Tuesday, 9 February 2010
Schokoladen Fondue
Schokoladen Fondue လုပ်စားတဲ့ခွက်လေးကို လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့
Gavina က ခရစ္စမတ်လက်ဆောင်ပေးထားတာနဲ့  ဒီနေ့ လုပ်စားဖြစ်ပါတယ်။
käsefondue /cheese fondue ကတော့ မလုပ်စားဖြစ်တာကြာပါပြီ။
အရက် မပါတဲ့ cheese fondue က ပျက်တာများတာနဲ့  မလုပ်ဖြစ်တာပါ။
Schokoladen Fondue လုပ်တာကတော့ လွယ်လည်းလွယ်၊ တခါတလေ
အချိုလေးစားချင်စိတ်ရှိတဲ့အခါ မြန်မြန်လုပ်စားလို့ ရပါတယ်။
လိုအပ်တာကလည်း မများပါဘူး။
Sahne 100ml ကို မီးအလယ်လောက်နဲ့ အပူပေးပြီး။ ချောကလက် 200g
ကိုခပ်သေးသေးဖဲ့ထဲ့ပြီး ချောကလက် ပျော်သွာရင် fondue ခွက်ထဲထဲ့ရုံပါပဲ။
တို့ စားဖို့ ကတော့ နာနတ်သီ၊ ပန်းသီး၊ ငှက်ပျောသီး စတာတွေကို အနေတော်တုန်း
ထားပါ။ ပြီးမှ ခရင်းလေးတွေနဲ့ ထိုးပြီး တို့ စားရုံပါပဲ။
Subscribe to:
Post Comments (Atom)
8 comments:
I like it,why they give you present too late??They should give you before I visit you...haha
တခါမှ မလုပ်စားဖူးဘူး။ မမရှင်လေး လုပ်တာကိုပဲ ငေးသွားတယ်:D
တစ်ခါမှ အသီးတွေကို ချော့ကလက်ပျော်ရည်နဲ့ တွဲမစားဖူးဘူး။ စားကြည့်ဦးမယ်။း)
When i visited to cameron highlands i ate strawberry cover with chocolate. I don't know how to call it. I just kept in mind choco strawberry dote htoe ;)
အသားနဲ့ပဲ စားဖူးတယ်
တစ်ခါမှ မစားဖူးပါဘူးနော်။
မမ နောက်တစ်ခါလာရင် လုပ်ကျွေးနော်။
စားဖူးတယ်ရှိအောင်ပေါ့။
Post a Comment