Friday, 31 July 2009
ကျမနဲ့ မိုးလေ၀သ သတင်း
ဘာနဲ့ စပြောရမှန်းမသိရင် ရာသီဥတုအကြောင်းနဲ့ စပြီးပြောလေ့ ရှိတယ် တဲ့။
အဲ့ဒီတုန်းကတော့ ဘယ်လိုပါလိမ့်လို့  ကြံကြံဖန်ဖန် စိတ်ဝင်စားစရာလည်း
မကောင်းပဲနဲ့ လို့  တွေးမိသေးတယ်။
အခုတော့ နာလည်လာတတ်ပြီ။ ကိုယ်တိုင်လည်း ရာသီဥတုအကြောင်းကို
ရေးကြီးခွင်ကျယ် ပြောတတ်နေပြီဆိုတာ သတိထားလာမိတယ်။
လူတွေရဲ့  စကားတွေဟာ နေ့ စဉ်ထိတွေနေတဲ့ အကြောင်းအရာတွေပေါ်
မှာအများကြီး မူတည်နေတာပါ။ ကျမတို့ မြန်မာတွေဆိုရင် ဘာဟင်းချက်စားသလဲ
ဆိုပြီး စကားစလေ့ရှိတယ်။ ကျမတို့ က အစားအသောက် ကောင်းကောင်း ကြိုက်
ကြတာကိုနော်။
ဒီမှာကြတော့ ရာသီဥတုက တစ်နေ့ ရွှေ၊ တစ်နေ့ ငွေ ဆိုတော့ ကြိုတင်သိဖို့ 
လိုပြန်ရော။ ကျမ တို့ ဆီမှာကတော့ နွေဆို ပူပြီး၊ မိုးတွင်းဆို ရင် မိုးရွာတာပဲ။
မှန်းလို့ လွယ်တာပေါ့။ ဒီမှာကတော့ ဒီနေ့  ၃၅ဒီဂရီလောက် ပူပေမဲ့၊ မနက်ဖြန်
၂၀ ဒီဂရီလောက် အထိကျသွားပြန်ရော။ မိုးကတော့ ၁၂ လလုံး သူရွာချင်တဲ့
အချိန် ရွာတော့တာပဲ။ အမေ ကတောင် ဂျာမနီကမိုးတွင်းကလည်း
ကြာလိုက်တာ မကုန်သေးဘူးလားလို့  ဖုန်းထဲကနေ မေးရှာတယ်။ သူနဲ့ ဖုန်းပြောရင်
ဒီမှာမိုးရွာတဲ့ အကြောင်းပြောပြဖြစ်တာကိုး။ ဆောင်းတွင်းဆိုရင်လည်း ဒီနေ့ နှင်းကျ
မလား၊ လမ်းချော်မလား သိဖို့  လို့ပြန်ရော။
ရာသီဥတု အခြေနေကိုလိုက်ပြီး အ၀တ်အစားကိုလည်းရွေးရသေးတယ် ။
တခါတလေ နေပူမယ်ထင်ပြီး ပေါ့ပေါ့ပါးပါး ၀တ်သွားပေမဲ့၊ လေတိုက်ပြီး အေးလို့ 
Weather report မကြည့်ပဲ အနွေးထည် မယူလာမိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်
မိတာ မကြာခဏပဲ။
တနေရာရာကို ခရီးထွက်မယ်ဆိုရင်လည်း အ၀တ်အစား ထည့်သွားဖို့  မိုးလေ၀သ
သတင်း ကြည့်ရပြန်ရော။ တခုခု လုပ်မယ်ကြံတိုင်း မိုးလေ၀သ သတင်းကို
အရင်ကြည့်ရတယ်။ ရာသီဥတုကလည်း အပြောင်းအလဲကမြန်တော့ ဒီမှာ မိုးလေ၀သ
သတင်းက အရေးပါနေတာပေါ့။ အဲ့ဒီတော့ လူတွေတွေ့ ရင် ဒီအကြောင်းကို
မငြီးမညူပြောလေ့ရှိကြတာနေမှာ။
ကျမကတော့ ညနေပိုင်း ၇ နာရီနဲ့ ၈ နာရီသတင်းတွေ ပြီးရင် လာတဲ့ မိုးလေ၀သ
သတင်းတွေကို ကြည့်လေ့ရှိတယ်။ မနက် အလုပ်မသွားခင်လည်း ကြည့်လိုက်သေးတယ်။
အဲ့ဒီလောက်အထိ ကြည့်တာ။(လွန်လွန်းတယ်)။ မိုးလေ၀သ သတင်းတွေက များသော
အားဖြင့်တော့ မှန်ပါတယ်။ ၃_၄ရက်လောက်အထိ ခန့် မှန်းပေးကြတယ်။ အမြဲတမ်း
တော့လည်းမမှန်ဘူးပေါ့။ တခါတလေ လည်း နေပူမယ်ဆိုလို့ ထီးမယူသွားတာ၊ မိုးမိ ပါရော။
အေးမယ်ဆိုလို့  အထူတွေဝတ်သွားတာ၊ အနွေးထည်တွေပိုက်ပြီးပြန်လာရတာတွေ
တော့ ကြုံရဘူးတာပေါ့လေ။ သဘာဝတရားကို တရားသေ မှန်းလို့ တော့ဘယ် လွယ်မှာလည်းနော်။
ဘာပဲဖြစ်ဖြစ် ကျမလည်း တဖြေးဖြေးနဲ့  မိုးလေ၀သ သတင်းတွေ ကြည့်တတ်၊
မိုးလေ၀သ သတင်းတွေ အကြောင်းပြောတတ် လာပြီ။ မကြာခဏလည်း မှားတွက်
မိလို့  အဆင်မပြေတာတွေလည်း ကြုံခဲ့ဘူးပြီ။ သြော် နောက်လည်း ကြုံရအုံးမှာပဲလေ။
( နေပူမယ်ဆိုလို့ ထီးမယူသွားတာ မိုးမိပြီးပြန်လာရတဲ့ သူငယ်ချင်းအတွက် အမှတ်တရ)
Wednesday, 22 July 2009
သင်ခဲ့ရတာလေးတွေ
ရောက်ရောက်ချင်းတော့ Thomas ၀ယ်ပေးလေ့ရှိတဲ့ ပန်းငရုပ်ပွ၊
မှို၊ဥနီတွေနဲ့ ပဲ ကြော်ကြော်စားဖြစ်နေတာ။ သူကမီးဖိုချောင်အကြောင်း လုံးဝ
မသိရှာတော့ ကျမမေးသမျှ ဘာမှမဖြေနိုင်ဘူး။ ဒါနဲ့ တနေ့ တော့ အသားဟင်း
စားချင်တာနဲ့ တစ်ယောက်ထဲ ဈေးဝယ်ထွက်ခဲ့တယ်။ ဂျာမန်စကားကလည်း လုံးဝ
မတတ်တော့ တော်တော်ဒုက္ခရောက်တယ်။ အသားရောင်းတဲ့နေရာရောက်တော့
တုံးထားတဲ့အသားလေးတွေ တွေ့ တာနဲ့ ဝယ်မယ်ပေါ့။ ဈေးရောင်းတဲ့ ဆိုင်ရှင်က
အင်္ဂလိပ်လူမျိုး ဆိုတော့ နဲနဲ အဆင်ပြေသွားတယ်။ သူကဘယ်လောက်ယူမလဲလို့ 
မေးတော့ အဖြေရကြပ်သွားတယ်။ 100g ကဘယ်လောက်ရမှန်း ကျမ မှ မမှန်း
တတ်ပဲကို။ နဲနဲထပ်ထဲ့ပါအုံး၊ ရပြီ ...၊ရပြီ...နဲ့ ပဲ အသားကိုအောင်မြင်စွာဝယ်လာ
ခဲ့တယ်။ အိမ်ရောက်တော့ အသေအချာကို ချက်တော့တာပေါ့လေ။
တော်တော်နဲ့ မနူးဘူး။ ဩော်ဂျာမနိမှာ အသား တွေက တော်တော်မာတာပဲ လို့ ထင်ခဲ့တာ။
ဒါနဲ့ ကြက်သားပဲ စားဖြစ်တော့တယ်။ စာလေးနဲ နဲ တတ်လာတော့ ဈေးသွားဝယ်ရင်
ဟိုဖတ်ဒီဖတ် နဲ့ သိလာရတာက ကျမ၀ယ်စားခဲ့တဲ့ အသားက ဟင်းချိုချက်တဲ့အသားကို....
ဒါကြောင့်မနူးနိုင်တာ။ တကယ်တော့ ဂျာမနီမှာ အသားတွေက ကောင်းပါတယ်။
မှတ်သားထားလိုက်တယ်။
တနေ့ ဂျာမန်သူငယ်ချင်း Rose အိမ်သွားလည်ရင်း အဲ့ဒီအကြောင်းကိုပြောပြတော့
သူက ဘယ်နားကအသားကို ဘယ်လိုခေါ်တယ်ဆိုတဲ့ စာရွက်လေး မိတ္တူကူးပေး
လိုက်တယ်။ ကျမတော်တော်လေး ပျော်သွားတယ်။ ကျမအသားဝယ်တတ်သွားပြီ..။
သူက ဂျာမန်လို ချက်ဖို့ အလွယ်ဆုံး နည်း တစ်ခုပေးလိုက်သေးတယ်။ Pfannkuchen
(Pancake)။ လိုတာတွေရေးပေးလိုက်တယ်။ ကျမလက်စွမ်းပြ ရတော့မှာပေါ့။
နောက်နေ့ ကြတော့ လိုတာတွေဝယ်..အဆင်သင့်ပဲ။ Thomas ကလည်း ကူညီဖို့ 
အဆင်သင့်...။
ဂျုံမှုန့်  250g, နို့ 0,5 Litter , ကြက်ဥ ၃လုံး၊သကြား ၂ဇွန်း။ အို...ဒုက္ခ ကျမ ဘာနဲ့ ချိန်ရမှာလဲ။
အဲဒီတော့မှ Thomas က ချိန်တဲ့ ခွက်မှမရှိတာ။ ဘယ်လိုလုပ်မလဲတဲ့။ လွယ်ပါတယ်။
မြန်မာဆန်ဆန် မှန်းထည့် လိုက်တာပေါ့။ အားလုံးရောပြီးချေမယ်လုပ်တော့ ချေစရာ စက် ကမရှိ။
လက်နဲ့ ပဲ ချေပစ်လိုက်တယ်။ ကျမရဲ့ ပထမဆုံး Pfannkuchen က ဂျုံခဲလေးတွေနဲ့ ပေါ့။
နောက်နေ့ ကြတော့ ကိုသောမတ်စ်တယောက် Rose ကိုဖုန်းဆက်ပြီး ကျမမီးဖိုချောင်
အသစ်အတွက် လိုအပ်တာတွေ ပြေးဝယ်ပေးရတယ်။ ကျမတို့ မြန်မာထမင်းဟင်းချက်
နည်းကတော့ အတွေ့အကြုံ အရ မျက်မှန်း၊လက်မှန်းနဲ့  ချက်ကြတာပါပဲ။ ဒီရောက်တော့မှ
ဘယ်လောက်ထည့်ရမှာလဲ၊ ဘယ်နှစ်မိနစ်ထားရမှာလည်း စတာတွေသိထားရတော့မယ်။
သင်လိုက်ပါတယ်။
တခါတော့ Kürbis Suppe ( ရွှေဖရုံသီဟင်းချို) ချက်နည်း ရပြန်တယ်။ အလွန်လွယ်
တယ်ဆိုပဲ။ ကျမလည်းကြိုက်တော့ ချက်မယ်ပေါ့။ ရေးပေးလိုက်တဲ့အတိုင်းတော့ချက်
တာပဲ။ဒါပေမဲ့ အရာသာမရှိဘူး။ နောက်မှသိလိုက်ရတာက သူတို့ ကဟင်းချိုချက်ရင်
ဟင်းချိုမှုန့် အတုံးထည့် ကြသတဲ့။ ကျမကမသုံးဘူးတော့ ရှိမှန်းတောင် မသိဘူး။
နောက်နေ့ တော့ ဈေးမှာ ရှာပြီးဝယ်လာလိုက်တယ်။ အခုတော့ ရွှေဖရုံသီဟင်းချို ကို
ကောင်းကောင်းချက်နိုင်သွားပါပြီ။
ဒီလိုနဲ့ ပဲတဖြေးဖြေး မှားလိုက်၊ပြင်လိုက်၊ ပစ်လိုက်၊မေးလိုက် နဲ့ ပေါ့။ ဈေးဝယ်သွားရင်
တွေ့ သမျှကြော်ငြာတွေယူလာပြီး ဘာတွေကို ဘယ်လိုခေါ်တယ်...လေ့လာခဲ့ရတာတွေ။
အခုတော့တော်တော်လေးအဆင်ပြေလာပြီ။ တစ်ကျောင်းတစ်ဂါထာ၊တစ်ရွာ
တစ်ပုဒ်ဆန်းပေါ့။ ကွဲလွဲတဲ့ဓလေ့လေးတွေ အများကြီးလိုက်မှတ်ခဲ့ရတယ်။
လက်နဲ့ စားတတ်တဲ့ မြန်မာဓလေ့ကနေ ဓါးနဲ့ ခက်ရင်းနဲ့ စပြီးစားရတော့ လက်ကမမြဲ၊
ဟိုချော်ဒီချော်။ ဗိုက်ကမပြည့်နဲ့ ကြုံခဲ့ဘူးတယ်။ မှတ်မိသေးတယ်။ ရောက်စကပေါ့။
အသိအိမ်မှာ Breakfast စားကြတော့ ဂျာမန် ပေါင်မုန့် မာမာကို ဓါးနဲ့ ခွဲလိုက်တာ
ပေါင်မုန့် ချော်ထွက်သွားလို့  ချွေးပြန်ခဲ့ဘူးတယ်။ တဖြေးဖြေးနဲ့ သင်ခဲ့ရတာတွေ....
အခုတော့ရီစရာတွေပေါ့၊ အဲ့ဒီတုန်းကတော့ တော်တော်စိတ်ညစ်ရတာ။
ကျမကြုံခဲ့ရတဲ့ ရီစရာလေးတွေ ထဲကတချို့ တလေပါ။
Sunday, 19 July 2009
ငယ်ငယ်တုန်းက စားခဲ့တယ်
ငယ်ငယ်တုန်းက စားခဲ့တာတွေ ထဲမှာ အခုအချိန်ပြန်လွမ်းမိတာတွေတော့
အများကြီးပေါ့။ အဲ့ဒီထဲကမှ အခုအချိန်မှာ အလွမ်းဆုံးတွေက......
ကျမအမေက ဟင်းချက်ကောင်းတယ်လို့  လူတွေပြောကြတယ်။
သူချက်တဲ့ ငံပြာရည်ချက် ကို ကျမသိပ်ကြိုက်တယ်။ ခြံထဲမှာ ကတက်ပင်တစ်ပင်
ရှိတယ်။ ကတက်ရွက်တွေ နုပြီဆိုရင် အဖွားနဲ့ မမြိုင်တို့ အလုပ်များကြပြီ။ ကတက်
ရွက်တွေကိုခူးပြီး ချဉ်ပတ်ထဲ့တယ်။ ဒညင်းသီးပေါ်ချိန်ဆိုရင် အမေက ကီလီဈေးသွား
ပြီး ၀ယ်တော့တာပဲ။ အိမ်ရောက်ရင် ဆားရည်စိမ်တာပဲ။ ကတက်ချဉ်ရပြီ၊ ဒညင်းသီး
ဆားရည်စိမ် ရပြီဆို ငပိရည်ဖျှော်၊ ငံပြာရည်ချက်၊ မမြိုင်ချက်တဲ့မျှစ်ငါးပိချက်တို့ နဲ့ 
စားခဲ့ရတာ ကို ဒီမှာမကြာမကြာသတိရတယ်။
ဒီမှာသာ ငံပြာရည်ချက်ချက်ပြီး ဒညင်းသီးဆားရည်စိမ်လုပ်စားလိုက်ရင် တော့
အိမ်နီးနားချင်းတွေ လာပြီးတံခါးခေါက်ကြမှာ အသေချာပဲ။
ငယ်ငယ်ကကျောင်းပိတ်ရင် အဖွားနဲ့ ဖျာပုံကို လိုက်သွားလေ့ရှိတယ်။ ဖျာပုံရောက်ရင်
အဖွားက ပုဇွန်ထုပ်အကြီးကြီးဝယ်ကျွေးတယ်။ ပုဇွန်ထုပ်ကို မီးကင်ပြီး ငံပြာရည်လေး
နဲ့ တို့ စားရတာအခုထိ လွမ်းနေတုန်းပဲ။ ခေါင်းထဲမှာဆိုရင် အဆီတွေ မှ အများကြီး။ ဒီမှာ
ပုဇွန်ထုပ်ကမရှိသလောက်ရှားတယ်။ ရန်ကုန်မှာတောင် အခုဆို တော်တော် ဈေးကြီးနေပြီး။
ဒါတွေကတော့ကျမရဲ့  ရသာတဏှာပေါ့။ Thomas ကတော့ သူငယ်ငယ်က စားခဲ့ရတာတွေ
ထဲမှာ သတိတရ နဲ့ စားချင်နေတာတွေက ဟော်လန်က
Pommes နဲ့ Mayonnaise not with Ketchup ၊(Pommes ဆိုရင်ဟော်လန်နဲ့ 
ဘယ်လဂျီယန်ကအကောင်းဆုံးဆိုပဲ။) Wassenaar က သူ့ အမေအိမ်နားမှာရှိတဲ့
Flamango Indonesian Restaurant က Indonesian-Sate နဲ့  Erdnuss Sauce.
( သူ့ အမေက ဟော်လန်သူ၊ သူ့ အဖေက ဂျာမန်သား လေ။)
ကျမ ဂျာမနီရောက်တော့ Pfannkuchen, Kübis Suppe, Spargel mit Schinken,
Katoffeln und Sauce Hollandaise တွေကိုကျမကြိုက်တယ်။ ခရစ်စမတ်ဈေးပွဲ
တွေမှာကျမစားလေ့ရှိတဲ့ Schupfnudeln,Speck နဲ့  Sauerkraut တွေကိုရောကြော်
ထားတာ ကဆောင်းတွင်းအေးအေးလေးမှာ စားရတာ အရသာ ပိုရှိသလိုပဲ။ Heiße Maroni..
ကလည်းကျမရဲ့  အကြိုက်ပေါ့။ နောက် ဟော်လန်က Matjes (ဟောလန်က တကူးတက
သူသယ်လာတာဆို ပိုတောင်အရသာရှိသေးတယ်။)။
Thomas ကIndian နဲ့ Thai အစားအစာတွေကို ကြိုက်တယ်။ မြန်မာပြည်မှာ
သူကြိုက်တာတွေကတော့ ရွှေချီ၊ ရွှေရင်အေး၊ အုန်းနို့ ခေါက်ဆွဲ နဲ့  ဒံပေါက်၊
မြန်မာကော်ဖီ နဲ့ ပဲပြုပ်ထမင်းကြော်။
ပုံပြောင်းပြီးကျမ လက်စွမ်းပြထားတာတွေ သာ ရေးပြရင် လူရီခံနေရအုံးမယ်။
ဥပမာ တချို့ ကတော့ အသုပ်စုံ၊နန်းကြီးသုပ် ပူပူနွေးနွး။
ငါးနံ့ မထွက်အောင် ငံပြာရည်နဲနဲသုံးပြီး Lachs နဲ့ ချက်ထားတဲ့ မုန့် ဟင်းခါး။
( သူ ပြောတော့ ရန်ကုန်ကမုန့် ဟင်းခါးထက်ကောင်းတယ်ဆိုပဲ။) ကျမကတော့
င်္ငံပြာရည်နံ့ ၊ငါးနံ့ လှိုင်နေတဲ့ မုန့် ဟင်းခါးကို ပဲသတိရနေတယ်။
Thomas ခမျာ ကျမ ချက်ကျွေးတာကို မငြီးမညူ စားရှာတယ်။ စားလို့ ကောင်း
တယ်လို့ လည်း အမြဲတမ်း ချီးမွမ်းရှာတယ်။ တကယ်ပဲ ကျမချက်တာ ကောင်းလို့  လား၊
သူ့ ကိုချက်မကျွေးတော့မှာစိုးလို့  မြှောက်ပြောနေတာလားဆိုတာ တော့
ကျမ မကြာခဏ တွေးမိပါရဲ့ ။
So, I have been asked to commend this…..
All the facts are true and correct…..
Of course I speak the truth only, so when I say
To Shwe Shinlay “hinchat kaunde” I mean it !
That’s all I have to say at the moment.
Thomas (Ko Ko Maung)
Thursday, 9 July 2009
မြန်မာပြည် သို့  ……
ဘာလိုလိုနဲ့  မြန်မာပြည်ပြန်ဖို့ တစ်လလောက်ပဲလိုတော့တယ်။
စိတ်ထဲမှာ ၀မ်းသာဝမ်းနည်းန့ဲ့  စိတ်လှုပ်ရှားနေတယ်။ အမေနဲ့ ပြန်တွေ့ 
ရ မှာဆိုတော့ ၀မ်းသာတာပေါ့။ အမေ့မှာလည်း ကျမလာတော့မယ်ဆိုလို့ ပျော်
နေလေရဲ့ ။ သူလုပ်ချင်တာ၊သူသွားချင်တာတွေ တောင် ကျမကိုကြို ပြောထား
ပြီးပြီ။ ကျမကြိုတင်စီစဉ်လို့ ရအောင်တဲ့။ တစ်နှစ်မှာတခါပဲ တွေ့ ရတာဆိုတော့
လည်းကျမတို့ နှစ်ယောက်မှာ ပြောစရာတွေက အများသား။
ဒီနှစ်တော့ ၄ ပတ်ပဲ နေဖြစ်မယ်။ ဒီမှာသာ တပတ်က အကြာကြီး ထင်ရပေမဲ့
မြန်မာပြည်ရောက်ရင် တစ်လဆိုတာခဏလေးကုန်သွားရော။
ပြန်ရင်လိုအပ်တဲ့ စာရွက်စာတမ်းတွေ လည်း ပြင်ဆင်ရင်း၊ လိုအပ်တာလေးတွေ
လည်းဝယ်ရင်း အလုပ်များနေတဲ့ အချိန်ပေါ့။
ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားက အိမ်နဲ့ နီးတော့ မကြာခဏရောက်ဖြစ်မှာ။
ဘုရားပေါ်မှာအေးအေး ဆေးဆေးထိုင်ပြီး အာရုံပြုလိုက်အုံးမယ်။ ဒါကတော့
ဒီမှာ မကြာခဏ သတိရ မိတာပါ။ အင်းယားမြိုင်က တရားရိပ်သာ မှာ လည်း
မနက်ပိုင်းလေးတွေ သွားပြီး တရားထိုင်ချင်သေးတယ်။
စားဖို့ စဉ်းစားထားတာတွေ ကိုလည်း ချရေးထားရသေးတယ်။ ဒီအချိန်ဆို
ဝဥ၊ ကတတ်၊ ကျွဲခေါင်းသီး၊ ကြောင်လျှာသီး၊ ငှက်ပျောဖူး၊ ငါးနှပ်၊ ငါးမျိုးစုံနဲ့ 
ပုဇွန် တွေပေါတယ်။ ဆေးဘဲဥ၊ ဘဲဥဆားစိမ် နဲ့ ပဲပြုတ် လည်း စာရင်းထဲ
ရေးထား သေးးတယ်။မြို့ ထဲက အမဲအူပြုတ်၊ မြေနီကုန်းကထမင်းပေါင်းနဲ့ 
ဝက်ခြေတောက် စွပ်ပြုတ်၊တရုတ်ကောက်ညှင်းထုပ်၊ကြေးအိုးနဲ့  ငါးကင်….
စားချင်တာတွေကများနေ လို့  ရက်တောင်လောက်ပါ့ မလားနော်။
ဒီမှာက စားချင်တာတွေလုပ်စားဖို့ ကမလွယ်ပြန်ဘူး။ ၀ယ်လို့ မရတာနဲ့ ၊
Asian ဆိုင်ကိုမရောက်တာနဲ့  ( ကျမနေတဲ့မြို့ မှာ Asian Shop မရှိဘူးလေ။)
ဈေးကကြီးတာနဲ့  ၊ အနံထွက်မှာစိုးတာန့ဲ့…အဲ့ဒါကြောင့် ၀ယ်လို့ ရတာ
လေးတွေ၊ရှိတာလေးတွေနဲ့  အဖြစ်ပဲလုပ်စားနေရတာ။ တော်ပါသေးရဲ့ 
့ ဒီကသူငယ်ချင်းတွေနဲ့  ဘယ်အရွက်ကဘာနဲ့ တူပြီး၊ ဘယ်လိုလုပ်စားရင်ရတယ်၊
ဘာကတော့ ဘယ်လိုလုပ်ရင် ဘာနဲ့ တူတယ်ပေါ့
ရနေလို့ လေ။
တွေ့ ချင်တဲ့လူတွေရဲ့ စာရင်းလည်းရေးထားရသေးတယ်။ သူငယ်ချင်းတွေ
တော်တော်များများက ရန်ကုန်မှာမရှိကြတော့ပေမဲ့ သူတို့ ကိုတော့ကျမ
သတိရနေ
့ဟင်းချက်နည်းတွေကို
ဧည့်သည်ဖိတ်ထားရင် မလုနည်းတွေကိုအခြေခံပြီး ဂျာမန်လျှာနဲ့ အဆင်ပြေ
အောင် ပြင်ဆင်လိုက်ရင်
မရင်ရင်မြင့်တို့ ဂျာမန် Guide အဖွဲ့ တွေနဲ့  တခုခုချက်စားရင်း လေပစ်ကြ ဖို့ လည်း
စာရင်းထဲမှာပါတယ်။ Thomas နဲ့ ပတ်သက်ပြီးသိခဲ့ရတဲ့ သူငယ်ချင်းတွေဆိုပေမဲ့
ငယ်ငယ်ကသူငယ်ချင်းတွေလိုပဲ ကျမ သူတို့ ကိုခင်တယ်။ ကျမအတွက်မိတ်ဆွေ
ကောင်းတွေပါ။ Thomas မပါလာလို့ သူတို့ လည်း သူတို့ ဆရာ ကိုသတိရနေကြမှာ။
ပြန်လာရင် သယ်လာရမယ့် စာရင်းလည်းပြုစုရသေးတယ်။ ပုဇွန်ခြောက်၊
ပဲမှုန့်  အကျက်၊ မဆလာနဲ့ တခြားတိုလီမုတ်ုစများ။ Thomas ကလည်းသူ့ 
အတွက် သယ်လာပေးဖို့  စာရင်းတစ်ခုနဲ့  ToDo List တစ်ခုပေးထားသေးတယ်။
တဖြေးဖြေးနဲ့ ဒီမှာ ပစ္စည်းတော်တော်များများဝယ်လို့ ရနေပြီ။ ကျမရောက်စကဆိုရင်
Freiburg မှာ Asian ဆိုင်က တစ်ဆိုင်ပဲရှိတာ။ ဈေးကလည်းကြီးသေးတယ်။
အခုတော့ သုံး၊လေး ဆိုင်ရှိလာပြီး အမယ်လည်းစုံလာတယ်။ တော်တော်များများ
ကိုလည်း ဖြစ်သလို လုပ်တတ်လာပြီ။
Blogger တွေရဲ့ ကျေးဇူးကြောင့် ဟင်းချက်နည်းသစ်တွေလည်း ရလာတော့ ပိုအဆင်ပြေလာတယ်။
ရန်ကုန်မှာ ကျမရောက်နေတဲ့အချိန်တွေမှာ မီးပုံမှန်လာပြီလား၊ ရေပြတ်မလား၊
ဓါတ်လှေကားထဲ ပိတ်မိနေအုံးမလား၊့ ဈေးဆစ်ရတာ အဆင်ပြေ
ပါ့မလား၊ စသည်ဖြင့် လားပေါင်းများစွာကိုတွေရင်း စိတ်လှုတ်ရှား နေတယ်။
လမ်းခရီးမှာ blog ရေးတဲ့သူငယ်ချင်းတွေနဲ့ များတွေ့ မလားဆိုတဲ့ အတွေးလေး
လည်းပါသေးးတယ်။ လမ်းမှာတွေ့ ရင်ခေါ်ပါနော်။
Wednesday, 8 July 2009
Thanks....Ma Lu
၃၃°C ၊ဒီနေ့ ၂၁°C ။ နေရောင်လည်း ပျောက်၊ အေးလည်းအေး နဲ့ 
ခေါင်းတောင်မူးနောက်နောက်ဖြစ်လာတယ်။
အိမ်ပြန်ရောက်တော့ မီးဖိုထဲမှာ သံပုရာသီး စိမ်ထားတဲ့ပုလင်း ၂လုံးကိုတွေ့ 
တာနဲ့ ဖွင့်ပြီး မြီးကြည့်လိုက်တော့ အရသာရှိတဲ့ သံပုရာပေါင်းလေးတွေ။
မလုရေ သံပုရာပေါင်းကတော့ Special ပဲ။ အဲ့ ဒီPost ကိုဖတ်ပြီးကတည်းက
လုပ်ထားတာ ဒီနေ့ မှ ဖွင့်စား ကြည်လိုက်တာ။ ကောင်းလိုက်တာ မလုရယ်။
နွယ်ချိုမရှိလို့  နွယ်ချိုကဲ တဲ့လျှက်ဆား နဲ့ ပဲ စားလိုက်တယ်။
အခုမှရင်ချောင်သွားတယ်။
ကျေးဇူးအထူးတင်လျှက်.......
Monday, 6 July 2009
ပဲပင်ပေါက်ဖေါက်မလား
ပဲအစိမ်း (Mung) ထမင်း စားဇွန်း (EL)
၃ဇွန်း /၄ဇွန်း ကိုရေတစ်ည စိမ်ထားပါ။
နောက်နေ့ နေ့ လည်ကျတော့
ဇကာတစ်ခုထဲမှာ Küchenpapier ခင်းပါ။
အပေါ်ကနေ ပဲကို ဖြန့် ထည့်ပါ။
ပြီးရင် Küchenpapier ပြန်အုပ်ပါ။
လက်သုက်ပုဝါ ကို ရေစွတ်ပြီး အုပ်၊
အပေါ်ကမှ ပန်းကန် လေးလေး တစ်ချပ် ဖိထားပါ။ ပြီးရင် ပလတ်စတစ်
အိပ်နဲ့ စွတ်ပြီး မှောင်
မနက်တခါ၊ ညနေတခါ ရေနွေးနွေးလေး
( Lauwarmes Wasser ) နဲ့ လောင်းဆေးပါ။
(၅)ရက်လောက်ဆို စားလို့ ရပြီ။
အလွယ်လုပ်ချင်ရင်တော့
Reformhaus မှာ အဲ့ဒီခွက်လေးဝယ်လို့ ရတယ်။
အထဲမှာ အညွန်းလည်းပါတယ်။
ကိုယ်တိုင်လုပ်တာက အထားလည်းခံတယ်။
အရသာလည်းရှိတယ်။ ဒါပေမဲ့ အလုပ်နဲနဲ
များတယ်။
ပူးလေးစားဖို့ မုန့် ညှင်းချဉ်
Senfkorn ( မုန်ညှင်းစေ့) ကို Supermarket မှာဝယ်တယ်။
Koriander အစေ့နဲ့ ၊ကြံသကာကို Asian shop က၀ယ်တယ်။
ဂျင်း၊ငရုပ်သီးအပုတောင့် လည်း အဆင်သင့်ပြင်ထားပါ။
ဥနီကိုလည်းလှီးပါ။
ကြက်သွန်ဥ သေးသေးလေးတွေ ကို အခုတလော Penny Markt
မှာရောင်းနေတယ်။ ကြက်သွန်ဥ သေးသေးလေးတွေကို အခွံခွာပါ။
ပြီးရင် မုန်ညှင်းစေ့၊ Koriander အစေ့၊ ကြံသကာ၊ ဂျင်း၊ငရုပ်သီးအပုတောင့်
တွေကို မညက်တညက်ထောင်းပါ။ ဆားအနည်းငယ်ထဲ့ပါ။
(ကျမကတော့ အရက်မထည့်ဘူး။)
အားလုံးကို အရွက်၊ဥနီ စတာတွေနဲ့ ရောနယ် ပါတယ်။
ပြီးရင် ပုလင်းထဲထည့်၊ အဖုံးကို ပလတ်စတစ်လေးခံပြီး ပိတ်ပါတယ်။
(၆)ရက် (၇)ရက်လောက်ကြာရင် စားလို့ ရပါပြီ။
ဒီနည်းကို မလုဆီကရတာပါ။ ဒီမှာ ဖတ်ကြည့်ပါ။
ကျမလုပ်တဲ့ မုန်ညှင်ချဉ် အလွယ်နည်း။
မုန်ညှင်းရွက် ၀ယ်မရရင်၊ ဒါမှမဟုတ် အမြန်လိုရင် လုပ်တာပါ။
Asian Shop ကနေ ကြံမဆိုင် တစ်ထုပ် ၀ယ်ပါတယ်။ မြီးကြည့်ပြီး
အရမ်းချဉ်နေရင် ရေစိမ်ထားလိုက်ပါ တယ်။ ပြီးရင် ရေညှစ်ပြီး လှီးပါတယ်။
ဥနီကိုလည်းလှီးပါ။
ပြီးရင် မုန်ညှင်းစေ့၊ Koriander အစေ့၊ ကြံသကာ၊ ဂျင်းတွေကို
မညက်တညက်ထောင်းပါ။
ဒယ်အိုးထဲ ကို ဆီအနည်းငယ် ထဲ့ပါ။ ငရုပ်သီးမှုန် ထည့်၊ မုန်ညှင်းစေ့၊
Koriander အစေ့၊ ကြံသကာ၊ ဂျင်း ထောင်းထားတာတွေနဲ့  ကြံမဆိုင်
လှီးထားတာထည့်ပြီး နဲနဲခြောက်သွားအောင် လှော်ပေး လိုက် တာပါ။
အနံတော့မတူပေမဲ့ အလွယ်တကူနဲ့ လုပ်စားလို့ ရတဲ့ နည်းပေါ့၊