Wednesday 30 September 2009

ဂျာမန် ကျန်းမာရေး စနစ် အကြောင်း

ဂျာမနီနိုင်ငံရဲ့  ကျန်းမာရေးလောကရဲ့ အကြောင်းလေးပါ။ ဒီလောကထဲမှာကျင်လည်
နေတဲ့ ကျမရဲ့  အတွေ့ အကြုံလေးတွေကို နားလည်မိသလို ရေးပြခြင်းပါ။

ဒီမှာလူတိုင်းကျန်းမာရေး အာမခံ ထားဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး အာမခံမှာလည်း
အစိုးရ ထောက်ပံ့ထားတဲ့ ကျန်းမာရေးအာမခံ ကုမ္ပဏီတွေနဲ့ ၊ ပုဂ္ဂလိက ကျန်းမာရေး
အာမခံ ကုမ္ပဏီတွေ ဆိုပြီးနှစ်မျိုးရှိပါတယ်။ လစာ တစ်လ Brutto (၃၆၇၅ ယူရို)
အထိ ၀င်တဲ့ အလုပ် သမားတွေကတော့ အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ
မှာ ထားကြရပါတယ်။ (about 85% of population).
အလုပ်မရှိတဲ့ မှီခိုသူ အိမ်ထောင်ဖက် နဲ့ ကလေး ( ၂၅ နှစ်အထိ လုပ်မရှိ သေးတဲ့ကလေး)
တွေလည်း မိသားစု ကျန်းမာရေး အာမခံ အလိုလို ရပါတယ်။ သူတို့ တွေအတွက် သီးခြား
ထပ်ဝယ်ဖို့ မလိုပါဘူး။

တစ်လ Brutto လစာဝင်ငွေ (၃၆၇၅ ယူရို) အထက် ၀င်ငွေရှိတဲ့နိုင်ငံဝန်ထမ်းတွေ၊
ကျောင်းဆရာတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ၊ ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေနဲ့ 
ဒီမှာခဏလာနေတဲ့  Tourist နဲ့  နိုင်ငံခြားကျောင်းသားတွေ ကတော့ ပုဂ္ဂလိက
အာမခံ ကုမ္ပဏီတွေ မှာ ထားကြပါတယ်။

အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ မှာ ကျန်းမာရေးအာမခံထားရင်
အလုပ်ရဲ့ လစာထဲက (၁၄.၉%) ဖြတ်ပါတယ်။ အဲ့ဒီ (၁၄.၉%)မှာ အလုပ်သမားက
(၇.၄၅%) နဲ့  အလုပ်ရှင်က (၇.၄၅%) သွင်းရတာပါ။
ပင်စင်သမားတွေ ကိုတော့ ပင်စင်အာမခံ ကုမ္ပဏီက တ၀က်သွင်းပေးပါတယ်။
အလုပ်လက်မဲ့တွေကို အလုပ်သမားရုံးက သွင်းပေးပြီး၊ အစိုးရထောက်ပံ့လိုအပ်နေတဲ့
သူတွေကိုတော့ လူမှုဝင်ထမ်းဋ္ဌာနက သွင်းပေးပါတယ်။
အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ မှာ ကျန်းမာရေးအာမခံထားရင်
တော့အစိုးရ သတ်မှတ်ထားတဲ့ ၀န်ဆောင်မှု၊ကုသမှုတွေပဲရပါတယ်။ ဒါတွေကလည်း
ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ ကုသမှု၊၀န်ဆောင်မှုတွေပါ။

ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကတော့ရှင်းပါတယ်။ အသက်အရွယ်ပေါ်၊
ကျန်းမာရေးအနေအထားပေါ်မူတည်ပါတယ်။ ကလေးတွေနဲ့  မှီခိုသူတွေအတွက်
သီးခြား ထပ်ဝယ်ရပါတယ်။ ကုသမှု၊၀န်ဆောင်မှု တွေကလည်း မိမိဝယ်ထားတဲ့
အတိုင်းအတာပေါ်မှာ ကွာသွားပါတယ်။ ဥပမာ တချို့  ဒီမှာခဏနေတဲ့သူ တွေနဲ့ ၊
နိုင်ငံခြားကျောင်းသားတချို့ ဆိုရင် ဒီမှာလောလောဆယ်ဖြစ်တဲ့ ရောဂါပဲ ကုလို့ ရပါတယ်။
Prevention နဲ့ ပတ်သက်တာမျိုး လုပ်လို့ မရပါဘူး ။ ကုမ္ပဏီက သတ်မှတ်ထားတဲ့
ကုသမှု၊၀န်ဆောင်မှုတွေ ပဲ ကုလို့ ရပါတယ်။ အဲ့ ဒီတော့ မိမိကုမ္ပဏီက ဘယ်လို
ကုသမှု၊၀န်ဆောင်မှုတွေ ပေးတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။

ကိုယ်မှာ ကျန်းမာရေးအာမခံရှိပြီဆိုတော့ ဆရာဝန်ရှာရတော့မှာပေါ့။ ဒီကပုံစံက
မိသားစုဆရာဝန်ကို အခြေခံထားတဲ့စနစ်ပါ။ လူတိုင်းမှာ မိသားစုဆရာဝန်ရှိကြပါတယ်။
မိမိစိတ်ကြိုက် ဆရာဝန်ကို ရွေးလို့ ရသလို၊ မကြိုက်ရင်လည်းပြောင်းလို့ ရပါတယ်။
နေမကောင်းဖြစ်ရင် မိမိရဲ့ မိသားစုဆရာဝန်ဆီကို ပထမ သွားရပါတယ်။ သူ့ ဆီမှာ
၃လ တစ်ကြိမ် ( every Quarter) 10Euro ကို မိမိရဲ့  Insurance Co. အတွက်
ပေးရပါတယ်။ ဒါကတော့ မိမိရဲ့ own contribution အနေနဲ့ ပါ။ ဆေးခန်းက
ဖြတ်ပိုင်းလေးပေးပါတယ်။ ဆေးခန်းသွားတိုင်းတော့ Insurance card ယူသွား
ရပါမယ်။ မိမိရဲ့ ဆရာဝန်က လိုအပ်ရင် သက်ဆိုင်ရာ အထူးကုတွေဆီ transfer
လုပ်ပေးပါတယ်။ အဲ့ဒီအတွက် transfer Formula ရေးပေးပါတယ်။ လူနာက ကိုယ်ကြိုက်တဲ့
အထူးကုဆရာဝန်ကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ အဲ့ဒီဆရာဝန်အတွက်
ရက်ချိန်းယူပြီး သွားတဲ့အခါ Insurance Card နဲ့  Transfer Formula လေး
ယူသွားရင် 10Euro ထပ်မပေးရတော့ပါဘူး။ Transfer Formula မပါပဲသွားရင်တော့
10Euro ထပ်ပေးရမှာပါ။ Insurance Card ကတော့ ဆေးခန်းသွားတိုင်းယူသွား
ရမှာပါ။သွားဆရာဝန်အတွက်တော့ သီးသန့်  10 Euro ထပ်ပေးရပါတယ်။
ပုဂ္ဂလိက အာမခံ ထားသူတွေ ကတော့ 10 Euro ပေးစရာမလို သလို၊ သူတို့ 
သွားချင်တဲ့ ဆရာဝန်ဆီသွားလို့ ရပါတယ်။ ပိုပြီးလွတ်လပ်တာပေါ့လေ။

နောက်ဆက်ရေးမဲ့အကြောင်းတွေ ကတော့ ဆရာဝန်တွေ အကြောင်း၊လူနာတွေ
အကြောင်းနဲ့  ကုသမှုတွေအကြောင်း စတာတွေပါ။
ဆက်ရန်.....

5 comments:

Ko toot said...

Inn, i know only "shai zel" from German words. ( i dunt know the meaning, but they use frequently )
Thanks for yr knowledge sharing.

Me said...

အစ်မရေ သွေးဖေါက်တဲ့ အကြောင်းလေးတွေ မျှော်နေမယ်.......

Vista said...

စိတ်ဝင်စားစရာ

မြစ်ချေသူ said...

မရှင်လေးရေ သိချင်နေတဲ့အကြောင်းလေးကို တိုက်တိုက် ဆိုင်ဆိုင်ဖတ်လိုက်ရတာ ကျေးဇူးတင်လိုက်တာ...

ဆက်ရေးပါနော်အစ်မ

Shinlay said...

ကိုတွတ်ရေ အဲ့ဒီစကားကတော့ ကောင်းမွန်ယဉ်ကျေးတဲ့
စကားမဟုတ်ပါဘူး။ ဂျာမန်လို Scheiße. အင်္ဂံလိပ်
လိုတော့ Shit လို့ အဓိပ္ပါယ်ရပါတယ်။
လူရှေ့ မှာပြောလို့ ကောင်းတဲ့စကားဖြစ်ပေမဲ့ တချို့ 
ကတော့ တွင်တွင်သုံးရတာ အကျင့်ပါနေရှာလေရဲ့ 

မိုးစက်ရေ.. နောက်ပိုင်းလာမယ်လေ...မျှော်။။။။။။။

Vista ရေ ကျေးဇူးနော်။

မြစ်ခြေကညီမလေး သိချင်တာလေး ရေးပေးမိလို့ 
ဝမ်းသာရပါတယ်။