Tuesday 14 April 2015

တူမလေးနဲ့ အတူ

ဂျာမနီရောက်ကတည်းက ဆွေမျိုး အရင်အချာထဲက ပထမဆုံးကျမဆီလာလည်တာက
တူမလေးသူသူပါ။ ကျမ ဂျာမနီကိုထွက်လာတော့သူက ၂နှစ်ခွဲသာသာရှိသေးတယ်။
ကျမတို့ အိမ်လာလည်တိုင်း ကြီးကြီးအိသွား၊ ဒါသမီးအိမ်လို့ ပြောလေ့ရှိတယ်။
ဘယ်ကိုသွားရမှာလဲလို့ မေးတိုင်း သွား သောမတ်စ်ဆီကိုသွားဆိုပြီး ပြောလေ့ရှိတာ
မှတ်မိသေးပါတယ်။ ကျမနဲ့ ကိုသောမတ်စ်တို့ ရန်ကုန်ကို ပထမဆုံးပြန်လာတော့
သူသူလေဆိပ်ကိုလာကြို တယ်။ ကျမက သူသူနဲ့ တွေ့ ရင် ကိုက်စားလိုက်မယ်လို့ 
ပြောဖို့ ကိုသောမတ်စ်ကိုသင်ထားတယ်။ ကိုသောမတစ်ကလည်း လေဆိပ်မှာ ကလေးကို
တွေ့ တာနဲ့  ကိုက်စားပစ်လိုက်မယ်လို့ ပြောတော့ သူသူ့ ခမျာ တလမ်းလုံးငိုရှာတယ်။

ကျမတို့ နောက်နှစ်တွေ ရန်ကုန်ပြန်တိုင် သူသူနဲ့ တွေ့ ကြတယ်။ တနေ့ ရွှေတိဂုံဘုရားသွား
ကြတော့ လပြည့်နေ့ လူတွေများနေတော့ ကိုသောမတ်စ်မှာ သူသူ့ ကို ဂုန်းပိုးပြီး
ဘုရားပတ်ရတယ်။ ပြန်တွေးလိုက်ရင် အမှတ်ရစရာတွေအများကြီးပါ။
အခုတော့ သူသူ က ၁၈ နှစ်တောင်ရှိသွားပြီ။ သူ ၁၈နှစ်မွေးနေ့ ကို ဂျာမနီမှာ လုပ်ဖြစ်တယ်။

သူသူရောက်မလာခင် အများကြီးကြိုတင်ပြင်ဆင်ထားကြတယ်။ သူလာရင် ပျင်းမနေရအောင်၊
သူ့ အတွက် လာရတာအကျိုးရှိအောင် စဉ်းစားပြီးပြင်ဆင်ထားကြတယ်။
သူရောက်လာတော့ ကျမအတွက် တကယ်အဖေါ်ရပါတယ်။ အမျိုးတွေ အကြောင်း၊ မိတ်ဆွေ
တွေ အကြောင်း၊ ဟိုအကြောင်းဒီအကြောင်း ပြောကြတာစုံနေရော။ ရီစရာတွေပြော ရီကြတာ
လည်း ခဏခဏ၊ စားကြတာကလည်း ပြောမနေနဲ့ တော့။ ဟိုဟာချက်စာ.၊ဒီဟာဝယ်စားနဲ့ ။
 ကျမလည်း ကိုယ်အလေးချိန်တိုးလာပြီ။

ကျမတို့ စနေတနင်္ဂနွေနေ့ တွေမှာ ခရီးထွက်ကြဖို့ စီစဉ်ထားတယ်။ ကြားရက်တွေက ကျမ
အလုပ်ရှိနေတော့ သူခမျာပျင်းနေရှာမှာ။ တော်ပါသေးရဲ့ ကျမကနေ့ လည်ဆိုပြန်ရောက်လို့ ။

သူသူကထင်ထားတာထက်လိမ္မာတယ်။ သတ္တိလည်းရှိတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျှော်စွာ
နေတတ်တယ်။ ဒီတပတ်တော့ သူသူ ကျမတို့ မြို့ က ဆေးရုံတစ်ရုံမှာ လေ့လာရေးဆင်းနေ
လေရဲ့ ။ သူပြန်လာရင် တနေ့ တာအတွေ့ အကြုံတွေပြောရင်း ရီကြရတယ်။
ဂျာမနီမှာ ကျမတို့ မိသားစုအပြင် တခြား ဂျာမန် တွေကြား သူ့ ကို အတွေ့ အကြုံရစေချင်တယ်။
သူတို့ တွေဘယ်လို အလုပ်လုပ်ကြတယ်၊ ဘယ်လို  စနစ်တကျလုပ်ကြတယ်၊ဘယ်လိုပင်ပန်းတယ်
စသဖြင့်ဂျာမန်တွေရဲ့ ဓလေ့စရိုက်ကို လေ့လာစေချင်တယ်။

ခဏနေ သူသူပြန်လာတော့မှာ ဆိုတော့ ကျမ ထမင်းပွဲသွားပြင်လိုက်အုံးမယ်နော်။နောက်မှ
ဆက်ရေးပါအုံးမယ်။