Friday 11 September 2009

ရန်ကုန်နဲ့ ကျမ

လေဆိပ်ရောက်တာနဲ့  လ၀ကမှာ စာအုပ်ထပ်တာနဲ့ စပြီ။ လ၀က အရာရှိက
(ဘယ်ဘက်လက်မှာ န၀ရတ်လက်စွပ်ဝတ်ထားတယ်။)အားလုံးလည်းရေးပြီးသွားရော
ဘာလက်ဆောင်ပါ ပါသလဲဆိုပြီးမေးပါရော။ ကျမက ဘာမှ မဖြေတော့ လူဟောင်းတွေမို့ လုပ်ပေးတာ
လက်ဆောင်တော့ပေးရမှာပေါ့ လို့ ပြောပြီးကျမရဲ့ စာအုပ်ကို ဘေးမှာဖယ်ထားပြီး လက်ဆောင်
သာတောင်းနေပါရော။နောက်ဆုံးတော့ ကျမလည်း ဘာလက်တောင်မှ ပေးရန်မပါကြောင်း
ပါးစပ်နဲ့ ရောလက်ဟန်နဲ့ ပါ ပြတော့မှ စာအုပ်ကို ပြန်ပေးတယ်။ ကျမမြန်မာပြည်ပြန်ဖို့ 
လိုအပ်တဲ့စာရွက်စာတမ်းများ အားလုံးပါပါတယ်။ စာအုပ်ပြန်မပေးပဲ အကြတ်ကိုင်ပြီး
လက်ဆောာင် အတင်းတောင်းတာတော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲ။ ဒီခရီးလေးလာရဖို့ 
ခရီးစာရိတ်စခဲု့ရတာ။ သူစိမ်းတွေကြားမှာ လူပင်ပန်း စိတ်ပင်ပန်း ခံခဲ့်ရတာ ဪ…သူမသိလို့ 
များလားလို့ တွေး မိသေးတယ်။ ကျမမှာတော့ ဝေးနေတဲ့ မြန်မာပြည်ကို လွမ်းလိုက်ရတာ။
ခရီးဝေးကနေ (၂၃)နာရီကြာလောက် ခရီးနှင်ပြီး ရွှေနိုင်ငံလည်း ရောက်ရောတွေ့ 
့လိုက်ရပုံလေးက…..


ရောက်ရောက်ချင်းညတော့ အမေ့အိမ်မှာ အိပ်ဖြစ်တယ်။ မမြိုင်ချက်ထားတဲ့ ကန်ဇွန်းရွက်
ချဉ်ရည်ဟင်း၊ ပဲပင်ပေါက်နဲ့ ပဲပြားကြော်၊ ၀က်သားနဲ့ အာလူးဟင်း၊ ငပိရည်ဖျော်နဲ့ တို့ စရာစုံ
တို့ ကို အားရပါးရစားပစ်လိုက်တယ်။ ဆွေမျိုးတွေနဲ့ လေပစ်ကြတာပေါ့။ Thomas ကလည်းလှမ်း
ဖုန်းဆက်တယ်။ ညအိပ်တော့ အိပ်မပျော်ဘူး။ မနက်(၃)နာရီမှ အိပ်ပျော်သွားတယ်။

နောက်နေ့ ကျမတို့ တိုက်ခန်းကိုပြောင်းလာတယ်။ ပဲပဲ
တို့ မိသားစုလည်းပါတယ်။
အိမ်ရောက်တော့ဓါတ်လှေခါးကပျက်နေသတဲ့။ တခြားဘက်ကတက်ပြီး အမိုးပေါ်က
တဆင့် ကျမတို့ ဘက်ကို ကူးရတယ်။ ဘယ်တော့ပြန်ကောင်းမလဲမေးတော့ အစောင့်တွေ
ကရေရေရာရာ မဖြေနိုင်ဘူး။(မဖြေချင်တာနဲ့ တူပါရဲ့ )။ မီးအားတွေကျလို့ ပိတ်
ထားတာတဲ့။ တဖက်လှေခါးကနေ ပတ်ဆင်းပတ်တက်ပေါ့။ တော်ပါသေးရဲ့ လို့ 
ထင်လိုက်မိတယ်။ နောက်မှသိရတာက
ကျမတို့ ဘက်က Safeguard လောင်သွားတာတဲ့။
အိမ်ထဲရောက်လို့ ရေခဲသေတ္တာလည်းဖွင့်ရော Safeguard
ကအမြဲတမ်းမီးနီနေတယ်။ Air Con. ဆိုဝေးပါရော။
နောက်နေ့ တွေကျတော့ တဖက် ဓါတ်လှေကား
တောင်မီးအားမပြည့်လို့ ပိတ်ထားရတဲ့ အချိန်တွေရှိပြန်ရော။
ရေခဲသေတ္တာက တနေ့ လုံးသုံးလို့ 
မရဘူး။ည(၉)နာရီလောက်မှ စလည်တယ်။ ကျမလည်း Air Con. ရတဲ့ အချိန်ထိစောင့်ပြီး
အိပ်ရတယ်။ ကျမတို့ တိုက်မှာ ကိုယ်ပိုင် Transformer ရှိတော့ မီးအားမြှင့်စက်ဘယ်တော့မှ
မလိုအပ်ခဲ့ဘူး။ အခုတော့ မီးက ၂၄နာရီတော့လာ ပါရဲ့ ၊ မီးအားမပြည့်တော့ဘာမှသုံးလို့ မရဘူး။
အိမ်နားကသုံးနေကျ Internet ဆိုင်ရောက်တော့ မီးစက်မောင်းထားတာတွေ့ ရတယ်။ မီးလာ
ပေမဲ့ အားမပြည့်လို့ မီးစက်သုံနေရတာဆိုပဲ။ နောက်ရက်တွေကြတော့ မီးစက်မသုံးတော့ဘူး။ ဒါပေမဲ့
Internet ဆိုင်ထဲမှာ ချွေးပြန်နေလို့ email မြန်မြန်စစ်ပြီးပြန်ခဲ့တယ်။

နောက်နေ တွေ့တော့ မီးအားတွေကျလို့  တဖက် ဓါတ်လှေကားတောင် မမောင်းနိုင်ဘူး။
ဒီတော့ ကျမနေတဲ့(၉)ထပ်ကနေ ကိုယ့်ခြေတောက်ကိုယ်သုံးပြီး အတက်အဆင်း
(၄)ခါလုပ်လိုက်တာ ဒူးတွေတောင်နာနေပြီ။ တော်ပါသေးရဲ့  Thomas ပါမလာလို့ ။
ကျမကတော့မြန်မာပီပီအကောင်းဘက်ကကြိုးစားတွေးပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်လို့ 
့မှတ်ထားလိုက်ပါတယ်။ ဂျာမနီမှာဆိုရင် ပိုက်ဆံပေးပြီးတောင် လေ့ကျင့်ခန်းလုပ်ရသေးတာ။ ချွေထွက်အောင်
Sauna လည်းသွားစရာမလိုဘူးလေလို့ ။

မနေ့ က(၁၂.၈.၀၉) အိကျော်ရယ်၊မရင်နွဲ့ ရယ်လာလည်တယ်။ ငပိရည်ချိုနဲ့ ငပိတွေယူလာတယ်။
မုန့် လက်ကောက်ကြော်ရယ်၊ မုန့် ကြာစေ့ရယ်တောင်ပါလာသေးတယ်။
ညကြတော့ ကျမတို့ ဓါတ်လှေခါး တက်သံကြားတယ်။ ပြေးပြီးတံခါးဖွင့်ကြည့်တော့...
သူပြန်ကောင်းနေပါလား။ ကျမလေ တံခါးကိုခဏခဏဖွင့်ကြည့်မိတယ်။့ ဓါတ်လှေခါး မီးရောင်လေး
မြင်နေရတော့ပျော်လိုက်တာ။ မနက်မိုးလင်းလင်းချင်း ပြေးပြီးကြည့်တော့ ... မီးရောင်လေး
မရှိတော့ဘူး။ ကျမ တကယ် စိတ်ညစ်သွားတယ်။ မျှော်လင့်ချက်တွေကုန်သွားသလိုပဲ။
























ဒါနဲ့ ပဲရွှေတိဂုံဘုရားကို သွားတော့ ခြေတောက်နဲ့ ပဲဆင်းခဲ့ရတယ်။
ဘုရာမှာတောင် Thomas မှာလိုက်တဲ့ သာသနာ့ အလံဝယ်ခဲ့သေးတယ်။
အပြန်မှာတော့ အိမ်က ဓါတ်လှေခါး ကောင်းနေလို့ 
ဇိမ်လေးနဲ့ တက်ခဲ့ရတယ်။ ပျော်သွားတာပေါ့။
အစောင့်တွေကိုမေးကြည့်တော့ ပြန်ပြင်လိုက်တယ်တဲ့။
ဒါပေမဲ့ မီးအားကျတဲ့ မနက် (၉)နာရီလောက်ကနေ ညနေ (၅)နာရီခွဲ အထိတော့
မရဘူး။ဘာပဲဖြစ်ဖြစ် တော်ပါသေးရဲ့ ။ ကျမတနေ့ တာတက်ဖို့ ဆင်းဖို့  အချိန်စာရင်း
ဆွဲရအုံးမယ်ထင်တယ်။ မနက်ဆို နိုးနိုးချင်း (၅)နာရီလောက် ထပြီး ထမင်းအိုးတည်၊
ရေနွေးကြို၊ ဈေးသွား၊ ဟင်းချက်။ မီးအားမကျခင် တတ်နိုင်သလောက် ပြီးအောင်လုပ်
ရတယ်။ သူငယ်ချင်းတစ်ယောက်ကို ပြောပြမိတော့ သူက နင်စာရေးတတ်ရင် ရေးပေါ့တဲ့။
ငါတို့ ကတော့ နေတိုင်းကြုံနေရလို့ ရိုးနေပြီတဲ့။

ဒီနေ့ တော့ ငပိရည်ကြိုပြီး မျှစ်ပြုတ်၊ရုံးပတီသီးပြုတ်၊
မြင်းခွာရွက် တွေနဲ့ တို့ စရာလုပ်တယ်။
ငပိနဲ့ ဝေးနေတဲ့ သူငယ်ချင်းများအတွက် သတိရပြီးစား
လိုက်ပါတယ်။ နေ့ ခင်းကြတော့
သင်္ဂီရွှေဝါ ပိုးထည်ဆိုင်က ဒူးနားတစ်ထည်ဝယ်ခဲ့တယ်။
Thomas ရဲ့ လက်ဆောင်ပါ။
ကျမ ကပ်စီးနဲပြီးမ၀ယ်မှာစိုးးလို့  ပိုက်ဆံပါထည့်ပေးလိုက်တာ။
ညနေကြတော့ မရင်ရင်မြင့်နဲ့ မတိုးတို့ ရောက်လာတယ်။ ဆိတ်သားမုန့် နဲ့ Cheese မုန့် 
တွေဝယ်လာတယ်။
(၁၄.၀၈.၀၉) ဒီနေ့ မကျီးသီးထောင်းချက်၊ ကြောင်လျှာသီးကြော်၊ ပဲကြီးနှပ်နဲ့ ငါးနှပ်ဟင်း
သရက်သီးမှဲ့ လည်းဝယ်စားတယ်။ ပုဇွန်တောင်ဈေး ဘက်လည်းရောက်တယ်။
ဈေးရှေ့ သဲသဲ စာအုပ်ဆိုင်က စိုင်းထီးဆိုင် တေးပေါင်းချုပ် ရယ်၊ (မချိုသင်းကိုတောင်သတိရမိနေတယ်။)
ဟင်းချက်နည်းစာအုပ်
ရယ်ဝယ်လာတယ်။ အိမ်ရောက်တော့ ကိုသန့် ဇင် လာသွားတယ်တဲ့။ မတွေလိုက်ရဘူး။သူ့ ခမျာ (၉)ထပ်ကြီးတောင်တက်လာရတာ။ ညဘက်ကြတော့ အမေနဲ့ ခင်မောင်တိုး သီချင်းတွေနားထောင်
ကြတယ်။

မနေ့ က (၁၉.၀၈.၀၉) အမေရယ်၊ အမေနဲ့ အတူနေတဲ့ ညီမလေးတွေရယ်၊ကျမရယ်
ရွှေတိဂုံဘုရားကိုသွားကြတယ်။ အမေလည်းဘုရားမရောက်တာ တစ်နှစ်လောက်
ရှိပြီပေါ့။ အမေပျော်နေတာမြင်ရတော့ ၀မ်းသာရတယ်။ အခုတလော နေပူတော့















ဟိုနားဒီနားလမ်းလျှောက်ဖြစ်တယ်။
ကျမလည်း လျှပ်စစ်မီးရယ်၊ အိမ်က ဓါတ်လှေခါး အချိန်ရယ် ကို ချိန်ပြီးလုပ်တတ်လာပြီ။

ဒီတပတ်ကတော့ နောက်ဆုံးအပတ်ပေါ့။ ၂၉.၀၈.၀၉ စနေနေ့ မှာ မယုနဲ့ ကိုစိုမိုးဦး အိမ်
လာလည်တယ်။ ဒန်ပေါက်တွေဝယ်လာပြီးအိမ်မှာ စားကြတယ်။ စကားတွေလည်း အများ
ကြီးပြောကြတယ်။ ၃၀.၀၈.၀၉ ရောက်တော့ မီအောင်နဲ့  သက်နှင်းအေးတို့ လာလည်ကြတယ်။
ပဲပဲတို့ လည်းလာတယ်။ ငါးဟင်းတွေချက်ယူလာတယ်။ကောင်းလိုက်တာ။
လုလုနဲ့ တွေ့ တယ်။ မလု။သန္တာ၊သဇင်၊ တို့ နဲ့ သိရတယ်။ သပြေဆေးခန်းကိုရောက်တယ်။
မြန်မာအနှိပ်ခံကြတယ်။ အပြန်မှာ ထီထိုးကြတယ်။ မပေါက်ဘူး….
ပျော်စရာနေ့ လေးပါ။ဒီနေ့ ထူးထူးခြားခြား မီးလည်းမှန်တယ်။ ဓါတ်လှေခါးလည်းရတယ်။

တနေ့ မရင်ရင်မြင့်တို့ နဲ့ ကြက်ဆီထမင်း ချက်စားရင်းလေပြစ်ကြတယ်။ ပျော်စရာကောင်း
တဲ့နေ့ လေးပါ။


ရန်ကုန်ကပြန်တော့ TG ကကျမရဲ့ permanent stay Permit ကို မယုံပြန်ဘူး။
End date မပါလို့ တဲ့။ permanent stay Permit မှာ ဘယ်လိုလုပ် End Date
ပါမှာလဲ။ ကျမလည်းပါလာသမျှ ဘာသာပြန်ထားတာတွေ၊ တခြားစာရွက်စာတမ်းတွေ ပြလည်း
မလွှတ်ပြန်ဘူး။မန်နေဂျာနဲ့ တွေ့ ရမယ်ဆိုလို့ စောင့်ရသေးတယ်။ မန်နေဂျာလာတော့
စာရွက်စာတမ်းတွေ ထပ်ပြန်ပြ...နောက်ဆုံးမှ...OK တဲ့။။ ဟူး...မလွယ်ပါလားနော်။


အခုတော့အပြန်ခရီး ဘန်ကောက်ကိုရောက်နေပြီ။ အမေ့ကို တစ်ယောက်ထဲထားခဲ့ ရတာ
စိတ်မကောင်းဘူး။ အမေက ဒီနှစ် မေ့တတ်လာပြီ။ ဒီတခေါက်သူ့ ကိုလေဆိပ်ကိုလိုက်မပို့ ခိုင်းဘူး။
လေဆိပ်ကနေ အိမ်ကိုတော့ဖုန်း၂ခါဆက်လိုက်တယ်။ အမေ ငိုနေတာ သိလိုက်တယ်။
ကျမဒီတခေါက် ၄ ပတ် ထဲဆိုတော့ သူ့ အနေနဲ့ ခဏလေးလိုပဲပေါ့။ ဒါကြောင့်လည်း ရသမျှ
အချိန်လေးမှာသူ့  အနားမှာကျမနေပေးခဲ့ ပါတယ်။ ကျမရန်ကုန်ကိုလာတာ သူ့ အတွက်ပဲ
မဟုတ်လားနော်။
ကျမ ရန်ကုန်မှာ ဘယ်မှ မရောက်ခဲ့ဘူး။ မြေနီကုန်း၊ လှည်းတန်း။ ရွှေတိဂုံ၊ ဗိုလ်ချုပ်ဈေး၊
ပန်းဆိုးတန်း၊ ပုဇွန်တောင်က ဆရာတစ်ယောက်ဆီ...ကြည့်မြင်တိုင် ကသူငယ်ချင်းဆီ...
အဲ့ဒီနေရာတွေပဲရောက်ခဲ့တယ်။ု
ရသမျှအချိန်တွေမှာ အမေ့နားမှာနေပြီး သူကြိုက်တာလေးတွေချက်ကျွေး၊ စားချင်တာလေးတွေ
ဝယ်ကျွေး ရင်းနဲ့ အချိန်ကုန်ခဲ့တယ်။ သူ့ နဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။
အမေ့ကို ကြည့်ပြီး ဇရာဆိုတာ ကျမလည်း တနေ့ ကြုံရမှာပဲလို့ အတွေးဝင်မိတယ်။

ရန်ကုန်ကလည်းအရင်လို ပျော်စရာမကောင်းတော့ဘူး။ လူတွေလည်းမပျော်ကြဘူး။ ဈေးတွေကကြီးတယ်။ ပိုက်ဆံတောင်းတဲ့လူတွေများလာတယ်။ အဲ့ဒီထဲမှာ လူကြီးတွေပိုများလာတာ
တွေ့ ရလို့ စိတ်မကောင်းဘူး။ လူတွေရဲ့ ညီးသံတွေပိုကြားလာရတယ်။ လူငယ်တွေ တိုးတက်
မှုကိုရှာနေကြတယ်။
အမေ့နားမှာနေရတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ တွေရတဲ့အချိန်၊ စားချင်တာလေးတွေ
စားရတဲ့အချိန်၊ မြန်မာစကားသံတွေကြားနေရတဲ့အချိန် ဒီအချိန်တွေကိုတော့
ကျမဘယ်တော့မှ မမေ့ပါဘူး။
ကျမရန်ကုန်မှာရှိနေစဉ်အတွင်းမှာ အကူအညီပေးကြတဲ့ မိတ်ဆွေ၊သူငယ်ချင်းများ၊
ဆွေမျိုးများနဲ့  မအားတဲ့ကြားက အချိန်ယူပြီးကျမကိုလာတွေ့ ကြတဲ့ သူငယ်ချင်းများအား
အထူးကျေးဇူးတင်ပါတယ်။
ဪ... ကျမစိတ်ကူးထဲက ရန်ကုန်ကတော့လှနေတုန်းပါပဲ။
ကျမလည်း နောက်တကြိမ် ပြန်ရောက်မယ့် အချိန်ကို စောင့်မျှော်နေပါတယ်။

11 comments:

PAUK said...

မရှင်လေးရေ..
ရင်လည်းမော..(လေဆိပ်မှာကြုံတာကိုပြောတာပါ..)
ပျော်စရာလဲ ကောင်းး..
စားချင်စရာလဲ ကောင်း..
မရှင်လေးရဲ့အမေ့ကိုလဲ သနား..
ကျနော်လဲ တူတူပဲ..
ပြန်ရင် မေမြို့မှာပဲနေတယ်..ဘယ်မှ မလည်ဖြစ်ပါဘူး..
ချိတ်ထမီ ဒူးနားဆိုတာ ဘယ်လိုပုံစံလေးလဲ ..
ပေးပြပါအုန်း..
အတော်ဈေးကြီးမှာနော်..

Yu Ya said...

အစ်မရေ...ငပိရေနဲ့ တို့စရာလေးတွေက သရေကျစရာဗျာ။

ရန်ကုန်..ရန်ကုန် ... မင်းအရင်လို မဟုတ်တော့ဘူး.. အဟီး.။

yu ya

Shinlay said...

ပေါက်နဲ့ Yu Ya ရေ လာဖတ်တာကျေးဇူးတင်ပါတယ်။
အခုတော့ အဝေးကပဲ လွမ်းနေရတယ်။

Mr.Pu said...

ရန်ကုန်ကလည်းအရင်လို ပျော်စရာမကောင်းတော့ဘူး။ လူတွေလည်းမပျော်ကြဘူး။ ဈေးတွေကကြီးတယ်။ ပိုက်ဆံတောင်းတဲ့လူတွေများလာတယ်။ အဲ့ဒီထဲမှာ လူကြီးတွေပိုများလာတာ
တွေ့ ရလို့ စိတ်မကောင်းဘူး။ လူတွေရဲ့ ညီးသံတွေပိုကြားလာရတယ်။ လူငယ်တွေ တိုးတက်
မှုကိုရှာနေကြတယ်။
အဲဒါတွေအားလုံး မှန်ပါတယ်။ ပြီးတော့ ပိုလည်း ညစ်ပတ်လာတယ်။

kiki said...

ရန်တွေပုံနေတဲ့ ရန်ကုန်ကို ပြန်တော့ပြန်ချင်ပါတယ်
မိဘ ဆွေမျိုး တွေနဲ့ တွေ့ ချင်လို့ သာ ပြန်ကြတဲ့ သူတွေချည်းပါလား နော် ..

ကြာလေ အမှိုက်ပုံ နဲ့ တူလေ လို့ အင်တာနက်သတင်းတွေ ဖတ်ရင်းသိရတာ ။ စိတ်မကောင်းဖြစ်မိတယ် ။

နေပြည်တော်ဆိုတာကြီးမှာတော့ လမ်းဘေးက သစ်ပင်တွေပေါ်မှာတောင် မီးတွေထိန်လင်းနေတာ ဘဲတဲ့လေ ။
ဘယ်သူတွေ ဘယ်လို လုပ်လို့  ဘာတွေဖြစ်ဆိုတာ သိရဲ့ နဲ့ အားမတန် မာန်လျှော့နေကြရတဲ့ ပြည်သူတွေ အမြန်ဆုံး အေးချမ်း ပျော်ရွှင် နေနိုင်ကြပါစေ .

ခင်မင်စွာဖြင့်
ကိကိ

မမိုး said...

ရှင်လေးရေ.. အမေ့အကြောင်းဖတ်ပြီး ဒို့လဲ တယောက်ထဲကျန်ခဲ့တဲ့ အမေကိုလွမ်းမိတယ်။
အမေကဖုန်းထဲမှာ အမြဲပြောတယ် အရင်လိုပျော်စရာသိပ်မကောင်းတော့တဲ့ အကြောင်းပေါ့။ ခရီးစရိတ်ကြောင့် ပြန်ဖို့စဉ်းစားနေတာ၊ ဘာပဲဖြစ်ဖြစ် ပြန်တော့ပြန်ချင်သေးတယ်။ရှင်လေး နားနားနေနေ ဖြစ်တဲ့အခါကျရင် စကားလေးဘာလေးပြောကြရအောင်နော်။

rose of sharon said...

ရှင်လေးရေ.... ရန်ကုန်ခရီးစဉ်လေးဖတ်ပြီး လွမ်းသွားတယ်.... ရန်ကုန်မှာနေပျော်ခဲ့စဉ်က အချိန်တွေကို တမ်းတမိတယ်... ပြန်မရနိုင်တော့ဘူး

Shinlay said...

Pu, Kiki မမိုးနဲ့ rose ပြန်ရောက်တော့လည်း အလုပ်တွေကများသား။ ဒီရောက်တော့ မြန်မာမျက်နှာ
လေးတွေကို လွမ်းသလိုပဲ။ အပြုံးမဲ့ပြီး သုပ်သီးသုပ်ပြာနဲ့ 
မျက်နှာတွေ ပြန်မြင်ရတော့လေ။

ThuHninSee said...

ဓါတ်ပုံထဲက ပန်းရောင်နဲ့က အစ်မအမေလားဟင်..ချစ်စရာရိုးရိုးကြီးနော်။
သူလဲ သမီးနဲ့ခွဲနေရတာ..လွမ်းရှာမှာပဲ။

amk said...

အဲဒီ သူတောင်းစားတွေက အဲလိုပဲ စိတ်ပျက်ဘို့  ကောင်းတယ် အဲဒါတွေကြားရ ၇င် အိမ်ပြန်ချင်တဲ့ စိတ်တောင်ကုန်တယ်

Shinlay said...

ဟုတ်ပါတယ်။ သူလဲလွမ်းနေမှာပါ။
amk ရေ စိတ်ကုန်ပေမဲ့လည်း အိမ်တော့ အချိန်တန်ရင်ပြန်ချင်သား။