Friday 14 February 2014

အမေ့ ရဲ့ အတွေးများလား


မနက်လင်းခဲ့ပေမဲ့ မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ
ကင်းမဲ့နေတဲ့ နေ့ သစ်ကို အင်အားချိနဲ့ စွာနဲ့ စရအုံးမယ်။

ငယ်ငယ်ကလိုဒိုးဒိုးဒေါက်ဒေါက် အိပ်ရာကထလိုက်ချင်ပေမဲ့၊
ကိုယ့်အားကိုယ်မကိုးနိုင်တော့၊ လာကူထူပေးမဲ့အဖေါ်ကိုမျှော်ရင်း။
လာပါဟဲ့၊ကူပါဟဲ့လို့ ပြောချင်ပေမဲ့လည်း၊ တပါးသူကြည်ဖြူ  အောင်၊
နေတတ်၊ထိုင်တတ်ဖို့ ကလိုသေးတယ်မဟုတ်လား။

ထုတ်ပေးတဲ့အ၀တ်ကိုဝတ်၊ချက်ကျွေးတဲ့ဟင်းကိုစား၊
အရှက်လုံအောင်၊ အဟာရဖြစ်အောင် ၀တ်ဖို့ စားဖို့ ကအဓိကပါ။
ဇီဇာကြောင်၊ဂျီးများနေဖို့ ဆိုတဲ့အချိန်မဟုတ်တော့ဘူးလေ။
တော်ကြာ အဖွားကြီးဂျီးများတယ်ဆိုပြီး စေတနာကုန်သွားမှဖြင့်။

တနေ့ လုံး ဘာအလုပ်မှမရှိ၊အတွေးတွေက ဟိုပြေး၊ဒီလာ၊ဟိုရောက်၊ဒီရောက်၊
အသိတရားတွေက ပေါ်လိုက်၊ပျောက်သွားလိုက်၊
အရှေ့ကဖွင့်ထားတဲ့ တီဗီလည်းဘာတွေပြနေမှန်းမသိ၊
ကြားတစ်ချက်၊မကြားတစ်ချက်။
တခါတလေလည်းဘုရားစာလေးရွတ်လိုက်၊ပုတီးစိတ်လိုက်၊တရားမှတ်လိုက်
ဒါပဲကိုယ်နောက်ပါမှာမဟုတ်လား။

ထိုင်ရတာကြာလာတော့သွားလှဲအုံးမှ၊ အိပ်ချင်တာ၊မအိပ်ချင်တာထက်
လှဲရင်းအိပ်ပျော်သွားလည်း အချိန်ကုန်တာမြန်သွားတာပေါ့လေ။

အင်အားတွေချိနဲ့ လာတဲ့အရွယ်မှာ၊ကိုယ့်ကိုကိုယ်အားမရ၊စိတ်တိုင်မကျ၊
လုပ်နေကြအရာတွေမလုပ်နိုင်ပဲသူများမှီခိုနေရတဲ့ အခါ
တယောက်ထဲဆိုတော့ အားငယ်မိတယ်။

ဒါပေမဲ့လည်း မွေးလာတာလည်း တစ်ယောက်ထဲပဲ အတွေးကိုမွေးရင်း
ကျန်နေသေးတဲ့ရက်တွေအတွက် အားမွေးရအုံးမယ်။
ဒါမှ အဝေးရောက်နေတဲ့သမီးပြန်လာရင် ပျော်ရွှင်စွာပြန်တွေ့ နိုင်မှာလေ။