Sunday 4 October 2009

လူနာများနဲ့ ကျန်းမာရေးလောက

လူနာတွေက ဂျာမန်ကျန်းမာရေးစနစ်အပေါ်ထားတဲ့ သဘောထားလေးတွေနဲ့ 

သူတို့ ရဲ့ ခံစားမှုလေးတွေပါ။ ကျမကြားသိသမျှလေးတွေကိုပြောပြမှာပါ။

အားလုံးနဲ့ တော့ အကျုံးဝင်မှာမဟုတ်ပါဘူး။

၂၀၀၄ ခုမတိုင်ခင်ကတော့ အစိုးရထောက်ပံ့ထားတဲ့ အာမခံကုမ္ပဏီတွေမှာ

အာမခံထားတဲ့သူတွေဟာ ဆေးခန်းသွားရင် 10 € လည်းမပေးရ သလို၊

ဆေးဝယ်ရင်လည်း 5€-10€ မပေးရပါဘူး။ ဆေးခန်းတွေ၊ အထူးကုတွေဆီ

ကိုလည်း သွားချင်သလို သွားလို့ ရကြပါတယ်။ သူတို့ တွေအတွက် အဲ့ဒီအချိန်တွေဟာ

ကောင်းဆုံးဝန်ဆောင်မှုတွေ၊ကုသမှုတွေရခဲ့တဲ့ အချိန်ပေါ့။

လူနာတွေအတွက်လည်းကောင်းခဲ့သလို၊ ဆရာဝန်တွေအတွက်လည်း လွတ်လွတ်

လပ်လပ်ကုသပေးလို့ ရခဲ့ပါတယ်။ရရှိတဲ့ကုသမှုဘောင်ကလည်း တော်တော်လေးကျယ်

ပြန့် ပါတယ်။

၂၀၀၄ ခုနောက်ပိုင်းရောက်တော့ ကန့် သတ်မှုတွေ၊ ထည့်ဝင်မှုတွေ တဖြေးဖြေး

များလာတယ်။ ဒီတော့အရင်က အသားကျလာတဲ့ အကျင့်တွေ ပြောင်းလာရတယ်။

ကျမကြုံရသလောက်တော့ ဂျာမန်တွေဟာ အလွန် ဆေးခန်းသွားကြပါတယ်။

သူတို့ တွေဟာ ရောဂါ ကိုကြောက်ကြတယ်။ ရောဂါတခုခုဖြစ်တော့မလားဆိုတဲ့

အတွေးတွေ အမြဲရှိတတ်တယ်။နှာစေး၊ချောင်းဆိုး၊ ခေါင်းကိုက်တာလောက်လည်း

ဆေးခန်းကိုလာကြတာပဲ။ အခုဆို ဒီလို နှာစေး၊ချောင်းဆိုး ရောဂါတွေအတွက်

ဆေးကို ဆေးဆိုင်တွေမှာ ဆေးလက်မှတ်မလိုပဲဝယ်လို့ ရနေပေမဲ့ သူတို့ က

ဆေးခန်းလာပြီး ဆရာဝန်နဲ့ တွေ့ ရမှကျေနပ်ကြတယ်။ ဒါကလည်း ငယ်ငယ်

ကတည်းကစွဲလာတဲ့ အကျင့်တစ်ခုနေမှာပါ။ ဆေးခန်းကို သွားချင်သလိုသွားလို့ 

ရခဲ့ပြီး၊ ပိုက်ဆံလည်းမပေးရတော့ ဒီအကျင့်တွေက မွေးရာပါလိုဖြစ်နေပြီ။

ဆေးခန်းမှာ တနေ့ လာတဲ့လူနာရဲ့ ၄၀%ဟာ ဒီလို နှာစေးချောင်းဆိုးလောက်နဲ့ 

ရောက်လာကြတာပါ။ မိုးရွာတဲ့နေ့ ၊နှင်းကျတဲ့နေ့ တွေဆို လူနာတွေပိုများတယ်။

စနေ၊တနင်္ဂနွေနေ့ မျိုး ရာသီဥတုဆိုးရင် တော့ တနင်္လာနေ့ မှာ ဆေးခန်းက

လူတွေအလုပ်များတော့တာပဲ။ တယ်လီဖုန်းကတဂွမ်ဂွမ်နဲ့  ကြာလာတော့

နားတောင်ရောင်လာပြီလားလို့ ထင်ရတယ်။ ဆေးခန်းမှာတနေ့ လုံးနားချိန်

မရအောင် အလုပ်များကြရတယ်။ ဒီမှာဆေးခန်းတိုင်းလိုလိုလူပြည့်နေတာပဲ။

လူတွေဟာ ဒီအတွက်လည်းတော်တော်လေးအချိန်ပေးကြတယ်။

တချို့ ကြတော့ စကားပြောဖော်မရှိလို့ ဆေးခန်းလာပြီးစကားပြောကြတာလည်း

ရှိသေးတယ်။ မြို့ ပေါ်မှာ သိပ်မရှိပေမဲ့ နယ်ဘက်တွေမှာ ဒီလိုလူနာမျိုးတွေ တွေ့ 

ရတတ်တယ်။

ဒီလိုဆေးခန်းခဏခဏလာတတ်တဲ့လူနာတွေဟာ ဆရာဝန်ကို စိတ်ကြိုက် ကုလို့ 

မရတော့တဲ့အခါ အခက်ကြုံလာတာပေါ့။ ဆရာဝန်ကလည်း Insurance က

ပေးထားတဲ့ ဘောင်ကျဉ်းလာတော့ လူနာတွေကို သိပ်အချိန်မပေးချင်

ကြတော့ဘူး။ သူတို့ ကိုပိုက်ဆံများများပေးမဲ့ ပုဂ္ဂလိက အာမခံထားတဲ့ လူနာတွေ

နဲ့  ကိုယ့်ပိုက်ဆံကိုယ်ရှင်းတဲ့လူနာတွေကိုပဲ အချိန်ပေးလာကြတယ်။ ဒီတော့

သာမန်လူနာတွေ အတွက်ဘ၀င်မကျစရာတွေဖြစ်လာတာပေါ့။

University Köln ကလေ့လာချက်အရဆိုရင် အထူးကုဆရာဝန်တယောက်ဆီမှာ

ရက်ချိန်းယူရင် Private နဲ့ သာမန် Insurance ရှိသူတွေ ရဲ့ ကွာခြားချက်ကို ဖေါ်

ပြထားပါတယ်။့ သာမန် Insurance ရှိသူ တယောက် အတွက် Endoskopie

လုပ်ဖို့  ရက်ချိန်းဟာ ပျမ်းမျှအားဖြင့် ၃၆.၇ ပတ်ဖြစ်ပြီး၊ Private Insurance ရှိသူ

တွေအတွက်ကတော့ ၁၁.၉ ပတ်ပဲ ကြာပါတယ်။

လူနာတွေ ကလည်း ငါတို့ လစဉ်ပိုက်ဆံပေးနေရတာဆိုပြီး သူတို့ ရသမျှ

အခွင့်အရေးကို ရသလိုယူကြတာပါပဲ။ Insurance ကုမ္ပဏီတွေ က ကန့် သတ်

ချက်တွေလုပ်နေတာတောင် ရသမျှနည်းတွေနဲ့ ကြိုးစားကြတယ်။ ဥပမာ

နှာစေး၊ချောင်းဆိုး ရောဂါတွေအတွက် ဆေးတွေကို ၁၂နှစ်အောက်ကလေးတွေ

အတွက် ဆေးစာနဲ့ ဝယ်ရင် အလကားရပါတယ်။ ဒီတော့ ကလေးငယ်ရှိတဲ့

လူတွေက အဲ့ဒီဆေးတွေ လူကြီးတွေအတွက် လိုရင် ကလေးနံမယ်နဲ့ 

ဆေးစာရေးခိုင်းတာမျိုးတွေပေါ့။

အခွင့်အရေးယူတတ်တဲ့ လူတချို့ ကြောင့် Insurance ကုမ္ပဏီ တွေက ကန့် သတ်

မှုတွေ လုပ်လာတာပေါ့။တွေးမိတာက စနစ်ကကောင်းလွန်းတော့လည်း လူတွေကို

ပျက်ဆီးစေသလားလို့ ပါ။

4 comments:

meemee said...

မရှင်လေး၊ကျမတို့ဆေးခန်းမှာအချိန်ကုန်သွားတာပဲ၊ဥနောက်နဲ့အာရုံကြော ဌာနဆေးခန်းမှာလေးနာရီကြာတယ်စုစုပေါင်းဆေးခန်းသုံးခုနဲ့ဆေးရုတစ်ခု၊အကြောဖြေဆေး ခြောက်ခါသွားရတယ်,Septemberလကုန် October လဆန်းဆိုတော့် 10 Euro နှစ်ခါပေးရတယ် Insurance နှစ်မျိုး international Insurance and SBK Insurance ဆိုတော့နောက်ဆုံးမှခေါ်ပါတယ်, ကျမရဲ့ ein bisschen Deutsch နဲ့ဟုတ်သွားတယ် ကျမမျက်စိပြချင်တာဆေးခန်းမသွားချင်တော့်ပူး

မမိုး said...

စကားပြောဖော်မရှိလို့ ဆေးခန်းသွားတဲ့ လူရှိတယ်ဆိုလို့ ပြုံးမိတယ်။ စနစ်ကောင်းတွေက ယုံကြည်ချက်ခိုင်ခိုင်မာမာမရှိသူမျိုး၊ အခွင့်အရေးသမားမျိုးအတွက်
တော့ အဆင်းဘီးတပ်ပေးသလိုပဲလို့ တို့လဲ ထင်မိတယ်။

meemee said...

shinlay..I just want to share some experience in New York Long island hospital,Last year my husband was broken his arm by accident(In Sunday with friends playing in the park).His friend sent him to hospital.He had to wait there near 3 hours too.But his friends told him,he is lucky man had to wait only 3 hours.Some are waiting 4/5 hours in emergency room.???That is USA.
hahaha...May be only one thing the same like our country.

Shinlay said...

မီးမီး နဲ့ မမိုး လာလည်ပြီး အတွေ့ အကြုံလေးတွေ
ဝေမျှသွားတာ ကျေးဇူးတင်ပါတယ်။
မီးရေ..မျက်စိဆေးခန်းဆိုရင်တော့ ရက်ချိန်းရဖို့တော်တော် ကြာမယ်။ Oct မှာ 10€ ပေးထားတော့
တန်အောင် ဆက်သာပြလိုက်ပေါ့။။။။။