အခုတလောကြားနေ၊ဖတ်နေရတာတွေက ရန်ကုန်မှာ
တော်တော်ပူနေတယ်တဲ့။ ကျမလည်း ဒီသတင်းတွေကြားတော့
အမေတယောက် ဘယ်လိုများနေရှာမလဲလို့ တွေးနေမိပါတယ်။
အမေနဲ့ ဖုန်းပြောရတိုင်း ဒီမှာအရမ်းပူတယ်လို အမြဲငြီးရှာတယ်။
မီးကမလာ၊ရေကမလာနဲ့  သူ့ ခမျာ အပူဓါဏ်ကိုတော်တော် ခံနေရ
မှာပဲလို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရတယ်။
အမေနေ့ က ဖုန်းကခေါ်လို့ မရ၊ အသံမြည်နေပေမဲ့ ကိုင်မဲ့သူ
မရှိတဲ့ အသံပါ။ စိတ်ထဲမှာ အမေများ နေမကောင်းဖြစ်နေလား။
စသဖြင့် အတွေးတွေ... တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျမက
သူ့ အနားမှာ မနေနိုင်။ တခါတလေ ကိုယ့်ကိုကိုယ် တစ်ကိုယ်ကောင်း
ဆန်လွန်းတယ်လို့ တွေးမိတယ်။ လူတိုင်းမှာတော့ ကိုယ့် အကြောင်းနဲ့ 
ကိုယ်၊ ကိုယ့် အခြေအနေနဲ့ ကိုယ်ပေါ့လေ။
ကျမစိတ်မကောင်းဖြစ်နေတာတွေ့ တော့ ဦးသောမတ်စ်က
ရန်ကုန်ပြန်ဖို့ ပြောတယ်။ အလုပ်ကလည်း ၂ပတ် ပိတ်ဖို့ ရှိတာနဲ့ 
အမြန်ပဲ အမေ့ဆီပြန်ဖို့  စီစဉ်ကြတယ်။ မသေချာသေးတဲ့
အလုပ်ပိတ်ရက်ကို ရက် အတော်ကြာအောင် အလုပ်ရှင်တွေနဲ့  အပြန်
အလှန် ပြောကြ၊ လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ပြန်ဖို့  (အမေနဲ့ 
တွေ့ ဖို့ ) အားပေး၊ အလုပ်ပိတ်ရက်က မသေချာသေးပေမဲ့
သဘောကောင်း၊နားလည်ပေးတတ်ကြတဲ့ အလုပ်ရှင်များက
လက်မှတ်ဝယ်ဖို့  ခွင့်ပေးလိုက်တယ်။
ဒါနဲ့ ချက်ချင်း အမေ့ဆီပြန်ဖို့ လက်မှတ်ပြေးဝယ်လိုက်တယ်။
ကံကောင်းစွာနဲ့ လက်မှတ်ရှိနေသေးလို့ ။
အိမ်ပြန်ရောက်တော့ အမေဆီဖုန်းခေါ်ကြည့်တာလည်းအဆင်ပြေ
တာနဲ့ ကျမလာမှာကို ၀မ်းသာအားရပြောလိုက်ပါတယ်။
ပထမဆုံး အမေတုန့် ပြန်တာကတော့
မလာခဲ့နဲ့ ၊ ဒီမှာအရမ်းပူနေတာတဲ့။
ကျမပြန်လာရင် အပူဒဏ်ခံနိုင်မှာမဟုတ်ဘူးတဲ့လေ။ ကျမက အမေတောင်
ဒီအပူဒဏ်ခံနိုင်သေးတာ ကျမလည်းခံနိုင်ပါတယ်လို့  ပြောဖြစ်ခဲ့တယ်။
အဲ့ဒီတော့ မှ သူ ကျမကို တွေ့ ဖို့ ဝမ်းသာကြောင်း၊ အပူဒဏ်ကြောင့်
ထမင်းမစားနိုင်ကြောင်း၊ အပူဖုတွေထွက်လို့ အလွန်ယားကြောင်း၊
ဘာကြောင်း၊ညာကြောင်း..စတဲ့ အမှန်စကား တချို့ ထွက်လာပါတယ်။
အရင်ကဆို ကျမကသူနေကောင်းကြောင်းမေးတိုင်း နေကောင်းတယ်လို့ 
သာပြောလေ့ရှိတာ။ အဝေးရောက်နေတဲ့ ကျမ သူ့ အတွက်စိတ်ပူမှာ
စိုးရိမ်နေတာလေ။ ကျမနဲ့ ပြန်တွေ့ မှသာ သူနေမကောင်းတာ၊ ပိန်သွား
တာတွေ မြင်ရ၊သိရတော့တာ။
ကျမပြန်လာမှာ(၂)ပတ်ပေမဲ့ သူ့ အတွက်တော့ တအားပါ။ ကျမ တို့ 
မကြာခင်မှာ ပြန်လာအုံးမယ်ဆိုတာ သူသိနေတော့ ပိုအားရှိနေမှာပါ။
ကျမကို မျှော်နေတဲ့ အမေ၊ သူ ပျော်နေမှာပါ။ အမေ ကျန်းမာပါစေ။
ရန်ကုန်မှာ ကြုံတွေ့ ရမယ့် မီးကိစ္စ၊ရေကိစ္စ၊ ဓါတ်လှေကားကိစ္စ၊ ဘာကိစ္စ
ညာကိစ္စတွကိုတော့ လောလောဆယ် ခဏမေ့ထားလိုက်ပါတယ်။
ရွေးစရာမှ မရှိတာ၊ ကိုယ်တယောက်ထဲဖြစ်တာမှမဟုတ်တာပဲ။
ရင်ဆိုင်ရုံပါပဲ။ ၂ရက် ၃ရက်လောက်ကြာရင် နေသားကျသွားမှာပါ။
ဒီကြားထဲ ဥရောပမှာ
Iceland က မီးတောင် Eyjafjallajökullကြောင့်လေဆိပ်တွေ ဖွင့်လိုက်၊ပိတ်လိုက် ဆိုတော့ ကျမပြန်မဲ့ နေ့ မှာ
အဆင်ပြေပါစေလို့ လည်း ဆုတောင်းရသေးတယ်။ ဘန်ကောက်မျာက
လည်းအခြေအနေက သိပ်မကောင်း။ ခရီးမသွားခင် အိမ် နဲ့ အလုပ်က
တာဝန်တွေကိုလည်း ပြီးအောင်လုပ်ရသေးတယ်။ ကြိုတင်ပြင်ဆင်ထား
တာမရှိတော့ အားလုံးက ကတိုက်ကရိုက်ပါပဲ။
အမေကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ နိုင်ပါစေလို့ လည်း ဆုတောင်းနေရတယ်။
ကျမ အမေနဲ့  မမျှော်လင့်ပဲ ပြန်တွေ့ ခွင့်ရအောင် စီစဉ်၊ ဆောင်ရွက်ပေး
ကြတဲ့ သူများအားလုံး (အထူးသဖြင့် Thomas ) ကို အထူးကျေးဇူးတင်ပါတယ်။