Sunday, 1 November 2009

အလိမ္မာဝတ်ရွတ်စဉ် (၂)

ကိုယ်ပေါင်းစိတ်ခွာ
ဆရာ လူမိုက်ဆိုရင် အဖေါ်မလုပ်နဲ့ ၊ မင်္ဂလသုတ်က ဆုံးမတယ်။
တပည့် မရှောင်နိုင်ရင် ဘယ့်နှယ်လုပ်ပါ့၊ စိတ်ရှုတ်စရာကောင်းလှတယ်။
ဆရာ ကိုယ်ပေါင်းစိတ်ခွာ၊ အလိုက်သင့်ပဲပေါ့။ အမိုက်ကျင့်မစွဲအောင် ရှောင်ရမယ်။
တပည့် ရှောင်ပါ့မယ်၊ရှောင်ပါ့မယ်။

အယုံမလွယ်
သူစိမ်းပြင်ပြင်တဖက်သားကို၊ အူယားဖားယားမခင်တွယ်။
စရိုက်ကျင့်ကြံ အကယ်ကောင်းမှ၊ အပေါင်းအသင်းလုပ်သင့်တယ်။
ကောင်းမကောင်းဆို အတူနေပေါင်းကြည့်။
ကောင်းမကောင်းဆို ကြာရှည်ပေါင်းကြည့်။
ကောင်းမကောင်းဆို သတိယှဉ်ပေါင်းကြည့်။
ကောင်းမကောင်းဆို ဥာဏ်ယှဉ်ပေါင်းကြည့်။
အကြောင်းသိလို့ ရေလယ်မယ်။
မရေလည်ခင်မယုံလိုက်နဲ့ ၊ အငိုက်မိမှာ စိုးလှတယ်။
သတိကွယ်၊သတိကွယ်။

အမှန်တစ်ခု
အမှန်တစ်ခု၊ အတုတစ်ထောင် အယောင်တစ်သိန်း၊ အဖိန်းတစ်သန်း၊
အဖြန်းတစ်ကုဋေ။

တရားစစ်နဲ့ တရားတု
တရားစစ်မှန် ကျင့်ကြံကြမှ၊ ချမ်းသာသုခရနိုင်မယ်။
တရားတုတွေ ကျင့်နေကြလို့ ၊ ဆင်းရဲဒုက္ခ ရောက်ရတယ်။
ယခုတဖန် အမှန်လမ်းသို့ ၊ အမြန်လှမ်းဖို့ ချိန်ခါကွယ်။
ဒါမှတိုင်းပြည် ဘာသာရေးကြောင့်၊သာယာအေးဆေး ရှိလိမ့်မယ်။ ရှိမယ်..ရှိမယ်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

ကိုယ်လုံးလှ
နှုတ်ခမ်းနီ ပါးနီဆံနွယ်သလို့ ၊မျက်ခွံအလှ မိတ်ကပ်ခြယ်၊
ကိုယ်လုံးလှအောင် ဥာဏ်ဆင်ကြတော့၊ ကိုယ်လုံးလှဖြင့် မက်စဖွယ်၊
ကိုယ်လုံးမက်တာ တန်ဖိုးလားဟေ့၊ စဉ်းစားပါအေ့ လုံမငယ်၊
နှလုံးလှသာရှာမှရှားကွဲ့ ၊ ဥာဏ်ကြီးရှင်များ ကြည်ညိုတယ်။ မှတ်ကွယ်...မှတ်ကွယ်။

ကလေးအလိမ္မာ
ကလေးအရွယ် လိမ္မာနှင့်ပါမှ၊ ကြီးရင့်ကလိမ္မာမည်။
မလိမ္မာ ပြည်ထောင်စုကြလျှင်၊ ကောင်းမှုမတည်။
ကလေးတို့ နေပြည်၊ တည်စေဖို့ စိတ်စော၊
နံနက်မင်္ဂလာနှင့် နေ့ မကွာ ညဥ့်ပါသုံးလို့ ရယ် ပြုံးကြစေသော။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

အဆုံးအမခံ ပန်ကြားလွှာ
ကျွန်တော်ကျမတို့ အပြစ်အနာအဆာ
မြင်ရင်လည်းပြောပါ၊ကြားရင်လည်းပြောပါ၊ ယုံမှားရင်တောင်ပြောပါ။
အားမနာရပါ၊သနားကြင်နာလို့ သာ၊ ပြောသာပြောပါ။
ကုစားကြမှာ၊ ကုစားကြမှာ။ ယုံတော်မူပါ။
ကိုယ့်အပြစ်မြူမှုန် မြင့်မိုပုံရှုပါတဲ့ မောင်မယ်အလိမ္မာ။
ရွှေအိုးညွှန်တဲ့ဆရာ အဆူဆူ ဆုံဆည်းရလိုပါ။

ပဏ္ဍိတ်မျိုး
မေတ္တာကရုဏာ၊ ရှေးရှုကာဖြင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
သွန်သင်တတ်ရိုး၊ ပဏ္ဍိတ်မျိုးကို
ရွှေအိုးညွှန်ကြား၊ သူအလားသို့ 
ဝပ်တွားဆည်းကပ်၊ဆက်ဆံတတ်
များမြတ် အကျိုးတွေ။
(ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ)

ဝိနည်း
စည်းကမ်းဆိုတာ သာသနာ့အသက်
စည်းကမ်းတည်မှ သာသနာတည်။
ဝိနည်းကျင့်ဝတ်၊ တပါးတတ်က၊ လူနတ်ဦးခိုက်ပူဇော်ထိုက်၏။
ဝိနည်းကျင့်ဝတ်၊ တပါးချွှတ်က၊ လူနတ်မကြိုက်၊ကဲ့ရဲ့ ထိုက်၏။

ဂုဏ်များရှင်
အလှူခံပုဂ္ဂိုလ်ထူး၊ လက်ဦးတဲ့မြတ်ဆရာ၊
ထက်ကောင်းကင် ဗြဟ္မာမျိုး၊ တိုးလို့ မှတ်ပါ။
ထိုသူဟာ ဘယ်မှာနေငြား၊
တခြားမောင် မရှာနဲ့ ၊ တခြားမယ်မရှာနဲ့ ၊
နောင်အခါ ပူဇော်ရမယ့်၊ မိဘနှစ်ပါး။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

သူမြတ်ဂုဏ်စဉ်
၁။ စိတ်ကာင်းရှိဖို့ က ပထမ
၂။ စည်းကမ်းရှိဖို့ က ဒုတိယ
၃။ ကျန်းမာဖို့ က တတိယ
၎။ သန့် ရှင်းဖို့ က စတုတ္ထ
၅။ အစားအသောက်တတ်ဖို့ က ပဉ္စမ
၆။ အ၀တ်အစားတတ်ဖို့ က ဆဋ္ဌမ
၇။ အနေအထိုင်တတ်ဖို့ က သတ္တမ
၈။ အသွားအလာတတ်ဖို့ က အဋ္ဌမ
၉။ စကားလိမ္မာဖို့ က န၀မ
၁၀။ စာတတ်ဖို့ က ဒသမ
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

ဆုံးမရအခက်ဆုံးလူ
သူများကို ဘယ်လိုဆိုဆုံးမ
အဲ့ဒီလို ကိုယ့်ကိုပြန်ဆုံးမ။
ဆုံးမစရာ ကိုယ်သာ အလိုဆုံးပ
ဆုံးမခက် ကိုယ့်ထက်မရှိလှ။
(သြဋ္ဌာရိက သုခုမကျမ်းပြုဆရာကြီး ဦးအောင်ဒင် ကဗျာမှ ဆင့်ပွားနွယ်သစ်)

ကိုယ့်ကိုကိုယ်ဆုံးမခြင်း
၁။ နင်သူများ ဗိုလ်မကျနဲ့ ၊
၂။ နင် သူများ ဆရာမလုပ်နဲ့ ၊
၃။ နင် သူများခုတုံးမလုပ်နဲ့ 
၎။ နင် သူများမစပ်စုနဲ့ ၊
၅။ နင် ဂုဏ်မမက်နဲ့ ၊
၆။ နင်ဇီဇာမကြောင်နဲ့ ၊
၇။ နင် ရေသာမခိုနဲ့ ၊
၈။ နင် အချောင်မနှိုက်နဲ့ ၊
၉။ ဆိုးမှုကြီးငယ်မရွေး နင်ပြင်၊
၁၀။ ကောင်းမှုနည်းများမဆိုနင်စု။

ဒါမှလူလိမ္မာ
သူများတွေကို မထိပါးနဲ့ ၊ ကိုယ့်လိုစိတ်ထား ကိုယ်ချင်းစာ
ရွှေငွေဥစ္စာ ဆိုင်ရာများနော်၊ တရားသဖြင့် သန့် ရှင်းပါ
လူ့ စည်းစောင့်ကာ နေထိုင်တတ်လို့ ၊ရိုးသားဖြောင့်မတ်၊
တည်ကြည်ပါ။
ကိုယ့်ပမာဏ ကိုယ်သိကြ ငါးဝကျင့်သိက္ခာ။
အဖိုးတန်တဲ့ ဗမာ့ဝါဒ ဒါမှလူလိမ္မာ။
( ဒဂုံ ဦးထွန်းမြင့်)

လောကဓံပီးဆေး
လာဘ်တိတ် လာဘ်ရွှင် တပြန်စီလှည့်လို့ ၊ သံသရာထဲတ၀ဲလယ်၊
တုန်လှုတ်မယ်ဆိုဘယ်ခါဆုံးလိမ့်၊ နှလုံးရောဂါရပါ့မယ်၊
သင့်တင့်အောင်သာ နှလုံးသွင်းမှ၊ ဆိုးကောင်းကျော်နင်းလွတ်မြောက်မယ်။
အေးအေး ကြည်ကြည် မွေ့ မွေ့ ချောလို့ ၊ လောကဓံပီးတဲ့ ဆေးတမယ်။
သုံးကွယ်၊ သုံးကွယ်။
(မိတ်ရှား၊မိတ်ကြွယ်) (ကဲ့ရဲ့  ဂုဏ်တင်) (ဆင်းရဲချမ်းသာ) ဖြည့်ဆိုပါ။

သာသနာအမှိန်မဲ့ အလင်း

၁။ တရားနာသူ ကျို့ တို့ ကျဲတဲ သာသနာကြီးမှိန်ဖို့ ပဲ
၂။ နာတော့နာတယ် မသင်ပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၃။ သင်တော့သင်တယ် မဆောင်ပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၎။ ဆောင်တော့ဆောင်တယ် မကြံပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၅။ ကြံတော့ကြံတယ်မကျင့်ပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၆။ နာတယ် သင်တယ် ဆောင်တယ် သာသနာကြီးလင်းဖို့ ကွယ်
၇။ ကြံကြတယ် စည်ကြတယ် ပွင့်တော့မယ်၊ လင်းတော့မယ်။
၈။ မြိန်မြိန်ကျင့်ကြတော့ ထိန်ထိန်ပွင့်လှပေါ့။

ကံချင်းမတူ၍
၁။ သူ့ ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှင်းဆဲသူကား၊ အနာများ၊ အနားကျန်မာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဥာဏ်မြက်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ခံစံကြရသည်။
(မဟာစည် ဆရာတော်)

လောကဓံ သံဝေဂ
၁။ ချမ်းသာသုခ၊ ပြည့်စုံကြလည်း၊ ဒုက္ခ နောက်ဆုံးပါတကား
၂။ ပွဲလည်ပြင်ပ၊ချီးမွမ်းကြလည်း၊ ရှုတ်ချ နောက်ဆုံးပါတကား
၃။ ခုံမင်ခယ၊ ပျော်ရွှင်ကြလည်း၊ သောက နောက်ဆုံးပါတကား
၎။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း လျှောကျ နောက်ဆုံးပါတကား
၅။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ယိုယွင်း နောက်ဆုံးပါတကား
၆။ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား အိုမင်း နောက်ဆုံးပါတကား
၇။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်း နောက်ဆုံးပါတကား
၈။ ဇီဝိန်တင်းလင်းသက်ရှင်ခြင်းကား၊ သေခြင်း နောက်ဆုံးပါတကား

ဒုစရိုက်နဲ့ သုစရိုက်
ဒုစရိုက် ၁၀ပါး
ကိုယ်အမှု ၃ ပါး
၁။ သတ်ဖြတ် ၂။ ခိုးတိုက် ၃။ ဖောက်ပြား
နှုတ်အမှု ၄ ပါး
၎။ လိမ်ညာ ၅။ ကုန်းချော ၆။ ကျိန်ဆဲ ၇။ အဖျင်းပြော
စိတ်အမှု ၃ ပါး
၈။ အပိုင်စီးလိုမှု ၉။ ချောက်တွန်းလိုမှု ၁၀။ အယူမှားမှု

သုစရိုက် ၁၀ပါး

ကိုယ်အမှု ၃ ပါး
၁။သတ်ဖြတ်ရှောင်၂။ ခိုးတိုက်ရှောင် ၃။ ဖောက်ပြားးရှောင်
နှုတ်အမှု၎ ပါး
၎။ လိမ်ညာရှောင် ၅။ ကုန်းချောရှောင် ၆။ ကျိန်ဆဲရှောင် ၇။ အဖျင်းပြောရှောင်
စိတ်အမှု ၃ ပါး
၈။ အပိုင်စီးလိုမှုရှောင် ၉။ ချောက်တွန်းလိုမှုရှောင် ၁၀။ အယူမှားမှုရှောင်

Saturday, 31 October 2009

31.10.09

Happy Birthday to Thomas.

Monday, 26 October 2009

အလိမ္မာဝတ်ရွတ်စဉ် (၁)

ငယ်ငယ်တုန်းက ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေးကျောင်း စာရိတ္တပညာ
အလိမ္မာဝတ်အသင်းမှာ ဆရာဦးသစ်ဆန်းလွင် သင်ကြားပေးခဲ့တာတွေပါ။
ကျမငယ်ငယ် (၃)တန်းကနေ (၉)တန်းကျောင်းသူဘ၀တလျှောက် တက်
ကြွစွာပါဝင်ခဲ့တဲ့ ၀တ်အသင်းပါ။ ဆရာသင်ပြပေးခဲ့တာတွေနဲ့  နှစ် အတော်ကြာ
ဝေးနေခဲ့ပေမဲ့ အခုအချိန်မှာတော့ ဆရာသင်ပြလမ်းညွန့် မှုများရဲ့ တန်ဖိုးကို
နားလည်နေပါပြီ။
ငယ်ငယ်ကရွတ်ခဲ့ကြရတဲ့ ၀တ်ရွတ်စဉ်လေးဖြင့်
ဆရာဦးသစ်ဆန်းလွင်နဲ့  ကျမတို့ ဝတ်အသင်းလေးကိုအထောက်အပံ့ပေးခဲ့တဲ့
ကွယ်လွန်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေး တို့ အား ဦးညွှတ်ကန့် တော့ လိုက်ပါတယ်။

ဘုရားအောက်မေ့ခြင်း
လိုချင်တာတွေ၊စိတ်ဆိုးတာတွေ၊ မေ့လျော့တာတွေ ကင်းရှင်းတော်မူပါတဲ့ မြတ်စွာဘုရား _ မြတ်စွာဘုရား။

ရတနာသုံးပါး ကိုးကွယ်ခြင်း
ဘုရားရှင်တော်မြတ်ကိုကိုးကွယ်ပါ၏။
တရားဆ်ာမြတ်ကို ကိုးကွယ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
၂ ကြိမ်မြောက်လည်း ဘုရားရှင်တော်မြတ်ကိုကိုးကွယ်ပါ၏။
. . . တရားဆ်ာမြတ်ကို ကိုးကွယ်ပါ၏။
. . . သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

၃ ကြိမ်မြောက်လည်း ဘုရားရှင်တော်မြတ်ကိုကိုးကွယ်ပါ၏။
. . . တရားဆ်ာမြတ်ကို ကိုးကွယ်ပါ၏။
. . . သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

ရတနာသုံးပါးကျေးဇူး
ဘုရားဖက်တော့ အသက်ရှေ။
တရားဖက်တော့ အမျက်ပြေ၊
သံဃာဖက်တော့ အခက်ဝေ။

အနန္တောအနန္တ ငါးပါးပူဇော်ခြင်း
ဘုရားရှင်တော်မြတ်ရဲ့  ဂုဏ်တော် ကျေးဇူးတော်တွေဟာ အပိုင်းအခြား မရှိပါတကား
တရားတော်မြတ်ရဲ့  . . . . . . . . .
သံဃာတော်မြတ်ရဲ့  . . . . . . . . .
မိဘ . . . . . . . . . . .
ဆရာ . . . . . . . . . . .

အိပ်ရာဝင် အိပ်ရာထ
အိပ်ရာဝင်သော်သတိရလို့ ၊ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုးကွယ်ပါတယ် စိတ်မှာညွှတ်လို့  နှုတ်ပါတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်လို့ ၊မှန်မှန်မပြတ် ရွတ်ပါ့ကွယ်။
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့ ၊ ကောင်းခြင်းသုခ ရလိမ့်မယ်။
ရမယ် ၊ရမယ်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

အသက်ကြီးဝါကြီးဆည်းကပ်နည်း
ဝေး နီး ရှေ့  နောက်
မြင့်မောက်လေညာ
ရှောင်ကြဉ်ပါ
သင့်ရာနေရာမှတ်။

ဗုဒ္ဓတိုင်း အဆုံးအမ
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊
ဗုဒ္ဓတိုင်းသာမိန့် ခဲ့လာ၊သုံးးဖြာ ဤစကား။

သူတော်ကောင်းဆိုတာ
၁။ ပြောတဲ့အတိုင်းကျင့်၊ ကျင့်တဲ့အတိုင်းပြော။
၂။ ရိုးရိုးကျင့်၊မြင့်မြင့်ကြံ၊ မှန်မှန်လုပ်၊ ကုပ်ကုပ်နေ။
၃။ ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော၊
လူရောနတ်ရော ကြည်ညိုတယ်။

အပါယ်သား
ခေါ်ကျယ် ပြောကျယ် ရယ် ချေကျယ်၊ သမ်းကျယ် ကျယ်ငါး အပါယ်သား။

လူ့ ကြမ်းပိုး
ဝတ်ကြမ်း စားကြမ်း၊ သွား ထိုင်ကြမ်း
အိပ်ကြမ်း စိတ်ကြမ်း ၊ကိုယ်နှုတ်ကြမ်း
သင်ကြမ်း ကြမ်းကိုး လူ့ ကြမ်းပိုး။

လမ်းနှစ်သွယ်
မင်္ဂလာလမ်းကြောင်း = ငယ်ငယ်ကသား ၊ ကြီးတော့ အား
ငယ်ငယ်ကသမီး၊ ကြီးတော့ ထီး။
အမင်္ဂလာလမ်းကြောင်း= ငယ်ငယ်ကသား၊ ကြီးတော့ ကျား
ငယ်ငယ်ကသမီး၊ ကြီးတော့ မီး။

အောင်ခြင်းသုံးဖြာ
ဒါနကောင်းရင် ခင်မင်မယ်။
သီလကောင်းဆို ကြည်ညိုမယ်။
ပညာ ကောင်းငြား လေးစားမယ်။
ဒါန၊သီလ၊ပညာ သုံးဖြာကောင်း၊ အပေါင်းနတ်လူ ဦးခိုက်မယ်။


ရေ ဆွမ်းအကျိုး
(ရေအကျိုး)
သက်ရှည် ဆင်းလှ ချမ်းသာရ၊ ဗလ ဥာဏ်ပညာ၊
သန့် စင်၊ကျော်ကြား၊ ခြွေရံများ၊ ပေါ့ပါး ၊ မွတ်သိပ်ကွာ။
(ဆွမ်းအကျိုး)
သက်ရှည် ဆင်းလှ ချမ်းသာရ၊ ဗလ ဥာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ဤငါးမျိုး။ တန်ခိုးကြီးလှစွာ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)


အစာ
၁။ အစာလည်းဆေး၊ ဆေးလည်းအစာ။
၂။ တန်ဆေးလွန်ဘေး။
၃။ ကိုယ့်အစာကိုယ်စား၊ ကိုယ့်မှားကိုယ်ခံ။
၎။ ၀မ်းတလုံးကောင်း ခေါင်းမခဲ။
၅။ ဥစ္စာ ကံစောင့် အသက်ဥာဏ်စောင့်။
၆။ မတော်တာ မတဲ့တာဆို၊ တို့ ကာပင့်ကာပင် မမြီးစားနဲ့ ။
တော်တာတည့်တာဆို၊ ပျို့ တယ် နင့်တယ်လို့ မညည်းတွားနဲ့ ။
၇။ စားသမျှမစင်၊ ထားသမျှ မသေခင်။

ဥာဏ်သုံးဥာဏ်
၁။ ကောင်းဆိုး မမြင်မစမ်း = ဥာဏ်မျက်ကန်း။
၂။ တဖက်သတ်မြင် တခုကောင်းကြည့် = ဥာဏ်ပိစိ။
၃။ ထောင့်တိုင်းကြည့် ဘက်ဆုံမြင် = ဥာဏ်ကြီးရှင်။

ငါးပါးသီလဆောက်တည်ခြင်း
၁။ သူ့ အသက်သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၂။ သူ့ ဥစ္စာခိုးတိုက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၃။ သူ့ သားမယားဖောက်ပြားခြင်းမှ ရှောင်ကြဉ်ပါ၏။
၎။ လိမ်ညာခြင်းမှ ရှောင်ကြဉ်ပါ၏။
၅။ မူးယစ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

အောင်ရမယ်
ဆန္ဒထက်သူရှေ့ မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့
အောင်ရမယ်။
ဝီရိယ ထက်သူရှေ့ မယ်၊ . . . . . . . .
စိတ်ဓါတ်ထက်သူရှေ့ မယ်၊ . . . . . . .
ပညာထက်သူရှေ့ မယ်၊ . . . . . . . .

လောကီနဲ့ လောကုတ်
မအိုတော့ပေ ၊ မသေမဲ့ပုံ၊
ရှာကုန်ဓန ၊သူတစုံစုံ၊
သေမင်းဆံဆွဲ ခေါ်ငင်ဆဲပုံ၊
မြတ်တရား၊ အားထုတ်ကြပါကုန်။
(စစ်ကိုင်းတောင်ရိုး ရွှေ ဟင်္သာဆရာတော်)

ရုပ်လှ နဲ့ စိတ်လှ
ရုပ်လှဖို့ ရာ ပြုမှုမှာ ၊ တဏှာရာဂမှတ်။
စိတ်လှဖိုရာပြုမှုမှာ၊ သဒ္ဒါပညာမှတ်။
(မိုးညှင်းတိုက်သစ်ဆရာတော် ဦးဣန္ဒြိယ)

နာမ်နဲ့ ရုပ်
နာမ်လိမ္မာမှ ရုပ်သက်သာမည်။
နာမ်မလိမ္မာ ရုပ်နာလိမ့်မည်။
နာမ်မအေး ရုပ်ခွေးဖြစ်လိမ့်မည်။
(ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက် ဆရာတော် ဦးဂန္ဓမာ)

Tuesday, 20 October 2009

Staufener Burg


ဒီနေ့ တော့ ကျမတို့ မြို့နားက Staufen
(ဒီမှာဖတ်ကြည့်လို့ ရပါတယ်။) ဆိုတဲ့မြို့လေး
ကိုရောက်ဖြစ်တယ်။ မိုးစက် လာလည်တုန်းက
လိုက်ပို့ ဖြစ်တဲ့မြို့လေးပါ။ မြို့ကသေးပေမဲ့ အလွန်လှ
တဲ့မြို့ပါ။ ကျမ ဂျာမနီကိုရောက်ရောက်ချင်း နေခဲ့
တဲ့နေရာပေါ့။ အဲ့ဒီမြို့ မှာ(၅)နှစ်လောက် နေခဲ့တယ်။

ဒါကတော့ Staufen ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Staufener Burg ရဲတိုက်ဟောင်း
ပါ။ ဒီနေ့ တော့နေသာတာနဲ့  အပေါ်ထိရောက်ခဲ့တယ်။

တောင်ကုန်းကို ပတ်ပြီး ၀ိုင် ချက်တဲ့ စပျစ်ပင်တွေ
စိုက်ထားကြတယ်။ ဒီပုံကတော့ကြည့်လို့ သိပ်
မကောင်းပေမဲ့ Staufen မှာဓါတ်ပုံရိုက်ရင်
သူပါမှပြည့်စုံမှာ။




တောင်ကုန်းပေါ်တက်တဲ့လမ်း
တလျှောက်မှာ













သူလည်းကြိုးစားပြီး တက်နေလေရဲ့ 













အပေါ်ရောက်လို့ လှမ်းမြင်ရတာလေ။
မြူနဲနဲရှိလို့ သိပ်မမြင်ရဘူး။













ဒါက ရဲတိုက်ဟောင်းကြီးပါ။




















Thomas ကတော့ Peta (in Pali) တွေရှိလို့  အထဲမ၀င်ဘူး။

Saturday, 17 October 2009

No လို့ ငြင်းတတ်ပြီလား။

ကျမငယ်ငယ်တုန်းက လူကြီးတွေကိုပြန်မပြောရဘူး၊ လူကြီးတွေခိုင်းရင်

လုပ်ပေးရမယ်လို့ ပဲသိခဲ့တာ။ ခိုင်းတာကိုမလုပ်ဘူးလို့ ငြင်းရင်ပဲ ကိုယ့် ကို

ကိုယ် အပျင်းတယောက်လို၊ အချောင်ခိုတဲ့ လူတယောက်လို ထင်ခဲ့မိတာလေ။

သူငယ်ချင်းတွေကြားရောဒီလိုပါပဲ။ တယောက်ယောက်က အကူအညီတောင်း

ရင် လုပ်ပေးရမယ်ဆိုတာပဲခေါင်းထဲရောက်လာတာ။ အကူအညီတောင်းလို့ 

ကိုယ်ကမပေးနိုင်ဘူးလို့ ငြင်းလိုက်ရင်ပဲ အားနာစရာကြီး၊ ငါ့ကို တမျိုးများ

ထင်မလား စသည်ဖြင့် အတွေးတွေ ၀င်လာပြီး လုပ်ချင်တာမလုပ်ချင်တာ

အသာထားပြီး အတတ်နိုင်ဆုံး လုပ်ပေးလိုက်ခဲ့တာပါပဲ။

ဒီလို အတွေ့ အကြုံတွေနဲ့ ကြီးပြင်းလာတဲ့ ကျမ တယောက်ယောက်က

ခိုင်းရင်၊ အကူအညီတောင်းရင် ငြင်းရမှာ ၀န်လေးပြီး အမြဲတမ်း အကောင်း

ဆုံး လုပ်ပေးချင်နေတဲ့ ကျမ ဒီရောက်တော့ဒါတွေဟာ ဒုက္ခဖြစ်စေတယ်ဆိုတာ

တဖြေးဖြေးသိလာရတယ်။

အလုပ်မှာဆို ပေးသမျှ အလုပ်ကိုမငြင်းပဲလုပ်။ ဒီလိုနဲ့ တဖြေးဖြေးတာဝန်တွေ

များလာ။ ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်။

ဒီတော့ တဖြေးဖြေးနဲ့ ဝန်တွေပိလာတယ်။ တခါတလေ အမှားတွေဖြစ်လာရော။

ဒီတော့မမှားရအောင်ပိုကြိုးစားတော့ ပိုပြီးဝန်ပိပြန်ရော။ ဒီလိုနဲ့ ကြာလာတော့

စိတ်ရောလူပါ ပင်ပန်းပြီး မခံနိုင်တော့ဘူး။

သူငယ်ချင်းတွေကြားမှာရော...ဒီလိုပါပဲ။ တယောက်ယောက်ကတောင်းတဲ့

အကူအညီကို တကယ်တော့ကိုယ်က အကြောင်းကြောင်းကြောင့် မပေး

ချင်ဘူး။ ဒါပေမဲ့ ငြင်းရမှာအားနာတယ်။ ရပါတယ်လေဆိုပြီး လုပ်ပေးမိတယ်။

တဖက်ကိုငြင်းရမှာအားနာတော့ ကိုယ့်မှာပဲဝန်ပိ ပြန်ရော။ မလုပ်ချင်တာလုပ်ရ

လို့ မပျှော်ဘူး။ လုပ်ပေးပြီးမှ ပြစ်တောက်ပြစ်တောက် ပြောနေပြန်ရော။

ဖြစ်တတ်တာတွေပါ။

ကျမဒီကိုရောက်စကတော့ No ဆိုပြီးမငြင်းတတ်ဘူး။ အဖြေးဖြေးနဲ့ No ပြော

တတ်အောင်သင်ခဲ့ရတယ်။ အစကတော့အတော်ခက်တယ်။ ဒီမှာက ကိုယ်က

အကျိုးအကြောင်းပြလို့ ငြင်းရင် တဘက်သူက လက္ခံတယ်။ သူမလုပ်နိုင်လို့ 

ငြင်းတာပဲဆိုပြီး ဘာမှစောဒကမတက်ဘူး။ တခါက အလုပ် Interview တခုမှာ

ဆရာဝန်နဲ့ ပြောကြရင်း Culture မတူတာကိုပြောမိတယ်။ သူကဥပမာပြောခိုင်း

တော့ ကျမ No လို့ ပြောတတ်အောင်သင်နေရတယ်။ အခုတော့နဲနဲပြောလာပြီ

လို့ ပြောတော့ သူနဲ့ အလုပ်လုပ်ရင်လည်း No လို့ ပြောသာပြောပါတဲ့။

အလုပ်လုပ်ကြတော့ တခါတလေ သူက ကျမ No ပြောတာကြားချင်နေတာဆိုပြီး

ကျမ အကျိုးအကြောင်းပြပြီးငြင်းရင် လက္ခံတတ်တယ်။ ကိုယ်လုပ်နိုင်တဲ့ဘောင်

အတွင်းမှာတော့ ကျမ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်။ အဲ...ဘောင်ကျာ်သွား

ရင်တော့ ငြင်းရတော့တာပဲ။

သူငယ်ချင်းတွေကြားမှာလည်းဒီလိုပဲ အစကမငြင်းတတ်ဘူး။ အားနာတယ်။

တဘက်လူစိတ်ဆိုးသွားမလားပေါ့။ ငါ့ကိုတမျိုးထင်မလား စသည်ဖြင့်ပေါ့လေ။

ဒီကလူတွေကတော့ကျမငြင်းတာကို လက္ခံ သလို သူတို့ ငြင်းပယ်တာလည်း

ကျမလက္ခံ ခဲ့ရတာပါပဲ။ အစကတော့ ကိုယ်တောင်းတဲ့အကူအညီကို Sorry

ငါမလုပ်ပေးနိုင်ဘူးလို့  ပြောတာခံရတော့ အောင့်သီးအောင့်သက်ဖြစ်ခဲ့ရတယ်။

သေချာပြန်တွေးကြည့်တော့လည်းမှန်တာပဲ။ လူတိုင်းမှာ ကိုယ်မလုပ်နိုင်တဲ့အရာ၊

ကိုယ်မလုပ်နိုင်တဲ့ အချိန်၊ ကိုယ်မလုပ်ချင်တဲ့ အရာတွေဆိုတာရှိကြတာပဲ။

ဒါကိုကျမတို့ လေးစားရမှာပါ။ သူငြင်းတာကို အပြစ်မတင်သင့်ဘူး။

အခုတော့ ကျမလည်း မိတ်ဆွေ သူငယ်ချင်းတွေကြားမှာတဖြေးဖြေးနဲ့ 

No ပြောတတ်လာပြီ။ မြန်မာအချင်းချင်းကြားမှာတော့ တခါတလေ ကျမရဲ့  ငြင်း

ပယ်မှုဟာ နားဝင်ချိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ပြီးမှ ကွယ်ရာမှာ

အပြစ်တင်၊ အတင်းပြောနေမဲ့အစား၊ အစကတည်းက မလုပ်နိုင်တဲ့အရာ၊

မလုပ်ချင်တဲ့အရာကို No လို့ ငြင်းလိုက်တာအကောင်းဆုံးလို့ ထင်ပါတယ်။

ကျမကတော့ ကျမစိတ်ရောကိုယ်ပါလုပ်ပေးနိုင်တဲ့ ဘောင်တစ်ခုအတွင်းမှာ

တော့အားလုံးအတွက်အဆင်ပြေအောင်လုပ်ပေးပါတယ်။ ဘောင်ကျော်လာပြီး

ကျမကို စိတ်ရောကိုယ်ပါဝန်ပိစေတဲ့ အရာတွေကိုတော့ ကျမ No လို့ ပြောပြီး

ငြင်းမှာပါ။ တဘက်လူက No လို့ ပြောပြီးငြင်းပယ်မှုကိုလည်း နားလည်စွာ

လက္ခံမှာပါ။

ဒါလေးကတော့ကျမရဲ့ ငြင်းပယ်မှု Theory လေးပါ။

Friday, 9 October 2009

Carrot Cake

Last week, one of my colleague Brigitte gave me an idea to bake the

carrot cake.She can bake cakes very well. Actually I cannot bake the cake well.

As my habit, I wanted to try it. So I bought some ingredients for the

carrot cake and started my invention. The preparation was not

complicated for my Recipe. So I could make it easily.

Here is my result. The taste was very delicious. Thomas liked it as usual.

carrot cake








I would like to say Thanks to Brigitte for her idea to bake this cake.

Tuesday, 6 October 2009

ဂျာမန် ၀က်အူချောင်းများ

ဂျာမနီမှာ ကျမအကြိုက်တွေ့ မိတာတွေထဲက တစ်ခုကတော့ ဂျာမန်
ဝက်အူချောင်းတွေပါ။ ဒီမှာ ၀က်အူချောင်းတွေကို ၀က်သားတစ်မျိုးတည်း
ကလုပ်တာမဟုတ်ပဲ၊ အမဲသား၊ ကြက်၊ကြက်ဆင်သားများအပြင် သက်သတ်
လွတ်အတွက် တို့ ဟူး(ပဲပြား) တို့ နဲ့ ပါလုပ်ကြပါတယ်။

ဂျာမနီမှာ ၀က်အူချောင်း အမျိုးအစားပေါင်း များစွာရှိပါတယ်။

ဒါတွေကတော့ Brühwurst လို့ ခေါ်တဲ့အမျိုးအစားတွေပါ။ သူတို့ ကိုပါးပါး

အလွှာလေးတွေ လွှာပြီးရောင်းပါတယ်။ပေါင်မုန့် နဲ့ ညှပ်စားတာပေါ့။

အဲ့ဒီအထဲမှာ Lyoner, Leberkäseနဲ့  Wiener ကိုတော့ ကျမပိုကြိုက်ပါတယ်။

ဒါတွေကတော့ Bratwurst နဲ့ Bockwurst တွေပါ။

Grill လုပ်စားကြ၊ ကြော်စားကြ၊ ပြုတ်စားကြပါတယ်။




ဒီအမျိုးအစား( Deftige wurst)တွေထဲမှာတော့

Bauernwurst -Rindswurst - Salami -

Schwartenmagen - Leberwurst -(Thüringer) Blutwurst စတာ

တွေပါပါတယ်။ သူတို့ ကတော့ strong Taste တွေပါ။

အဆီပါဝင်မှုများတာပေါ့။


ဒီမှာ ၀က်အူချောင်းတွေကို နည်းအမျိုးမျိုးနဲ့ စားကြပါတယ်။

ဒါက ၀က်အူချောင်း နဲ့ Linsen ပဲ၊အာလူး၊ဥနီရောပြုတ်ထားတဲ့

ဟင်းချိုပါ။ ခပ်လွယ်လွယ်နဲ့ အရာသာရှိတဲ့ဟင်းတစ်ခွက်ပါ။






ဒီလိုလည်းကင်စားကြတယ်။





ဒါက Curry Wurst.
မဆလာနံ့ သင်းနေတဲ့ အချဉ်ရည်နဲ့ ပါ။
မာရိုးနိစ်နဲ့ လည်းစားကြတယ်။





ဒီလိုလည်းသုပ်စားကြတယ်။





ဒါကတော့လမ်းမှာပဲစားလိုက်တာပေါ့။








ဒါက ဂျာမန် ဂေါ်ဖီထုပ်ချဉ်ပတ်နဲ့ 
ဝက်သွေး ၀က်အူချောင်း။ ဂျာမန်
တွေစားလေ့ရှိတာပေါ့။


ဒီပုံတွေကတော့ Internet ကပုံတွေပါ။ သူငယ်ချင်း
တို့ လာလည်မှပဲမြည်းစမ်းကြရင်းဓါတ်ပုံတွေရိုက်ကြတာပေါ့။