Saturday 27 February 2010

ရထားပေါ်မှာ တွေ့ ရတာတွေ

ကျမက ကားမမောင်းတတ်တော့ ဘယ်သွားသွား ရထားတွေ၊ Tram တွေ
သုံးရတာများပါတယ်။ ဒီကလူတော်တော်များများကလည်း ရထားတွေ၊ Tram
တွေသုံးတာများပါတယ်။ သွားရင်းလာရင်း ရထားတွေပေါ်မှာ တွေ့ ရတာ
လေးတွေ ရေးချင်စိတ်ပေါက်လာလို့ ပါ။

ကျမစီးလေ့ရှိတဲ့ရထားက အလုပ်ချိန်၊ ကျောင်းချိန်ဆိုတော့ အသွား၊အပြန်
အမြဲလိုလို ကြပ်ပါတယ်။ ကြပ်တယ်ဆိုပေမဲ့ ချောင်ချောင်လေးတော့ရပ်လို့ 
ရပါသေးတယ်။ တချို့ တွေက ရထားပေါ်မှာ သူများကို နေရာမပေးချင်ကြဘူး။
မိမိနေရာ ဘေးကထိုင်ခုံအလွတ်မှာ ကျောပိုးအိပ်တွေ၊ ပစ္စည်းတွေချထား
ကြတယ်။ လူဘယ်လောက်ကြပ်ကြပ်သူတို့ ပစ္စည်းတွေ ချထားတာပဲ။
တော်ရုံလူက ဖယ်ပေးပါလို့ မပြောတော့ဘူး။ အလိုက်တသိ ဖယ်ပေးမယ်
ဆိုတာမရှိဘူး။ ဘေးမှာ မတ်တတ်ရပ်နေသူရှိရင်တောင် မသိသလိုပဲ။
တချို့ ကတော့ ခပ်တည်တည်နဲ့ နေရာကပစ္စည်းတွေဖယ်ပေးထို့ ပြောတယ်။
ဒီလိုဆိုတော့လည်း ဖယ်ပေးပါတယ်။ တချို့ ကြတော့ ထိုင်ခုံ အလယ်မှာထိုင်တယ်။
ဘေးခုံမှာ ထိုင်လို့  မရအောင်ပေါ့။ ဒီအပြုအမူကို ကလေးတွေရော လူလတ်ပိုင်း
တွေမှာရောတွေ့ ရတယ်။

တနေ့ ကတော့ Tram ပေါ်မှာ ကလေး ၂ ယောက်က ၄ယောက် ထိုင်ခုံနေရာမှာ
ထိုင်နေတယ်။ အမျိုးသမီးကြီးတယောက်ရောက်လာပြီးနေရာ အားလားလို့ မေးတော့
ကလေးတွေက မအားဘူး သူတို့ မိန်းကလေးသူငယ်ချင်းလာမှာလို့ ပြောပါတယ်။
အမျိုးသမီးကြီး ထွက်သွားတော့ လှောင်ရီရီကြတယ်။ ဘေးကလူကြီးတွေကလည်း
ဒီကလေးတွေကို မဆုံးမ ကြဘူး။ သူတို့ သူငယ်ချင်းမလည်းမလာပါဘူး။

တခါတလေကြတော့ ရှေ့ကထိုင်ခုံပေါ်မှာ ခြေထောင်တင်ကြတယ်။ ရထားလူချောင်ချိန်ပေါ့။
တချို့ ကြတော့သီတင်းစာလေးတွေခင်းပြီးတင်ကြတယ်။ တချို့ ကြတော့ ဖိနပ်တွေနဲ့ ။
အမြင်မတော်တဲ့သူကပြောတော့ သူ့ ဖိနပ်က အသစ်ဆိုပဲ။

ဒီမှာ ကျောပိုးအိပ်တွေတော်တော်သုံးကြတယ်။ တချို့ က ကိုယ်ချင်းစာစိတ်မရှိဘူး။
ရှေ့ကနေတက်သွားပြီး ကျောပိုးအိပ်တရမ်းရမ်းနဲ့  နောက်ကလူခမျာ သူ့ ကျောပိုးအိပ်ရဲ့ 
ရိုက်ချက်တွေ ခံနေရသေးတယ်။ သူကတော့ ဂရုတောင်မစိုက်ဘူး။

အလုပ်ကပြန်လာချိန်ဆို လူကလည်းပင်ပန်း၊ ရထားပေါ်မှာ နဲနဲလေး အနားယူ
မလားမှတ်တယ်။ တခါတလေ ဖုန်းတဂွမ်ဂွမ်နဲ့  ကျယ်ကျယ်လောင်လောင်
ရှည်ရှည်ဝေးဝေးတွေပြောတဲ့သူအနားရောက်လို့ ကတော့ လူကပိုပင်ပန်းသွားရတယ်။

ရထားတွေ၊ Tram တွေ ပေါ် ရောက်ရင် လူတွေက ရှေ့ဆက်မတိုးကြတော့ပဲ
အပေါက်ဝမှာတင်ရပ်နေကြတယ်။ နောက်ကလိုက်ချင်တဲ့သူတွေခမျာ မတက်ရတော့ဘူး။
တခါတလေကြတော့ ရှေ့တိုးပေးဖို့  Tram မောင်းတဲ့သူကပြောရှာပါတယ်။
သိပ်ဂရုမစိုက်ကြပါဘူး။ ကျမတို့  ရန်ကုန်က ဘတ်စ်ကား စပယ်ယာတွေကို
ပြေးသတိရမိတယ်။ ဘာတဲ့ ၀ါသနာပါရင် ကလို့ တောင်ရတယ်ဆိုပဲ။

အရင်ကတော့ လူကြီးတွေက အမြင်မတော်ရင် ပြောလေ့ရှိတာတွေ့ ရတယ်။
လူငယ်တွေက အပြောမခံဘူး။ ပြန်ရန်တွေ့ ၊ ရိုင်းစိုင်းစွာတုန့် ပြန်၊ လှောင်ရီကြ၊
ကိုယ်ထိလက်ရောက် ပြန်ရန်မူကြ ဆိုတော့ လူကြီးတွေလည်း စကားနဲ ရန်စဲ
လုပ်နေကြတာတွေ့ ရတယ်။ ဘူတာတွေမှာ လူငယ်တွေဝိုင်းရိုက်ကြလို့ 
ဆေးရုံရောက်ကြ၊ အသက်ဆုံးကြတာတွေ သတင်းတွေမှာတွေ့ နေရတော့
လူတွေလည်း မျက်စိပိတ်၊ ပါးစပ်ပိတ်နေကြတော့တယ်။ တယောက်နဲ့ တယောက်
လေးစားမှုကတော့နဲလာတာအမှန်ပါပဲ။ လူကြီးတွေကို ပမာမခန့် လုပ်လာကြတယ်။

တွေ့ တာလေးတွေရေးတာပါ။ ကျမလည်း အသက်ကြီလာပြီဆိုတော့ အမြင်မတော်
တာတွေပြောချင်လာတာနေမှာ။သတိထားမှ။

Wednesday 24 February 2010

ဂျာမန် တက္ကသိုလ် အကြောင်း

အိစန္ဒာ မေးထားတဲ့ ဂျာမန် တက္ကသိုလ် အကြောင်းလေးပါ။
ကျမကိုယ်တိုင်တော့ ဂျာမနီမှာတက္ကသိုလ် မတက်ဘူးတော့ ရှာတွေ့ သလောက်
ပဲရေးလိုက်ပါတယ်။
DAAD ကတော့ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကကျောင်းသားတွေကို တော်တော်များများ
Scholarship ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံက အစိုရ၀န်ထမ်းတွေ
တော်တော်များများက DAAD Programme နဲ့ လာတက်ကြတာပါ။
အခုတော့ အပြင်ကလူတွေလည်း လျှောက်ပြီး လာတက်နေကြတာတွေ့ ရပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ ဖတ်ကြည့်ရင် ရပါလိမ့်မယ်။

တခြား ဂျာမန်ကျောင်းလျှောက်တာနဲ့ ပတ်သက်တာလေးတွေပါ။
၁။ http://www.studyineurope.eu/study-in-germany/applications/how-to-apply
၂။ http://www.studyplaces.com/study-abroad/courses/Germany
၃။ http://en.wikipedia.org/wiki/List_of_universities_in_Germany

တက္ကသိုလ်တွေမှာတော့ ဂျာမန်လို တက်ရတာရှိသလို၊ အင်္ဂလိပ်လို တက်ရတဲ့
ဘာသာရပ်တွေလည်းရှိပါတယ်။ ဂျာမန်ဘာသာ နဲ့ တက်ရမယ်ဆိုရင်တော့
Deutsche Sprachprüfung für den Hochschulzugang (DSH) ဆိုတဲ့
ဂျာမန် ဘာသာစကားစစ်တဲ့စာမေးပွဲ အောင်ရပါမယ်။

Semester ကြေးတွေကတော့ ပြည်နယ်တွေအလိုက်ကွဲပြားပါတယ်။
ဒီမှာကြည့်လို့ ရပါတယ်။ ဒီနေရာမှာလည်း ဖတ်ကြည့်လို့ ရပါတယ်။

ညီမလေး လပြည့်ရိပ်ကိုမေးကြည့်ရင်လည်းသိနိုင်ပါတယ်။

Friday 19 February 2010

Fasting time

Karneval ပြီးသွားတော့ Fastenzeit ( Fasting time) အချိန်ကိုရောက်လာတယ်။
Aschermittwoch
ကနေ Ostern (Easter) အထိ ၇ပတ်ကတော့
ဂျာမနီမှာတော့ Fastenzeit အချိန်ပါ။ ဒီဓလေ့က တော့ ခရစ်ယန်
ဘာသာကဆင်းသက်လာတာပါ။ ကျမတို့  ဗုဒ္ဓဘာသာတွေ ၀ါတွင်း
ဥပုသ်ဆောက်တည်ကြသလိုမျိုးပေါ့လေ။ ခရစ်စမတ် ပွဲအချိန်ကစပြီး
အစားကောင်းအသောက်ကောင်းတွေစားသောက်လာကြတာ။
ဒီ Aschermittwoch (၁၇.၁.၂၀၁၀) လည်းပြီးရော အစားအသောက်တွေ
ခြိုးခြံကြရတယ်။ အရင်တုန်းကတော့ ဒီကာလအတွင်းမှာ အသားမစားကြဘူး။
အချိုတွေ၊ အရက်၊ ကော်ဖီ၊ နို့ ထွက်ပစ္စည်းစတာတွေကို ရှောင်ကြတယ်။
အခုတော့ လူတော်တော်များများက မလုပ်ကြတော့ဘူး။ တချို့ ကတော့
ဒီကာလမှာအချို တွေ( သကြားလုံး၊ချောကလက်၊ ) လောက်တော့ရှောင်
ကြတယ်လို့ သိရပါတယ်။ ရုပ်ရှင်ကြည့်တာ။ သီချင်းနားထောင်တာ၊
တီဗီကြည့်တာတွေလည်းရှောင်ကြတယ်လို့ ပြောပါတယ်။

တချို့ ကြတော့လည်း ခရစ်စမတ်ပွဲ ကနေ ဆောင်းတတွင်းလုံး အဆီအစိမ့်
တွေစားလာပြီး၊ ဒီရာသီရောက်မှ Diet လုပ်ကြတယ်တဲ့။
တချို့  စာစောင်တွေမှာ Fastenzeit ( Fasting Time) menu တွေတွေ့ ရတယ်။
ကျမအရင်အလုပ်လုပ်တဲ့ဆေးခန်းကဆိုရင် Fasting Seminar တောင်လေ့ရှိတယ်။
ကျမတို့ စားသောက်ထားတဲ့ အစားအစာတွေထဲက ကျန်နေတဲ့ အဆိပ်အတောက်
တွေကို Fasting လုပ်ပေးခြင်းနဲ့  ထုတ်ပစ်လို့ ရတယ်လို့ ဆိုပါတယ်။ Fasting လုပ်
ခြင်းနဲ့ အဆိပ်ထုတ်တဲ့ အကြောင်းစာအုပ်တွေလည်းတော်တော်များများ
တွေ့ ရတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကျမတော့လိုက်မလုပ်ဖြစ်သေးဘူး။


Monday 15 February 2010

Rosenmontag.....narri narro


ဒီနေ့ ကတော့ ကျမတို့ နေတဲ့ ဂျာမနီတောင်ပိုင်းမှာ Rosenmontag
လို့ ခေါ်တဲ့ Karneval ပွဲနေ့ ပါ။ Karneval, Fastnacht နဲ့  Fasching
ဆိုပြီး ဒေသကိုလိုက်ပြီးခေါ်လေ့ရှိကြပါတယ်။ ဂျာမနီမြောက်ပိုင်းကတော့ ဒီပွဲကို
ကျင်းပလေ့မရှိပါဘူး။ဒီပွဲကို နှစ်တိုင်း ၁၁ရက်၊ ၁၁လပိုင်း၊ ၁၁နာရီ မှာစပြီး Aschermittwoch ဖြစ်တဲ့
လာမယ့် ဗုဒ္ဓဟူးနေ့ မှာပြီးပါတယ်။ ပွဲရဲ့  အရှိုန် အမြင့်ဆုံးအချိန်ကတော့ ဒီနေ့ 
တနလာင်္နေ့  Rosenmontag ပဲဖြစ်ပါတယ်။ ဒီနေ့ မှာ ကျောင်းတွေပိတ်ပါတယ်။
တချို့ အလုပ်တွေလည်းပိတ်ပါတယ်။ တနေ့ လုံးမပိတ်ရင်တောင် နေ့ လည်
ဆိုပိတ်တာပဲ။ ဘတ်စ်တွေ လည်း နေ့ လည် ၁ နာရီကနေညနေ ၅နာရီလောက်
်အထိ မမောင်းကြဘူး။လမ်းပေါ်မှာ မနက်ထဲက ၀တ်ချင်တာတွေဝတ်ပြီးလျှောက်သွားနေကြတာ။
မျက်နှာတွေလည်းလိမ်းလို့ ချယ်လို့ ပေါ့။နေ့ လည် ၂ နာရီ လောက်ကစပြီး စီတမ်းလှည့်လည်ပွဲကို စပါတယ်။
မြို့ တိုင်းမှာ Fasching အဖွဲ့ လေးတွေရှိတယ်။ ကိုယ့်မြို့ မှာ ပွဲလုပ်ရင် တခြား
အနီးအနားကမြို့ တွေက အဖွဲတွေကို ဖိတ်ကြပြီး စီတမ်းလှည့်လည်ပွဲ လုပ်ကြတယ်။
မြို့ တိုင်းဟာ သူ့ နေ့ နဲ့ သူ ပွဲလေးတွေလုပ်ကြတယ်။

ကျမက ပွဲကြည့်ရတာဝါသနာပါတော့ သွားကြည့်တာပဲ။ Thomas ကတော့
မြောက်ပိုင်းသားပီပီ စိတ်မ၀င်စားဘူး။

ဒီနှစ်ကတော့ နှင်းတွေက လမ်းမပေါ်မှာရှိနေတုန်း၊ ရာသီဥတုကလည်း
အေးတော့ ကျမတို့ မြို့ မှာ သိပ်မစည်ကားဘူး။
မလုအတွက်

narri narro

Sunday 14 February 2010

cheese fondue


အရက်မပါပဲ လုပ်တဲ့
cheese fondue လုပ်နည်းတွေ့ တာနဲ့ စမ်းလုပ်
ကြည့်တာပါ။ ၂ ယောက်စာ အချိုးချပြီး လုပ်လိုက်ရပါတယ်။
Thomas ကတော့
Buttermilk နဲနဲများသွားတယ်လို့ ပြောပါတယ်။

cheese fondue for 6 people

400g Emmentaler Cheese
400g Gruyere Cheese
500 ml Buttermilk
200g Frischkäse (
Fresh Cheese)
1 Clove of Garlic
2 EL
Speisestärke (Cornstarch)
Salt and pepper
Muskat(Nutmeg) powder
2
Baguette (သေးသေးလှီးထားပါ)

2 EL Speisestärke ကို Buttermilk နဲနဲနဲ့ ဖျော်ထားပါ။
Buttermilk ကို မီးအေးအေးနဲ့ ကြိုပါ။ Frischkäse ထည့်ပါ။
ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါ။ cheese တွေကို တဖြေးဖြေးချင်းထည့်ပါ။
အဆက်မပြတ်မွှေနေပါ။
ဖျော်ထားတဲ့ Speisestärke ကိုထည့်ပါ။
မွှေနေပါ။ ဆား၊ ငရုပ်ကောင်း၊ ဇာလိပ်ဖို သီး အမှုန့် နဲနဲစီထည့်ပါ။
လိုချင်တဲ့ အပြစ် အကျဲရရင် စားလို့ ရပါပြီ။
လှီးထားတဲ့ Baguette လေးတွေနဲ့ တို့ စားလို့ ရပါပြီ။
သူငယ်ချင်းတွေစုပြီး စကားတပြောပြောနဲ့  စားရင် ပျော်စရာကောင်း
ပါတယ်။

Thursday 11 February 2010

အဟောင်းနဲ့ အသစ်

ဒိနေ့  youtube ထဲမှာ ဟိုကြည့်ဒီကြည့်နဲ့  ကျမတို့ နေတဲ့ မြို့ Bad Krozingen
ရဲ့ ပုံလေးတွေ သွားတွေ့ တယ်။

ဒါကတော့ မြို့လည်က ဘူတာရုံ ဘေးက နေရာ အဟောင်းနေရာပါ။




ဒါကတော့ အထက်ကမြင်ခဲ့ရတဲ့ နေရာမှာ အဆောက်အဦးသစ်တွေဆောက်ပြီးလို့ 
ဖွင့်ပွဲလုပ်တဲ့ နေ့ ကပုံပါ။



ကွာခြားတာကတော့ အေးဆေးငြိမ်သက်တဲ့ သဘာဝ မြင်ကွင်းကနေ ခေတ်မီ တဲ့ အမြင်သစ်
ကိုပြောင်းသွားတာပါပဲ။

Tuesday 9 February 2010

Schokoladen Fondue



Schokoladen Fondue လုပ်စားတဲ့ခွက်လေးကို လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့

Gavina က ခရစ္စမတ်လက်ဆောင်ပေးထားတာနဲ့  ဒီနေ့ လုပ်စားဖြစ်ပါတယ်။

käsefondue /cheese fondue ကတော့ မလုပ်စားဖြစ်တာကြာပါပြီ။

အရက် မပါတဲ့ cheese fondue က ပျက်တာများတာနဲ့  မလုပ်ဖြစ်တာပါ။

Schokoladen Fondue လုပ်တာကတော့ လွယ်လည်းလွယ်၊ တခါတလေ

အချိုလေးစားချင်စိတ်ရှိတဲ့အခါ မြန်မြန်လုပ်စားလို့ ရပါတယ်။

လိုအပ်တာကလည်း မများပါဘူး။

Sahne 100ml ကို မီးအလယ်လောက်နဲ့ အပူပေးပြီး။ ချောကလက် 200g

ကိုခပ်သေးသေးဖဲ့ထဲ့ပြီး ချောကလက် ပျော်သွာရင် fondue ခွက်ထဲထဲ့ရုံပါပဲ။

တို့ စားဖို့ ကတော့ နာနတ်သီ၊ ပန်းသီး၊ ငှက်ပျောသီး စတာတွေကို အနေတော်တုန်း

ထားပါ။ ပြီးမှ ခရင်းလေးတွေနဲ့ ထိုးပြီး တို့ စားရုံပါပဲ။

Sunday 7 February 2010

မင်္ဂလာရှိကြပါစေ။

ငယ်ငယ်တုန်းက အလိမ္မာဝတ်အသင်းမှာ ဆရာဦးသစ်ဆန်းလွင်
သင်ပေးခဲ့တဲ့ ၃၈ ဖြာမင်္ဂလာ လိုရင်းဆောင်ပုဒ် ဆိုတာလေးပါ။
၁။ လူမိုက်ရှောင်မင်္ဂလာ ၊
၂။ လူလိမ္မာပေါင်း မင်္ဂလာ ၊
၃။ ပူဇော်ထိုက်သူ ပူဇော် မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၃ ဖြာ။

၎။ သင့်ရာနေ မင်္ဂလာ၊
၅။ ကြိုတင်ကောင်းမှုပြုမင်္ဂလာ၊
၆။ ကိုယ့်ကိုကိုယ်ထိန်း မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၃ ဖြာ။

၇။ အကြားအမြင်များ မင်္ဂလာ၊
၈။ အတတ်ပညာသင် မင်္ဂလာ၊
၉။ ကျင့်ဝတ်လေ့လာ မင်္ဂလာ၊
၁၀။ စကားလိမ္မာ မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၁၁။ မိဘလုပ်ကျွေး မင်္ဂလာ၊
၁၂။ သားမယားချီးမြှောက် မင်္ဂလာ၊
၁၃။ အလုပ်အပြစ်ကင်း မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၃ ဖြာ။

၁၄။ ပေးကမ်းလှူဒါန်း မင်္ဂလာ၊
၁၅။ တရားသဖြင့်ကျင့်ကြံ မင်္ဂလာ၊
၁၆။ ဆွေမျိုးချီးမြှောက် မင်္ဂလာ၊
၁၇။ အများအကျိုးဆောင် မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၁၈။ မကောင်းမှုဝေးဝေးရှောင် မင်္ဂလာ၊
၁၉။ မကောင်းမှု အတွေ့ ရှောင် မင်္ဂလာ၊
၂၀။ အရက်သေစာရှောင် မင်္ဂလာ၊
၂၁။ တရားမမေ့မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၂၂။ ရိုသေကိုင်းရှိုင်း မင်္ဂလာ၊
၂၃။ နှိမ့်ချကျိုးနွံ မင်္ဂလာ၊
၂၄။ ရောင့်ရဲတင်းတိမ် မင်္ဂလာ၊
၂၅။ ကျေးဇူးသိတတ် မင်္ဂလာ၊
၂၆။ တရားနာ မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၅ ဖြာ။

၂၇၊ သည်းခံမင်္ဂလာ၊
၂၈။ နာခံလွယ် မင်္ဂလာ၊
၂၉။ သူမြတ်ဖူးမျှော်မင်္ဂလာ၊
၃၀။ တရားဆွေးနွေး မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၃၁။ အာရုံမလိုက်စား မင်္ဂလာ၊
၃၂။ အကျင့်မြတ်ပွားများ မင်္ဂလာ၊
၃၃။ အရိယာသစ္စာသိမြင် မင်္ဂလာ၊
၃၄။ နိဗ္ဗာန် မျက်မှောက်ပြု မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

၃၅။ လောကဓံမတုန်လှုပ် မင်္ဂလာ၊
၃၆။ ၀မ်းမနဲ မင်္ဂလာ၊
၃၇။ မမက်မော မင်္ဂလာ၊
၃၈။ ဘေးမရှိ မင်္ဂလာ - အဲ့ဒါမင်္ဂလာ ၄ ဖြာ။

ဒီမှာလည်းကြည့်လို့ ရပါတယ်။

Tuesday 2 February 2010

ကိုယ့်အကြိုက် (ပေါက် သိစေဖို့ )

ပေါက် ရေ ကိုယ့်အကြိုက် ကိုရေးလိုက်အုံးမယ်နော်။

ထမီဆိုတာငယ်ငယ် ကတည်းက ကျမတို့ ရင်းနှီးလာကြတာပါ။ မှတ်မိစရာတွေ
လည်းအများကြီးပေါ့။ ကျမ ၄ နှစ်သမီးအရွယ်လောက်က ထမီဝတ်၊ ဒေါက်ဖိနပ်
စီး၊ ပုသိမ်ထီးဆောင်းပြီးရှိုးအပေးကောင်းလို့  ခလုပ်တိုက်၊ နဖူးပေါက်ဖူးတယ်။
အခုထိနဖူးမှာ အမာရွတ်ရှိနေတုန်း။

ကျောင်းမှာ (၅)တန်းရောက်တော့ ထမီစ၀တ်ရတယ်။ လူကကလေးပဲရှိသေးတာ
ဆိုတော့ အဆော့ကမက်တယ်လေ။ ထမီနဲ့ ဆိုတော့ ပြေးရလွှားရတာ သိပ်မကောင်း
ပြန်ဘူး။ ဒီတော့ကျောင်းသွားရင် စကတ်လေးထည့်သွားတယ်။ မနက်ကျောင်း
မတက်ခင် နဲ့ နေ့ လည်ထမင်းစားချိန်ဆင်းရင် စကတ်လဲပြီး ကစားတာပဲ။
အဲ့ဒီတုန်းက ခေတ်စားတဲ့ကစားနည်းက သာရေကွင်းခုန်တာလေ။
စကတ်မေ့လာတဲ့နေ့ ဆို ထမီကွဲအောင် ဆော့ဘူးတယ်။

ငယ်ငယ်က ပိန်ပိန်ရှည်ရှည်ဆိုတော့ အဖွားက ထမီဝတ်စေချင်တာ။ အမေ
ကတော့ဂါဝန်လှလှလေးတွေဝယ်ပေးပါတယ်။ (၈)တန်းလောက်ကစပြီး
တော့ ထမီပဲဝတ်ဖြစ်တယ်။ ကြီးတဲ့အထိပဲ။ မှတ်မိသေးတယ်။ သင်္ကြန်ဆိုရင်
သူများတွေဘောင်းဘီဝတ်တာတွေ့ တော့ ကျမတို့ ညီအမတွေ ပိုးထကြတယ်။
ဒါနဲ့ မချိုရယ် ကျမရယ် ဘောင်းဘီ တစ်ထည်စီဝယ်ဖြစ်ကြသေးတယ်။

အလုပ်ထဲရောက်တော့ ထမီဝတ်ရတာ တော်တော်ပျော်လာတယ်။ ဆရာမ
ပေါက်စဆိုတော့ ထမီလှလှလေးတွေနဲ့ ဟုတ်နေတာပေါ့။ တရုပ်ဆင်လှလှ
လေးတွေ၊ ချိတ်လှလှလေးတွေ... လခထုတ်ရင် သူငယ်ချင်းစန္ဒီနဲ့ အတူ
လှည်းတန်းဈေးပြေးပြီး ထမီတွေငေးကြ၊ ၀ယ်ကြတာမှတ်မိသေးတယ်။
ထမီတွေကလည်းအမျိုးမျိုးပေါ်တယ်။ ပါတိတ်၊ ဘီဘဲ။ ကြောင်ခြစ်၊ ချည်ထည်။
တရုတ်ထည်၊ ရေစိုလုံချည်ဆိုတာတောင်ရှိသေးရဲ့ ၊

Thomas နဲ့ စတွေ့ ကတည်းက သူက မြန်မာချည်ထမီလှလှလေးတွေဝတ်တာ
သဘောကျတယ်။ကျမ၀တ်တဲ့ထမီတွေထဲမှာ သူ့ အကြိုက်တွေ ပြောထားတယ်။
ကျမ ဒီကို လာတော့သူ့ ကြိုက်တဲ့ထမီလေးတွေ ရွေးယူလာခဲ့တယ်။
ရောက်စကတော့ ထမီပဲဝတ်ဖြစ်တယ်။ အခုတော့ နွေရောက်ရင်ဝတ်ပါတယ်။
တရားသွားထိုင်ရင်ဝတ်ဖြစ်တယ်။ ဒီက တရားထိုင်ကြတဲ့ဘိုမတွေဆီမှာ
ထမီလှလှလေးတွေအများ ကြီးရှိတယ်။ ကျမငေးယူရတယ်။

ကျမကြိုက်တဲ့ထမီလေးတွေက ချည်ထည် ဒူးနားချိတ်လေးတွေ၊ မာဆရိုက်လေး
တွေ ကြိုက်တယ်။ သူတို့ တွေက ထသွားထလာဝတ်လို့ ကောင်းတယ်။
တရားထိုင်ရင်လည်း အဆင်ပြေတယ်။ တရုတ်ထည်လေးတွေလည်း
ကြိုက်တာပဲ။ ဒါပေမဲ့ မြန်မာထည်လောက် မယဉ်သလိုပဲ။
အရောင်တွေထဲမှာတော့ အပြာရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်၊
ပုဇွန်ဆီရောင်နုနု တွေကြိုက်တယ်။ အဲ့ဒီအရောင်လေးတွေမှာ အဖြူချိတ်၊
မီးခိုးချိတ်၊ အ၀ါနုချိတ်၊ အနက်ချိတ်လေးတွေဖောက်ထားရင်လှတယ်ထင်တာပဲ။
Thomas ကတော့ အ၀ါရောင်တဲ့၊သူဝယ်ပေးရင် အ၀ါပဲ။

ရန်ကုန်ရောက်ရင် သိင်္ဂီရွှေဝါ ကထမီတွေ သွားငေးရတယ်။ သူ့ ဆီမှာက
ပိုးချိတ်တွေဆိုတော့ အခါဝယ်ရင် တစ်ထည်ပဲဝယ်နိုင်တယ်။ ပိုးချိတ်
ကြတော့ ဒီမှာသိပ်မ၀တ်ဖြစ်ဘူး။ ပွဲရှိမှ တစ်နှစ်တစ်ခါလောက်ပဲဝတ်ဖြစ်တာ။

အခုပေါ်နေတဲ့ ဒူးနားချိတ်တွေက အရင်ကလို လှိုင်းပုံမဟုတ်တော့ပဲ။ ပန်းလေးတွေ
အရောင် အရင့်အနုလေးတွေ တွဲသုံးထားတာလည်း ကြိုက်တယ်။
ပတ်လည်ချိတ် ( အပြည့်ချိတ်)တော့မကြိုက်ဘူး။

ကျမက ကွင်းထမီတွေပဲဝတ်လေ့ရှိတယ်။ မမြဲမှာဆိုးရင် အထက်ဆင်နဲ့ 
ချုပ်ထားတဲ့ ခါးပတ်လေးနဲ့ ဝတ်လိုက်တယ်။ ခါးပတ်မှန်းမသိသာဘူးပေါ့။
ဒီတခေါက် ဆိုင်ကပြောတာနဲ့  ချိတ်တတ်တဲ့ ထမီချုပ်လာတယ်။
မကြိုက်ဘူး။ အကျင့်မရှိသေးလို့ နဲ့ တူပါတယ်။

ကျမနဲ့ DHL

ပြီးခဲ့တဲ့ အပတ်က အိန္ဒိယ၊ ဗုဒ္ဓဂါယာ ကျောင်းက ဦးပဉ္ဖင်းကို အရေးကြီးတဲ့
စာရွက်စာတမ်းတွေပို့ စရာရှိတာနဲ့  ရိုးရိုး Deutsche Post ကမထည့်ပဲ
DHL နဲ့ ပို့ လိုက်ပါတယ်။

စာတိုက်ကပြောတော့ DHL နဲ့ ဆို ၂ရက်နဲ့ ၃ရက်ပဲကြာမယ်။ ပို့ ခက ( ၈၆) ယူရို
ပေးရပါတယ်။ သာမန်စာပို့ နဲ့နို့ ရင် ၇ရက်ကနေ ၁၀ရက်ကြာမယ်။ ဒါပေမဲ့
ပို့ ခက မှတ်ပုံတင်ထည့်ရင် (၁၀) ယူရို လောက်ပဲကျပါတယ်။

ကျမတို့ လည်း အရေးကြီးတဲ့စာရွက်တွေ အချိန်မီရောက် ချင်တာနဲ့  DHLနဲ့ 
ပို့ လိုက်ပါတယ်။

အခု ၇ ရက်ရှိပြီ စာက ရောက်သေးဘူး။ ကျမတို့ လည်း တနေ့ အခါ ၂၀ လောက်
Internet ကနေ စာဘယ်ရောက်နေပြီလဲဆိုတာ ကြည့်ကြည့်နေရတာ
ဂဏန်း ၁၀လုံးရှိတဲ့ နံပတ်တောင် အလွတ်ရနေပြီ။
ဦးပဉ္ဖင်း ကလည်းစာတမျှော်မျှော်နဲ့ ပေါ့။ ကျမလည်း စိတ်တွေပူပေါ့။
အချိန်မီရောက်ပါ့မလား။ စာပျောက်ပြီလားပေါ့။

တစ်ခုခု၊ တစ်ယောက်ယောက်ကို မျှော်ရတာ အလွန်ပင်ပန်းတယ်လို့ 
ထင်ပါတယ်။ ကျမကိုယ်တိုင် မျှော်ရတာ၊စောင့်ရတာ မကြိုက်သလို၊ သူများ
ကိုလည်း မမျှော်စေချင်၊မစောင့်စေချင်ဘူး။

ဒီနေ့ တော့ Thomas က DHL ကိုဖုန်းဆက်ပြီး ပြောတော့တာပေါ့။
စာကပြောတဲ့ရက်မရောက်ဘူး။ စာဘယ်ရောက်နေလဲ။စသဖြင့်ပေါ့။
DHL ကလူတွေကလည်း စာဘယ်ကိုလောလောဆယ်ရောက်နေမှန်း
မသိကြဘူး။ ကျမတို့ စာပျောက်ရင်...ဆိုပြီးစိတ်ပူနေကြတာ။
ဒါနဲ့ အိန္ဒိယကိုဖုန်းဆက်တော့ စာ ခုနကပဲရောက်ပြီတဲ့။
တော်ပါသေးရဲ့ ။
DHL ကလည်း ပြောတဲ့ရက်(ရောက်ရမဲ့ရက်) ထက်နောက်ကျပြီးရောက်လို့ 
ပိုက်ဆံပြန်ပေးမယ်တဲ့။ ဘယ်လောက်ပြန်ရမလဲတော့မသိဘူး။

ဘာပဲဖြစ်ဖြစ် အခုတော့ ကျမပျော်သွားပြီ။