Tuesday 6 October 2009

ဂျာမန် ၀က်အူချောင်းများ

ဂျာမနီမှာ ကျမအကြိုက်တွေ့ မိတာတွေထဲက တစ်ခုကတော့ ဂျာမန်
ဝက်အူချောင်းတွေပါ။ ဒီမှာ ၀က်အူချောင်းတွေကို ၀က်သားတစ်မျိုးတည်း
ကလုပ်တာမဟုတ်ပဲ၊ အမဲသား၊ ကြက်၊ကြက်ဆင်သားများအပြင် သက်သတ်
လွတ်အတွက် တို့ ဟူး(ပဲပြား) တို့ နဲ့ ပါလုပ်ကြပါတယ်။

ဂျာမနီမှာ ၀က်အူချောင်း အမျိုးအစားပေါင်း များစွာရှိပါတယ်။

ဒါတွေကတော့ Brühwurst လို့ ခေါ်တဲ့အမျိုးအစားတွေပါ။ သူတို့ ကိုပါးပါး

အလွှာလေးတွေ လွှာပြီးရောင်းပါတယ်။ပေါင်မုန့် နဲ့ ညှပ်စားတာပေါ့။

အဲ့ဒီအထဲမှာ Lyoner, Leberkäseနဲ့  Wiener ကိုတော့ ကျမပိုကြိုက်ပါတယ်။

ဒါတွေကတော့ Bratwurst နဲ့ Bockwurst တွေပါ။

Grill လုပ်စားကြ၊ ကြော်စားကြ၊ ပြုတ်စားကြပါတယ်။




ဒီအမျိုးအစား( Deftige wurst)တွေထဲမှာတော့

Bauernwurst -Rindswurst - Salami -

Schwartenmagen - Leberwurst -(Thüringer) Blutwurst စတာ

တွေပါပါတယ်။ သူတို့ ကတော့ strong Taste တွေပါ။

အဆီပါဝင်မှုများတာပေါ့။


ဒီမှာ ၀က်အူချောင်းတွေကို နည်းအမျိုးမျိုးနဲ့ စားကြပါတယ်။

ဒါက ၀က်အူချောင်း နဲ့ Linsen ပဲ၊အာလူး၊ဥနီရောပြုတ်ထားတဲ့

ဟင်းချိုပါ။ ခပ်လွယ်လွယ်နဲ့ အရာသာရှိတဲ့ဟင်းတစ်ခွက်ပါ။






ဒီလိုလည်းကင်စားကြတယ်။





ဒါက Curry Wurst.
မဆလာနံ့ သင်းနေတဲ့ အချဉ်ရည်နဲ့ ပါ။
မာရိုးနိစ်နဲ့ လည်းစားကြတယ်။





ဒီလိုလည်းသုပ်စားကြတယ်။





ဒါကတော့လမ်းမှာပဲစားလိုက်တာပေါ့။








ဒါက ဂျာမန် ဂေါ်ဖီထုပ်ချဉ်ပတ်နဲ့ 
ဝက်သွေး ၀က်အူချောင်း။ ဂျာမန်
တွေစားလေ့ရှိတာပေါ့။


ဒီပုံတွေကတော့ Internet ကပုံတွေပါ။ သူငယ်ချင်း
တို့ လာလည်မှပဲမြည်းစမ်းကြရင်းဓါတ်ပုံတွေရိုက်ကြတာပေါ့။

8 comments:

meemee said...

I like all.So I have tried to taste all already.By the way the last one You made a soup or just eat like that??I boiled together.

Shinlay said...

You have to cook together with sauerkraut. Better way is that when you buy Leberwurst or Blutwurst at the meat shop and ask them how to cook with Sauerkraut.
I just got this today from my friend.
I will cook next week, when Thomas will be in Hamburg. He doesn't like it at all.I will tell you the result.

rose of sharon said...

အကုန်ကြိုက်တယ်.... စပ်ရင်ပိုကြိုက်တယ်...

nyimuyar said...

Oh Gosh!, reading your blog make me Hungry now, I love sausage :D

amk said...

အမရေ ပြောပြတာကျေးဇူးပါ ဒီ sausages မျိုးစုံတွယ်ဖို့  ဂျာမနီ ကိုလာလည်အုံးမဘဲ

Mr.Pu said...

Ich mag Wiener und Jägerwurst,welche man roh oder auch heiss essen kann.

Shinlay said...

Mr. Pu
Jägerwurst habe ich noch nicht probieren. Danke

Unknown said...

ဒါတွေအ၇မ်းကြိုက်တာတွေပေါ့။
new york ကိုပြန်သွားတုံးက ဂျာမန်အရက်ဘားမှာ အဲဒါတွေအကုန်ရလို့ စားလိုက်တာ စားပွဲထိုးမကတောင်ဘယ် အငတ်တိုင်းပြည်ကရောက် လာသလဲလို့ တောင်ထင်သွားတယ်၊ ဘီယာနဲ့ ဆို အရမ်းလိုက်တာပေါ့ ။ လာလယ်ရင်လိုက်ကျွေးနော်...