Tuesday 30 March 2010

တွေ့ ရင်ပြောပေးကြပါ။

ကျမနဲ့  Blog ထဲမှာသိတဲ့မိတ်ဆွေတစ်ဦး ကြုံခဲ့ ရတာပါ။
သူက ကျမဆီကို email ပို့ လာတာနဲ့ ဒီPost ကို တင်လိုက်တာပါ။
သူ့ ကို ကူညီနိုင်တယ်ဆိုရင်ပဲ ကျမတို့ ဝမ်းသာရမှာပါ။
သူ့ုပြသနာကတော့....

တွေ့ ၇င်ပြောပေးကြပါ

MAI(Myanmar Airways Intl)

Flight No. 8M331

bag brand SIEMENS

color black

tag No. …………….

reference No BKK8M11110

date 19 Mar 2010

Time Mingaladon(RGN) 16:30 –Suvarnabumi Intl Arpt (BKK) 18:15

မတော်တဆမှားယူသွားမိတယ်လို့ ဘဲကျမယူဆပါတယ်

အုပ်စုလိုက်လာသောအဖွဲ့ မှ ပုဆိုးဝတ် ထားသောလူတယောက်ကျမဧ။်သေတ္တာနှင့်ချွတ်စွတ်တူသောသေတ္တာအပါအဝင် ၃ လုံးခန့် 

လက်တွန်းနှင့် တွန်းသွားတာကိုကျမသေသေချာချာ

မင်လိုက်မိပါတယ်

နောက်မှပြေးလိုက်သွားသ်ာလည်း စစ်ဆေးရေးဂိတ်ကိုကျော်

နေပြီ ဖြစ်ရု ကိုယ့်ကိုယ်ကိုဥစ္စာခြောက် နေပြီဟူုရ်ုပင်ထင်ခဲ့မိတယ်ပစ္စည်းရောက်

တဲ့အ၀ိုင်းပတ်ထဲမှာလည်း

ပစ္စည်း ၂ ခု သာ ကျန်တော့တယ်တခါမှနောက်ကျ ပြီးပစ္စည်းမယူဖူးပါ

လေယာဉ်ခုံခြင်းကပ်ရပ်ထိုင်သောမိန်းကလေးတယောက်

တခါ မှPassport နဲ့ ခရီးမထွက်ဖူ့း (မြန်မာစာ.English)လုံးဝ

မရေးတတ်၊မဖတ်တတ် ပါဆိုင်းထိုးဖို့ တောင် မတတ်ပါ

PHUKET ကိုလေယာဉ်ပြောင်းစီးရန်အကူအညီ တောင်းလို့  ကူညီလျှာရှည်မိ ပါတယ်

သူများကိုကူညီလျှာရှည် သောကျေးဇူးတော်ကြောင့်

ကျမရဲ့သေတ္တာတော့ 

ပုဆိုးဝတ်ပြီး Bangkok ကိုလာတဲ့ဦးလေးရဲ့

မ သွားခြင်းခံရပါတယ်

ဒီစာကိုဖတ်မိတဲ့ ဦးဦး ဒေါ်ဒေါ်ကိုကို မမ မောင်လေး ညီမလေး

အားလုံးကိုအကူအညီတောင်းပါတယ်

Bangkok ကို ၁၉.၃.၂၀၁၀ သောကြာ ညနေ MAI Flight

နဲ့ ဈေးဝယ်ရန် ဆေးကုရန် ဘုရားဖူးရန် အကြောင်းအမျိုးအမျိုး နဲ့ 

ရောက်လာကြတဲ့ မြန်မာနိုင်ငံသားထဲမှာ အသိမိတ်ဆွေ

ဆွေမျိုးမောင်နှမ များရှိပါကကူညီ မေးမြန်းပေးကြပါ လို့ 

အကူအညီ တောင်းပါတယ်

ကျမရဲ့ ခရီးဆောင် သေတ္တာ အမျိုးအစားက (SIEMENS) ဈေးကွက်မှာ

ချရောင်းတဲ့မဟုတ်ပါ ကျမ ၇က်ပေါင်း၂၁ ၇က်ခန့် မိုင်ပေါင်း(၁၃,၂၅၀) ကျော်

ခရီးရှည်မနားတမ်းဆက်ခဲ့ပါတယ်

လူပင်ပန်း စိတ်ဆင်းရဲ အေးသောရာသီ ပူသောရာသီ ကြောင့်

ပန်းဖျားနေတာ ၅ ရက်ရှိပါပြီ ။အိပ်ရာထဲ လှဲနေရပါတယ်

မြန်မာပြည်မှာ ၄ ည ဘဲအိပ်ခဲ့ရပါတယ်

စာ၇ွက် ၁ ၇ွက်ကြောင့် နေပြည်တော်ကိုနေ့ ချင်းပြန်သွားခဲ့ပါတယ်

သေတ္တာ မှားယူမိတဲ့ ပုဆိုးဝတ် ကိုကိုဦးလေးကြီးရေ

ကိုယ်ချင်းစာ စိတ်ကလေး ထားပြီး အမြန်ဆုံးအကြောင်းကြားပေးပါလို့ 

ပါသွားတဲ့ သေတ္တာထဲက ပစ္စည်းကရှင့်အတွက် ဘာမှအသုံးမ၀င်ပါဘူး

ဒါပေမဲ့တစုံတယောက် သောသူအတွက် အင်မတန်မှအေ၇းကြီးပါတယ်

ကူညီမိသောမိန်းကလေး သူ့လက်ကိုင်ဖုံးထုတ်ပြီးကျမရှေ့မှာဘဲတစုံတယောက်သောသူကို

ဖုံးဆက်ပါတယ် “Can you book the ticket for me” မနေနိုင်၍ထပ်လျှာရှည်မိပြန်တယ်

စာမတတ်ပါဘူးစကားကတော့....ဂွတ်ရှယ်ပါ... တဲ့

အမေရေအဖေရေသမီးကိုကယ်ပါ.. ဘယ်လူ့ဘုံဘဝမှာနေထိုင်အသက်ရှင်မိနေလဲမသိတော့ပါဘူး

ကျမက ဟော်လန်နိုင်ငံေ၇ာက်နေပါတယ်.

ကျေးဇူးပြုရု MAI 0816267240 U Gilmore စိုးမင်း

bkk.cm@maiair.com

bkk.stnmgr@maiair.com

airportmgr@maiair.com

publicrelations@maiair.com ဆက်သွယ်အကြောင်းကြားပေးကြပါ

MAI မှလည်းအကြောင်းပြန်လာပါတယ်

ခုထိတော့ No no….. တဲ့

Saturday 27 March 2010

တယောက်ထဲရှိချိန်....

အိမ်မှာတယောက်ထဲရှိချိန်ဆိုတော့ အချိန်တွေက ကုန်ခဲလိုက်တာ။
ပြီးခဲ့တဲ့ အပတ်က ပူနေတဲ့နေကလည်း မရှိတော့ဘူး။ မိုးကရွာ၊လေကတိုက်
နဲ့ ဘယ်မှကိုမသွားချင်ဘူး။ ဘလော့တွေလျှောက်လည်၊ Facebook ကိုရောက်။

တယောက်ထဲဆိုတော့ ချက်ချင်တာချက်။ ကောင်းကောင်းမကောင်းကောင်း
အရေးမကြီးဘူးလေ။ ပဲပြုပ်နဲ့ မျှစ်နဲ့ ကြော်။ ခရမ်းချဉ်သီးငပိချက်၊ သခွားသီး
တို့ စရာနဲ့ ။ ကြက်သားဟင်းချိုချက်စားတယ်။

မနေ့ ကညှပ်ထားတဲ့ အင်္ကျိလေး အပြီးချုပ်လိုက်တယ်။ ဗုဒ္ဓဂါယာရောက်တုန်းက
မမာလာက လက်ဆောင်ပေးလိုက်တဲ့ ချည်ထည်လေးပါ။ နွေရောက်တော့မယ်
ဆိုတော့ ပေါ့ပေါ့ပါးပါးဝတ်ရအောင်ပါ။ ကျောင်းမှာအလုပ်ဝင်စက မကေတို့ ၊
မချောတို့ ဆီကသင်ထားရတဲ့ နည်းလေးတွေ အခုထိ အသုံးဝင်နေသေးတယ်။

ဖတ်ဖို့ ပေးထားတဲ့ သောမတ်စ်ရဲ့ စာအုပ်ကိုလည်း ကြိုးစားဖတ်ရသေးတယ်။
ဂျာမန်လိုတွေ သိပ်နားမလည်ဘူး။ သူပြန်လာရင် နဲနဲပြန်ပြောပြနိုင်ရင်ပြီးတာပဲလေ။

သူဖတ်ဖို့  အတွက်မှာထားတဲ့စာအုပ်တော့ ရောက်နေပြီ။
Männer sind vom Mars, Frauen von der Venus: Tausend und ein kleiner
Unterschied zwischen den Geschlechtern.
ရန်ကုန်ကပြန်လာတော့ မြန်မာဘာသာပြန်ထာတဲ့စာအုပ်ဝယ်ခဲ့တယ်။
ဒေါက်တာ စပယ်ပွင့်ဖြူ ရဲ့ အိမ်ထောင် သာယာဆိုပြေရေး လက်ဆွဲကျမ်း ဆိုတာပါ။
စိတ်ဝင်စားဖို့ ကောင်းတာနဲ့ သူ့ ကိုဖတ်ဖို့ တိုက်တွန်းမိတာပါ။ သဘာဝမတူတာတွေကို
သဘောပေါက်ပြီး သူလည်း ကျမ(တို့ မိန်းမသားတွေ)အပေါ် ပိုပြီးနားလည်မှုရှိလာ
မလားလို့ ။

တယောက်ထဲဖြစ်နေချိန်မှာ မိုးစက်ပွင့်ရဲ့ ကာရန်လွဲသောဆိုင်းဘုတ်များ အကြောင်း
ဖတ်ပြီးရီလိုက်ရလို့ ပေါ့ပါးသွားတယ်။ ကျေးဇူးပါ ညီမလေးရေ။ ဒါနဲ့ ပဲ ဟိုရောက်၊
ဒီရောက်၊ဟိုရေးဒီရေး Post လေးကိုတင်လိုက်ပါတယ်။

Monday 22 March 2010

သင်္ကြန် နှစ်ဦး ဆွမ်းကပ်ပွဲ ( Bad Krozingen)

ဗုဒ္ဓဂါယာမှ ဦးပဉ္ဖ္ဇင်း က သင်္ကြန်တွင်းမှာ ကျမတို့ ဆီကြွမှာဆိုတော့ ဒီနှစ်တော့

ကျမအိမ်မှာ သင်္ကြန် နှစ်ဦး ဆွမ်းကပ်ပွဲလေးလုပ်ပါမယ်။

ရက်ကတော့ ၁၈.၀၄.၁၀ ။ တနင်္ဂနွေနေ့ ပါ။ ဂျာမနီမှ သူငယ်ချင်းများ လည်း

တရားနာ၊ ဆွမ်းကပ်ကုသိုလ်ယူနိုင်ပါတယ်။ အချိန်ကတော့ ၁၀ နာရီ ကစပါမယ်။

စောစောလာရင်လည်းရပါတယ်။ လိပ်စာကတော့

Karolingerstr. 5

79189 Bad Krozingen ( bei Freiburg im Breisgau)


သူငယ်ချင်းတို့ လာမယ်ဆိုရင် ကျမဆီ အီးမေး ပို့ လိုက်ပါ။

Shinlay22@gmail.com

ဘယ်လိုလာရမယ် ဆိုတာ ဆက်ပြောပြပါ့မယ်။

Wednesday 10 March 2010

ဂျာမန်တွေ အယူသီးကြပုံများ

တခါက မြန်မာနိုင်ငံက ဆရာတယောက်အတွက် ဂျာမန်တွေ အယူသီးကြတဲ့အကြောင်း
စာအုပ်လက်ဆောင်ပေးဖူးပါတယ်။ စာအုပ်ထဲက စိတ်ဝင်စားဖို့ ကောင်းတာလေးတွေ
မှတ်ထားဖြစ်တာပါ။
ကျမကို ကိုသောမတ်စ်က ပြောလေ့ရှိတယ်။ မြန်မာတွေတော်တော်အယူသီးတယ်တဲ့။
အစကတော့ဘယ်ပြန်ပြောတတ်မှာလဲ။ အခုတော့ စာအုပ်ထဲကအရာတွေနဲ့ တိုက်ဆိုင်လာ
ရင် ဂျာဂျာတွေ အယူသီးကြတာပဲလို့ ပြောတတ်လာပြီ။ လူမျိုးတိုင်းမှာတော့
သူ့ နည်းသူ့ ဟန်နဲ့ အယူသီးကြတာတွေရှိတာပါပဲ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကျမတို့ က ကံကောင်းတယ်ထင်ပေမဲ့၊ သူတို့ ကြတော့ကံဆိုးနေပြန်ရော။

အနောက်နိုင်ငံတွေမှာပြောလေ့ရှိတဲ့
မိမိကံကောင်းတဲ့အကြောင်း၊ ကောင်းစကားတွေကို ကျယ်ကျယ်မပြောရဘူးတဲ့။
ပြောမိရင် မကောင်းဆိုးဝါးတွေကြားမှာစိုးလို့ သစ်သားကို ခေါက်ရမယ်ဆိုပဲ။

မွေးနေ့ တို့ ၊မင်္ဂလာနှစ်ပတ်လည်တို့ မှာဆုတောင်းပေးရင် ကြိုတင်ပြီး
ဆုတောင်းစကားပြေားရင် ကံမကောင်းဘူးတဲ့။ ထိုနေ့ ကြမှ ဆုတောင်း
စကားပြော ရမယ်တဲ့ ။ ကျမကတော့မေ့သွားမှာစိုးလို့ ဘာရယ်မဟုတ်ဘူး။
ကြိုပြောလိုက်တာပဲလေ။သူတို့ နဲ့ ဆို သတိထားရတယ်။

အိပ်ရာကထရင် ဘယ်ဖက်ခြေတောက်နဲ့ အရင် မထရဘူး။ နို့ မို့ ဆိုရင်
တနေ့ လုံးအဆင်မပြေဘူးဆိုပဲ။ ကျမဒီစာကိုဖတ်ပြီး မှတ်မှတ်ရရ ဘယ်
နဲ့ ညာမှားထရပ်မိတာ၊ အဲ့ဒီနေ့ က အံဆွဲထဲလက်ညပ်မိတယ်။
တိုက်ဆိုင်တာနေမှာ။ နောက်နေ့ ကစပြီး ထချင်တဲ့ဘက်ကထတာပဲ။
ဘာမှမဖြစ်ပါဘူး။

ညနေမရောက်ခင် အဲ့ဒီနေ့ ရဲ့ ကောင်းကြောင်းကိုမချီးကြူးရဘူး။
နောက်ထပ်ကံကောင်းခြင်းတွေ မလာတော့ပဲနေလိမ့်မယ်။

ပန်းကန်တွေ၊ဖန်ခွက်တွေခွဲခြင်းဟာ ကံကောင်းခြင်းကိုဖြစ်စေတယ်တဲ့။
ဒါကြောင့်မင်္ဂလာဆောင်တွေမှာ ပန်းကန်တွေ၊ဖန်ခွက်တွေခွဲကြတာဆိုပဲ။
ကျမတို့ ဆီမှာတော့ ပန်းကန်တွေ၊ဖန်ခွက်တွေခွဲခြင်းဟာ နမိတ်မကောင်းဘူး
လို့ ကြားဖူးတာပဲ။ ရုပ်ရှင်တွေထဲလည်းကြည့်ဖူးတယ်။

အ၀တ်တွေကိုဝတ်ထားရင်းနဲ့ မဖာထေးရဘူး။ ဒါကြတော့ ကျမတို့ နဲ့ တူတယ်နော်။
မဖြစ်မနေဖာရချုပ်ရရင်တောင် နွားကြောင်းသားချုပ်၊ကျွှဲကြောင်းသားချုပ်
လို့ ပြောချုပ်ရတယ်လို့ မှတ်သားဖူးပါတယ်။

ဓါးတို့ ၊ကတ်ကြေးတို့ ဟာ ခင်မင်မှုကို ပြတ်တောက်စေတယ်တဲ့။
ဒါကြောင့်ဓါးတို့ ကပ်ကြေးတို့ ကိုလက်ဆောင်မပေးရဘူးတဲ့။

ကြည့်မှန်ကွဲတချပ်ဟာ ခုနှစ်နှစ်ကံဆိုးစေသတဲ့။ မှန်ကွဲရှိရင်လွှတ်ပစ်ပေတော့။

စားပွဲခင်းကို ပြောင်းပြန်ခင်းထားရင် ဧည့်သည်တွေ ဗိုက်မ၀စေဘူး။
များများသာကျွေးပေတော့။

ခရစ်စမတ်နဲ့ New Year ကြားမှာ အ၀တ်မလျှော်ကောင်းဘူး။ ကံမကောင်တတ်ဘူးတဲ့။
အကြောင်းပြလို့ ကောင်းတဲ့ အရာပါပဲ။

သူတိုလည်း ညနေမှောင်စပျိုးချိန်တွေ အပြင်ထွက်တာမကောင်းသလို၊
ညသန်းကောင်အချိန် သင်္ချံင်း ကိုသွားရင် အဲ့ဒီလူကိုသေမင်းက လာခေါ်လိမ့်မယ်တဲ့။

ထောင်ထားတဲ့လှေကားအောက်ကဖြတ်ရင် အရပ်မရှည်တော့ဘူး။ ကျမတို့ ဆီမှာ
အ၀တ်တန်းအောက်က မဖြတ်ရသလိုပေါ့။

ပင်အပ် ကြမ်းပြင်ပေါ်မှာကျနေရင် ရန်ဖြစ်တတ်တယ်။ စူးမိမှာစိုးလို့ နေမှာပါ။
ထီးကိုအိမ်ထဲမှာဖွင့်လှမ်းထားရင် ရန်ဖြစ်တတ်တယ်။ ရေတွေကျပြီး ကြမ်းတွေ
စိုမှာစိုးလို့ နေမှာပါ။

မြင်းခွာကကံကောင်းစေတယ်တဲ့။ တချို့ အိမ်တွေမှာ မြင်းခွာပုံကို အိမ်ဝမှာ
ချိတ်ထာကြတာတွေ့ ဖူးပါတယ်။

မင်္ဂလာဆောင်မှာမိုးရွာ၇င် ပိုက်ဆံရစေတယ်။ ဒီမှာအမြဲတမ်းလိုလို မိုးရီာနေလို့ 
ဖြစ်မှာပါ။

မင်္ဂလာဆောင်မှာ ဖန်ခွက်လက်ဖွဲ့ ရင် အိမ်ထောင်ကွဲတတ်စေတယ်။

ကလေးမမွေးခင် နံမယ်ကြိုမပေးကာင်းဘူး။ ကလေးကံမကောင်းဘူးတဲ့။

လေးထောင့်ထမင်းစာပွဲရဲ့ ထောင့်မှာထိုင်ရင် ယောက္ခမ ဆိုး ရလိမ့်မယ်။

ဟင်းချက်တဲ့ ယောင်းမကို ယက်ရင် အဝေးကလူနဲ့  အိမ်ထောင်ကျတတ်တယ်။

ပေါင်မုန့် ကို စွေစွေစောင်းစောင်း လှီးရင် အဲ့ဒီလူဟာ လူညာဆိုပဲ။

ဆားကို မမှောက်စေရဘူး။ အရင်တုန်းက ဆားကရှားတယ်လေ။

ပါးစပ်ကို လက်နဲ့ ကာပြီး သမ်းရင် မကောင်းဆိုးဝါး တွေမလာစေနိုင်ဘူး။

နှာခေါင်း ယားရင် ဧည့်သည် လာလိမ့်မယ်။

ညာဘက်လက်ဝါးယားရင် ပိုက်ဆံထွက်တတ်ပြီး၊ ဘယ်ဘက်လက်ဝါး ယားရင်
ပိုက်ဆံဝင်တတ်တယ်။

ခြေဖ၀ါးယားရင် ခရီးထွက်ရမယ်။

ဂျို့ ထိုးရင် တယောက်ယောက်က သင့်အကြောင်းတွေးနေလို့ ပါ။

၃ခါမက်တဲ့အိမ်မက်က မှန်သတဲ့။

တနင်္လာနေ့ မှာ ခရီးမထွက်နဲ့ ၊ ခရီးကြာတတ်တယ်။

အင်္ဂါနေ့ မှာ မင်္ဂလာဆောင်ရင် အိမ်ထောင် မြဲစေတယ်။

ဗုဒ္ဓဟူးနေ့ မှာ ဘာမှ စ မလုပ်နဲ့  အဆင်မပြေတတ်ဘူး။

သောကြာနေ့ မှာရီရရင်၊ တနင်္လာနေ့ မှာငိုရတတ်တယ်။

တနင်္ဂနွေ သားသမီးတွေက ကံကောင်းတယ်တဲ့။

၃ခါနှာချေရင် က့ကောင်းစေသတဲ့။

ကျမဖတ်မိတာလေးတွေပါ။ ကျန်တာတွေလည်းရှိပါလိမ့်အုံးမယ်။
သူငယ်ချင်းတို့ နေကြတဲ့ နိုင်ငံတွေမှာလည်း အယူသီးပုံအမျိုးမျိုး
ရှိကြမှာပါ။ အချိန်ရရင် ပြောပြအုံးနော်။

Saturday 6 March 2010

သီရိလင်္ကာတရားပွဲ




ဒီနေ့ တော့ သီရိလင်္ကာလူမျိုးတွေရဲ့ တရားပွဲကို
ရောက်ဖြစ်ပါတယ်။
ဂျာမနီ Marburg မှာ ကျောင်းတက်နေတဲ့ ဘုန်းကြီးတစ်ပါးရယ်၊
ဆွစ်ဇာလန်က ဘုန်းကြီးတစ်ပါးရယ် စုစုပေါင်း ဘုန်းကြီး၂ပါး ဖူးရပါတယ်။
ဒီမှာ ထေရ၀ါဒ သံဃာ တစ်ပါးဖူးရဖို့ ဆိုတာ လွယ်တာမဟုတ်ပါဘူး။
အခုလိုကြုံတောင့်ကြုံခဲ အခွင့်အရေးရတုန်း အလွတ်မပေးပဲ ပြေးဖူးရတယ်။

ပွဲလေးကတော့ ရိုးရိုးလေးပါ။ လူလည်း သိပ်မများပါဘူး။
ပထမ သီလပေးပြီး
ဘုန်းကြီးများကို ဆွမ်းကပ်ကြပါတယ်။
တယောက်တမျိုးစီ ယူလာကြပါတယ်။
အလှူ့ ရှင်တွေကတော့ ထမင်းတွေ
ဟင်းတွေ ပိုချက်ထားကြပါတယ်။
ကျမကတော့ ပဲပြားနဲ့ ခရမ်းချဉ်သီး
သက်သတ်လွတ်ချက်တယ်။
ကြက်ဟင်းခါးသီးနဲ့ မျှစ်နဲ့ ကြော်တယ်။











ဘုန်းကြီးတွေဆွမ်းစားပြီးတော့ လူတွေ
စားကြတယ်။ စားပြီးတော့ တရားနာကြတယ်။


တရားထိုင်ကြတယ်။ မေတ္တာပို့ ၊အမျှဝေကြတယ်။



















Marburg ကဘုန်းကြီးနဲ့ သောမတ်စ်က သိနေပြီးသားဆိုတော့
ညနေပွဲပြီးတော့ Marburg က ဘုန်းကြီးကို
အိမ်ကိုပင့် လာတယ်။ အိမ်မှာ
မေတ္တာသုတ် စတာတွေ ရွတ်ပေးပါတယ်။










ဒီနေ့ ကုသိုလ်တွေလုပ်ဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲ
အခွင့်အရေးလေးမို့ အထူးဝမ်းမြောက်မိပါတယ်။