Wednesday 9 September 2009

ရန်ကုန်သို့ ခရီးအစ

၈.၈.၀၉၊ ဘန်ကောက်လေဆိပ်

မနေ့ ကတော့ ခရီးသွားရမှာဆိုလို့ စိတ်လှုတ်ရှားနေတာ။ အလုပ်ကိုလည်းသွားရ

သေးတယ်။ အပြန်ကြတော့ ရထားက သီသီကလေးကပ်လွဲသွားလို့ နောက်ထပ်

မိနစ်(၂၀)ထပ်စောင့်ရပြန်ရော။ အဲ့ဒီရထားက တခါ (၁၀)မိနစ် နောက်ကျပြန်ရော။

သြော်... Stress တွေ။

အိမ်ပြန်ရောက်တော့ Thomas က Kebab ၀ယ်ထားလို့ အဆင်သင့်လေးစား ရတာ။

(၁) နာရီလောက် အနားယူပြီး Freiburg ကို thomas လိုက်ပို့ ပေးတယ်။ အိမ်ကထွက်မှ

ရထား ထိုင်ခုံ reserved မလုပ်ရသေးတာသတိရတယ်။ နောက်ကျသွားပြီ။ Freiburg

ရောက်တော့ Ticketautomat မှာ ကြိုးစားကြည့်ပေမဲ့ မရဘူး။ တော်ပါသေးရဲ့ 

ရထားပေါ်ရောက်တော့ နေရာလွတ်တွေ အများကြီးပဲ။

Frankfurt မှာအားလုံးအဆင်ပြေပါတယ်။ ထိုင်းအမျိုးသမီးတယောက်နဲ့ တောင်

မိတ်ဆွေဖြစ်ခဲ့သေးတယ်။ သူက Stuttgard မှာနေတယ်။ ပြန်ရောက်ရင် တွေ့ ကြ

ဖို့  လိပ်စာလဲခဲ့သေးတယ်။

လေယာဉ်ထဲမှာ ဘေးခုံမှာလူမရှိလို့  သက်သက်သာသာ ထိုင်လို့ ရတယ်။
တော်တော်လေးလည်းအိပ်လို့ ရတယ်။

အခုတော့ Bangkok Airport မှာ။ ဒီမှာ
မိုးအုံ့ နေပြီး (၃၂) ဒီဂရီရှိတယ်။ ဒါပေမဲ့

လေဆိပ်ထဲမှာတော့ Air Con. တွေကြောင့်
အေးနေတယ်။ ရန်ကုန်လေယာဉ် ကို (၅)နာရီ
စောင့်ရမှာ။


Duty Free ကနေ Thai Jasmine (Body Lotion)
ဝယ်ဖြစ်တယ်။ စပယ်ပန်း

နံ့ လေးကို ကြိုက်တာနဲ့ ပါ။ ဂျာမနီမှာ ရဖို့ မလွယ်ဘူး။
ဘာပဲဖြစ်ဖြစ် Post လေး

တခုတော့ရေးဖြစ်တာပေါ့။ ရန်ကုန်ရောက်မှ ဆက်ရေးတော့မယ်။

အချိန်တွေကကြာလိုက်တာ။ စောင့်နေရင်ပိုကြာတယ်နော်။ အနောက်မှာ ထိုင်နေတဲ့

မြန်မာတွေ ပြောနေတာ တွေ ကြားနေရတယ်။ ဂျာမနီမှာ မကြားရတဲ့ စကားသံလေးတွေ

စပြီးကြားနေရပြီ။

မကြာခင်မှာ ပြောချင်တာတွေ အားလုံး မစဉ်းစားပဲပြောလို့ ရတော့မှာ။

သူများတွေ ပြောတာတွေကိုလည်း အားလုံးနားလည် တော့မှာ....ပြောနေကျ၊ ကြားနေကြ

ခေါင်းစဉ်တွေ တော့ဟုတ်ချင်မှဟုတ်တော့မှာ။ ကျမပျော်နေတယ်။ စိတ်လည်းလှုပ်ရှားနေတယ်။

11 comments:

PAUK said...

မရှင်လေးနဲ့အတူ ရင်ခုန်သံမြန်နေတယ်..
မကြားရတာကြာပြီဖြစ်တ့
ဲံ မြန်မာစကားသံကြားရလို့..ဆိုလို့..
ဒီလိုဆိုတော့..ကျနော်တို့က တော်သေးတာပေါ့..

ဆက်ရေးနော်..

Yu Ya said...

အစ်မရေ...ဆက်ရန်ကို စောင့်နေပါတယ်နော်။

yu ya

လပြည့်ရိပ် said...

ကိုယ့်မြေနဲ့ပြန်နီးရမှာရော.. ကြားနေကျမဟုတ်တဲ့စကားသံတွေပြန်ကြားရမှာရော.. အတွက် အစ်မစိတ်လှုပ်ရှားနေခဲ့တယ်ဆိုတာ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာပြည်မှာ မိခင်နဲ့ပြန်တွေ့ရတာ အံမခန်းဝမ်းသာစရာပါ။
စကားမစပ် မေမေထည့်ပေးလိုက်တဲ့ စာအုပ်နှစ်အုပ်နဲ့ ဆေးတွေ အစ်မဆီကနေတဆင့် ခုလေးပဲရတယ်။ သယ်လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နှော်။ ဦးသောမတ်စ်ကိုရောနှုတ်ဆက်တယ်လို့ပြောပေးပါနှော်။ ဒါနဲ့ အစ်မဒူးနာတာပျောက်သွားပြီလား။

မဟာဆန် said...

အစ်မရေ အားကျလိုက်တာ..

လင်းကြယ်ဖြူ said...

အားလုံးအဆင်ပြေပြီး..ပျော်စရာခရီးလေးပဲပေါ့နော..
Enjoy!!!and Have Fun!!

rose of sharon said...

ဖတ်ရင်း အပျော်တွေ ကူးစက်သွားတယ်.... အိမ်ပြန်ချင်တယ်

meemee said...

ရှင်လေးရေ လာပြီပေါ့ အမြဲဖွင်ပြီးကြည့်တယ် သတိရတယ်

မမိုး said...

ရှင်လေးရေ ပြန်ရောက်ပြီလား။ သတိရနေတာ။
နားနားနေနေ နေလိုက်ဦး။ ပြီးမှ အတွေ့အကြုံတွေ ပိုစ့်အသစ်ရေးဦးနော်။

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Mr.Pu said...

မြန်မြန်ရေးပါ မရှင်လေး..
ရန်ကုန်အတွေ့အကြုံတွေ ဖတ်ချင်လွန်းလို့ စိတ်လှုပ်ရှားနေတယ်

khin oo may said...

ဖတ်ရင်းနဲ့သူ့အတွက်ပျော်မိတယ်။