားမှာ လုပ်စရာမရှိ လို့ ပင်ပန်းနေတဲ့သူတွေလည်းရှိပါသေးလားလို့ တွေးမိတယ်။ ကျမအလုပ်က
Project တွေပေါ်မူတည်နေတော့ Project မရှိတဲ့ကြာအချိန်တွေမှာ တကယ်ပဲ
Bore out ဖြစ်ရပါတယ်။
Wednesday, 2 February 2011
Depression? ဘာလုပ်ရမလဲ။
တနေ့ က Depression နဲ့ ပတ်သက်တဲ့Project တစ်ခုအတွက်ကျင်းပတဲ့
ဆွေးနွေးပွဲကိုရောက်ဖြစ်ပါတယ်။ ဂျာမနီမှာ လူတော်တော်များများဟာ
Depression ဖြစ်တယ်လို့ ဆိုပါတယ်။
ကျမအနေနဲ့ အရင်တုန်းက Depression ဆိုတဲ့ ရောဂါဟာ နဲနဲစိမ်းနေပါတယ်။
ဂျာမနီရောက်လာတော့မှ ဒါဟာရောဂါတစ်ခုမှန်း သိလာရပါတယ်။
လူတွေဟာ မိသားစုအတွင်း၊ အလုပ်ခွင်အတွင်း စတဲ့နေ့ စဉ်ထိတွေ့ နေရတဲ့ 
ပတ်ဝန်းကျင်မှာ စိတ်မကောင်းစရာတွေ၊စိတ်ဖိစီးမှုတွေ ကြုံတတ်ကြပါတယ်။
တချို့ ကတော့ဒီစိတ်လှုပ်ရှားမှုတွေကို အချိန်အတိုင်းအတာတခုပြီးတာနဲ့ ကျော်
လွန်သွားနိုင်ပါတယ်။ တချို့ ကြတော့ ရုန်းမထွက်နိုင်ကြပါဘူး။
သူတို့ တွေဟာ စိတ်ဖိစီးမှုတွေများလာရာကနေ လူတွေနဲ့ ရောရောနှောနှော
မနေချင်တော့ပဲသီးခြားနေချင်လာတယ်။ သွားလာလုပ်ကိုင်နိုင်ဖို့ အင်အားမရှိ
ဖြစ်လာတယ်၊ စိတ်ဝင်စားမှု၊ အာရုံစိုက်နိုင်မှုတွေနဲလာကြပါတယ်။
အိပ်မပျော်တာ၊ကိုယ်အလေးချိန်လျှော့တာတွေဖြစ်လာတတ်ပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိဖြစ်လာတယ်၊ အပြစ်တခုခု ကျူးလွန်ထားသလို
ထင်လာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီး၊
မကောင်းတဲ့အတွေးတွေကြားမှာပဲနစ်နေတတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာမှာ လည်း ရောဂါလက္ခဏာ တွေ ( အားအင်ကုန်ခန်းသလို၊
အိပ်မပျော်သလို )နဲ့ ရင်ဆိုင်ရင်း တချို့ ကနောက်ဆုံးမှာ ကိုယ့်ကိုကိုယ်
သတ်သေတဲ့အထိ ဖြစ်လာတတ်ပါတယ်။
လူတော်တော်များများဟာ မိမိမှာ Depression ဖြစ်နေတယ်မှန်းမသိကြပါဘူး။
မိမိရဲ့ အလုပ်ကစိတ်ဖိစီးမှုတွေကြောင့်ဒီလိုစိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာ
တွေဖြစ်နေတာလို့ ထင်တတ်ကြပါတယ်။ စိတ်ဖိစီးမှုနဲ့  Depressionကိုခွဲခြားဖို့ 
ကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ပြသ၊
တိုင်ပင်မှသာ ခွဲခြား သိနိုင်မှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာလက္ခဏာ တွေဖြစ်တဲ့  အသက်ရှုကျပ်တာ၊ နှလုံးခုန်တာ၊ ဗိုက်နာတာ
တွေကြောင့် ဆရာဝန်ဆီသွားပြဖြစ်ပေမဲ့ ဆရာဝန်များက ရောဂါရှာမတွေ့ တတ်ပါဘူး။
လူနာဟာ သူ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါ ပိုဖြစ်လာပါတယ်။
တခါတလေ ကွယ်မြုပ်နေတဲ့ စိတ်ဖိစီးမှုကိုလွယ်လွယ်နဲ့ ရှာမတွေ့ ဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာဆရာဝန်က တော့ဒါဟာ Depression ရဲ့ လက္ခဏာတချို့ ဖြစ်တယ်လို့ 
ကောက်ချက်ချပါတယ်။
Depression ဟာ ကုသလို့ ပျောက်တဲ့ရောဂါတခုပါ။ လူတိုင်းဘ၀မှာ တချိန်ချိန်မှာ
ကြုံတွေ့ နိုင်ပါတယ်။ ဒါဟာရှက်စရာ၊ကွယ်ဝှက်ထားစရာ ရောဂါမဟုတ်တော့ပါဘူး။
အဓိကဖြစ်ရတဲ့အကြောင်းကတော့ genetic disposition ပါ။
အခုProject ကတော့ လူတွေကို Depression နဲ့ ပတ်သက်ပြီး ပညာပေးဆွေးနွေး
ကြဖို့ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊သူနာပြုတွေ၊ ကျောင်းဆရာတွေ၊ သက်ကြီးစောင့်
့်ရှောက်သူတွေ စသဖြင့် အလွှာပေါင်းစုံကလူတွေပါဝင်မှာဖြစ်ပါတယ်။
ဒီလိုဆွေးနွေးပွဲတွေ၊ အတွေ့ အကြုံဖလှယ်မှုတွေကြောင့် Depression ရဲ့ သဘော
ကိုပိုမိုနားလည်လာပြီး အချိန်မီကုသမှုတွေလုပ်လာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်
သတ်သေတဲ့ကိစ္စတွေလည်းလျှော့နဲလာပါတယ်ဆိုတာအလားတူ Project တွေ
အရသိရပါတယ်။
တဘက်ကလည်း လူနာရဲ့ မိသားစုတွေကို ပညာပေးမှုတွေလည်းလုပ်ပါမယ်။
Depression ဖြစ်နေတဲ့သူနဲ့ အတူတူနေရတာဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
သူဘာဖြစ်နေတယ်ဆိုတာ ကျမတို့ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသူ့ ကိုနာလည်
ပေးနိုင်မှာပါ။
သူ့ ခမျာရောဂါကြောင့် သွားလာလုပ်ကိုင်နိုင်ဖို့ အင်အားမရှိနေတာကို ကျမတို့ က
ဒီလူ့ ရယ်ပျင်းနေတာပဲ။ ထလုပ်လိုက်ပါလား။ဟိုဟာလုပ်ဖို့ တိုက်တွန်း
ဒီဟာလုပ်ဖို့ တိုက်တွန်း စသဖြင့်အားမလိုအားမရ ဖြစ်ပြီးအကြံတွေပေးတတ်ကြပါတယ်။
တခါတလေကြတော့လည်း ရှင့်မှာ အားလုံးပြည့်စုံနေတာပဲ၊ ဘာစိတ်ညစ်စရာရှိလိုလဲ
ပျော်ပျော်နေစမ်းပါ စသဖြင့် အကြံပေးတတ်ကြပါတယ်။
တခါတခါကြတော့လည်း ရှင့်ကိုကျမနားမလည်နိုင်တော့ဘူး ဆိုပြီး ဂရုဏာဒေါသ
နဲ့ ပြောမိတတ်ပါတယ်။
ဒါတွေဟာ သူ့ အတွက် ကူညီရာမရောက်ပဲ သူ့ ခံစားမှုကိုပိုပြီးဆိုးဝါးစေပါတယ်။
သူ့ ဘက်ကအတွေးကတော့ ကျမတို့ ဟာသူ့ ကိုနားမလည်နိုင်ဘူးဆိုပြီးစိတ်မကောင်း၊
ဝမ်းနည်းမှုဖြစ်ရပါတယ်။
သူ့အတွက်လုပ်ပေးနိုင်တာတွေကတော့ သူဖြစ်နေတဲ့ရောဂါအကြောင်းကိုနားလည်
အောင်လုပ်ပါ။ သူ့ ကို သင့်တော်တဲ့ကုသမှုရရှိအောင် စီစဉ်ပေးပါ။ သူဆေးခန်း
မှန်မှန်သွားနိုင်အောင်စီစဉ်ပေးပါ။ ဆေးများမှန်မှန်သောက်အောင်စီစဉ်ပေးပါ။
သူ့ ကို အတွေးဆိုးတွေထဲမှာပဲနစ်မနေစေပဲ အာရုံပြောင်းပေးနိုင်အောင်လုပ်
ပေးရပါမယ်။
သူနဲ့ အတူတူ ဘာလုပ်နိုင်မလဲ စဉ်းစားပါ။ သူ့ အတွက်စိတ်ဖိစီးမှုလည်းမဖြစ်စေ
တဲ့ လမ်းလျှောက်ထွက်ခြင်း၊ ဟိုနားဒီနားလျှောက်လည်တာလေးတွေလုပ်ပေးပါ။
သူဝါသနာပါတာတွေလုပ်ပါစေ၊ ဥပမာ၊ အားကစားလုပ်တာ၊ တီဗီကြည့်တာ
စတာလေးတွေပေါ့။ တခါလေကြတော့ ဒီလို တီဗီကြည့်ဖို့ တောင် အင်အားမရှိတဲ့
အချိန်တွေရှိတတ်ပါတယ်။
ဂျာမနီမှာတော့ လူနာရှင်တွေအနေနဲ့ စိတ်ပညာရှင်တွေနဲ့ သွားရောက်တိုင်ပင်
လို့ ရပါတယ်။ ဒီအတွက် ကျန်းမာရေးအာမခံကပိုက်ဆံပေးပါတယ်။
ဒါအပြင် မိမိလို လူနာရှင်တွေ တွေ့ ဆုံပြီး အတွေ့ အကြုံဖလှယ်နိုင်တဲ့ နေရာတွေရှိပါတယ်။
လူနာရှင်အနေနဲ့ လည်းစိတ်ပိုင်းဆိုင်ရာမှာကြံ့ခိုင်မှုရှိနေအောင်ကြိုးစားထားရမှာပါ။
မိမိအသိုင်းအ၀ိုင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်မှုရှိအောင်လုပ်ယူရပါမယ်။
ဒါမှလည်းလူနာကိုမေတ္တာများများပေးနိုင်မှာပါ။
Wednesday, 19 January 2011
ဝနေပြီလား။
ဂျာမနီမှာ အမျိုးသား ၇၀ ရာနှုန်း နဲ့ အမျိုးသမီး ၅၀ ရာနှုန်းက ရှိသင့်တာထက်
ကိုယ်အလေးချိန်ထက်ပိုနေကြ ပါတယ်။ ဂျာမန် ၅ ယောက်မှာ ၁ ယောက်
(၂၀) ရာခိုင်နှုန်းက obesity ( BMI 30 နဲ့ အထက်) ရှိသူတွေဖြစ်ပါတယ်။
ကိုယ်အလေးချိန် ပိုနေသူတွေဟာ ဆီးချို၊သွေးတိုး၊နှလုံးစတဲ့ရောဂါတွေဖြစ်နိုင်
တဲ့ အလားအလာတွေများပါတယ်။ ကျမတို့  အလုပ်မှာတော့ ကိုယ်အလေးချိန်ပိုနေ
တဲ့သူတွေ ကို အလေးချိန်ကျသွားအောင်၊ပုံမှန်ဖြစ်လာအောင် ဆရာဝန်တွေ၊
အားကစားနည်းပြတွေ၊ အဟာရနဲ့ ပတ်သက်တဲ့ကျွမ်းကျင်သူတွေ နဲ့ ကြီးကြပ်
ပြီးလုပ်ပေးနေတဲ့ Project တွေ၊ လေ့လာမှု တွေ ရှိပါတယ်။ ကျန်းမာရေး
ကြိုတင်ကာကွယ်မှုအတွက်တစိတ်တပိုင်းပါ။
များသောအားဖြင့်တော့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေများပါတယ်။ တချို့ က
မှန်းထားတဲ့ ကိုယ်အလေးချိန်ကိုရောက်ပေမဲ့ တချို့ ကမရောက်ပါဘူး။
သူတို့ တွေဟာ အကျင့်ပါနေတဲ့ အစားအသောက်နဲ့  အနေအထိုင်ပုံစံကို
ပြောင်းရတဲ့အခါ အဆင်မပြေတတ်ပါဘူး။ အလေးချိန်ကျသွားပြန်တော့လည်း
ပုံမှန်အလေးချိန်ကိုရေရှည် ထိန်းထားဖို့  အခက်တွေ့ ကြပါတယ်။
တော်တော်ကို ၀ိရိယ စိုက်ထုတ်မှသာ မိမိလိုချင်တဲ့ပုံမှန် အလေးချိန်ကို
ရေရှည်ထိန်းထားနိုင်ကြပါတယ်။
တခါတလေကြတော့ အလေးချိန်ပိုနေတဲ့သူတွေသာမက ကလေးတွေ
လည်း ကျမတို့ ဆီလာကြပါတယ်။ မိဘတွေက ကလေးအ၀လွန်လာနိုင်တဲ့၊
ပုံမှန်အလေးချိန်ထက်ပိုလာနိုင်တဲ့ အခြေနေ မြင်တာနဲ့  ကျမတို့ ဆီ
ခေါ်လာပါတယ်။ ကလေးကို ဘယ်လိုစားသင့်တယ်၊ ဘာတွေစားသင့်တယ်။
ဘယ်လို အားကစားလုပ် သင့်တယ်။ စတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိ
ရလာအောင် လုပ်ပေးပါတယ်။ မိဘတွေကိုလည်း ဘာတွေချက်သင့်တယ်၊
ဘာတွေကျွေးသင်တယ်ဆိုတာပြောပြပေးပါတယ်။
ဒါဟာအလွန်ကောင်းတဲ့ ကြိုတင်ကာကွယ်မှုလို့ ထင်ပါတယ်။ မိဘကကောင်း
တာတွေကျွေး၊ ကလေးက ကောင်းတာတွေစား၊ ဒီလိုနဲ့ ကလေးဟာ ၀လာ
တတ်ပါတယ်။ ကလေး၀၀ကစ်ကစ်လေးဆို လှတယ်လိုတချို့ ကထင်ကြပါတယ်။
တချို့ ကြတော့ ကလေးစားချင်တာစားပါစေ၊ ကြီးလာရင်ကိုယ်ရည်စစ်သွားမှာပါ
လို့ ထင်ကြပါတယ်။
အလေးချိန်ပိုနေ၊ အ၀လွန်နေတဲ့ ကလေးက အရွယ်ရောက်လာတော့ လှချင်လာတယ်။
သူများတွေပိန်သလို ပိန်ချင်လာတယ်။ သူဝနေတာဟာ သူ့ အတွက်အနှောက်အယှက်
ဖြစ်လာစေပါတယ်။ အဲ့ဒီအခါမှာ သူကြားဖူးနားဝရှိတဲ့ နည်းတွေနဲ့  အလေးချိန်ကျအောင်
ကြိုးစားလာပါတယ်။ အစားကို အလွန်အကျွံ လျှော့ချတာတို့ ၊ စားပြီးပြန်အန်ပစ်တာတို့ 
စတဲ့ နည်းတွေနဲ့ ကြိုးစားလာရင်း မိမိကိုယ်မိမိ မထိန်းနိုင်ပဲ အပိန်လွန်ပြီး အသက်အန္တရာယ်
ရောက်တဲ့အထိဖြစ်လာနိုင်ပါတယ်။
ဒီမှာတော့ အဲ့ဒီလိုအခြေနေရှိတဲ့ လူငယ်တွေအတွက် အထူးကုသပေးတဲ့ဆေးရုံ
တွေရှိပါတယ်။
၂၀၀၈ ခုနှစ်စာရင်းအရ ဂျာမန်ဆေးရုံတွေမှာ အပိန်လွန်ချင်နေတဲ့ ရောဂါလာ
ိကုသူပေါင်း ၆၀၄၁ ရှိပြီး၊ အစားကို အလွန်အကျွံ လျှော့ချတာတို့ ၊ စားပြီးပြန်အန်
ပစ်တာတို့ စတဲ့ရောဂါလာကုသူတွေကတော့ ၂၃၅၄ ရှိပါတယ်။ အဲ့ဒီထဲမှာ
လူ ၁၀၀ ကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။
ဒီလို အခြေနေဆိုးတွေမရောက်အောင် မိဘတွေက ကလေးတွေကို
စောစောစီးစီး ကျန်းမာရေးအသိပေးထားတာ အလွန်ကောင်းပါတယ်။
ဒါအပြင် အ၀လွန်ခြင်းကြောင့်ဖြစ်လာမဲ့ ရောဂါတွေကို လည်း မိမိကလေးအတွက်
ကြိုတင်ကာကွယ်ပေးရာရောက်ပါတယ်။
Tuesday, 12 October 2010
ဒီနေ့ ကြုံသမျှ
ဒီနေ့ (၁၂.၁၀.၁၀) အလုပ်ကပြန်လာပြီး ဈေးသွား၊ ဟင်းချက်မယ်ကြံတုန်း
ကိုသောမတ်စ်က ဖုန်းဆက်လာပါတယ်။ သူဆေးရုံရောက်နေပါတယ်တဲ့။
မြို့ ထဲသွားရင်း accident ဖြစ်လို့ ဆိုတော့ ခေါင်းကိုကြီးသွားတာပဲ။
ဒါနဲ့ ကျမလည်း ကျမ အလုပ်က ဆရာဝန်ဆီ ဖုန်းဆက်ရတယ်။ သူက တက္ကသိုလ် ဆေးရုံ
မှာလည်းအလုပ်လုပ်တာကိုး။ ဆက်လို့ မရပါ...... ချက်ချင်း ဆေးရုံပြေးရတော့တယ်။
လမ်းရောက်တော့ ကျမရဲ့ ဆရာကဖုန်းဆက်လာတယ်။ သူနဲ့  Thomas နဲ့ တွေ့ ပြီးကြောင်း၊
စိုးရိမ်စရာမလိုကြောင်းပြောတာနဲ့  စိတ်နဲနဲအေးသွားရတယ်။
ဆေးရုံက အရေးပေါ်ဌာနမှာ ဟိုမေးဒီမေးနဲ့  ... သူ ကို wheelchair ပေါ်မှာတွေ့ ရတယ်။
ခြေထောက်မှာလည်း ပတ္တီးနဲ့ ။ ဆရာဝန်က သူအရမ်းကံကောင်းတာလို့ ပြောပါတယ်။
ခြေထောက် မကျိုးဘူးတဲ့။....သက်ပြင်းချနိုင်သွားတယ်။
ဖြစ်ပုံက... ဘဏ်ကအထွက် လှေကားအဆင်းမှာ ချော်ပြီးကျသွားတာပါ။ အောက်ရောက်
တော့ သူ့ ခမျာ မျက်စိတွေပြာပြီး ကြယ်တွေလတွေမြင် ခြေတောက်က အရမ်းနာပြီး
ရောင်တက်လာပါတယ်တဲ့။
ချက်ချင်း အမျိုးသားတစ်ယောက်ရောက်လာပြီး သူက အရေးပေါ်ကယ်ဆယ်ရေးဌာန
မှာလုပ်ပါတယ် ဆိုပြီး အစစ ကူညီပေးပါတယ်။ အရေးပေါ်ကားကိုဖုန်းဆက်မှာ၊
ဘဏ်ထဲက လူတွေကို အကူအညီတောင်းပြီး လိုအပ်တာတွေကို ကူညီပေးပါတယ်တဲ့။
ဆေးရုံရောက်တော့ ကျမရဲ့ ဆရာက Thomas ကို အရေးပေါ်ဌာနကိုပို့ ပေးလိုက်ပါတယ်။
နောက်ဓါတ်မှန်ရိုက်၊ ပတ္တီးစီးပြီး ဒုတ် ၂ချောင်း ကိုလမ်းလျှောက်ဖို့ ပေးလိုက်ပါတယ်။
အပြန်လမ်းမှာတွေးမိတာက ဒီနိုင်ငံမှာ ရုတ်တရက် accident ဖြစ်ခဲ့ ရင် ကူညီတဲ့သူတွေ
ရှိပြီး ဆေးရုံကားကလည်း ချက်ချင်းရောက်လာနိုင်တယ်။ ဆေးရုံမှာလည်း ကျန်းမာရေး
အာမခံကဒ်ပြားပြတာနဲ့  ပိုက်ဆံမပေးရပဲ လိုအပ်တာတွေ အားလုံး အဆင်ပြေစွာ
ကုသပေးကြတယ်ဆိုတာပါ။
အခုတော့ Thomas မှာ ဒုတ်နှစ်ချောင်းနဲ့  လမ်းလျှောက်၊ ရေခဲအုံ၊ အကိုက်အခဲပြောက်ဆေး
သောက်။ ခြေထောက်ကို အနားပေး။.....ကျမကတော့ သူနားကနေ လိုတာလုပ်ပေးဖို့ အဆင်
သင့်အနေအထားပေါ့.....
Sunday, 11 April 2010
ကျမနဲ့  Allergy ( Kreuzallergie)
အခုလိုနွေဦးရာသီရောက်ပြီဆိုရင် ကျမရဲ့ 
Hay feverအလာဂျီ ရောဂါစတာပါပဲ။
နေသာပြီး၊ ပန်းတွေပွင့်လို့ လှနေကြပေမဲ့
ကျမအတွက်တော့ဒုက္ခပါပဲ။ မျက်လုံးတွေ
ကယား၊ မျက်ရည်တွေကျ၊ အာဂေါင်တွေယား၊
နှာရည်တွေကျလိုက်၊ နှာခေါင်းကပိတ်နေလိုက်၊ တချီးချီးနဲ့ ချေ လိုက်....
ညညဆို နှာခေါင်းပိတ်လို့  အိပ်မရဖြစ်ရတာလည်းများပြီ။ တခါတလေ
တစ်ရေနိုး ထချေပြန်ရော၊ နှာရည်ကကျ၊ အာဂေါင်ကယား နဲ့ ထိုင်နေရတဲ့
ညတွေလည်းများပြီ။
သက်သာမလားလို့  သုံးရတဲ့ မျက်စဉ်း၊ နှာခေါင်းထဲထဲ့တဲ့ဆေးတွေ၊သောက်
ဆေးတွေ....တစ်ရူးစက္ကူတွေ၊ နေ့ ညအမြဲဆောင်ထားရတယ်။
အိမ်မှာနေရင်တော်သေးပေမဲ့ အလုပ်မှာဆို တော်တော် အဆင်မပြေဘူး။
သောက်ဆေးကိုတော့ မတတ်သာမှပဲသောက်ဖြစ်တယ်။ ဆေးသောက်ပြီးရင်
ခေါင်းတွေမကြည်၊စိတ်တွေစုစည်းလို့ မရ....နေရခက်ပြန်ရော။
တနေ့ ကညနေဘက် ပေါင်မုန့် နဲ့  Tahin(နှမ်းအနှစ်နဲ့ ဆီနဲ့ ) စားမိပါတယ်။
အာဂေါင်တွေရုတ်တရက်ယားလာပြီး မျက်ရည်တွေကျ၊ အဆက်မပြတ်ချေ
ပါတယ်။ အသက်ရှုတောင်ကျပ်လာတယ်။ ဒါနဲ့ ဆေးချက်ချင်းသောက်လိုက်ရတယ်။
ကျမသတိထားမိနေတာက တချို့ အစားအစာတွေနဲ့ မတည့်ဖြစ်လာတာပဲ။
အရင်က ပန်းသီးဆိုကြိုက်လို့ စားဖြစ်တယ်။ နောက်ပိုင်းပန်းသီးစားမိတာနဲ့ 
အာခေါင်တွေယား၊နှာချေ၊ နှာရည်တွေကျ စတဲ့ အလာဂျီ လက္ခဏာတွေပြ
တာသတိထားမိတယ်။ အလုပ်မှာ Soja အမှုန့် ကိုဖျော်လိုက်တုန်းကလည်း
အဲ့ဒီလိုပဲ။
ဒီနေ့ တော့ Hay fever ကနေ Food Allergy ဖြစ်တတ်ပုံကိုဖတ်လိုက်ရတယ်။
ဥရောပမှာလူ၅ယောက်မှာ ၁ ယောက်လောက်က
Hay fever ရှိတယ်။
အများစုကတော့ Birke(
birch tree),Erle (alder)နဲ့ Haselstrauch တို့ 
နဲ့ ပါ။
Hay fever ဖြစ်ရာကနေ Food Allergy ပါဆက်ဖြစ်လာကြတဲ့ဦးရေ
ဟာ အခုနောက်ပိုင်းမှာသိသိသာသာများလာပါတယ်။
ဂျာမန်လိုတော့Kreuzallergie လို့ ခေါ်ပါတယ်။
Hay fever ဖြစ်စေတဲ့
(မိမိနဲ့ မတဲ့တဲ့) ဓါတ်တွေ နဲ့ နီးစပ်တဲ့ ဓါတု၊ဇီဝ ဓါတ်တွေကြောင့်
Food allergy ကိုဖြစ်စေပါတယ်။
Birke,Erle နဲ့ Haselstrauch နဲ့ မတဲ့တဲ့သူက Apple,Pfirsich,
Kirschen, Haselnuss, Mandeln, Walnuss တို့ နဲ့ မတဲ့တတ်သလို၊
Beifuß-, Korbblütlerpollen z. B. Chrysanthemen, Margeriten,
Gerbera, Löwenzahn နဲ့ မတဲ့သူတွေကတော့ Sellerie, Petersilie,
Kamille, Karotte, Anis, Dill, Lauch, Koriander, Fenchel, Kümmel,
Sonnenblumenkerne တို့ နဲ့ မတဲ့တတ်ပါဘူး။
စားမိတာနဲ့ အာခေါင်တွေယား၊နှာချေ၊ နှာရည်တွေကျ စတဲ့ အလာဂျီ
လက္ခဏာတွေပြပါတယ်။
ဒီနေရာမှာဆက်ကြည့်လို့ ရပါသေးတယ်။
တချို့ သူတွေဆိုရင် မိမိနဲ့ မတဲ့တဲ့ အရာကိုစားထားသူနားရောက်တာနဲ့ ၊
ဒါမှမဟုတ် အဲ့ဒီမစားအစာကိုပြင်ဆင်ပေးရုံနဲ့ 
အလာဂျီလက္ခဏာတွေပြတယ်လို့ သုတေသနတခုကဆိုပါတယ်။
အသီးအရွက် တွေမှာရှိတဲ့ Allergen တွေဟာ Protein တွေဖြစ်လို့ 
ချက်လိုက်၊ကြော်လိုက်၊ အပူပေးလိုက်ရင် အလာဂျင်တွေ ဓါတ်ပျက်သွားလို့ 
စားရင် ပြသနာမရှိတော့ပါဘူး။
Hay fever အတွက် ဘယ်အရာနဲ့ အလာဂျီရှိတယ်ဆိုတာကို ဆေးခန်း
တွေမှာ Allergy Test နဲ့ စစ်လို့ ရပါတယ်။ Food Allergy( Kreuzallergie)
အတွက်ကတော့ စစ်လို့ ရပေမဲ့ဈေးကြီးပါတယ်။ သူအတွက် ကုသနည်း
လည်း ကောင်းကောင်းမရှိသေးပါဘူး။ ကျမတို့ လို
Hay fever ရှိသူတွေ
အတွက်တော့ကိုယ်ဘာနဲ့ အလာဂျီရှိတယ်ဆိုတာသိထားပြီး အစားအသောက်ကို
ဂရုစိုက်စားရုံပဲရှိပါတယ်။
Hay fever နဲ့ ပတ်သက်ပြီးတော့ ကုသနည်းတွေ တော်တော်များများ
ရှိပါတယ်။ Allergy desensitization, Eigenbluttherapie ( Autoblood),
Akupunktur, Bioresonanz စသဖြင့်အမျိုးမျိုးရှိပါတယ်။ မိမိဆရာဝန်နဲ့ 
တိုင်ပင်ပြီး ကုသကြည့်လို့ ရပါတယ်။
သူငယ်ချင်းတို့  ကျန်းမာပျှော်ရွှင်ကြပါစေ။
Sunday, 4 October 2009
ကုသမှုတွေအကြောင်း
ကျမကဆရာဝန်မဟုတ်တော့ ကုသမှုတွေ အကြောင်း အသေးစိတ်မပြော တတ်ပါဘူး။
တွေ့ တာမြင်တာကို နဲနဲပြောပြမှာပါ။ ဒီမှာ School Medicine
ကိုတော့ ကောင်းကောင်းသုံးကြပါတယ်။ ရောဂါဖေါ်ထုတ်တဲ့နေရာမှာ
အထောက်အပံ့ပေးတဲ့ ပစ္စည်းတွေ၊ နည်းပညာတွေ က အလွန်တိုးတက်
မြန်ဆန်ပါတယ်။ ဆေးဝါးတွေကလည်း အစွမ်းထက်ကြပါတယ်။ ဆရာဝန်တွေ
ကသာအချိန်ယူစဉ်းစား ပြီး လုပ်မယ်ဆိုရင် ရောဂါကို ခဏလေးရှာတွေ့ ပြီး
ဆက်လက်ကုသဖို့ မြန်သွားတာပေါ့။
ဓါတုဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် သဘာဝဆေးပညာ
တွေကို alternative Medicine အဖြစ်အသုံးများလာကြပါတယ်။
တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကလာတဲ့  နည်းတွေ အပြင်၊ Phytotherapy
(ဆေးဘက်ဝင်တဲ့ သစ်ပင်သစ်ရွက်တွေကိုသုံးတာပါ။) ၊Homöopathie
စတာတွေသုံးကြပါတယ်။
တရုတ်ဆေးဘက်ကဆိုရင် အပ်ဆိုက်တာ ကတော့ ဒီမှာတော်တော်သုံးကြပါ
တယ်။ ဆေးခန်းတိုင်းလိုလိုမှာအပ်ဆိုက်ကြပါတယ်။ အရင်က Insurance
ကုမ္ပဏီတွေကပေးပေမဲ့၊အခုတော့ ကိုယ့်ဘာသာကိုယ်ပေးရတော့တယ်။
ပုဂ္ဂလိက Insurance ကုမ္ပဏီတွေကတော့ အခုထိ ပေးပါတယ်။
Chinese Traditional Medicine (CTM) ကိုလည်း သုံးကြပါတယ်။
ဒီအတွက်လည်း ကိုယ့်ဘာသာကိုယ်ပေးရပါတယ်။ CTM တို့ 
အပ်ဆိုက်နည်းတို့ နဲ့ ကုမယ်ဆိုရင်တော့ တကယ်တော်တဲ့သူကို ရွေးသင့်ပါတယ်။
ဈေးကွက်ထဲမှာတော့ Offer တွေအများကြီးပေါ့လေ။
အိန္ဒိယဘက်ကဆို အာယုဗေဒနည်းတွေ နဲ့ တခြား relaxation နည်းတွေသုံး
ကြပါတယ်။ ရောဂါတော်တော်များများမှာ Stress ဟာ အကြောင်းရင်းတစ်ရပ်
အဖြစ်ပါနေတော့ Yoga, Meditation (နည်းမျိုးစုံသုံးကြပါတယ်),Massage,
.....စတဲ့ ကောင်းမယ်ထင်တဲ့နည်းတွေကို သုံးကြပါတယ်။
မိမိနဲ့ သင့်တော်ပြီး လက္ခံနိုင်မယ်ဆိုရင်တော့ သုံးပေါ့လေ။ Market ထဲမှာကတော့
ကောင်းတာရော၊ မကောင်းတာရော၊ ဘာမှန်းမသိတာတွေရော....အစုံပါပဲ။
Phytotherapy ဆေးဘက်ဝင်တဲ့ သစ်ပင်သစ်ရွက်တွေကိုသုံးတဲ့နည်း ကလည်း
စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျမတို့ မြန်မာတွေ သုံးတဲ့ ဂျင်းပြုတ်ရည်တို့ ၊
မြင်းခွာရွက်ပြုတ်ရည်တို့  စတာတွေလိုပေါ့။ ဒီမှာလည်း ဒီမှာရှိတဲ့ ဆေးဘက်
ဝင်တဲ့ အရွက်တွေကိုသုံးကြတာပါ။ အရွက်တစ်မျိုးထဲမဟုတ်ပဲ ၃_၄မျိုးရော
ပြီး Tea အဖြစ်သုံးကြတာပါ။ ဆေးညွန်းအတိုင်း ဆေးဆိုင်တွေမှာ ၀ယ်လို့ ရပါတယ်။
ဒါအပြင် သင့်တော်တဲ့အရွက်တွေကနေ ထုတ်ထားတဲ့ ဆေးပြားတွေ၊ လိမ်းဆေးတွေ
လည်းဝယ်လို့ ရပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းတော့ သုံးကြတာများပါတယ်။
မြန်မာပြည်က FAME ကထုတ်တဲ့ဆေးတွေလိုပေါ့။
Homöopathie ကတော့ ၁၇၉၆ ကတည်းက ဂျာမန်ဆရာဝန်တစ်ဦးဖြစ်တဲ့
Samuel Hahnemann ကစတင်သုံးခဲ့တာပါ။ သစ်ဥသစ်ဖုသာမက တခြား
အရာတွေကိုပါသုံးပါတယ်။ Substance တွေကို ရေ ဒါမှမဟုတ် အရက်တို့ နဲ့ 
ရောလှုပ် ပြီး 1:10 or 1:100 အထိလျှော့ချထားတာပါ။ အရည်ပုံစံ၊ globuli
ပုံစံမျိုးတွေရှိပါတယ်။ လူနာရဲ့  ရောဂါလက္ခဏာသာမက၊ လူနာရဲ့ စရိုက်
လက္ခဏာတွေကိုပါထဲ့တွက်စဉ်းစားပြီးမှ လူနာနဲ့ သင့်တော်မဲ့ ဆေးကို
ပေးရတာပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
တခြားနည်းပေါင်းစုံလည်း ဈေးကွက်ထဲမှာ အများကြီးပါ။ မိမိနဲ့ သင့်တော်မယ်
ထင်တဲ့နည်းကို ရွေးပြီး ကျွမ်းကျင်တဲ့သူကိုသာရှာရမှာပါ။
Prevention အနေနဲ့ တော့ Insurance ကုမ္ပဏီတွေက တော်တော်လေး
အားပေးပါတယ်။ အသက် ၃၅ နှစ်အထက်ဆို (၂)နှစ်တခါ Check up လုပ်
ခွင့်ရပါတယ်။ အမျိုးသမီးတွေတော့ တစ်နှစ်တစ်ခါ စစ်ဆေးခွင့်ရပါတယ်။
ဒီအတွက် ပိုက်ဆံပေးစရာမလိုပေမဲ့  ဆရာဝန်တွေကတော့ ........
ဒါ့အပြင် Insurance ကုမ္ပဏီတွေနဲ့  fitness studio တွေပေါင်းပြီး လေ့ကျင့်
ခန်းတွေလုပ်ဖို့ သင်တန်းပေးတာတွေ၊ အ၀လွန်တဲ့လူတွေအတွက် ကိုယ်အလေး
ချိန်လျှော့စေတဲ့ သင်တန်းတွေပေးတာမျိုးတွေလည်း လုပ်ပေးပါတယ်။
ကျသင့်ငွေကို Insurance ကုမ္ပဏီတွေက ပေးပါတယ်။ တချို့ ကျတော့ မိမိက
နဲနဲစိုက်ပေးရပါတယ်။
မိမိရဲ့  Insurance ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး မိမိနဲ့ သင့်တော်တဲ့ သင်တန်းမျိုး
တက်လို့ ရပါတယ်။
ဒီလောက်ဆိုရင်တော့ ဂျာမနီရဲ့ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးလောက
အကြောင်း နဲနဲပါးပါးတော့ ပုံပေါ်သွားပြီလို့ ထင်ပါတယ်။
နောက်မှ ကျမဒီလောကထဲရောက်လာပုံကို ပြောပြပါအုံးမယ်။
လူနာများနဲ့ ကျန်းမာရေးလောက
လူနာတွေက ဂျာမန်ကျန်းမာရေးစနစ်အပေါ်ထားတဲ့ သဘောထားလေးတွေနဲ့ 
သူတို့ ရဲ့ ခံစားမှုလေးတွေပါ။ ကျမကြားသိသမျှလေးတွေကိုပြောပြမှာပါ။
အားလုံးနဲ့ တော့ အကျုံးဝင်မှာမဟုတ်ပါဘူး။
၂၀၀၄ ခုမတိုင်ခင်ကတော့ အစိုးရထောက်ပံ့ထားတဲ့ အာမခံကုမ္ပဏီတွေမှာ
အာမခံထားတဲ့သူတွေဟာ ဆေးခန်းသွားရင် 10 € လည်းမပေးရ သလို၊
ဆေးဝယ်ရင်လည်း 5€-10€ မပေးရပါဘူး။ ဆေးခန်းတွေ၊ အထူးကုတွေဆီ
ကိုလည်း သွားချင်သလို သွားလို့ ရကြပါတယ်။ သူတို့ တွေအတွက် အဲ့ဒီအချိန်တွေဟာ
ကောင်းဆုံးဝန်ဆောင်မှုတွေ၊ကုသမှုတွေရခဲ့တဲ့ အချိန်ပေါ့။
လူနာတွေအတွက်လည်းကောင်းခဲ့သလို၊ ဆရာဝန်တွေအတွက်လည်း လွတ်လွတ်
လပ်လပ်ကုသပေးလို့ ရခဲ့ပါတယ်။ရရှိတဲ့ကုသမှုဘောင်ကလည်း တော်တော်လေးကျယ်
ပြန့် ပါတယ်။
၂၀၀၄ ခုနောက်ပိုင်းရောက်တော့ ကန့် သတ်မှုတွေ၊ ထည့်ဝင်မှုတွေ တဖြေးဖြေး
များလာတယ်။ ဒီတော့အရင်က အသားကျလာတဲ့ အကျင့်တွေ ပြောင်းလာရတယ်။
ကျမကြုံရသလောက်တော့ ဂျာမန်တွေဟာ အလွန် ဆေးခန်းသွားကြပါတယ်။
သူတို့ တွေဟာ ရောဂါ ကိုကြောက်ကြတယ်။ ရောဂါတခုခုဖြစ်တော့မလားဆိုတဲ့
အတွေးတွေ အမြဲရှိတတ်တယ်။နှာစေး၊ချောင်းဆိုး၊ ခေါင်းကိုက်တာလောက်လည်း
ဆေးခန်းကိုလာကြတာပဲ။ အခုဆို ဒီလို နှာစေး၊ချောင်းဆိုး ရောဂါတွေအတွက်
ဆေးကို ဆေးဆိုင်တွေမှာ ဆေးလက်မှတ်မလိုပဲဝယ်လို့ ရနေပေမဲ့ သူတို့ က
ဆေးခန်းလာပြီး ဆရာဝန်နဲ့ တွေ့ ရမှကျေနပ်ကြတယ်။ ဒါကလည်း ငယ်ငယ်
ကတည်းကစွဲလာတဲ့ အကျင့်တစ်ခုနေမှာပါ။ ဆေးခန်းကို သွားချင်သလိုသွားလို့ 
ရခဲ့ပြီး၊ ပိုက်ဆံလည်းမပေးရတော့ ဒီအကျင့်တွေက မွေးရာပါလိုဖြစ်နေပြီ။
ဆေးခန်းမှာ တနေ့ လာတဲ့လူနာရဲ့ ၄၀%ဟာ ဒီလို နှာစေးချောင်းဆိုးလောက်နဲ့ 
ရောက်လာကြတာပါ။ မိုးရွာတဲ့နေ့ ၊နှင်းကျတဲ့နေ့ တွေဆို လူနာတွေပိုများတယ်။
စနေ၊တနင်္ဂနွေနေ့ မျိုး ရာသီဥတုဆိုးရင် တော့ တနင်္လာနေ့ မှာ ဆေးခန်းက
လူတွေအလုပ်များတော့တာပဲ။ တယ်လီဖုန်းကတဂွမ်ဂွမ်နဲ့  ကြာလာတော့
နားတောင်ရောင်လာပြီလားလို့ ထင်ရတယ်။ ဆေးခန်းမှာတနေ့ လုံးနားချိန်
မရအောင် အလုပ်များကြရတယ်။ ဒီမှာဆေးခန်းတိုင်းလိုလိုလူပြည့်နေတာပဲ။
လူတွေဟာ ဒီအတွက်လည်းတော်တော်လေးအချိန်ပေးကြတယ်။
တချို့ ကြတော့ စကားပြောဖော်မရှိလို့ ဆေးခန်းလာပြီးစကားပြောကြတာလည်း
ရှိသေးတယ်။ မြို့ ပေါ်မှာ သိပ်မရှိပေမဲ့ နယ်ဘက်တွေမှာ ဒီလိုလူနာမျိုးတွေ တွေ့ 
ရတတ်တယ်။
ဒီလိုဆေးခန်းခဏခဏလာတတ်တဲ့လူနာတွေဟာ ဆရာဝန်ကို စိတ်ကြိုက် ကုလို့ 
မရတော့တဲ့အခါ အခက်ကြုံလာတာပေါ့။ ဆရာဝန်ကလည်း Insurance က
ပေးထားတဲ့ ဘောင်ကျဉ်းလာတော့ လူနာတွေကို သိပ်အချိန်မပေးချင်
ကြတော့ဘူး။ သူတို့ ကိုပိုက်ဆံများများပေးမဲ့ ပုဂ္ဂလိက အာမခံထားတဲ့ လူနာတွေ
နဲ့  ကိုယ့်ပိုက်ဆံကိုယ်ရှင်းတဲ့လူနာတွေကိုပဲ အချိန်ပေးလာကြတယ်။ ဒီတော့
သာမန်လူနာတွေ အတွက်ဘ၀င်မကျစရာတွေဖြစ်လာတာပေါ့။
University Köln ကလေ့လာချက်အရဆိုရင် အထူးကုဆရာဝန်တယောက်ဆီမှာ
ရက်ချိန်းယူရင် Private နဲ့ သာမန် Insurance ရှိသူတွေ ရဲ့ ကွာခြားချက်ကို ဖေါ်
ပြထားပါတယ်။့ သာမန် Insurance ရှိသူ တယောက် အတွက် Endoskopie
လုပ်ဖို့  ရက်ချိန်းဟာ ပျမ်းမျှအားဖြင့် ၃၆.၇ ပတ်ဖြစ်ပြီး၊ Private Insurance ရှိသူ
တွေအတွက်ကတော့ ၁၁.၉ ပတ်ပဲ ကြာပါတယ်။
လူနာတွေ ကလည်း ငါတို့ လစဉ်ပိုက်ဆံပေးနေရတာဆိုပြီး သူတို့ ရသမျှ
အခွင့်အရေးကို ရသလိုယူကြတာပါပဲ။ Insurance ကုမ္ပဏီတွေ က ကန့် သတ်
ချက်တွေလုပ်နေတာတောင် ရသမျှနည်းတွေနဲ့ ကြိုးစားကြတယ်။ ဥပမာ
နှာစေး၊ချောင်းဆိုး ရောဂါတွေအတွက် ဆေးတွေကို ၁၂နှစ်အောက်ကလေးတွေ
အတွက် ဆေးစာနဲ့ ဝယ်ရင် အလကားရပါတယ်။ ဒီတော့ ကလေးငယ်ရှိတဲ့
လူတွေက အဲ့ဒီဆေးတွေ လူကြီးတွေအတွက် လိုရင် ကလေးနံမယ်နဲ့ 
ဆေးစာရေးခိုင်းတာမျိုးတွေပေါ့။
အခွင့်အရေးယူတတ်တဲ့ လူတချို့ ကြောင့် Insurance ကုမ္ပဏီ တွေက ကန့် သတ်
မှုတွေ လုပ်လာတာပေါ့။တွေးမိတာက စနစ်ကကောင်းလွန်းတော့လည်း လူတွေကို
ပျက်ဆီးစေသလားလို့ ပါ။
Thursday, 1 October 2009
ဂျာမန်ဆေးလောက နဲ့ ဆရာဝန်များ
ဂျာမန် ကျန်းမာရေးလောက ထဲက ကျမ တွေ့ ကြုံခဲ့ရတဲ့ ဆရာဝန်တချို့ ရဲ့ 
အကြောင်းလေးတွေပါ။ ဆေးလောကထဲမှာတော့ ဆေးရုံမှာလုပ်တဲ့ ဆရာဝန်
တွေရယ်၊ ဆေးခန်းတွေမှာ ထိုင်တဲ့ဆရာဝန်တွေရယ် ဆိုပြီးယေပူယျပြောလို့ ရ
ပါတယ်။ ဆေးခန်း ထိုင်တဲ့ ဆရာဝန်တွေထဲမှာ အစိုးရ ထောက်ပံ့တဲ့  Insurance
Co. တွေက အသိအမှတ်ပြုထားတဲ့ ဆရာဝန်တွေက များပါတယ်။ သူတို့ ဆီမှာပဲ
အစိုးရ ထောက်ပံ့တဲ့  (သာမန်) အာမခံထားတဲ့သူတွေ ဆေးကုလို့ ရပါတယ်။
တချို့ ဆရာဝန်တွေကတော့ Private patients တွေအတွက်ပဲ ဆေးခန်းဖွင့်ကြ
ပါတယ်။ ဒီလိုဆရာဝန်တွေအတွက်တော့ အစိုးရ ထောက်ပံ့တဲ့  Insurance
Co. တွေက အသိအမှတ်ပြုခံရဖို့ မလိုပါဘူး။
ဒါပေမဲ့ ဆရာဝန် အများစုက အစိုးရ ထောက်ပံ့တဲ့  Insurance ရှိတဲ့ သူတွေကို
အဓိကထားကြပါတယ်။ သူတို့ က လူ များစုမဟုတ်လား။
၂၀၀၄ ခုနှစ်ကစပြီးတော့ အစိုးရ ထောက်ပံ့တဲ့  Insurance ရှိတဲ့လူနာတွေဟာ
ဆရာဝန်တွေအတွက် သိပ် အမြတ်မရကြတော့ပါဘူး။ အဲ့ဒီ ကုမ္ပဏီတွေကပေးထားတဲ့
ကုသမှု ။ဝန်ဆောင်မှုတွေဟာ တနှစ်နဲ့ တနှစ် ပိုပြီး နည်းလာပါတယ်။ ဆရာဝန်တွေအတွက်
ကုသမှုဘောင်ကျဉ်းလာတာပေါ့။ ဒီတော့ ၀င်ငွေပါနဲလာရော။
ဒီပြောင်းလဲမှုတွေဟာ တကယ်တော့ ဆရာဝန်ရော၊လူနာပါ နစ်နာကြတာပါ။
ဒီတော့ ဆရာဝန်တွေဘက်က အစိုးရ ထောက်ပံ့တဲ့  Insurance Co. တွေက
ပိုက်ဆံမပေး (တော့)တဲ့ ကုသမှုတွေကို Private treatment အနေနဲ့  ကုသပေးပြီး
လူနာက ကိုယ့်ဖာသာကိုယ် ပိုက်ဆံပေးရတာပေါ့။ ဒီတော့ (IGEL Leistungen) လို့ 
ခေါ်တဲ့ ကိုယ့်ပိုက်ဆံ ကိုယ်ရှင်းရတဲ့ ကုသမှု တွေများလာတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ကျမမြင်သလောက်ပြောရရင် ဆရာဝန်တွေ၊
လူနာတွေရဲ့ ဒဏ်တွေကို အစိုးရ ထောက်ပံ့တဲ့  Insurance Co. တွေက မခံနိုင်တော့
လို့ ပါ။ ၂၀၀၄ မတိုင်မှီကဆို ဆရာဝန်တွေ ကုသရေးမှာ တော်တော်လေး လုပ်ပိုင်
ခွင့်ရသလို Insurance Co. တွေဆီကလည်း ပိုက်ဆံရပါတယ်။ ဒါပေမဲ့ တချို့ သော
ဆရာဝန်တွေက အခွင့်အရေးတွေပိုယူလာပြီး စနစ်ကောင်းကို အမြတ်ထုတ်လာခဲ့
ကြပါတယ်။ ကုသမှုတွေ ကိုတကယ်မပေးပဲ ညာတောင်းတာတွေ၊ မလိုအပ်တဲ့
ကုသမှုတွေလုပ်ပြီး ပိုတောင်းတာတွေ လုပ်လာခဲ့ကြတယ်။ ဆရာဝန်တိုင်း
မဟုတ်ပေမဲ့ တော်တော်များများက ဒီလိုပဲလုပ်ကြတာဆိုတော့ Insurance Co.
တွေလည်းကြာတော့ ဘယ်ခံနိုင်တော့မှာလဲ။ ဒီအကြောင်းတွေ သူတို့ ကိုပြောရင်
ခံနိုင်မှာမဟုတ်ဘူး။ အဲလူနာတွေဘက်က အခွင့်ကောင်းယူလာတာတွေတော့
နောက်အပိုင်းမှာဆက်ပြောပြပါမယ်။
ဒီတော့ ဆရာဝန်တွေက လူနာတွေ ကို အရင်ထက်ပိုပြီးလက္ခံလာကြတယ်။ ဒါမှလည်း
သူတို့ အတွက် အမြတ်ကျန်မှာပေါ့လေ။ လူနာတွေအတွက် တစ်ဦးချင်း
အချိန်ပေးနိုင်မှုနည်းလာတယ်။ ဆရာဝန်တော်တော်များ
များရဲ့ ငြီးသံတွေကြားလာရတယ်။မြို့ နဲ့ ဝေးတဲ့ နေရာတွေမှာဆို ဆေးခန်းဖွင့်ချင်တဲ့
ဆရာဝန်တွေ နည်းလာတယ်။ Private လူနာများတဲ့ဆေးခန်း၊ private ကုသမှုတွေ
နဲ့ အဆင်ပြေနေတဲ့ဆေးခန်း၊ Private လူနာတွေပဲလက္ခံတဲ့ဆေးခန်းတွေပဲ အဆင်
ပြေကြပါတယ်။
ဒါတွေကတော့ ကျမသိသမျှ၊မြင်သမျှ ဂျာမန် ဆေးလောက နဲ့ ဆရာဝန်တွေ ရဲ့ 
အကြောင်း အစိတ်တပိုင်းပါ။ နောက်မှ လူနာတွေ ဘက်က အကြောင်းလေးတွေ
ဆက်ရေးပါအုံးမယ်။
Wednesday, 30 September 2009
ဂျာမန် ကျန်းမာရေး စနစ် အကြောင်း
ဂျာမနီနိုင်ငံရဲ့  ကျန်းမာရေးလောကရဲ့ အကြောင်းလေးပါ။ ဒီလောကထဲမှာကျင်လည်
နေတဲ့ ကျမရဲ့  အတွေ့ အကြုံလေးတွေကို နားလည်မိသလို ရေးပြခြင်းပါ။
ဒီမှာလူတိုင်းကျန်းမာရေး အာမခံ ထားဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး အာမခံမှာလည်း
အစိုးရ ထောက်ပံ့ထားတဲ့ ကျန်းမာရေးအာမခံ ကုမ္ပဏီတွေနဲ့ ၊ ပုဂ္ဂလိက ကျန်းမာရေး
အာမခံ ကုမ္ပဏီတွေ ဆိုပြီးနှစ်မျိုးရှိပါတယ်။ လစာ တစ်လ Brutto (၃၆၇၅ ယူရို)
အထိ ၀င်တဲ့ အလုပ် သမားတွေကတော့ အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ
မှာ ထားကြရပါတယ်။ (about 85% of population).
အလုပ်မရှိတဲ့ မှီခိုသူ အိမ်ထောင်ဖက် နဲ့ ကလေး ( ၂၅ နှစ်အထိ လုပ်မရှိ သေးတဲ့ကလေး)
တွေလည်း မိသားစု ကျန်းမာရေး အာမခံ အလိုလို ရပါတယ်။ သူတို့ တွေအတွက် သီးခြား
ထပ်ဝယ်ဖို့ မလိုပါဘူး။
တစ်လ Brutto လစာဝင်ငွေ (၃၆၇၅ ယူရို) အထက် ၀င်ငွေရှိတဲ့နိုင်ငံဝန်ထမ်းတွေ၊
ကျောင်းဆရာတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ၊ ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေနဲ့ 
ဒီမှာခဏလာနေတဲ့  Tourist နဲ့  နိုင်ငံခြားကျောင်းသားတွေ ကတော့ ပုဂ္ဂလိက
အာမခံ ကုမ္ပဏီတွေ မှာ ထားကြပါတယ်။
အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ မှာ ကျန်းမာရေးအာမခံထားရင်
အလုပ်ရဲ့ လစာထဲက (၁၄.၉%) ဖြတ်ပါတယ်။ အဲ့ဒီ (၁၄.၉%)မှာ အလုပ်သမားက
(၇.၄၅%) နဲ့  အလုပ်ရှင်က (၇.၄၅%) သွင်းရတာပါ။
ပင်စင်သမားတွေ ကိုတော့ ပင်စင်အာမခံ ကုမ္ပဏီက တ၀က်သွင်းပေးပါတယ်။
အလုပ်လက်မဲ့တွေကို အလုပ်သမားရုံးက သွင်းပေးပြီး၊ အစိုးရထောက်ပံ့လိုအပ်နေတဲ့
သူတွေကိုတော့ လူမှုဝင်ထမ်းဋ္ဌာနက သွင်းပေးပါတယ်။
အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ မှာ ကျန်းမာရေးအာမခံထားရင်
တော့အစိုးရ သတ်မှတ်ထားတဲ့ ၀န်ဆောင်မှု၊ကုသမှုတွေပဲရပါတယ်။ ဒါတွေကလည်း
ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ ကုသမှု၊၀န်ဆောင်မှုတွေပါ။
ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကတော့ရှင်းပါတယ်။ အသက်အရွယ်ပေါ်၊
ကျန်းမာရေးအနေအထားပေါ်မူတည်ပါတယ်။ ကလေးတွေနဲ့  မှီခိုသူတွေအတွက်
သီးခြား ထပ်ဝယ်ရပါတယ်။ ကုသမှု၊၀န်ဆောင်မှု တွေကလည်း မိမိဝယ်ထားတဲ့
အတိုင်းအတာပေါ်မှာ ကွာသွားပါတယ်။ ဥပမာ တချို့  ဒီမှာခဏနေတဲ့သူ တွေနဲ့ ၊
နိုင်ငံခြားကျောင်းသားတချို့ ဆိုရင် ဒီမှာလောလောဆယ်ဖြစ်တဲ့ ရောဂါပဲ ကုလို့ ရပါတယ်။
Prevention နဲ့ ပတ်သက်တာမျိုး လုပ်လို့ မရပါဘူး ။ ကုမ္ပဏီက သတ်မှတ်ထားတဲ့
ကုသမှု၊၀န်ဆောင်မှုတွေ ပဲ ကုလို့ ရပါတယ်။ အဲ့ ဒီတော့ မိမိကုမ္ပဏီက ဘယ်လို
ကုသမှု၊၀န်ဆောင်မှုတွေ ပေးတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။
ကိုယ်မှာ ကျန်းမာရေးအာမခံရှိပြီဆိုတော့ ဆရာဝန်ရှာရတော့မှာပေါ့။ ဒီကပုံစံက
မိသားစုဆရာဝန်ကို အခြေခံထားတဲ့စနစ်ပါ။ လူတိုင်းမှာ မိသားစုဆရာဝန်ရှိကြပါတယ်။
မိမိစိတ်ကြိုက် ဆရာဝန်ကို ရွေးလို့ ရသလို၊ မကြိုက်ရင်လည်းပြောင်းလို့ ရပါတယ်။
နေမကောင်းဖြစ်ရင် မိမိရဲ့ မိသားစုဆရာဝန်ဆီကို ပထမ သွားရပါတယ်။ သူ့ ဆီမှာ
၃လ တစ်ကြိမ် ( every Quarter) 10Euro ကို မိမိရဲ့  Insurance Co. အတွက်
ပေးရပါတယ်။ ဒါကတော့ မိမိရဲ့ own contribution အနေနဲ့ ပါ။ ဆေးခန်းက
ဖြတ်ပိုင်းလေးပေးပါတယ်။ ဆေးခန်းသွားတိုင်းတော့ Insurance card ယူသွား
ရပါမယ်။ မိမိရဲ့ ဆရာဝန်က လိုအပ်ရင် သက်ဆိုင်ရာ အထူးကုတွေဆီ transfer
လုပ်ပေးပါတယ်။ အဲ့ဒီအတွက် transfer Formula ရေးပေးပါတယ်။ လူနာက ကိုယ်ကြိုက်တဲ့
အထူးကုဆရာဝန်ကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ အဲ့ဒီဆရာဝန်အတွက်
ရက်ချိန်းယူပြီး သွားတဲ့အခါ Insurance Card နဲ့  Transfer Formula လေး
ယူသွားရင် 10Euro ထပ်မပေးရတော့ပါဘူး။ Transfer Formula မပါပဲသွားရင်တော့
10Euro ထပ်ပေးရမှာပါ။ Insurance Card ကတော့ ဆေးခန်းသွားတိုင်းယူသွား
ရမှာပါ။သွားဆရာဝန်အတွက်တော့ သီးသန့်  10 Euro ထပ်ပေးရပါတယ်။
ပုဂ္ဂလိက အာမခံ ထားသူတွေ ကတော့ 10 Euro ပေးစရာမလို သလို၊ သူတို့ 
သွားချင်တဲ့ ဆရာဝန်ဆီသွားလို့ ရပါတယ်။ ပိုပြီးလွတ်လပ်တာပေါ့လေ။
နောက်ဆက်ရေးမဲ့အကြောင်းတွေ ကတော့ ဆရာဝန်တွေ အကြောင်း၊လူနာတွေ
အကြောင်းနဲ့  ကုသမှုတွေအကြောင်း စတာတွေပါ။
ဆက်ရန်.....
Sunday, 26 April 2009
နွေဦး Allergy
အအေးဒဏ်ရယ်၊ စောစောစီးစီးမှောင်တဲ့ဒဏ်ရယ် ဒါတွေကိုဆောင်းတွင်းတခုလုံး
ခံခဲ့ရလို့ နွေသီးရောက်ပြီဆိုရင် ကျမအရင်ကသိပ်ပျော်ခဲ့တာပေါ့။ နွေဦးရောက်ရင်
ပန်းပွင့်လေးတွေစပွင့်ကြပြီ၊ သစ်ပင်တွေလည်းရွက်နုလေးတွေစထွက်ကြပြီ။
ပန်းပင်လေးတွေ၊သစ်ပင်တွေကသိပ်တာဝန်ကျေတာပဲ။ နေရောင်နွေးနွေးနဲ့ 
ကောင်းကင်ပြာပြာကလည်း နွေဦးရဲ့ အလှတစ်ခုပေါ့။ နွေဦးရဲ့ နေရောင်ခြည်က
မပြင်းတော့ကျမအတွက်နေပူစာလှုံလို့ အကောင်းဆုံးပဲ။ နွေရောက်ရင် နေရောင်
ကဒီမှာအရမ်းပြင်တယ်။ကျမနေတဲ့ဂျာမနီတောင်ပိုင်းမှာဆို နွေရောက်ရင်
၄၀ ဒီဂရီလောက်အထိ တစ်ခါတစ်လေပူတတ်တယ်။ နွေဦးရာသီကတော့
ကျမအတွက် စိတ်သစ် လူသစ်နဲ့  အတက်ကြွဆုံးအချိန်ပေါ့။
ဒါပေမဲ့ ဒီရောက်ပြီး ၃ နှစ်လောက်ကြာတော့ နွေဦးရာသီဟာ ကျမအတွက်
သိပ်မလှတော့ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကျမမှာ Heuschnupfen
ဆိုတဲ့ Hay Fever ရှိလာလို့ ပဲ။ နွေဦး Pollen Allergy လို့ ဆို
မလားပဲ။နွေဦးရောက်လို့ ပန်းတွေပွင့်ပြီဆိုတာနဲ့  ပန်းဝတ်မှုံလေးတွေက
လေထဲကိုလွင့်ကုန်ရော။ သူတို့ ကိုရှူမိရင် သာမန်အားဖြင့်ဘာမှမဖြစ်ပေမဲ့၊ တချို့ 
လူတွေကြတော့ Allergy ဖြစ်တယ်။ အဲ့ဒီလူတွေထဲမှာကျမလည်း
အပါအ၀င်ပေါ့။
ရောဂါလက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ ရုတ်တရက် အဆက်မပြတ်
နှာချေခြင်း၊ လည်ချောင်းယားခြင်း၊ မျက်စိယားခြင်းစတဲ့ထင်ရှားတဲ့
လက္ခဏာ
တွေဖြစ်ပြီး။အဲ့ဒီအပြင် ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊အာရုံကောင်းစွာမစိုက်
နိုင်ခြင်း၊ အလင်းရောင်ကိုခံနိုင်စွမ်းမရှိခြင်းစတာတွေလည်းဖြစ်တတ်သေး
တယ်။
စစဖြစ်ချင်းကတော့ ဘာမှန်းမသိဘူး။တခြားလူတွေက Allergy ဖြစ်
တာလို့ ပြောကြတာနဲ့ ဆရာဝန်ဆီသွားပြဖြစ်တယ်။ဆရာဝန်က Allergy
Test(Prick Test)လုပ်ကြည့်တယ်။ဒီတော့မှကျမမှာ ဘာတွေနဲ့ 
Allergy ဖြစ်မှန်းသိရတော့တယ်။ကျမမှာက နွေဦးရာသီမှာပွင့်တဲ့ပန်းတွေ
နဲ့ မတဲ့တာ။ဒီတော့နွေဦရာသီရောက်တာနဲ့ ကျမလည်း နှာရည်တွေကျ၊
လည်ချောင်းတွေယား၊မျက်လုံးတွေယားနဲ့ နှာကလည်းချေနဲ့ အလုပ်ကိုများ
နေရော။ ဖေဖေါ်ဝါရီလလောက်ကစလိုက်တာ မတ်လအလည်လောက်အထိ
ဒုက္ခရောက်လိုက်တာ။ ညညဆို နှာချေလိုက်၊နှာညှစ်လိုက်နဲ့ ကောင်းကောင်း
မအိပ်ရဘူး။
ဆရာဝန်က Allergy ဆေးတွေပေးတယ်။ Lorano ဆိုတာ။ဒီဆေး
သောက်ပြီးရင် ၂ရက်၊၃ရက်လောက် ခေါင်းနောက်နေရော။မျက်စဉ်းကို
တော့ Wela ကထုတ်တဲ့ Euphasia ကိုသုံးတယ်။ နှာခေါင်းပိတ်ရင်
Otriven1% ကိုသုံးတယ်။ နှာခေါင်းထဲထည့်ရတဲ့ Nasensalbe
ကလည်းအသုံးဝင်တယ်။ အိုရေ ဒုက္ခကိုများနေတာပဲ...။
တံခါးတွေ၊ပြူတင်းပေါက်တွေလည်းအတတ်နိုင်ဆုံးပိတ်ထားရတယ်။
အပြင်သွားတုန်းက၀တ်ထားတဲ့အင်္ကျီတွေကို အိမ်ရောက်တာနဲ့ လည်း
ပြီးအိပ်ယာနဲ့ ဝေးဝေးမှာထားရတယ်။ ဖြစ်နိုင်ရင် အိပ်ယာဝင်ခါနီး
ခေါင်းလျှော်ဖို့ အကြံပြူကြတယ်။ဂျာမနီကသူငယ်ချင်းတွေအတွက်
http://www.allergie.com ဒါလေးကအသုံးဝင်တယ်။
လေ့လာကြည့်လို့ ရတာပေါ့။