တခါက မြန်မာနိုင်ငံက ဆရာတယောက်အတွက် ဂျာမန်တွေ အယူသီးကြတဲ့အကြောင်း
စာအုပ်လက်ဆောင်ပေးဖူးပါတယ်။ စာအုပ်ထဲက စိတ်ဝင်စားဖို့ ကောင်းတာလေးတွေ
မှတ်ထားဖြစ်တာပါ။
ကျမကို ကိုသောမတ်စ်က ပြောလေ့ရှိတယ်။ မြန်မာတွေတော်တော်အယူသီးတယ်တဲ့။
အစကတော့ဘယ်ပြန်ပြောတတ်မှာလဲ။ အခုတော့ စာအုပ်ထဲကအရာတွေနဲ့ တိုက်ဆိုင်လာ
ရင် ဂျာဂျာတွေ အယူသီးကြတာပဲလို့ ပြောတတ်လာပြီ။ လူမျိုးတိုင်းမှာတော့
သူ့ နည်းသူ့ ဟန်နဲ့ အယူသီးကြတာတွေရှိတာပါပဲ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကျမတို့ က ကံကောင်းတယ်ထင်ပေမဲ့၊ သူတို့ ကြတော့ကံဆိုးနေပြန်ရော။
အနောက်နိုင်ငံတွေမှာပြောလေ့ရှိတဲ့
မိမိကံကောင်းတဲ့အကြောင်း၊ ကောင်းစကားတွေကို ကျယ်ကျယ်မပြောရဘူးတဲ့။
ပြောမိရင် မကောင်းဆိုးဝါးတွေကြားမှာစိုးလို့ သစ်သားကို ခေါက်ရမယ်ဆိုပဲ။
မွေးနေ့ တို့ ၊မင်္ဂလာနှစ်ပတ်လည်တို့ မှာဆုတောင်းပေးရင် ကြိုတင်ပြီး
ဆုတောင်းစကားပြေားရင် ကံမကောင်းဘူးတဲ့။ ထိုနေ့ ကြမှ ဆုတောင်း
စကားပြော ရမယ်တဲ့ ။ ကျမကတော့မေ့သွားမှာစိုးလို့ ဘာရယ်မဟုတ်ဘူး။
ကြိုပြောလိုက်တာပဲလေ။သူတို့ နဲ့ ဆို သတိထားရတယ်။
အိပ်ရာကထရင် ဘယ်ဖက်ခြေတောက်နဲ့ အရင် မထရဘူး။ နို့ မို့ ဆိုရင်
တနေ့ လုံးအဆင်မပြေဘူးဆိုပဲ။ ကျမဒီစာကိုဖတ်ပြီး မှတ်မှတ်ရရ ဘယ်
နဲ့ ညာမှားထရပ်မိတာ၊ အဲ့ဒီနေ့ က အံဆွဲထဲလက်ညပ်မိတယ်။
တိုက်ဆိုင်တာနေမှာ။ နောက်နေ့ ကစပြီး ထချင်တဲ့ဘက်ကထတာပဲ။
ဘာမှမဖြစ်ပါဘူး။
ညနေမရောက်ခင် အဲ့ဒီနေ့ ရဲ့ ကောင်းကြောင်းကိုမချီးကြူးရဘူး။
နောက်ထပ်ကံကောင်းခြင်းတွေ မလာတော့ပဲနေလိမ့်မယ်။
ပန်းကန်တွေ၊ဖန်ခွက်တွေခွဲခြင်းဟာ ကံကောင်းခြင်းကိုဖြစ်စေတယ်တဲ့။
ဒါကြောင့်မင်္ဂလာဆောင်တွေမှာ ပန်းကန်တွေ၊ဖန်ခွက်တွေခွဲကြတာဆိုပဲ။
ကျမတို့ ဆီမှာတော့ ပန်းကန်တွေ၊ဖန်ခွက်တွေခွဲခြင်းဟာ နမိတ်မကောင်းဘူး
လို့ ကြားဖူးတာပဲ။ ရုပ်ရှင်တွေထဲလည်းကြည့်ဖူးတယ်။
အ၀တ်တွေကိုဝတ်ထားရင်းနဲ့ မဖာထေးရဘူး။ ဒါကြတော့ ကျမတို့ နဲ့ တူတယ်နော်။
မဖြစ်မနေဖာရချုပ်ရရင်တောင် နွားကြောင်းသားချုပ်၊ကျွှဲကြောင်းသားချုပ်
လို့ ပြောချုပ်ရတယ်လို့ မှတ်သားဖူးပါတယ်။
ဓါးတို့ ၊ကတ်ကြေးတို့ ဟာ ခင်မင်မှုကို ပြတ်တောက်စေတယ်တဲ့။
ဒါကြောင့်ဓါးတို့ ကပ်ကြေးတို့ ကိုလက်ဆောင်မပေးရဘူးတဲ့။
ကြည့်မှန်ကွဲတချပ်ဟာ ခုနှစ်နှစ်ကံဆိုးစေသတဲ့။ မှန်ကွဲရှိရင်လွှတ်ပစ်ပေတော့။
စားပွဲခင်းကို ပြောင်းပြန်ခင်းထားရင် ဧည့်သည်တွေ ဗိုက်မ၀စေဘူး။
များများသာကျွေးပေတော့။
ခရစ်စမတ်နဲ့ New Year ကြားမှာ အ၀တ်မလျှော်ကောင်းဘူး။ ကံမကောင်တတ်ဘူးတဲ့။
အကြောင်းပြလို့ ကောင်းတဲ့ အရာပါပဲ။
သူတိုလည်း ညနေမှောင်စပျိုးချိန်တွေ အပြင်ထွက်တာမကောင်းသလို၊
ညသန်းကောင်အချိန် သင်္ချံင်း ကိုသွားရင် အဲ့ဒီလူကိုသေမင်းက လာခေါ်လိမ့်မယ်တဲ့။
ထောင်ထားတဲ့လှေကားအောက်ကဖြတ်ရင် အရပ်မရှည်တော့ဘူး။ ကျမတို့ ဆီမှာ
အ၀တ်တန်းအောက်က မဖြတ်ရသလိုပေါ့။
ပင်အပ် ကြမ်းပြင်ပေါ်မှာကျနေရင် ရန်ဖြစ်တတ်တယ်။ စူးမိမှာစိုးလို့ နေမှာပါ။
ထီးကိုအိမ်ထဲမှာဖွင့်လှမ်းထားရင် ရန်ဖြစ်တတ်တယ်။ ရေတွေကျပြီး ကြမ်းတွေ
စိုမှာစိုးလို့ နေမှာပါ။
မြင်းခွာကကံကောင်းစေတယ်တဲ့။ တချို့ အိမ်တွေမှာ မြင်းခွာပုံကို အိမ်ဝမှာ
ချိတ်ထာကြတာတွေ့ ဖူးပါတယ်။
မင်္ဂလာဆောင်မှာမိုးရွာ၇င် ပိုက်ဆံရစေတယ်။ ဒီမှာအမြဲတမ်းလိုလို မိုးရီာနေလို့ 
ဖြစ်မှာပါ။
မင်္ဂလာဆောင်မှာ ဖန်ခွက်လက်ဖွဲ့ ရင် အိမ်ထောင်ကွဲတတ်စေတယ်။
ကလေးမမွေးခင် နံမယ်ကြိုမပေးကာင်းဘူး။ ကလေးကံမကောင်းဘူးတဲ့။
လေးထောင့်ထမင်းစာပွဲရဲ့ ထောင့်မှာထိုင်ရင် ယောက္ခမ ဆိုး ရလိမ့်မယ်။
ဟင်းချက်တဲ့ ယောင်းမကို ယက်ရင် အဝေးကလူနဲ့  အိမ်ထောင်ကျတတ်တယ်။
ပေါင်မုန့် ကို စွေစွေစောင်းစောင်း လှီးရင် အဲ့ဒီလူဟာ လူညာဆိုပဲ။
ဆားကို မမှောက်စေရဘူး။ အရင်တုန်းက ဆားကရှားတယ်လေ။
ပါးစပ်ကို လက်နဲ့ ကာပြီး သမ်းရင် မကောင်းဆိုးဝါး တွေမလာစေနိုင်ဘူး။
နှာခေါင်း ယားရင် ဧည့်သည် လာလိမ့်မယ်။
ညာဘက်လက်ဝါးယားရင် ပိုက်ဆံထွက်တတ်ပြီး၊ ဘယ်ဘက်လက်ဝါး ယားရင်
ပိုက်ဆံဝင်တတ်တယ်။
ခြေဖ၀ါးယားရင် ခရီးထွက်ရမယ်။
ဂျို့ ထိုးရင် တယောက်ယောက်က သင့်အကြောင်းတွေးနေလို့ ပါ။
၃ခါမက်တဲ့အိမ်မက်က မှန်သတဲ့။
တနင်္လာနေ့ မှာ ခရီးမထွက်နဲ့ ၊ ခရီးကြာတတ်တယ်။
အင်္ဂါနေ့ မှာ မင်္ဂလာဆောင်ရင် အိမ်ထောင် မြဲစေတယ်။
ဗုဒ္ဓဟူးနေ့ မှာ ဘာမှ စ မလုပ်နဲ့  အဆင်မပြေတတ်ဘူး။
သောကြာနေ့ မှာရီရရင်၊ တနင်္လာနေ့ မှာငိုရတတ်တယ်။
တနင်္ဂနွေ သားသမီးတွေက ကံကောင်းတယ်တဲ့။
၃ခါနှာချေရင် က့ကောင်းစေသတဲ့။
ကျမဖတ်မိတာလေးတွေပါ။ ကျန်တာတွေလည်းရှိပါလိမ့်အုံးမယ်။
သူငယ်ချင်းတို့ နေကြတဲ့ နိုင်ငံတွေမှာလည်း အယူသီးပုံအမျိုးမျိုး
ရှိကြမှာပါ။ အချိန်ရရင် ပြောပြအုံးနော်။