Showing posts with label Food. Show all posts
Showing posts with label Food. Show all posts
Friday, 19 October 2012
ဟင်းချက်သင်တန်း...
ရန်ကုန်က ပြန်ရောက်ကတည်းက အလုပ်တွေပိနေတာနဲ့  စာလည်းမရေးဖြစ်၊
ဟင်းကောင်းကောင်းလည်းချက်မစားဖြစ် နဲ့ ။ မနေ့ ကတော့ ကိုသောမတ်စ်
လက်ဆောင်ပေးထားတဲ့ ဟင်းချက်သင်တန်း ကဒ်လေးကြောင့် သင်တန်း
သွားတတ်ဖြစ်ပါတယ်။ http://www.ue-kuechen.de
သင်တန်းကတော့ Lust auf Wild  ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါ။ သင်တန်းခေါင်းစဉ်
တွေအများကြီးထဲက ဒီ အစီအစဉ်ကို ရွေးလိုက်ပါတယ်။ သာမန်ကြက်၊၀က်၊
ငါး၊အမဲ စတာတွေက ချက်လေ့ရှိတာကြောင့် ကျမသိပ်ချက်လေ့မရှိတဲ့
တောယုန်၊ ဒရယ် စတာတွေနဲ့ ချက်တဲ့သင်တန်းကိုရွေးလိုက်ပါတယ်။
ကျမတို့ သင်းတန်းမှာ စုစုပေါင်းသင်တန်းသား ၁၁ ယောက်ပါပါတယ်။
ဆရာကတော့ Herr Horst Vier-Ullrich ပါ။ 
သင်တန်းက ညနေ ၆နာရီခွဲကနေ ည ၁၁ နာရီအထိကြာပါတယ်။
ဆရာက ချက်ရင်းနဲ့ သင်ပြပေးပါတယ်။ ကျမတို့ က စမ်းလုပ်ကြည့်ကြ၊
သိချင်တာတွေမေးကြနဲ့ ပေါ့။ ဂျာမန် ဟင်းချက်နည်းတွေရဲ့  သိသင့်သိထိုက်
တာတွေ တော်တော်လေးသိခွင့်ရခဲ့ပါတယ်။ 
ပထမဆုံး Wildhasenfilet im Brotmantel ပါ။ တောယုန်အသားကို ပေါင်မုန့် 
နဲ့ ပတ်ပြီးကြော်ထားတာပါ။
နောက် Kartoffelmaultaschen  နဲ့  ဒရယ်သားပါ။
အချိုပွဲကတော့ Schokomousse ပါ။
ဟင်းချက်နည်းတွေကိုတော့ နောက်မှတင်ပေးပါမယ်။ မနက်ဖြန်တော့
Kartoffelmaultaschen နဲ့ Wildhasenfilet im Brotmantel (ယုန်အစား ကြက်သား
နဲ့ ) စမ်းလုပ်ကြည့်ပါအုံးမယ်။
Saturday, 16 June 2012
မုန့် ဟင်းခါး
ကျမတို့ မြန်မာအစားအစာဖြစ်တဲ့မုန့် ဟင်းခါးကို ငယ်ငယ်ကတည်းက
ကြိုက်တာပါ။ အဖွားတို့ ရဲ့ ဖျာပုံ၊ကျိုက်လတ် ဘက်ကိုသွားလည်ရင်မုန့် ဟင်းခါး
ကောင်းကောင်းအမြဲစားရတယ်။ မုန့် ဟင်းခါးနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ
အများကြီးပါပဲ။ ကျမငယ်ငယ်က အိမ်မှာ မနက်စာစားလေ့ရှိတာက အိမ်နားက
ဒေါ်အေးရှင်ရဲ့ မုန့် ဟင်းခါး။ ဒါဟာကျမရဲ့ မုန့် ဟင်းခါးနဲ့ ပတ်သက်တဲ့ပထမဆုံး
 အမှတ်ရတာတစ်ခုပါ။ နောက်ပိုင်း ဒေါ်နွဲ့ မုန့် ဟင်းခါး၊ ဒေါ်ငွေကြိုင်မုန့် ဟင်းခါး
စသဖြင့်အိမ်နားက ဆိုင်တွေမှာစားလေ့ရှိပါတယ်။ ကျောင်းမသွားခင် မုန့် ဟင်းခါးစား၊
ကော်ဖီသောက်....(တခါတလေလည်း ကောက်ညှင်းပေါင်း၊ ခေါက်ဆွဲသုပ်စားလေ့ရှိပါတယ်။)
ကျမတို့ ခြံထဲမှာ မကြာခဏ ဘုန်းကြီးဆွမ်းကပ်လေ့ရှိပါတယ်။ အိမ်နီးနားချင်းတွေနဲ့ 
မုန့် ဟင်းခါးချက်လေ့ရှိပါတယ်။ အလှူအတွက်မုန့် ဟင်းခါးကိုတော့ ကျမအမေက
ပင်တိုင်ချက်ပါတယ်။ အမေ့ရဲ့ မုန့် ဟင်းခါးက အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေကြားမှာ
နာမည်ရပါတယ်။
ပေးပါဆိုရင်လည်း အမေက သွားချက်ပေးလေ့ရှိတယ်။ 
အမေ့မှာ မုန့် ဟင်းခါးကောင်းကောင်းချက်တဲ့ နည်းရှိတယ်။ အဲ့ဒီအချိုးအစားအတိုင်း
အမေချက်လေ့ရှိပါတယ်။ အမေက သူမုန့် ဟင်းခါးချက်မယ်ဆိုရင် သူဝယ်နေကျ
ငန်ပြာရည်ဆိုင်က စပါယ်ရှယ်ငန်ပြာရည်ကိုသုံးလေ့ရှိပါတယ်။ အဲ့ဒီငန်ပြာရည်
မဟုတ်ရင်သူ့ ဟင်းကို စိတ်တိုင်းမကျပါဘူးလို့ အမြဲပြောလေ့ရှိပါတယ်။
အမေက မုန့် ဟင်းခါးမှာ ငန်ပြာရည်က အဓိကပဲတဲ့။ ငါးကို ငန်ပြာရည်၊ဆနွင်း၊ဂျင်း၊
စပါးလင်တို့ နဲ့ ပြုတ်တဲ့အခါ ဟင်းနံ့ ကောင်းကောင်းထွက်လာရင် မုန့် ဟင်းခါး
ဟင်းရည်ကောင်းပြီသာမှတ်လို့ ပြောလေ့ရှိပါတယ်။
ခြံထဲမှာက လူအားကတောင့်တော့ အလှူအတွက်ချက်ပြုတ်ကြရင် တစ်ယောက်၊
တစ်လက်နဲ့ ပျော်စရာကောင်းပါတယ်။ ကြက်သွန်နွှာတဲ့သူကနွှာ၊ ပဲရွေးတဲ့သူကရွေး၊
ငါးနွှင်တဲ့သူကနွှင်၊ပဲထောင်းတဲ့သူကထောင်းနဲ့ ပေါ့။
ငှက်ပျောအူကိုတော့ ခြံထဲမှာရှိတဲ့ ငှက်ပျောပင်တစ်ပင်ကိုလှဲပြီး နုနုလေးတွေကိုသုံးလေ့
ရှိတယ်။ ငှက်ပျောခေါင်းကိုတော့ ကျမအကြိုက်ဆုံးပါ။
အမေက မုန့် ဟင်းခါးစားရင် အရည်နဲနဲပဲထည့်စားလေ့ရှိပြီး၊ မန္တလေးပဲကြော်နဲ့ စားတတ်
ပါတယ်။ ကျမကတော့ အကြော်မထည့်ပဲ အလွတ်စားရတာပိုကြိုက်ပါတယ်။
လှည်းတန်းမှာဆိုနာမည်ကြီးတဲ့  မုန့် ဟင်းခါးဆိုင် တွေရှိပါတယ်။ ဆိုင်တွေကလည်း
သူ့ လက်ရာနဲ့ သူ အရာသာနဲနဲတော့ကွဲပါတယ်။ ကျမမှာတော့ သီးသန့် စားလေ့
ရှိတဲ့ဆိုင်ရယ်လို့ မရှိပဲ စားကောင်းမယ်ထင်ရင်ဝင်စားလေ့ရှိတာပါပဲ။
ရန်ကုန်ကို ပြန်ရောက်တဲ့ အခါ ပထမဆုံးမနက်စာက မုန့် ဟင်းခါးပါပဲ။ အနီးအနား
ကဆိုင်မှာပဲစားဖြစ်ပါတယ်။ အရသာကတော့ ထွေထွေထူးထူးမကောင်းလှပေမဲ့
ကျမစိတ်ထဲမှာ ငါမြန်မာပြည်ပြန်ရောက်ပြီဆိုတာ မုန့် ဟင်းခါးစားလိုက်မှပြည့်
စုံသွားသလိုပါပဲ။ နောက်နေ့ တွေ အချိန်ရမှ ကောင်းတဲ့ဆိုင်တွေမှာ ကြုံရင်ဝင်
စားဖြစ်ပါတယ်။
ဂျာမနီကိုရောက်တော့ မုန့် ဟင်းခါးကို အမေချက်တဲ့လက်ရာမမီပေမဲ့ 
ကိုယ်တိုင်ပဲချက်ဖြစ်ပါတယ်။ မုန့် ဟင်းခါးချက်တိုင်း ငယ်ငယ်က ခြံထဲမှာ
အမျိုးတွေနဲ့ ဝိုင်းဖွဲ့ ပြီး အလှူမုန့် ဟင်းခါးချက်တာကို အမြဲသတိရမိပါတယ်။
ဒီနေ့ ကျမ မုန့် ဟင်းခါးချက်စားဖြစ်ပါတယ်။ အမေနဲ့ ဖုန်းဆက်ပြီး မုန့် ဟင်းခါး
ချက်မယ်လို့ ပြောဖြစ်တယ်။ အမေနဲ့ ဖုန်းပြောပြီး တစ်ယောက်ထဲမုန့် ဟင်းခါးချက်၊
အမေမုန့် ဟင်းခါးနဲ့ တွဲစားလေ့ရှိတဲ့ မန္တလေးပဲကြော် ကြော်၊ ငှက်ပျောအူခြောက်
ကို ဒီတစ်ခါတော့ တစ်ညရေစိမ်ပြီး ပေါင်းအိုးနဲ့ ပေါင်းလိုက်တော့ တော်တော်လေး
အဆင်ပြေသွားပါတယ်။
ဟင်းချက်ပြီးတာနဲ့  မုန့် ဟင်းခါးတစ်ပွဲ၊ကော်ဖီတစ်ခွက်နဲ့  အရာသာရှိတဲ့မနက်စာ
ကိုစားရင်း အမေနဲ့ အတူ ခြံထဲကမောင်နှမတွေအားလုံးကို သတိရနေမိပါတယ်။
Wednesday, 30 May 2012
ချဉ်ပေါင်....
 အဖွားက သီးပင်စားပင်တွေစိုက်တာဝါသနာပါတော့ ချဉ်ပေါင်ကို မြေကုန်းလေးတွေ
လုပ်ပြီးစိုက်လေ့ရှိတယ်။ အိမ်မှာ ချဉ်ပေါင်ဟင်းချက်ရင် ခြံထဲဆင်းခူးရုံပဲ။ အနီ၊ အဖြူ နှစ်
မျိုးစလုံးစိုက်ထားတယ်။ ခြံထဲကခူးလာတဲ့ချဉ်ပေါင်ရွက်ရယ်၊ ငရုပ်သီးစိမ်းရယ် ဆိုရင်
ဟင်းတစ်ခွက်ရဖို့  အဆင်ပြေသွားပြီ။
ချဉ်ပေါင်ရွက်ကို မျှစ်နဲ့ ပုဇွန်ခြောက်နဲ့ ( ပုဇွန်ပေါ်ချိန်ဆို ပုဇွန်လေးတွေနဲ့ )ကြော်ထား
ရင် ဘာအသားဟင်းမှ မလိုပဲ ထမင်းနဲ့ နယ်ဖတ်စားလိုက်ရတာ ပြန်တွေးမိတိုင်း
သွားရည်ကျမိတယ်။
ချဉ်ပေါင်ဟင်းကို ငါး၊၀က်သားတို့ နဲ့  ခပ်ပြစ်ပြစ်ချက်၊ ငရုတ်သီးဆားထောင်းနဲ့ 
ချက်တဲ့နေ့ ဆို ထမင်းမြိန်တဲ့နေ့ တစ်နေ့ ပါပဲ။ ချဉ်ပေါင်ဟင်းနဲ့ ပုဇွန်ဆီပြန်
ဆိုရင်တော့ ကျမအကြိုက်ဟင်းတွေပါ။
အုန်းထမင်းချက်တဲ့နေ့ ၊ထောပတ်ထမင်းချက်တဲ့နေ့ ၊ ဒန်ပေါက်ဝယ်စားတဲ့နေ့ 
တွေဆိုရင် ခရမ်းချဉ်သီးလေးစိတ်ထဲ့ ပြီးပုဇွန်ခြောက်နဲ့ ချက်ထားတဲ့
ချဉ်ပေါင်ဟင်းချို က အအီပြေ မပါ မဖြစ်ပါပဲ။
ချဉ်ပေါင်ဟင်းကိုနယ်ဖတ်စားပြီးတိုင်းလက်မှာ အနံ့ စွဲနေတတ်လို့ လက်စင်အောင်
ဆေးဖို့ လူကြီးတွေ ခဏခဏသတိပေး တာကိုလည်းအမှတ်ရသေးတယ်။
ကျမကြိုက်တဲ့ချဉ်ပေါင်ရွက်ကို ဒီရောက်လာတဲ့အချိန်မှာ မစားဖြစ်တော့ပါဘူး။
ဂျာမနီရောက်ပြီး ပထမဆုံးရန်ကုန်ပြန်တော့ အမေကို ချဉ်ပေါင်ဟင်းချက်ထား
ပေးဖို့ ဖုန်းကြိုဆက်ထားဖူးတယ်။
ရန်ကုန်ကပြန်လာရင် ချဉ်ပေါင်ကြော် တစ်ခါထဲ့ယူလာဖူးသေးတယ်။ ကြာကြာထား
ပြီး မစားချင်တာနဲ့ ပဲ  နောက်မယူလာဖြစ်တော့ဘူး။ တစ်ခါ အရွက်တွေ အခြောက်လှန်း
ပြီးယူခဲ့သေးတယ်။ ကျမပြန်တဲ့အချိန်က မိုးတွင်းဆိုတော့ အကောင်းကောင်း မခြောက်
တာနဲ့  မှိုတက်လာတယ်။
အဲ့ဒီနောက်ပိုင်းတော့ ချဉ်ပေါင်ရွက်ကို ကြိုးစားပန်းစားမသယ်လာဖြစ်တော့ပါဘူး။
ရန်ကုန်ရောက်ရင် တစ်ဝစားလာခဲ့တယ်။ ဒီမှာ စားချင်စိတ်ရှိလာရင် Sauerampfer
ကိုပဲ အလွမ်းပြေချက်စားဖြစ်ပါတယ်။
ချဉ်ပေါင်ကိုမစားတာ ကြာတော့လည်း သိပ်မလွမ်းတော့သလိုပါပဲ။
တစ်လောက တော့ အိမ်မက်ရဲ့  ဘလော့မှာ ဗမာစတိုးအကြောင်းရေးထားတာတွေ့ 
တာနဲ့  ဖရန်းဖွတ်ရောက်တုန်းဗမာစတိုးကို ၀င်ခဲ့ရင်း ချဉ်ပေါင်ရွက်ခြောက် ရယ်
ငှက်ပျောအူခြောက်ရယ်ဝယ်လာခဲ့တယ်။ ချဉ်ပေါင်ရွက်ခြောက် ကတော့
 တော်တော်လေး အဆင်ပြေပါတယ်။
ဒါနဲ့ ပဲ ချဉ်ပေါင်ကြော်တစ်ခါကြော်စားဖြစ်တယ်။ ဒီနေ့ တော့ ချဉ်ပေါင်းဟင်းကို ၀က်သား
သုံးထပ်သားရတာနဲ့ ချက်စားဖြစ်ပါတယ်။
မစားရတာကြာတဲ့ မိမိကြိုက်တဲ့ ဟင်းတစ်ခွက်ကို စားလို့ ရအောင် ကြော်ငြာသတင်း
ပေးထားတဲ့ အိမ်မက် ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
Saturday, 3 March 2012
ပေါက်စီ / Fried Baozi / Fried Pork Buns /水煎包 / 包子
ကျမအလွန်ကြိုက်တဲ့ အစားအစာပါ။ ငယ်ငယ်က ခရီးသွားရင်းလမ်းမှာ ပေါက်စီ
စားချင်လို့  ဂျီတိုက်ခဲ့တာသတိရမိပါတယ်။ အိမ်မှာလုပ်လေ့ရှိတာကတော့
ရေနဲ့ ပေါင်းတာပါ။ မနေ့ က youtube မှာ နည်းတစ်ခုတွေ့ တာနဲ့  စိတ်ဝင်စား
သွားတာနဲ့ ဒီနေ့ လုပ်စားပါမယ်။
Thanks to http://www.youtube.com/user/EasyChineseFood
လိုက်လုပ်ကြည့်တဲ့ပေါက်စီ.....ကျောင်းကအပြန် သူငယ်ချင်းတွေနဲ့ စားဖြစ်တယ်။
Wednesday, 18 January 2012
ဂျာမန်တွေဘာစားကြသလဲ။
မြန်မာပြည်ရောက်ရင် မိတ်ဆွေတွေကမေးလေ့ရှိတာက ဂျာမန်တွေ
ဘာတွေစားကြသလဲ ဆိုတာပါ။ မြန်မာတွေက အစားအသောက်စိတ်ဝင်စား
ကြတော့ တခြားလူမျိုးတွေရောဘာတွေစားကြလဲဆိုတာသိချင်ကြတာပါ။
ကျမလည်း တခြားနိုင်ငံကလူတွေနဲ့ တွေ့ ရင် သူတို့ နိုင်ငံမှာ ဘာတွေစားကြသလဲ။
သူတို့ ရဲ့  အထူးစပယ်ရှယ်အစားအစာကဘာလဲဆိုတာတွေမေးလေ့ ရှိပြီး ၊
ကြိုက်မယ်ထင်ရင်စမ်းချက်ကြည့်ရတာဝါသနာပါပါတယ်။
ဂျာမနီရဲ့ စားသောက်မှုပုံစံဟာ ၁၉၅၀-၁၉၆၀ နှစ်ပိုင်းတွေမှာ ဧည့်အလုပ်သမားတွေ
ရောက်လာမှု၊ ခရီးသွားလုပ်ငန်းတိုးတက်လာမှု၊ စက်မှုတိုးတတ်မှုတွေနဲ့ အတူ ပြောင်း
လဲလာပါတယ်။ ရိုးရာအစဉ်အဆက်စားသုံးနေမှု ပုံစံ ထဲကို အီတလီ၊ တူရကီ၊ပြင်သစ်
တို့ ရဲ့ အစားအစာတွေပါလာသလို၊ စက်မှုတိုးတက်လာတာနဲ့  စည်သွပ်ဘူးတွေ၊
တာရှည်ခံအစားအစာတွေလည်းပါလာပြီး နိုင်ငံတကာပုံစံဝင်လာပါတယ်။
ဒါပေမဲ့ ဂျာမနီနိုင်ငံမှာရှိတဲ့ ဒေသအလိုက်အစားအစာတွေကတော့ ရှိမြဲရှိနေဆဲပါပဲ။
ဂျာမန်အစားအစာဆိုတာနဲ့  အရင်ဆုံးပြေးမြင်မိတာက Sauerkraut ဆိုတဲ့ ဂေါ်ဖီထုပ်
ချဉ်ပတ်ပါ။ ဒါအပြင် အသားတွေအများကြီးစားလေ့ရှိတာရယ်၊ အာလူးကြိုက်ကြတာရယ်ပါ။
ဂျာမနီဟာ ရာသီဥတု ကြမ်းတဲ့ (အေးတဲ့) ဒေသမှာရှိတာကြောင့် ကယ်လိုရီများတဲ့
အစားအစာကိုစားလေ့ရှိတာဖြစ်ပါတယ်။ ပေါင်မုန့် ဟာလည်းဂျာမန်တွေရဲ့  အဓိကအစား
အစာတစ်ခုဖြစ်ပြီး အမျိုးအစားများစွာရှိပါတယ်။
ဂျာမန်တွေဟာ တနေ့ ကို မနက်စာ၊ နေ့ လည်စာ၊ ညစာ ဆိုပြီး ၃နပ် စားလေ့ရှိပါတယ်။
မနက်စာကိုတော့များသောအားဖြင့် ပေါင်မုန့် ကို ယို၊ ပျားရည်၊ အသားပြား၊ ချိစ် တွေနဲ့ 
စားကြသလို Müsli (ကွေကာအုတ်) နဲ့ နွားနို့ ၊ သစ်သီး၊ ဒိန်ချဉ် စတာတွေနဲ့ စားကြပါတယ်။
ကြက်ဥပြုတ်လည်းစားလေ့ရှိပါတယ်။ နောက် ကော်ဖီ၊လက်ဖက်ရည်၊ နွားနို့ ၊ ကာကားအိုး
(ချောကလက်ရည်) နဲ့ အချို ရည်တွေလည်းသောက်လေ့ရှိပါတယ်။
နေ့ လည်စာကိုတော့ နေ့ ခင်း ၁၂နာရီနဲ့  နေ့ ခင်း ၂နာရီအကြားမှာစားလေ့ရှိပြီး အဓိက
ထားပြီး ပူပူနွေးနွေးချက်ပြုတ် စားလေ့ရှိပါတယ်။ ညစာကတော့ Abendbrot လို့ ပြောလေ့ရှိတဲ့
ပေါင်မုန့် ပါ။ နောက်ပိုင်းတော့ နေ့ လည်စာစားချိန်တွေမှာ အလုပ်သွားနေရတာကြောင့်
ညစာကိုပဲ အဓိက ထားပြီး စားလာကြပါတယ်။ ဂျာမနီမှာ အစားအသောက်ဓလေ့နဲ့ ပတ်သက်
ပြီးပြောလေ့ရှိတာကတော့ မနက်စာကို ဧကရဇ် မင်းလို၊ နေ့ လည်စာကို ဘုရင်လိုစားပြီး
ညစာကိုတော့ သူတောင်းစားလိုစားတယ်လို့ ဆိုကြပါတယ်။ (Morgens wie ein Kaiser,
mittags wie ein König, abends wie ein Bettelmann) မနက်စာနဲ့  နေ့ လည်စာကို
ကောင်းကောင်းစားပြီး ညစာကို လျော့စားတယ်လို့ ပြောတာပါ။
ဝက်သား၊အမဲသား၊ကြက်သားတို့ ကတော့ ဂျာမန်တွေအကြိုက်ပါ။ ၀က်ကတော့ အကြိုက်
ဆုံးပါပဲ။ ဘဲ၊ငန်း၊ ကြက်ဆင်တွေလည်းစားကြပါတယ်။ ယုန်သား၊သမင်၊ဒရယ်စတာတွေကို
လည်း နေ့ ထူးနေ့ မြတ်နေ့ တွေမှာအထူးတလည်စားလေ့ရှိပါတယ်။ ငါးကိုတော့ ဂျာမနီ
မြောက်ပိုင်း (ပင်လယ်ရှိလို့ ပါ)မှာအစားများပါတယ်။ အသားတွေကို ပြုတ်လို့ ၊ ကင်လို့ ၊
မနပ်တနပ်ကြော်လို့ စားကြလေ့ရှိပါတယ်။ ကျမတို့ စားသလိုဆီပြန်ဟင်းမျိုးတော့
စားလေ့မရှိပါဘူး။
ဟင်းသီးဟင်းရွက်တွေကိုတော့ ပြုတ်ပြီး အရည်သောက်ဟင်းချက်ကြတာများပါတယ်။
အာလူး၊ ဂေါ်ဖီထုပ်အမျိုးမျိုး၊ ပဲအမျိုးမျိုး တွေကိုအစားများကြပါတယ်။ ဆလတ်ရွက်၊
ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန်နီတို့ လည်းစားပါတယ်။ ကြက်သွန်ဖြူကတော့
အနံဆိုးတာကြောင့် ရှောင်ကြပါတယ်။ နောက်ပိုင်း အီတလီ၊ ပြင်သစ်အစားအစာတွေ
ရေပန်းစားလာတာရယ်၊ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကြောင့် နဲနဲပို
စားလာကြပါတယ်။
အသားဟင်းတွေနဲ့  အာလူးကိုပုံစံအမျိုးမျိုးလုပ်ထားတဲ့ အရံဟင်းတွေနဲ့ 
တွဲစားလေ့ရှိပါတယ်။
ထမင်းကိုတော့ ငါးဟင်းတွေ၊ ကြက်သားဟင်းတွေနဲ့ တွဲစားလေ့ရှိပြီး ခေါက်ဆွဲကိုလည်း
အသားဟင်းတွေနဲ့ တွဲစားလေ့ရှိပါတယ်။ ဂျာမန်ခေါက်ဆွဲက ကြက်ဥတွေအများကြီပါပါတယ်။
ဂျာမနီတောင်ပိုင်းက ခေါက်ဆွဲ Spätzle
ကိုစားကြပါတယ်။
အနှစ်အရည်အဖြစ်တော့ sauce တွေကိုသုံးကြပါတယ်။ ဒါကလည်းပြင်သစ် ကကူးလာတဲ့
ဓလေ့ပါ။
ဟင်းထဲခပ်လေ့ရှိတာကတော့ ဆားနဲ့ ငရုပ်ကောင်းပါပဲ။ Senf ကိုဝက်အူချောင်းနဲ့ တို့ စား
လေ့ရှိပြီး။ Ketchup နဲ့  Mayonnaise ကိုလည်းသုံးလေ့ရှိကြပါတယ်။ ကျမတို့ က နံနံပင်၊
ပင်စိမ်းစတာတွေကို ထဲ့သုံးသလို ဂျာမန်တွေကလည်း Petersilie, Majoran, Thymian,
Lorbeer, Dill und Schnittlauch တွေကိုသုံးကြပါတယ်။
နောက်ပိုင်း အီတလီဘက်က Basilikum, Rosmarin, Oregano တွေသုံးလာကြသလို
ငရုပ်သီမှုန့် ၊ မဆလာတို့ လည်း နေရာရလာကြပါတယ်။
အချိုပွဲအနေနဲ့ ကတော့ ကိတ်မုန့် အမျိုးမျိုး၊ သစ်သီးကိတ်အမျိုးမျိုး ရှိပြီး။ ချိစ်ကိတ်ကတော့
အကြိုက်များကြပါတယ်။အီတလီ ရေခဲမုန့် က ၁၉၂၀လောက်ကစပြီး ရေပန်းစားလာခဲ့ပါတယ်။
အခုလိုအစားအစာတွေကိုခြေခံပြီး ဂျာမန်ဒေသတွေအလိုက် အထူးတလည် အစားအစာ
တွေရှိကြပါတယ်။ ကျမတို့ လိုပဲ ဘယ်နယ်က ဘာကောင်းတယ်ဆိုသလိုပေါ့။ ရှမ်းခေါက်ဆွဲ။
ရခိုင်မုန့် တီ၊ မန္တလေးနန်းကြီး၊ ဖျာပုံမုန့် ဟင်းခါး စသဖြင့်ပေါလေ။
ဒေသအလိုက်အစားအစာတွေကိုတော့ နောက် ပို့ စ်မှာဆက်ရေးပါ့မယ်။
Ref: http://de.wikipedia.org/wiki/Deutsche_K%C3%BCche
Saturday, 7 January 2012
ခေါက်ဆွဲလုပ်ကြည့်တယ်။
ကျမတို့ အလုပ်က ခရစ္စမတ်လက်ဆောင်အနေနဲ့  Amazon မှာဈေးဝယ်ဖို့ လက်မှတ်ပေး
တာနဲ့  ၀ယ်မယ်ကြံထားတဲ့ ခေါက်ဆွဲလုပ်တဲ့စက်လေးဝယ်ဖြစ်ပါတယ်။
ဒီမှာခေါက်ဆွဲဝယ်ရင် ခေါက်ဆွဲခြောက်ပဲရတာကြောင့် လတ်လတ်ဆတ်ဆတ် ခေါက်ဆွဲ
ကိုလုပ်စားချင်နေတာကြာပါပြီ။ တစ်ခါ၊နှစ်ခါလောက်တော့ လက်နဲ့ လုပ်ကြည့်ပါတယ်။
အဆင်မပြေပါဘူး။ အထူအပါးမညီလိုက်၊ ကပ်ကုန်လိုက်၊ပြတ်ကုန်လိုက်နဲ့ ။
အခု ၀ယ်ဖြစ်တဲ့စက်လေးက ဈေးလည်းသက်သာပါတယ်။ ၁၆ ယူရိုလောက်ပဲကျပါတယ်။
တနေ့ ကရရခြင်း စမ်းကြည့်လိုက်ပါတယ်။ ရိုးရိုးဂျုံမှုန့် နဲ့ ပဲစမ်းလုပ်ကြည့်ပါတယ်။
ရေများပြီးပျော့သွားတာနဲ့ ကပ်ကုန်ပါတယ်။
ဒါနဲ့ အင်တာနက်ထဲမှာ လုပ်နည်းတွေရှာရင်း အဆင်ပြေမယ်ထင်တာတစ်ခုတွေတာနဲ့ 
ဒီနေ့ စမ်းလုပ်ကြည့်ပါတယ်။ အဆင်ပြေပြီး လုပ်ရတာလည်းလွယ်ပါတယ်။ ရလာတဲ့
ခေါက်ဆွဲကလည်း ကြည့်လို့ ကောင်းသလို၊စားလို့ လည်းကောင်းပါတယ်။
လိုအပ်တာတွေကတော့ လူ ၄ ယောက်စာအတွက်
ဂျုံမှုန့် ၁၈၀ ဂရမ်။ Durum wheat semolina ၁၂၀ ဂရမ်၊ ကြက်ဥ ၃လုံး၊
ရေ စားဇွန်း တစ်ဇွန်း၊ ဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်း
တဲ့ပြီးရောနယ်ပါတယ်။ မုန့် သားတွေ အိလာပြီး လက်တွေ ကပ်မနေတော့တဲ့
အထိနယ်ပါတယ်။ ပြီးရင် အ၀တ်အုပ်ပြီး နာရီဝက်လောက်ထားလိုက်ပါ။
မုန့် သားလုံးကို ၆ပုံပုံပြီး တစ်ပုံစီကို ဂျုံနဲနဲ ဖြူးပြီး စက်ထဲမှာလှိမ့်ပါတယ်။
ပထမတော့ ဒလိမ့် အကြဲ (၇)၊နောက်တဖြေးဖြေး (၅) ၊ (၂) လောက်အထိ
အစိတ်အကျဲညှိပြီးလိမ့်ပါတယ်။
ပြီးတော့ လိုချင်တဲ့ ပုံစံအတိုင်း ဒါးစက်ထဲမှာ ဖြတ်လိုက်ပါတယ်။
ရေနွေးအိုးတဲဆားနဲနဲထဲ့တည်ပြီး ဆူတဲ့အခါ ခေါက်ဆွဲတွေထဲ့ပြုတ်ပါတယ်။
အရသာရှိတဲ့ ခေါက်ဆွဲရပါပြီ။ ဒီနေ့ အုန်းနို့ ခေါက်ဆွဲချက်စားပါတယ်။
ခေါက်ဆွဲအလုံးပုံစံနဲ့ ခေါက်ဆွဲအပြားပုံစံ နှစ်မျိုး
ပြုတ်ပြီးသွားတဲ့အခါ။
Thursday, 29 September 2011
Kürbisküchlein (ရွှေဖရုံသီးပန်ကိတ်)
Heute habe ich wieder Kürbis gekocht. Das sind Kürbisküchlein.
Es ist schnell und lecker.
Dafür braucht man für 4 Personen:
200 g Mehl (ဂျုံမှုန့် )
1 TL Salz (ဆား)
3 Eier (ကြက်ဥ)
200ml Milch (နွားနို့ )
259 g Kürbisfleisch (ရွှေဖရုံသီးအသား)
1 Bund gehackte Petersilie (parsley)
30 g Butter zum Braten (ထောပတ်)
In einer Schüssel Mehl, Salz, Eier und Milch zu einem
dickflüssigen Teig rühren und dann zugedeckt mindestens 1 Stunde ruhen
lassen.
Das Kürbisfleisch grob raspeln. Mit der Petersilie unter den Teig
mischen.
In einer Pfanne die Butter erhitzen. Jeweils 2 EL Kürbisteig in
der Pfanne zu Küchlein verstreichen und auf beiden Seiten goldbraun
braten. Warm stellen bis alle Küchlein gebraten sind.
Zusammen mit gebratenem Lauch und Zucchini haben wir also
ein vollwertiges Mittagessen genossen.
Man kann das Gericht auch als kleinen Imbiss essen.
အခုတလောရွှေဖရုံသီးတွေပေါတာနဲ့  အိမ်မှာ ရွှေဖရုံသီးခဏခဏချက်ဖြစ်နေပါတယ်။
ဒီနေ့ တော့ ရွှေဖရုံသီးပန်ကိတ်လုပ်ဖြစ်ပါတယ်။ လွယ်လည်းလွယ်၊စားလို့ လည်းကောင်း
ပါတယ်။
ဂျုံ၊ကြက်ဥ၊ဆား၊နို့ တွေကိုရောပြီး ခပ်ပြစ်ပြစ် မွှေထားပြီး တစ်နာရီခန့် အဖုံးအုပ်ထားပါ။
ရွှေဖရုံသီးကို အခွံနွှာ၊ အစေ့တွေဖယ်ပြီး ခြစ်နဲ့  ခြစ်ပါ။ ပြီးရင် မွှေထားတဲ့ ဂျုံအရောထဲ
ထည့်ရောပါ။ parsley ကို နုတ်နုတ်စင်းပြီးထဲ့ပါ။ (ကျမတော့အိမ်မှာ အသင့်မရှိတာနဲ့ 
မထဲ့ထားပါဘူး)
ထောပတ်ကို ဒယ်အိုးအပြားထဲမှာ အပူပေးပါ။ ဂျုံအရောကို ထမင်းစားဇွန်း ၂ဇွန်း
ခန့် ထည့်ပြီး ၂ဘက်စလုံညိုလာတဲ့အထိလှည့်ပေးပါ။
ပြီးသွားတဲ့ ပန်ကိတ်လေးတွေကိုနွေးနေအောင်ထားပါ။ အားလုံးပြီးသွားတဲ့အခါ
ပူပူနွေးနွေးလေးစားလို့ ရတာပေါ့။
ရွှေဖရုံသီးပန်ကိတ်လေးတွေကို ကျမကတော့ အရွက်ကြော်လေးနဲ့ တွဲစားပါတယ်။
ဒီအတိုင်းစားလည်းကောင်းပါတယ်။
Monday, 11 July 2011
ကျေးဇူးပါ ...Kyaw Hnin Se Lwin
တကယ်တော့ .Kyaw Hnin Se Lwin ရေးထားတဲ့ ဂျပန်စတိုင်ကြက်ဥကြော်နည်း
အကြောင်းဖတ်ပြီး ကတည်းကရောဂါထနေတာပါ။ အိမ်မှာရှိတဲ့ ဒယ်အိုးအ၀ိုင်းနဲ့ 
လုပ်ကြည့်ပေမဲ့ ဒီ Tamagoyaki ဒယ်အိုးကို လိုက်ရှာနေတာ။ အင်တာနက်မှာ
ဈေးတွေကလည်းကြီးတာနဲ့  မ၀ယ်ဖြစ်ခဲ့တာ။ ဒီနေ့ အလုပ်မှာ စကားစပ်မိရာက
ရောဂါပြန်ထလာတာနဲ့  အာရှဆိုင်တစ်ဆိုင်ကို အပြေးသွားရှာတော့ တွေ့ ပါပြီ
Tamagoyaki ဒယ်အိုး။ ၁၆ ယူရို ၉၆ ဆင့် ပါ။ အိုးက သေးသေးပါပဲ။ ကြက်ဥ ၂လုံးစာ
လောက်ပဲရပါတယ်။ အိမ်အပြန်လမ်းမှာ ဒယ်အိုးတကိုင်ကိုင်နဲ့ ပျော်ရွှင်စွာပြန်လာ
ခဲ့ပါတယ်။
ဒီမှာဒယ်အိုးသားလေးပါ။
လက်စွမ်းပြလိုက်တာ နဲနဲ ညိုသွားသလားလို့ ....
စားတော့မယ် အဆင်သင်ပဲ။
လုပ်ကြည့်ချင်တာလုပ်ကြည့်ရလို့ ပျော်နေပါတယ်။ စားလို့ လည်းကောင်းပါတယ်။
ကျေးဇူးအထူးတင်ပါတယ် Kyaw Hnin Se Lwin ရှင့်.....
Saturday, 26 March 2011
ကိတ်မုန့် ဖုတ်ဖြစ်တယ် (Italienischer Haselnusskuchen )
ဒီမုန့် ဖုတ်နည်းကိုရထားတာ ကြာပါပြီ။ မအားတာရယ်၊စားမယ့်သူမရှိတာရယ်
ကြောင့်မလုပ်ဖြစ်ခဲ့ဘူး။ ဒီနေ့ တော့ဧည့်သည်ဖိတ်ထားတာနဲ့ လုပ်ဖြစ်ပါတယ်။
ဧည့်သည်တွေကို နေ့ လည်စာ အုန်းနို့ ခေါက်ဆွဲကျွေးပါတယ်။
စားသောက်ပြီးခဏနေတော့ ကိတ်မုန့် နဲ့ လက်ဖက်ရည်၊ကော်ဖီပေါ့။
ကျမကိတ်မုန့် လေးကို သူတို့ အကြိုက်တွေ့ ကြတယ်။ လုပ်နည်းပါတခါတဲ
တောင်းသွားပါတယ်။
လုပ်ရတာလည်းလွယ်၊ကောင်းလည်းကောင်းတဲ့ ကိတ်ပါ။
သူငယ်ချင်းတို့ စမ်းလုပ်ကြည့်ဖို့ ရေးပေးလိုက်ပါတယ်။
Italienischer Haselnusskuchen (Torta di Nicciole)
125 g ကြိတ်ထားတဲ့  hazel nut
100 g ထောပတ် ပျော့
70 g သကြား (မုန့် နှစ်အတွက်) und 55 g သကြား ( ကြက်ဥအကာခေါက်တဲ့အခါထဲ့ဖို့ )
4 ကြက်ဥ (အလုံကြီး) (ကြက်ဥကို အကာနဲ့ အနှစ်ခွဲထားပါ။)
2 Tablespoon ဇကာချထားတဲ့ ဂျုံမှုန့် 
125 g Ricotta
2 Tea spoon ခြစ်တားတဲ့ သံပုရာအခွံ
2-3 Table spoons apricot jam (ရေ လက်ဖက်ရည်ဇွန်ု တ၀က်ခန့် နဲ့ ရောမွှေထားပါ။)
50 g dark chocolate
Oven ကို ၂၀၀ဒီဂရီ ကြိုပြီးအပူပေးထားပါ။
ထောပတ်ပျော့ကို သကြား ရ၀ ဂရမ်ရယ် ကြက်ဥ ၄လုံးရဲ့ အနှစ် ရယ်ကို
ရောပြီးစက်နဲ့ မွှေပါ။
ခရမ်ဖြစ်လာတဲ့အထိမွှေပါ။ ပြီးရင် ဇကာချထားတဲ့ဂျုံမှုန့် ထဲ့မွှေပါ။
ဇလုံတခုထဲမှာ Ricotta ထဲ့ပါ။ Hazel nut အမှုန့် ကိုထဲ့ပါ။ ခြစ်ထာတဲ့ သံပုရာခွံထဲ့ပြီး
ဇွန်းနဲ့ မွှေပါ။ ပြီးရင်ကြက်ဥအနှစ်အရောထဲထည့်ပါ။
ကြက်ဥ အကာကို သကြား၅၅ ဂရမ်နဲ့ ရောပြီး စက်နဲ့ ပွတက်လာတဲ့အထိမွှေပါ။
ပြီးရင် မုန့် နှစ်အရောထဲထဲ့ အထက်အောက်သမအောင်ဇွန်း နဲ့ ဖြေးဖြေး
ရောပေးပါ။
မုန့် ဖုတ်တဲ့ခွက် 25 cm အ၀ိုင်း ကိုထောပတ်သုပ်ပါ။ ကြိုအပူပေးထားတဲ့
Oven ထဲကို ထဲ့ပါ။ ၂၀၀ ဒီဂရီနဲ့  အလယ်အဆင့်မှာထားပြီး မိနစ် ၃၀ ခန့် 
ဖုတ်ပါ။
ကျက်ရင် မုန့် ကို အအေးခံပါ။ အနည်းငယ်အေးလာရင် မုန့် ဖုတ်ခွက်ထဲကထုတ်ပါ။
လုံးဝအေးသွားရင် apricot Jam ကို ကိတ်မုန့် အပေါ်နဲ့ ဘေးတွေကို သုပ်ပေးပါ။
ချောကလက်ကို ခြစ်ပြီးအပေါ်က ဖြူးလိုက်ပါ။
အုန်းသီးမှုန့် လေးတွေ ပါ ဖြူးလိုက်ပါတယ်။
(ကျမကတော့ 18cm အ၀ိုင်း နဲ့ ဖုတ်ထားလို့ ပုံထဲမှာမုန့် က ထူနေပါတယ်။ )
Friday, 25 February 2011
Thanks Evy....
တနေ့ က EVY ရဲ့  ဘလော့မှာ တွေ့ လိုက်ရတဲ့  တို့ ဖူးအချိုပွဲလုပ်နည်းလေးပါ။
တခါကရန်ကုန်က သူငယ်ချင်းမယုရဲ့ ကောင်းမှုကြောင့် တရုပ်တန်းမှာ
စားဖူးခဲ့ပါတယ်။ ဘယ်လိုခေါ်မှန်းလည်းမသိခဲ့ရဘူး။
EVY ရေးလိုက်တော့ စားဖူးခဲ့တာလေးကိုသတိပြန်ရသွားတယ်။
အဲ့ဒီတုန်းက စားလို့ ကောင်းတယ်ဆိုတာအမှတ်ရသွားတယ်။
ဒါနဲ့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက်တခုကတော့ Tofu Day လုပ်ချင်နေတဲ့စိတ်ကူးလည်းရှိတော့
အချိုပွဲ အတွက်ပိုအဆင်ပြေသွားပါတယ်။
မနေ့ ကတော့စမ်းလုပ်ကြည့်ပါတယ်။ လုပ်နည်းကတော့ EVY ရဲ့ 
http://evy-foodlover.blogspot.com မှာရှိပါတဲ့
တို့ ဖူးအချိုပွဲလုပ်နည်းလေးပါ။
ကျမကတော့ကြိုက်ပါတယ်။ ၂ယောက်စာစမ်းလုပ်ကြည့်ပါတယ်။
ကိုသောမတ်စ်ကတော့ မကြိုက်ဘူးလို့ ပြောတာနဲ့  ကျမပဲ တ၀ကြီး
စားလိုက် ပါတယ်။ ဒီနေ့ တောင်ထပ်လုပ်ထားပါသေးတယ်။
သူငယ်ချင်းတို့ လမ်းကြုံရင်ဝင်လာခဲ့ပါနော်။ အတူတူစားကြတာပေါ့။
Saturday, 19 February 2011
ကြေးအိုး အလွမ်းပြေ
တနေ့ ကသူငယ်ချင်းပို့ လိုက်တဲ့ ကြေးအိုးလုပ်နည်းလေးအတိုင်းလုပ်စား
ဖြစ်ပါတယ်။ ကြေးအိုးစားရင်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အတူတူ
ကြေးအိုး ဆိုင်ထိုင်ခဲ့ရတာတွေအမှတ်ရသွားတယ်။
ကျမကြေးအိုးဆိုတာကိုစသောက်ဖူးတုန်းက တစ်ပွဲကို ၃ ကျပ်ပါ။
လှည်းတန်းထိပ်က ဆိုင်မှာ မောင်နှမတွေနဲ့ စသောက်ဖူးတာပါ။
ကျမ အစ်မ၀မ်းကွဲ မချို ကကြေးအိုး အလွန်ကြိုက်ပါတယ်။ ကျမတို့ 
နှစ်ယောက် မုန့် ဖိုး စုပြီးသွားသောက်ကြလေ့ရှိပါတယ်။ တက္ကသိုလ်
ရောက်ပြန်တော့ တွဲဖြစ်တဲ့ သူငယ်ချင်းတွေကလည်း ကြေးအိုးအလွန်ကြိုက်
ကြပါတယ်။ အချိန်ရတာနဲ့ မြို့ ထဲပြေး ကြေးအိုးသောက်ကြတာပါ။
သူငယ်ချင်းတယောက်ဆို တခါစားရင် ၂ပွဲ အသာလေးပဲ။
အခုတော့ ကျမတယောက်ထဲ ကိုယ်တိုင်လုပ်တဲ့ ကြေးအိုး ( အရသာနီးစပ်တဲ့)
ကိုစားရင်း ဘ၀ပြောင်းသွားတဲ့ မချို နဲ့  အဝေး နေရာတွေကို ရောက်နေကြတဲ့
ချစ်သူငယ်ချင်း စိုးစန္ဒာ၊ စန္ဒီ၊ ဘဲဥ၊ နဲ့ နွယ် တို့ ကို သတိရနေမိပါတယ်။
ကြေးအိုးစားပြီးတော့ ထုံးစံအတိုင်း ကျမရဲ့ ကြေးအိုး သမိုင်းကြောင်းကို
ကိုသောမတ်စ် အား အလွမ်းပြေ ပြောပြရင်း .....
ကြေးအိုးကိုတော့ ဒီမှာရေးထားတဲ့အတိုင်းလုပ်ပါတယ်။
Rice Noodle in Pork Soup Kyay-o
Kyay-o is a Burmanized style of Chinese noodle dish "Quetayong".
It originally is a Chinese dish. Very similar one is also available in
Thailand as Quetayong too. It is simple, but very popular for its
taste. This is very similar to the Vietnamese "Pho".
Ingredients: (for 2 servings)
* 2 lb pork bones
* 1 tea-sp salt
* 1 tea-sp pepper
* 1/2 tea-sp sugar
*
* 2 lb ground pork
* 1/4 tea-sp Chinese masala (5 Chinese spices)
* 1/4 tea-sp salt
* 1/2 tea-sp wheat flour
* 1/2 tea-sp rice flour
*
* 2 boiled & unshelled quail eggs
* 2 eggs
* 1/4 lb green mustard leaves
*
* 1 lb thick/thin rice noodle (boil noodle first if dried)
Instructions:
1. Boil the top 4 items in 2 quarts of water for 30 minutes until
the meat beside the bones comes out
2. Mix or blend the ground pork with spices, salt, 1 tbsp of water,
rice and wheat flour well. Leave for about 5 minutes. Then scoop
with a tea-spoon and add them into the boiling soup, scoop by scoop,
not as a whole. Keep the soup boiling and do not stir at this time,
so that the ground pork forms into meat balls.
3. Add noodle and mustard leaves into soup not more than a minute
and serve. Put raw eggs, if you wish, into the soup bowls. The soup is
so hot that eggs will get cooked in your bowl!
4. Spice up with hot and sour chily sauce, and pepper.
Sunday, 9 January 2011
ဒိုင်အောက်ဆင်း (Dioxin)
အခုတလောသို့ လော၊ သို့  လော တွေကတော်တော်များသား။
သူငယ်ချင်တွေကြားမှာလည်း ဇော်ဂျီလား၊ ဦးနီလား....။
ကျမတို့ ဂျာမနီမှာလည်း Dioxin ကြောင့် ကြက်ဥစားသင့်မသင့်၊ ၀က်သားစားသင့်မသင့်.......
စဉ်းစားစရာတွေပါ။
ဂျာမနီက ကြက်ဥတွေမှာ ဒိုင်အောက်ဆင် (Dioxin) ဓါတ်တွေ တွေ့ရှိတယ်လို့
ရှေ့ တပတ်က ဂျာမနီ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန က ပြောပါတယ်။ Dioxin ကြောင့် ကင်ဆာရောဂါကိုဖြစ်နိုင်စေသလို၊ အာရုံကြော၊ ကိုယ်ခံအားဆိုင်ရာတွေကိုထိခိုက်
ပျက်ဆီးစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။
ကြက်တွေကိုစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ကြက် အဆီတစ်ရှူးတွေမှာ Dioxin ပါဝင်မှုဟာ
တချို့ ပြည်နယ်တွေမှာ ရှိသင့် တာထက် ၇၇ ဆကျော်ရှိနေပါတယ်လို့ ပြောပါတယ်။
၂၀၁၀ မတ်လကတည်းက Harles und Jentzsch ကုမ္ပဏီကထုတ်တဲ့ တိရိစ္ဆာန်အစားအစာ
ထဲမှာရှိသင့်တဲ့ Dioxin ပမာဏရဲ့  ၂ဆ ကနေ ၁၀ဆ အထိ ပါဝင်နေတာတွေ့ ခဲ့ရပါတယ်လို့ 
ဆိုပါတယ်။
Dioxin ဓါတ် ကို တိရိစ္ဆာန်အစားအစာထဲမှာ တွေ့ ခဲ့တာဖြစ်လို့ စုံစမ်းမှု တွေ၊စစ်ဆေးမှု
တွေလုပ်နေရာကပဲ ကြက်သားတွေ၊ ၀က်သားတွေမှာပါ Dioxin ပါဝင်တာတွေ တွေရတယ်
လို့ သတင်းတွေထွက်လာပြန်ပါတယ်။
နို့ နဲ့ နို့ ထွက်ပစ္စည်းတွေမှာတော့ Dioxin ပါဝင်မှုတွေ့ ရဘူးလို့ ပြောပါတယ်။
အခုဆို ကြက်၊ ကြက်ဥနဲ့ ဝက်သား၊ အမဲသားတွေ ထုတ်လုပ်နေတဲ့ စိုက်ပျိုးခြံ ၅,၀၀၀
နီးပါးကို ပိတ်ခဲ့ရပါတယ်။
ဂျာမနီက ကြက်သားနဲ့ ဝက်သားတင်သွင်းမှု အားလုံးကို တောင်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ
တို့ ကပိတ်ထားပါတယ်။
စားသုံးသူတွေကို စစ်တမ်းကောက်ရာမှာတော့ ၆၆% က ကြက်ဥကို မရှောင်ပါဘူးလို့ 
ပြောပါတယ်။ တချို့ ကလည်း Bio ဆိုင်ကနေ ၀ယ်ကြပါတယ်။ ကြက်ဥကလည်း အစားအစာတော်တော်များများမှာပါနေပြန်ရော။
ကျမတော့ ဘာမှန်းမသိတဲ့အနေအထားမှာ သက်သတ်လွတ်ပဲစားဖြစ်မယ်ထင်ပါတယ်။
VOA ကသတင်းလည်း ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
Wednesday, 5 January 2011
ခင်ရာဆွေမျိုး ၊ Hollandse appeltaart နဲ့  အထပ်တရာ
Hollandse appeltaart
ပြီးခဲ့တဲ့ အောက်တိုဘာလက ကျမတို့  ဟော်လန်ကိုသွားလည်ခဲ့ကြပါတယ်။
အဲ့ဒီခရီလေးအကြောင်းတောင်ဒီမှာရေးခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းက
Oostervoorde မြို့ မှာ သွားလည်ခဲ့တဲ့ ဟောလန်မိတ်ဆွေတွေက
အခု ကျမတို့ နေတဲ့မြို့ နားကိုလာလည်တာနဲ့ တွေ့ ဖြ
စ်ကြပါတယ်။
ကျမကဟော်လန်လူမျိုးတွေကို သဘောကျပါတယ်။
သူတို့ က ပွင့်ပွင့်လင်းလင်း
နဲ့  ဖေါ်ရွေကြပါတယ်။ သူတို့ လာလည်တော့ ကျမက ကိတ်တစ်ခုဖုတ်ထားပါတယ်။
သူတို့ က ကျမအတွက် ဟောလန် ပန်းသီးကိတ် ယူလာ
ပါတယ်။
ကျမအတွက် စပျစ်သီးခြောက်တွေ၊ ပန်းသီးအတုံး သေးသေးလေးတွေထဲ့ထားတဲ့
Hollandse appeltaart က အရသာတမျိုးထူးနေပြီး တော်တော်လေးလည်းစား
ကောင်းပါတယ်။ ကျမမှာ မုန့် လုပ်နည်းတော့ရှိနေပါပြီေ
နာက်လုပ်ဖြစ်ရင်တင်ပေးပါအုံးမယ်။
နောက် ၂ရက်လောက်ကြာတော့ သူတို့ တည်းတဲ့ ဆီကို တ
ါသွားလည်ကြပါတယ်။
တောင်ကုန်းတွေနဲ့ မြို့ လေးမှာ လမ်းလျှောက်ရင် စကား
တွေပြောဖြစ်ကြပါတယ်။
တွေ့ တာမကြာ၊ သိတာမကြာသေးပေမဲ့ 
ဘာရ်ကြောင့်မှန်းမသိ ရင်းနှီးတဲ့ ခံစား
မှုတွေ ရရှိခဲ့ပါတယ်။
ဒါကတော့ ကျမစမ်းလုပ်ထားတဲ့ အထပ်တရာမုန့် ပါ။ မုန့် လုပ်နည်းကို Facebook
ရတာနဲ့ စမ်းလုပ်ကြည်တာ အဆင်ပြေပါတယ်။ အရောင်ထဲ့တာနဲနဲများသွားတယ်။
Sunday, 26 December 2010
Windbeutel လုပ်စားမလား။
တနေ့ ကစမ်းလုပ်ကြည့်ဖြစ်တာပါ။
လွယ်လွယ်ကူကူ၊မြန်မြန်ဆန်ဆန် နဲ့ အရသာလည်းရှိပါတယ်။
အချိုလည်းသိပ်မပါတော့ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ ကောင်းပါတယ်။
Windbeutel ကတော့ ဂျာမန်လိုခေါ်တာပါ။ မြန်မာလိုတော့ ဘယ်လိုခေါ်တယ်
မသိပါဘူး။ ဘာပဲဖြစ်ဖြစ်စားကောင်းဖို့ အဓိကပါလေ။
အခု ၂၀ စာအတွက် ( တ၀က်စာ လုပ်လည်းရပါတယ်။)
မုန့် သားအတွက်လိုတာတွေကတော့...
ထောပတ် 100 g
ဂျုံမှုန့်  250 g
ဆား အနည်းငယ်
ကြက်ဥ ကြီးရင် ၅ လုံး၊ သေးရင် ၆ လုံး
ရေ 500 ml
ခရမ် အစာအတွက်လိုတာကတော့
၂၅၀ ဂရမ် စတော်ဘယ်ရီ၊ လိမ္မော်သီး၊ သရက်သီ...မိမိကြိုက်ရာ
၂၅၀ ဂရမ် Sahne ခရမ်
သကြား စားဇွန်း ၂ ဇွန်း
ပြင်ဆင်ပြီး အပေါ်က ဖြူးဖို့ သကြားမှုန့် 
မုန့် ဖုတ်တဲ့ Oven ကို 220°C ကြိုတင်ပြီးအပူပေးထားပါ။
ပထမ အိုးထဲမှာ ရေ ၊ ထောပတ်၊ဆား တို့ ကို ထဲ့ပြီး ဆူအောင်တည်ပါတယ်။
ထောပတ် အရည်ပျော်သွား ရင် ဇကာချထားတဲ့ ဂျုံ မှုန့် တွေ ကိုတစ်ခါထဲထဲ့
ပြီး သစ်သားယောင်းမနဲ့ မွှေပါတယ်။ မီးလျှော့ချလိုက်ပါ။ ဂျုံတွေလုံးခဲလာပြီး
အိုးမှာ အဖြူရောင် အလွှာလေး ကပ် လာရင် ရပါပြီ။
ဂျုံလုံး ကို ခွက်တခုထဲထဲ့ပါ။ ကြက်ဥ တွေကို တလုံးစီဖေါက်ထဲ့လိုက် မွှေလိုက်
လုပ်ပြီးထဲ့ပေးပါ။ ဂျုံ သားနဲ့ ကြက်ဥ ရောသမသွားပြီး ချောသွားတဲ့အထိ
မွှေရပါမယ်။ မွှေတဲ့နေရာမှာ နဲနဲလက်ဝင်ပါတယ်။
မုန် ဖုတ်မဲ့ ဘန်းမှာ မုန့် ဖုတ်စက္ကူခင်းပါ။
ရလာတဲ့မုန့် သားတွေကို မုန့် ညှစ်တဲ့ အိတ် ထဲကိုထဲ့ပါ။ ကျမကတော့ ရိုးရိုး ပလတ်စတစ်
အိတ်ထဲထဲ့ပြီး ဒေါင့်ချွန်းလေးကိုညှပ်လိုက်ပြီး ညှစ်ယူပါတယ်။
မိမိလိုချင်တဲ့ အရွယ်လောက် ( လက်မနဲ့ လက်ညှိုး တစ်ဝိုင်းခန့် ) ညှစ် ချယူပါ။
တစ်ခုနဲ့ တစ်ခု နဲနဲခွာထားပေးပါ။
ဘန်းကို Oven အလယ် ဆင့်မှာ ထဲ့ပြီး မိနစ် ၂၀၊ မိနစ် ၃၀ လောက် ကြာအောင်
ဖုတ်ပါ။ အရွယ်ကြီးရင်ကြီးသလို ဖုတ်ချိန်ကြာပါတယ်။
မုန့် လေးတွေ ညိုလာပြီး အရွယ် ၂ ဆ တက်လာရင် ရပါတယ်။
မုန့် ဖုတ်နေတုန်း ပထမ ၁၀ မိနစ်လောက် မှာ Oven ကို မဖွင့်ပါနဲ့  မုန့် ပွမလာတတ်
သလို ၊ အေးတဲ့အခါ ပွပွလေးမနေပဲ ပြန် ကျသွားတတ်ပါတယ်။
မုန့် ကျက်ရင် Kuchengitter မုန့် တင်တဲ့ ဇကာ ပေါ်မှာတင်ပြီး အအေးခံပါ။
သိပ်မပူတော့တဲ့ အချိန်မှာ မုန့် ကို အလည်က ထက်ခြမ်းခြမ်းပေးပါ။
Sahne ခရမ် နဲ့ သကြားကို မွှေစက်နဲ့ ခဲတဲ့အထိမွှေပါ။ ညှစ်တဲ့အိပ်ထဲထဲ့ပြီး
ခြမ်းထာတဲ့ မုန့်  အောက်ခြမ်းပေါ်မှာ ညှစ်တင်ပေးပါ။ အသီးတင်ပေးပါ။
အပေါ်လွာ အုပ်ပါ။ သကြားမှုန့် ဖြူးပေးပြီးရင် အဆင်သင့်ဖြစ်ပါပြီ။
ဖုတ်ထားတဲ့ မုန့် သားတွေပိုနေရင် ရေခဲသေတ္တာထဲမှာ ခဲထားလို့ ရပါတယ်။
Friday, 24 December 2010
ပွဲတော်ညနေ
ဒီနေ့ က ခရစ္စမတ် အကြိုနေ့ ပါ။ ဂျာမနီရဲ့  ၂၀၁၀ခုနှစ် ခရစ္စမတ်ပွဲ
စတဲ့နေ့ ပါ။ တကယ်တော့ဒီပွဲက ကျမနဲ့ သိပ်မရင်နှီးပါဘူး။ ဒီနှစ်တော့
အိမ်မှာ ဘာမှပြင်ဆင်မှုမရှိပါဘူး။ ဒါပေမဲ့ မနေ့ ညနေ မြို့ ထဲရောက်တော့
လမ်းမှာလူတွေကလက်ဆောင်အ၀ယ်ထွက်ကြတာကြည့်ပြီး ပွဲလမိုင်းကပ်လာပါတယ်။
ညဘက် တီဗီမှာ ခရစ္စမတ်သီချင်းတွေနားထောင်ရင် တက်တက်ကြွကြွဖြစ်လာပါတယ်။
ဒီနေ့ မနက် နှင်းတွေကလည်းကျတော့ ခရစ္စမတ် ပွဲဟာ ပိုအဓိပ္ပါယ်ရှိလာတယ်။
ကျမကတော့ တနေ့ ခင်းလုံး ညနေစာအတွက်ပြင်ဆင်နေပါတယ်။ ဘယ်သူမှ မရှိလည်း
အကြောင်းမဟုတ်ပါဘူး။ အဓိက က ကျမကိုယ်တိုင် သူများတွေပွဲကျင်းပတဲ့အချိန်မှာ
ပါဝင်နေဖို့ ပဲလိုပါတယ်။
ဒီနေ့ ညစာကို အရင်နှစ်တွေက steak တမျိုးမျိုးလုပ်လေ့ရှိပေမဲ့ ဒီနှစ်တော့Thomas
မကြိုက်တဲ့ ဘဲသားလုပ်ဖြစ်ပါတယ်။ ဘဲကို ပေါင်းပြီး ပဲငံပြာရည်၊ ပျားရည်တို့ နဲ့ံ
့ပြန်နှပ်ထားပါတယ်။ Polenta ၊ ဥနီ၊ ဘရိုကိုလီ၊ ရွှေဖရုံသီ တို့ နဲ့ တွဲစားဖို့ ပါ။
ဆလပ်ရွက်၊ဥနီ၊ပြောင်းဖူးတို့ ကို ရောပြီး Salat လုပ်ထားပါတယ်။
အချိုပွဲကတော့ Windbeutel ကို ဗနီလာခရင်မ် နဲ့  လိမ္မော်ခြမ်းလေးတွေနဲ့ ပြင်
ဆင်ထားပါတယ်။ ပထမအကြိမ်းစမ်းလုပ်ကြည့်တာပါ။ ကော်ဖီလည်းပါပါသေးတယ်။
မြန်မာဆန်ဆန် လက်ဖက်ပွဲလေးလည်းပါသေးတယ်။ လက်ဖက်ခြောက်ကို
နှပ်ထားတဲ့ လက်ဖက်နဲ့  ဒီမှာကြံဖန်ထားတဲ့ အကြော်လေးတွေပါ။ ညဘက်
တီဗီကြည့်ရင်းစားဖို့ ပါ။
သောက်စရာကတော့ စပျစ်ဖျော်ရည်ပါ။ လက်ဘက်နဲ့ တွဲသောက်ဖို့ ကတော့
Wintertee လုပ်ထားပါတယ်။
စားနေတုန်း တီဗီက ခရစ္စမတ်သီချင်းတွေနားထောင်ရင်း ကျမရဲ့  ခရစ္စမတ် အကြို
ညနေစာ ကို စားဖြစ်ပါတယ်။
ထမင်းစားပြီးတော့ မိတ်ဆွေတချို့ ပေးထားတဲ့ လက်ဆောင်လေးတွေ ဖေါက်ဖြစ်ပါတယ်။
Brigitte က ဒီနေ့ ဘာချက်ရမလဲ လို့ ရေးတားတဲ့ ပြက္ခဒိန်လေးပေးထားပါတယ်။
တနေ့ တမျိုး ဟင်းချက်နည်းလေးတွေနဲ့ ပုံလေးတွေပါပါတယ်။ ကျမအတွက် အလွန်
အသုံးဝင်ပါတယ်။ Danke Brigitte!!!
Gavina က အနံ့ ပါတဲ့ဖယောင်းတိုင်ခွက်လေးတွေနဲ့  အမွှေးအနံ့ ထဲ့မီးထွန်း
ဖို့ ခွက်လေးပေးပါတယ်။ အနံ့ အမျိုးမျိုးပြောင်းထွန်းလေ့ရှိတဲ့ကျမအဖို့  အတော်ပါပဲ။
Danke Gavina!!!
အလုပ်ကဆရာဝန်တွေကတော့ ချောကလက်အလုံးလေးတွေ ဆွစ်ဇလန်က တကူးတက
ဝယ်လာပြီးပေးပါတယ်။ စားကြည်တော့ ထုံးစံအတိုင်း အရက်တွေပါတာနဲ့ 
ဘေးဖယ်ထားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တကူးတက စီစဉ်ထားလို့ ကျေးဇူးတင်ပါတယ်။
Danke Chefs!!!!
အလုပ်မှာ အဟာရ ပညာပေးလုပ်သူကတော့ သူကိုယ်တိုင်လုပ်ထားတဲ့  ကဒ်လေးပေးပါတယ်။
ချစ်စရာလေးပါ။ Danke Andrea!!!
အိမ်နီးချင်းမိတ်ဆွေက ကဒ်ကလေးတခုအိမ်ဝမှာ မနက်ကလာထားသွားတယ်။
Danke Fam. Göhring!!!
ကျမတယောက်ထဲကျင်းပတဲ့ ခရစ္စမတ် အကြိုညလေးကတော့ ပျော်ရွှင်စွာ
ဲပြီးစီးသွားပါတယ်။
သူငယ်ချင်းတို့ လည်း ပျော်ရွှင်ဖွယ် ပွဲတော်ရက်တွေနဲ့  ပျော်ရွှင်ဖွယ်နှစ်သစ်
ဖြစ်ပါစေလို့  ဆုတောင်းလျှက်.........
Saturday, 4 December 2010
Kinderpunsch
တခုတလော ကျမတို့ ဆီမှာ တော်တော်လေးအေးပါတယ်။ နှင်းတွေက ကျ၊
နေရောင်က သိပ်မရနဲ့ နေရထိုင်ရတာမပျော်ပါဘူး။ ဒီနေ့ တော့ နေရောင်လေး
ကထွက်လာတော့ ဟိုနားဒီနား လမ်းလေးလျှောက်ဖြစ်ပါတယ်။
အိမ်ပြန်ရောက်တော့ အချမ်းပြေ Kinderpunsch လုပ်သောက်ဖြစ်ပါတယ်။
အခုအချိန် ခရစ္စမတ် ရာသီမှာ ခရစ္စမတ်ပွဲလေးတွေ ကိုမြို့ တိုင်းနီးပါးမှာတွေ့ 
ရပါတယ်။ အေးအေးချမ်းချမ်း ပွဲဈေးလျှောက်ကြပြီး ၀ိုင်ပူ (Glühwein) ဆိုင်တွေ
မှာ အချမ်းဖြေကြတာတွေ့ ရပါတယ်။
ကျမတို့ ကတော့ အရက်မပါတဲ့ ကလေး Punch (drink) / Kinderpunsch
ကိုသောက်ဖြစ်ပါတယ်။
ဒီနေ့ တော့ အိမ်မှာ Kinderpunsch လုပ်ဖြစ်ပါတယ်။
4-6 ခွက်အတွက် လိုအပ်တာတွေကတော့
0,5 L fruit tea
0,5 L Grape juice( စပျစ်ရည်)
ပျားရည် 3-4 စားဇွန်း
သစ်ကြပိုးခေါက် လက်တဆစ် ခန့် 
လေးညှင်း ၂ ပွင့်
နာနတ်ပွင့် ၁ပွင့်
လိမ္မော်သီးတလုံး
ကြို ထားတဲ့ fruit tea နဲ့ စပျစ်ရည် ကို အိုးတလုံးထဲမှာ ရောပါ။
ပျားရည်၊ သစ်ကြပိုး၊လေးညှင်း၊ နာနတ်ပွင့်တို့ ကိုထည့်ပါ။
လိမ္မော်သီးကို ရေနွေးလေးနဲ့ ဆေးပြီး အကွင်းလေးတွေလှီးပါ။
ပြီးရင် တကွင်းကို ၈စိတ်ခန့် လှီးပြီး အရည်အရောထဲကို ထည့်ပါ။
အားလုံးရောထားတာကို အပူပေးပါ။ ဆူအောင်မတည်ရပါ။
ဒါဆိုရင် ဆောင်းတွင်းအေးအေးမှာ အချမ်းပြေသောက်ဖို့ 
အရက်မပါတဲ့ Kinderpunsch ရပါပြီ။
ဓါတ်ဘူးထဲထဲ့ပြီး လမ်းမှာသောက်ဖို့ သယ်သွားလို့ လည်းရပါတယ်။
Saturday, 27 November 2010
cookies ဖုတ်ကြတယ်။
အရင်နှစ်တွေကတော့ အိမ်မှာတစ်ယောက်ထဲ ပဲ Christmas cookies
တွေ ဖုတ်ဖြစ်ပါတယ်။ ဒီနှစ်တော့ ကိုThomas ကလည်း အိန္ဒိယ ၊ ဗုဒ္ဓဂါယာ
က တိပိဋက ရွတ်ပွဲကို သွားတယ်။ သူက ဟိုမှာ ၄ပတ်ကြာမှာဆိုတော့
ခရစ္စမတ်ပြီးမှပြန်ရောက်မယ်။ ဒီတော့တယောက်ထဲ မုန
့် တွေအများကြီး
နဲ့ မဖြစ်ပြန်ဘူး။ အဲ့ဒါနဲ့ ပဲဒီနှစ် အိမ်မှာ cookies တွေမလ
ုပ်တော့ပါဘူး။
ပြီးခဲ့တဲ့ အပတ်ကတော့ မိတ်ဆွေတယောက်အိမ်မှာ Christmas cookies
စုပြီးဖုတ်ကြမယ်လိုဆိုတာနဲ့ ဝါသနာအရ သွားလိုက်ပါတယ
်။
ကလေး၊လူကြီးစုစုပေါင်း ၇ ယောက်စုပြီး မုန့် တွေဖုတ်ဖို့ လ
ုပ်ကြပါတယ်။
ကလေးတွေကတော့ အဆင်သင့်ဖုတ်လို့ ရတဲ့ အထုပ်တွေကို သုံးပါတယ်။
ကျမတို့ လူကြီးအုပ်စုကတော့ မုန့် ဖုတ်စာအုပ် အကူအညီနဲ့  လက်စွမ်းပြကြ
ပါတယ်။ တက်ညီလက်ညီနဲ့ နေ့ ခင်း ၃နာရီကစလိုက်တာ
ည ၇နာရီမှပြီးပါတယ်။
စုပြီးလုပ်ကြတော့ စကားတပြောပြောနဲ့ အချိန်က ကုန်မှန်းတောင်မသိလိုက်ပါဘူး။
ဆေးကြောရှင်းလင်း စရာတွေလည်းခဏလေးနဲ့ ပဲပြီးသွားပါတယ်။
အပြန်ကြတော့ မုန့် လေးတွေခွဲဝေယူခဲ့ကြပါတယ်။
ပျော်စရာကောင်းတဲ့ နေ့ တနေ့ ပါ။
Saturday, 2 October 2010
Dampfnudeln / Dumplings
Dampfnudeln ဆိုတာကတော့ လွယ်လွယ်ရေးပြရရင် အစာမပါတဲ့ပေါက်စီ
လိုပါပဲ။ ဂျာမနီတောင်ပိုင်းရဲ့ အစားအစာပါ။ သူ့ ကို ကျမကတော့ dessert အနေနဲ့ 
ပိုကြိုက်ပါတယ်။ Vanilla Custard နဲ့ ပါ။
တနေ့ က အလုပ်ကသူငယ်ချင်းက သူငယ်ငယ်က Dampfnudeln ရောင်းတဲ့ဆိုင်ကို
ကျောင်းချိန်အားရင်အပြေးသွားပြီဝယ်စားကြောင်း၊ လက်မှာ ဗနီလာဆော့စ်တွေ
ပေလို့ ပေါ့။ ပြောရင်းဆိုရင်းကျမတို့  လုပ်စားချင်စိတ်ပေါက်လာကြတာနဲ့ 
အိမ်မှာစမ်းလုပ်ကြည်ဖြစ်ပါတယ်။
ပထမလုပ်တဲ့နေ့ ကတော့ အဆင်မပြေပါဘူး။ မုန့် သားကပျော့သွားပြီးအိုးကကြပ်
သွားတော့ပွအားမရှိတော့ဘူး။ သောမတ်စ်ကတော့ မုန့် သားက ပုံမှန်စားနေကြလိုမဟုတ်ဘူး
တဲ့။ အားပေးပါတယ်။ အမှိုက်ပုံးထဲရောက်သွားပါတယ်။...
မနေ့ ကတော့ Zwiebelkuchen (ကြက်သွန်နီ ကိတ်ဆိုပါတော့) လုပ်တော့ မုန့် သားလုပ်ပုံ
ကအတူတူဖြစ်တာနဲ့  တ၀က်ကို မကြေပွဲ Dampfnudeln ထပ်လုပ်ဖြစ်ပါတယ်။
ဒီတခါတော့... အောင်မြင်သွားပါတယ်။
မုန့် သားအတွက် လိုတာတွေကတော့ ဂျုံ (500 g) ရိစ် (၂၀ ဂရမ် )၊ သကြား (အနဲငယ်) ၊
နွားနို့ ခပ်နွေးနွေး( 250 ml)၊ ဆား လက်ဖက်ရည်ဇွန်း တ၀က်၊ ကြက်ဥ ၁လုံး၊
တောပတ် (၁၀၀ ဂရမ်) လိုပါတယ်။ (ကျမကတော့ တ၀က်ခွဲလုပ်ပါတယ်။)
မုန့် သားပွလာဖို့ တော့ နာရီဝက်လောက်စောင့်ရပါတယ်။ နောက်တော့ အလုံးလေးတွေလုံး၊
စောက်နက်နက် ဒယ်အိုးထဲမှာ နွားနို့ (250 ml) ၊ ထောပတ် ၃၀ဂရမ်၊ သကြား လ္ဘက်ရည်ဇွန်း
တ၀က်၊ ရောပြီးအပူပေးပါတယ်။ ပူလာရင် ဂျုံလုံးလေးတွေထဲ၊ အဖုံးအုပ်၊ မီးပြင်ပြင်းနဲ့ တည်ပါတယ်။
ခဏကြာရင်မီးလျှော့လိုက်ပါတယ်။ အဖုံးကိုတော့ တည်နေတုန်းမှာလုံးဝမဖွင့်ပါနဲ့ ။
မုန့် မပွလာတော့ပါဘူး။ နွားနို့ ခမ်းသွားရင်ရပါပြီ။ နောက် ၂မိနစ်လောက် မီးဖိုဘေးမှာ
ဆက်ထားပေးပါ။
ဗနီလာဆော့စ် ပူပူလေးနဲ့ ဆို စားကောင်းပါတယ်။
တတိယအကြိမ်ကြရင်တော့ ပိုကောင်းလာမယ်ထင်ပါတယ်။