Tuesday 7 April 2009

ကျမနဲ့ ဂျာမနီ

ကျမ ဂျာမနီကိုရောက်တာ ဘာလိုလိုနဲ့ ( ၁၀) နှစ်ရှိခဲ့ပြီ။ ဒီနှစ်တွေအတွင်းမှာ ပျော်စရာ
ကောင်းတဲ့ အတွေ့ အကြုံတွေရော၊ ခါးသီတဲ့အတွေ့ အကြုံ တွေရော တော်တော်လေး
ှိရှိလာခဲ့ပြီ။ ရောက်စကတော့ ဟိုဟာလည်း သင်ရ၊ ဒီဟာလည်းသင်ရနဲ့ တော်တော်လေး
ကိုစိတ်ညစ်ရတယ်။ ဘာသာစကားနားမလည်တဲ့ ဒုက္ခကတော့အဆိုး ဆုံး ပါပဲ။သူပြော
တာကိုယ်မသိ၊ ကိုယ်ပြောချင်တာ သူမသိ နဲ့  ကြာလာတော့ စိတ်ညစ်လာမိတာအမှန်ပဲ။
ကျမကိုယ် ကျမအင်္ဂါဂြိုလ်က ကျလာတဲ့ (ET) တစ်ကောင်လိုခံစားမိခဲ့တယ်။
အဲ့ဒါကြောင့် ဂျာမနီ ကိုလာ မယ်ဆိုရင်တော့ဂျာမန်စကားကို သင်လာကြပါလို့ အကြံပေး
ချင်ပါတယ်။ အဲ့ဒီတုန်းက ကျမအသက်က (၃၁)နှစ်၊ဦးနှောက်ကဘာသာခြား စကားကို
သင်ယူဖို့  ခက်ခဲစပြုနေပြီလေ။ ဒါပေမဲ့ ကျမကြိုးစားခဲ့တယ်။ စကားတတ်လာ
လေလေသူတို့ တွေနဲ့  ဆက်ဆံရာမှာ ပိုအဆင်ပြေလာလေဆိုတော့ ကျမပျော်လာတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်ချက်ပိုရလာတယ်။
အဲ့ဒီလိုနဲ့ အသက် (၃၄) နှစ်မှာ အသက်မွေးဝမ်းကြောင်း သင်တန်းတခုကို တက်ပြီး ၊
(၃၆)နှစ်မှာဂျာမန်အောင် လက်မှတ်တစ်ခုကိုရခဲ့တယ်။ အဲဒီနောက်တော့ ကျမ ဂျာမန်တွေကိုမကြောက်တော့ဘူး။ ဂျာမနီမှာနေရတာ လည်း
ပျော်လာတယ်။ အခုတော့ ကျမသင်ထားတဲ့ပညာနဲ့  အလုပ်တစ်ခုကို ရတယ်။
သူတို့ တွေနဲ့ တမ်းတူ ငါလည်းလုပ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပိုရ
လာတယ်။ ဒီအခြေအနေကိုရောက်ဖို့  အခက်အခဲတွေတော့အများကြီးပေါ့။ စာဖတ်ရင်း
ငိုခဲ့ရတဲ့ရက်တွေ၊ မြန်မာပြည်ပြန်ပြေးချင်တဲ့ရက်တွေ၊နှင်းတွေကြားထဲ ချော်လဲကျတဲ့
နေ့ တွေ.....ဒီရက်တွေကိုတော့ ကျမပြန်မရချင်တော့ဘူး။
အဲ့ဒီ အခက်အခဲတွေ တွေ့ တဲ့အခါတိုင်းတော့
အမေ့မျက်နှာကို ပြေးမြင်မိပြီး ကျမအတွက် ခွန်အားအသစ်ကိုပြန်ရခဲ့တယ်။
ကျမလိုမိဝေးဖဝေးနဲ့ ရေခြားမြေခြားမှာ ရှိနေကြတဲ့သူတွေလည်း အခက်အခဲတွေ
တွေ့ တဲ့အခါတိုင်းစိတ်ဓါတ်မကျပဲ၊ အားတင်းပြီး ရည်မှန်းချက် ပန်းတိုင်ကို ရောက်
နိုင်ကြပါစေလို့ ဆုတောင်းလျှက်........

2 comments:

မင်းညို၊ မဟာဆန် said...

ကျွန်တော်ဂျာမနီကိုလာတုန်းက ဂျာမန်စာ သင်မလာမိဘူး..။ ဟဲဟဲ..အိုင်း၊ ဇဗိုင်း၊ ဒရိုင်း တောင် သင်ပြီး အခန်းထဲရောက်လို့ အဘိဓါန် ရှာမှ သိတာ...။ တက်လိုက်မိတာ intensiv TestDaF လေ..။ ပြောတာလဲ ဂျာမန်လိုချည်း..။
ဒီလိုနဲ့ နေရင်းနည်းနည်းတော့နားလည်လာတယ်..။

PhyoPhyo said...

ကိုယ့်ဘာသာ ဥာဏ်မကောင်းဘူးထင်ပြီး အားငယ်နေတာ၊ အခု အားနည်းနည်းပြန်တက်လာတယ်၊ မရှင်လေး ကျေးဇူးအများကြီးတင်ပါတယ်၊ မရှင်လေးစာတွေ ရှာဖတ်နေတာ၊
ကိုယ့်အတွက်ယူလို့ရမှာလေးတွေ