Saturday 21 April 2012
ကိုယ်အလေးချိန်ပိုသူများအတွက်
ဒီPost ကတော့ ကိုယ်အလေးချိန်ပိုသူများအတွက် ဂျာမနီက သင်တန်းတစ်ခုအကြောင်းပါ။
သင်တန်း အမည်ကတော့ M.O.B.I.L.I.S. ဖြစ်ပါတယ်။ ဒီသင်တန်းတွေကို ဂျာမနီနိုင်ငံရဲ့ 
သင့်တော်တဲ့အစားအသောက် အလေ့အကျင့်ရလာအောင်၊ ကိုယ်လက်လှုပ်ရှားမှု အလေ့အကျင့်ရလာအောင်၊ အားကစား နည်းပြ၊ အဟာရပိုင်းဆိုင်ရာ ကျွမ်းကျင် သူများက လေ့ကျင့်ပေးသလို၊ ရလာတဲ့ အလေ့အကျင့် အသစ်တွေကို ရေရှည်ထိန်း
သိမ်းထားနိုင်အောင် စိတ်ဓါတ်မြှင့်တင်ပေးတဲ့ သူ (Psychologist)က စနစ်တကျ
 လေ့ကျင့်ပေးမှာဖြစ်ပါတယ်။
သင်တန်းက တစ်နှစ်ကြာပါတယ်။ သင်တန်းကြေးကတော့ ပထမ မိမိက ယူရို ၇၅၀ ပေး
သွင်းရပါမယ်။ တစ်နှစ်အတွင်း သင်တန်းချိန် ၇၅% ပြည့်ရင် ယူရို ၆၅၀ ပြန်ထုတ်ပေးပါတယ်။
ဒါကြောင့် တကယ်တမ်း ပေးသွင်းရတဲ့ သင်တန်းကြေးက ယူရို ၁၀၀ ပဲဖြစ်ပါတယ်။
ဒီကြားထဲ ကျန်းမာရေးအခြေအနေအရ သင်တန်းဆက်မတက်နိုင်ရင်တော့ ဆရာဝန်
ထောက်ခံချက်လိုအပ်ပါတယ်။ 
ဒီသင်တန်းကို ကျန်းမာရေးအာမခံအဖွဲ့ တစ်ခုနဲ့  ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ဒါကြောင့်သင်တန်းရဲ့ ကုန်ကျမှု အများစုကို အဲ့ဒီ ကျန်းမာရေးအာမခံအဖွဲ့  ကပေးတာပါ။
သင်တန်း ကို BMI ၃၀ ကနေ ၄၀( BMI 30-40 kg/m2) ရှိသူတွေဖြစ်ရပါမယ်။
သင်တန်းမှာ စာရင်းသွင်းထားသူတွေကို ကျန်းမာရေး အရ သင်တန်း တက်နိုင်ခွင့် ရှိမရှိ ဆရာဝန်များနဲ့ ဆေးစစ်ပေးပါတယ်။ ဆေးစစ်ဆေးမှုအောင်မြင်ရင် သင်တန်းတက်ခွင့်
ရပါမယ်။
သင်တန်းမှာ တစ်ပတ်တစ်ခါ သီအိုရီပိုင်းဆိုင်ရာ သင်တန်းများတက်ရမှာဖြစ်ပြီး၊
လက်တွေ့ လေ့ကျင့် ခန်းတွေကိုတော့ တစ်ပတ် ၂ ခါ ဖြစ်ပါတယ်။
သင်တန်းချိန်တွေကတော့ ညနေပိုင်း အချိန်တွေဖြစ်လို့ အလုပ်လုပ်နေသူတွေအတွက်လည်း
အဆင်ပြေနိုင်ပါတယ်။
၆လ ကြာတဲ့အခါမှာ ဆရာဝန်နဲ့ ပြန်ပြီး ဆေးစစ်ပေးပါတယ်။
တစ်နှစ်ပြည့်လို့ သင်တန်းပြီးချိန်မှာလည်းဆေးတစ်ခါထပ်စစ်ပေးပါတယ်။
ဒီသင်တန်းရဲ့  အတွေ့ အကြုံအရ သင်တန်းပြီးရင် ၅% ကနေ ၁၀% အထိ ကိုယ်အလေးချိန်
ချပေးနိုင်ပါတယ်။ ဒီ ပမာဏ ဟာ မများပေမဲ့  တစ်နှစ်အတွင်း မိမိတို့  စာတွေ့ လက်တွေ့ 
လေ့လာထားတဲ့ မှန်ကန်၊သင့်တော်တဲ့ အစားအသောက်အလေ့အကျင့်၊ကိုယ်လက်လေ့
ကျင့်ခန်း အလေ့အကျင့်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အလေ့အကျင့် တွေနဲ့  မိမိရဲ့ ကိုယ်အလေးချိန်
ကိုရေရှည် ဆက်ထိန်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ပါပဲ။
သင်တန်းရဲ့ ရည်ရွယ်ချက်နဲ့  အစီအစဉ်တွေကို သဘောကျမိလို့  ဒီ Post ကိုရေးပြီး
သူငယ်ချင်းတို့ နဲ့ မိတ်ဆက်ပေးလိုက်တာပါ။
Saturday 14 April 2012
သင်္ကြန် ပီတိ
ဒီနေ့ တော့ တနှစ်လုံးစောင့်နေရတဲ့ သင်္ကြန် အလှူပွဲကိုရောက်ပါတယ်။
ဒီကိုရောက်နေတဲ့ သူငယ်ချင်းနဲ့ ပထမဆုံး ပြန်တွေ့ ရမှာ မို့ လည်း
စိတ်လှုပ်ရှာနေတာပါ။ သင်္ကြန်အတွေးတွေကို အကောင်အထည်ဖေါ်တဲ့ နေ့ 
ဆိုပါတော့။
မနေ့ ကတည်းက ဟင်းချက်စရာတွေစီစဉ်၊ သယ်သွားရမှာတွေထုပ်ပိုး နဲ့ 
အိပ်လို့ တောင်သိပ်မပျော်ခဲ့ဘူး။
မနက်က လေးနာရီထပြီး ဘုန်းကြီးဆွမ်းကပ်ဖို့ ပုဇွန်ဟင်းချက်၊ ဧည့်သည်တွေစားဖို့ 
ကြာဇံကြော်၊ သူငယ်ချင်းတွေအတွက် မုန့် လုံးရေပေါ်လုံးနဲ့ .. မနက် ၆နာရီခွဲ အိမ်က
ထွက်နိုင်အောင် မနဲ လုပ်ရတယ်။
ပွဲလုပ်တဲ့နေရာကို ၂ နာရီလောက်မောင်းရတယ်။ ဟိုရောက်တော့ ဘုန်းကြီးဦးချ၊
ဟင်းပွဲတွေ မီးဖိုတဲကတာဝန်ရှိသူတွေပေးပြီး သူငယ်ချင်းနဲ့  ဈေးတန်ထဲလျှောက်
ကြည့်တယ်။ ဒန့် ဒလွန်သီးတွေတွေ့ တာနဲ့ ဝယ်ခဲ့တယ်။ မြင်းခွာရွက် မစားရတာကြာတာနဲ့ 
ဝယ်လာသေးပါတယ်။ ၀ယ်နေကျ ယိုးဒယားငပိထောင်းလည်းဝယ်ခဲ့တယ်။
အီကြာကွေ့ ကတော့ ကိုသောမတ်စ် ကြိုက်လို့ ဝယ်ကျွေးတယ်။ သူက မက်မန်းသီးဝယ်တယ်။
သူငယ်ချင်းက သရက်သီးသနပ်၊ ဆိတ်သားခြောက် လက်ဆောင်ပေးသေးတယ်။
ဘုန်းကြီးဆီက သီလယူ၊ ဆွမ်းလောင်း၊ ပရိတ်နာ၊အမျှဝေ၊ ပီတိဖြစ်ရပါတယ်။
ဘုန်းကြီးတွေကိုဆွမ်းကပ်ပြီးတော့ ကျမတို့ အားလုံး စုဝေးပြီးစားကြတယ်။ ပျော်ပျော်ပါးပါး
တကယ့် မြန်မာပြည်ရောက်နေသလိုပါပဲ။
အဲ့ဒီမြို့ နားမှာ စာလာသင်နေတဲ့ သူငယ်ချင်းကလည်းရောက်လာတာနဲ့  မြန်မာ ၃ရောက်
ဖြစ်သွားတယ်။ ပြောကြတဲ့ စကားတွေ မပြတ်နိုင်ဘူး။
သြော် ဘယ်တော့မှတခါပြန်တွေ့ ကြမလဲနော်။
အိမ်ပြန်ရောက်တော့ သင်္ကြန်သီချင်းတွေနားထောင်ရင်း စိတ်ထဲမှာ ပျော် သလိုလို
ဝမ်းနည်းသလိုလို......
ဒီနေ့ ပြု ခဲ့တဲ့ ကုသိုလ်တွေကို သူငယ်ချင်းတို့ ကို မျှဝေပါတယ်။
Sunday 8 April 2012
သင်္ကြန်အတွေးများ
နောက်တပတ်ဆို သင်္ကြန်ကျပြီ။ ကျမလည်းမြန်မာသင်္ကြန်နဲ့ ဝေးနေတာ
၁၀နှစ်ကျော်လောက်ရှိနေခဲ့ပြီ။ ငယ်ငယ်က ကြုံခဲ့ရတဲ့သင်္ကြန်အတွေ့ အကြုံ
တွေ အခုတလော အတွေးထဲ ရောက်ရောက်လာတယ်။ မြန်မာပြည်မှာ
အနှစ် ၃၀လောက်ကြုံခဲ့ရတဲ့သင်္ကြန်၊ သင်္ကြန်ရောက်ရင်ဘာလုပ်မယ်ဆိုပြီး
အတွေးတွေနဲ့ ပျော်ခဲ့ရတဲ့သင်္ကြန်၊ ရေပက်ရင်း၊ရေပက်ခံထွက်ရင်း၊
မုန့် လုံးရေပေါ်လုံးရင်း ပျော်ခဲ့ရတဲ့သင်္ကြန် ဘယ်မေ့နိုင်ပါ့မလဲနော်။
အခုလို မြန်မာသင်္ကြန်နဲ့ ဝေးနေပေမဲ့ ၊သူငယ်ချင်းတွေနဲ့ ဝေးနေပေမဲ့
နှစ်တိုင်းတော့ ကျမအတွက် ရှိတဲ့လူလေးတစ်ယောက်နှစ်ယောက်နဲ့ 
ပဲ အလွမ်းပြေ သင်္ကြန်ကျဖြစ်တယ်။
ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ။ သင်္ကြန်သီချင်းတွေဖွင့်၊ မြန်မာသီချင်းတွေဖွင့်၊
ဒီမှာအခုချိန်ပွင်တတ်တဲ့ အ၀ါရောင်ပန်းတွေကို ပိတောက်အမှတ်နဲ့  စိတ်ကူး
ထဲထဲ့ကြည့်၊ အကြိုနေ့ မှာ အတာအိုးထိုးဖို့  ဘယ်အရွက်တွေသွားခုးရမလဲတွေး၊
၁၄.၄.၁၂ မှာ သွားရမဲ့ လောနိုင်ငံက သင်္ကြန်ပွဲမှာ ဆွမ်းကပ်၊ဆွမ်းလောင်းဖို့ 
ဘာတွေစီစဉ်ရမလဲ၊ ဘာဟင်းချက်သွားရမလဲ၊ အနီးအနားက မြန်မာသူငယ်ချင်း
တွေများလာကြမလား၊ (သူတို့ ကိုရေပက်ဖို့ ရေဘူးလည်းထဲ့ဖို့ မမေ့အောင်သတိထား
ရအုံးမယ်။) သြော်... ဒီအတွေးတွေနဲ့ ပင် သင်္ကြန် ဟာ ကျမအတွက် အသက်ဝင်လာပါတယ်။
သူငယ်ချင်းတို့ လည်းသင်္ကြန်အတွေးလေးတွေနဲ့  ပျော်ရွှင်နေကြမှာပဲနော်။
သင်္ကြန်နဲ့ အတူ သူငယ်ချင်းများ၊မောင်နှမများအား သတိရလျှက်......