
ဒီနေ့ ကတော့ ကျမတို့ နေတဲ့ ဂျာမနီတောင်ပိုင်းမှာ Rosenmontag
လို့ ခေါ်တဲ့ Karneval ပွဲနေ့ ပါ။ Karneval, Fastnacht နဲ့  Fasching
ဆိုပြီး ဒေသကိုလိုက်ပြီးခေါ်လေ့ရှိကြပါတယ်။ ဂျာမနီမြောက်ပိုင်းကတော့ ဒီပွဲကို
ကျင်းပလေ့မရှိပါဘူး။
ဒီပွဲကို နှစ်တိုင်း ၁၁ရက်၊ ၁၁လပိုင်း၊ ၁၁နာရီ မှာစပြီး Aschermittwoch ဖြစ်တဲ့လာမယ့် ဗုဒ္ဓဟူးနေ့ မှာပြီးပါတယ်။ ပွဲရဲ့  အရှိုန် အမြင့်ဆုံးအချိန်ကတော့ ဒီနေ့ 
တနလာင်္နေ့  Rosenmontag ပဲဖြစ်ပါတယ်။ ဒီနေ့ မှာ ကျောင်းတွေပိတ်ပါတယ်။
တချို့ အလုပ်တွေလည်းပိတ်ပါတယ်။ တနေ့ လုံးမပိတ်ရင်တောင် နေ့ လည်ဆိုပိတ်တာပဲ။ ဘတ်စ်တွေ လည်း နေ့ လည် ၁ နာရီကနေညနေ ၅နာရီလောက်
်အထိ မမောင်းကြဘူး။
လမ်းပေါ်မှာ မနက်ထဲက ၀တ်ချင်တာတွေဝတ်ပြီးလျှောက်သွားနေကြတာ။မျက်နှာတွေလည်းလိမ်းလို့ ချယ်လို့ ပေါ့။
နေ့ လည် ၂ နာရီ လောက်ကစပြီး စီတမ်းလှည့်လည်ပွဲကို စပါတယ်။မြို့ တိုင်းမှာ Fasching အဖွဲ့ လေးတွေရှိတယ်။
ကိုယ့်မြို့ မှာ ပွဲလုပ်ရင် တခြားအနီးအနားကမြို့ တွေက အဖွဲတွေကို ဖိတ်ကြပြီး စီတမ်းလှည့်လည်ပွဲ လုပ်ကြတယ်။
မြို့ တိုင်းဟာ သူ့ နေ့ နဲ့ သူ ပွဲလေးတွေလုပ်ကြတယ်။
ကျမက ပွဲကြည့်ရတာဝါသနာပါတော့ သွားကြည့်တာပဲ။ Thomas ကတော့
မြောက်ပိုင်းသားပီပီ စိတ်မ၀င်စားဘူး။
ဒီနှစ်ကတော့ နှင်းတွေက လမ်းမပေါ်မှာရှိနေတုန်း၊ ရာသီဥတုကလည်း
အေးတော့ ကျမတို့ မြို့ မှာ သိပ်မစည်ကားဘူး။
11 comments:
မမရှင်လေးပုံရော့  ပြဦးလေ့  တူညားပုံတွေပဲ ကြည့်ရမှာလားလို့
ကတိလေ့  ကတိ
:P
အရင်ကကထိန်လှည့်တာတွေသတိရသွားပြီ
မြို့က..ဘူတာကထိန်ဆို..အခုလိုပဲ...သိပ်ကြည့်
လို့ကောင်းတယ်..
မရှင်လေးရဲ့..လက်ဆွဲနဲ့လက်ကောက်ကိုကြိုက်တယ်..
အစ်မ ပျော်စရာကြီးနော်.. အစ်မပုံလည်း တင်ဦးလေ...D
သိပ်ပျော်စရာကောင်းမှာပဲ၊
သိရလို့ ကျေးဇူးပါ။
Schönes Kleid, schöne Farbe!! Hast du es in Indien gekauft??
မလု နဲ့  လသာည ရေ ပုံတွေ့ ပြီလား။ အအေးခံပြီးရိုက်ထားတာ။
ဟုတ်တယ်ပေါက် နဲ့  အပြုံးပန်း ရေ ပွဲလှည့်လာရင်လိုက်ကြည့် ရတဲ့
ငယ်ဘ၀ကို သတိရတယ်။ ကျမကပွဲကြိုက်တယ်။
စူးနွယ်လေး Das habe ich dort gekauft.
Es ist sehr bequem.
အချားဆိုရင်အချားဘဲ....
အမားနော်..
ဒီးကနေ့အာရမ်း..
လားနေဒယ်...
မရှင်လေးရေ
တစ်ကယ်ပဲ Indian မနဲ့ တူသွားသလိုပဲ။
အပေါ်က မီးမီးပြောသလိုပဲ
အာရမ်းလားနိဒယ် အာရမ်းလားနိဒယ်... :p
ီမီးမီးနဲ့  မြစ်ချေကညီမရေ...
ဂျေးဂျူးတင်ဒယ်။
ပန်ချာပီမလေးလားထင်မိပေမဲ့ နဖူးကအနီစက်ကြောင့် ဂေါ်လခါးလို့ ထင်မိတယ် ဟုတ်လားဟင်
ဟုတ်ရင် တိုရှည်ကျွေး
မဟုတ်ရင် ချာပါတီကျွေး
ဟိဟိ
ဆာလီလေးဝတ်ထားပြီး ချမ်းနေရှာတဲ့ မမရှင်လေး :)
Post a Comment