Sunday 31 January 2010

ကျမ နဲ့  အိန္ဒိယ အစားအစာ

မြန်မာပြည်မှာတုန်ကတော့ အိန္ဒိယ အစားအစာတွေနဲ့ သိပ်ရင်းနှီးမှု မရှိခဲ့ပါဘူး။

အိမ်ရှင်မဖြစ်လာတော့ သူကြိုက်တတ်တာလေးတွေပါ ကြိုးစားချက်ရတာပေါ့။

Thomas က အိန္ဒိယ မှာတော်တော်ကြာကြာနေဖူးတော့ အိန္ဒိယ အစားအစာဆို

သိပ်ကြိုက်တယ်။ ကျမကအိန္ဒိယ အစားအစာဆိုတာ ဆိုင်မှာသာဝယ်စားဖူးတာ။

မဆလာနံ့ ကိုသိပ်မကြိုကိလှဘူး။ ဒီရောက်တော့ ၀ယ်စားလို့ မရတော့ကိုယ်တိုင်

ပဲလက်စွမ်းပြရတယ်။


ပူရီ၊ ချာပါတီ၊ ပလာတာ၊ဆမူဆာ၊ ဒန်ပေါက် စတာတွေကြိုးစားသင်ရတယ်။

ဟင်းချက်တာကတော့ ခပ်မြန်မြန်ဖြစ်သွားပေမဲ့၊ ပူရီ၊ ချာပါတီ၊ ပလာတာ

စတာတွေကတော့ တော်တော်ကျင့်ယူရတယ်။ ခက်တာက ကျမကို

လက်တွေပြပေးမယ့်သူ မရှိတာပဲ။ တခါလောက်မြင်လိုက်ရင်တော့ လိုက်လုပ်

ကြည့်ရင် အဆင်ပြေတာများပါတယ်။ ကျမက ဟင်းချက်နည်းစာအုပ်တွေမှာ

ရေးထားတဲ့  အတိုင်း မှန်းလုပ်နေရတာ။


Chai လို့ ခေါ်တဲ့ အိန္ဒိယ လက်ဖက်ရည်။ မဆလာနံ့ ထွက်နေတဲ့ လက်ဖက်ရည်

ကို ကျမ မကြိုက်ပေမဲ့ သူ့ အတွက်ကြိုးစားလုပ်ပေးပါတယ်။ ဒီမှာတော့ Black Tea

ကိုနှပ်ပြီး ရောထားတဲ့ အမွှေးအကြိုင်တွေနဲ့ ထပ်ပြီးနှပ်တာပါ။ အိန္ဒိယ ရောက်တော့

သောက်ကြည့်တယ်။ ကျမ ဖျော်တာလောက် အနံ့ မပြင်းဘူး။ ပိုကောင်းတယ်။

အိန္ဒိယ ကနေ Chai Tea အတွက် Mastea ဆိုတဲ့ ရောပြီးသားဝယ်လာတယ်။

လက်ဖက်ခြောက်၊ ဖာလာစေ့၊ ဂျင်း၊ ငရုပ်ကောင်း၊ လေးညှင်း တွေရောထားတာ။

ကျမတော့ မကြိုက်ဘူး။


တလောက အိန္ဒိယ ကိုရောက်တော့ သူတို့ လုပ်တဲ့ နည်းလေးတွေ ကြည့်ထား၊

မှတ်ထားရတယ်။ အရသာကိုလည်း မြည်းစမ်းကြည့်ခဲ့တယ်။ မနေ့ ကတော့

Youtube ကပေလာတာလုပ်နည်းလေးတွေ တွေ့ တာနဲ့  ပလာတာလုပ်ဖြစ်တယ်။

မနက်စာ ကို ပလာတာ (အထပ် ၁၀၀) စမ်းလုပ်တယ်။ တစ်ခုထဲပါ။

ကျမက ဆီထဲ့တာနည်းသွားတယ်။ နောက်တခါမှ ကြက်သားပလာတာလုပ်စား

တော့မယ်။



နေ့ လည်စာကိုတော့ အာလူးပလာတာလုပ်တယ်။

အာလူးအစာထဲမှာအစပ်နဲ့ ၊ ဆားနဲနဲပေါ့သွားတယ်။

ဒိန်ချဉ်နဲ့ ဆိုပိုကောင်းတယ်။ အိမ်မှာ ဒန်ချဉ်ဝယ်ထား

တာမရှိလို့ ၊ ပဲဟင်းနဲ့ ပဲစားလိုက်ရတယ်။

နောက်တခါ ပိုကောင်းမှာပါ။

ပူရီလုပ်နည်းတော့ဒီမှာကြည့်လို့ ရပါတယ်။





10 comments:

စူးနွယ်လေး said...

ဟုတ်တယ်နော် Chai Tea တော့မသောက်တတ်ဘူး.
ပလာတာ ချပါတီ ပူရီတို့တော့ကြိုက်တယ်...ပလာတာလုပ်စမ်းကြည့်ဦးမယ်..ဖြစ်ရင်တော့ကောင်းမှာ..

Shinlay said...

စူးနွယ်လေးရေ စမ်းလုပ်ကြည့် အဆင်ပြေတယ်။

Evy said...

မရှင်လေးရေ ပူရီလုပ်နည်းတင်ပါဦး။ ပူရီအရမ်းကြိုက်တယ်။

PAUK said...

ကျနော်လည်း..
မဆလာနံ့မကြိုက်တတ်ဘူး...
လက်ဖက်ရည် မသောက်တတ်ဘူး..
ဒန်ပေါက်မစားရလည်း ဘာမှ မဖြစ်ဘူး။။
တိုရှည်တော့ မြန်မာပြန်တိုင်း ဝယ်စားဖြစ်တယ်။။
ချန်းက ဒန်ပေါက်လည်း ကြိုက်..
လက်ဖက်ရည်လည်းသောက်...
မဆလာနံ့ပါတဲ့ ချက်ဟင်းတွေလည်းကြိုက်ဆိုတော့
သူ့အတွက် လုပ်ပေးဖြစ်တာများတယ်။။

ThuHninSee said...

ကျွန်မတော့ မဆလာအရမ်းကြိုက်တယ်။ အရင်ဘ၀က အဲဒီနယ်ကနေများလာတာလားမသိဘူးအဟီး။ ကြ်ဥကြော်ရင်တောင် ကိုယ်တစ်ယောက်တည်း စားဖို့ အတွက်ဆို စိတ်ကူးပေါက်ရင် မဆလာဖြူးချင်ဖြူးတာ။ မုံလယ်ဆရာတော်ဘုရားကြီးဆို chaiလိုမျိုး လက်ဖက်ခြောက်မဟုတ်ပဲ ရေနွေးထဲ ဟင်းချက်တဲ့ မဆလာခတ်သောက်တာ။ ဆရာတော်က ဂန့်ဂေါကဆိုတော့ အိန္ဒိယနဲ့နီးလို့ထင်တယ်။

စန္ဒကူး said...

အန္ဒိယအစားစာတော့ ကူးလဲ ကြိုက်တယ်...
မြန်မာအစားစာပီးရင် ဒုတိယရွေးရမယ်ဆို ကုလားစာဘဲ..း)

ဇွန်မိုးစက် said...

အိန္ဒိယစာကြိုက်တယ်။ တိုရှည်၊ ပူရီ၊ ပလာတာ၊ ကီးမား၊ ဒန်ပေါက်၊ ချပါတီ ... အကုန်ကြိုက်တယ်။ ကိုယ်တိုင်သိပ်မလုပ်တတ်ပေမယ့် အိမ်အောက်မှာ ဆိုင်ရှိတော့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆို အောက်ထပ်ဆင်းပြီး လက်ဖက်ရည်သောက်ရင်း မနက်စာစားဖြစ်တယ်။း)

(စင်္ကာပူမှာ သောက်ဖူးသမျှ လက်ဖက်ရည်ဆိုင်တွေထဲမှာ အိမ်အောက်က အိန္ဒိယဆိုင်ကလက်ရာ အကောင်းဆုံးပဲ)

Shinlay said...

Evy ရေ ပူရီလုပ်နည်းတင်ထားတယ်။ ပေါက်ရေ ကိုယ် လုပ်ပေးတာသူများကြိုက်တယ်ဆိုရင် ၀မ်းသာရတာပဲနော်။
သုနှင်းဆီ၊ ကူးနဲ့ ဇွန်မိုးစက်တို့ လာလည်တာ ကျေးဖူးတင် ပါတယ်။ စင်္ကာပူကိုကြုံမှ လက်ဖက်ရည်
ဆိုင်လာထိုင်မယ်နော်။

လုလု said...

မမရှင်လေးရေ့ 
အိန္ဒိယအစားအစာကို ကြိုက်ပေမယ့် အထပ်ထပ် မစားနိုင်ဘူး။
မာဆလာနံ့ဆိုရင် စားပြီးရင် ခဏခဏ လေချဉ်တက်စေသလိုပဲ ခံစားမိတယ်။
ဂျုံနဲ့လုပ်တဲ့မုန့်တွေကိုလည်း သိပ်မစားတတ်ပေမယ့် တစ်ခါတလေ သိပ်ပြီး တောင့်တလာရင်တော့ စားဖြစ်တယ်။
ပူရီကိုတော့ ကြိုက်တယ်။
မမရှင်လေးက သိပ်တော်တာပဲ။ နောက်တစ်ခါလာရင် မုန့်အတူလုပ်စားကြရအောင်နော်။

Shinlay said...

လုရေ... သြဂုတ်လလာဖြစ်မယ်။ Thomas ပါပါမယ်။
တွေ့ ကြ၊စားကြမယ်လေ။